1 Pedro 5

Rakhine Bible (RKI_TWF)

1 ခရစ်တော်၏ ဆင်းရဲဒုက္ခကို သက်သီခံသောသူ တစ်ဦးအဖြစ် လည်းကောင်း၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းတော်ကို မျှဝီခံစားသောသူတစ်ဦးအဖြစ် လည်းကောင်း ငါ့နည်းတူ အသင်းတော်၌ အကြီးအကဲတိဖြစ်ကြသော သင်ရို့အား ငါတိုက်တွန်းလိုက်ပါ၏။

2 သင်ရို့၌ အပ်ထားသော ဘုရားသခင်၏ သိုးစုကို စောင့်ရှောက်ကြလော့။ တာဝန်အရ စောင့်ရှောက်ခြင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်နှင့်အညီ စိတ်အားထက်သန်စွာဖြင့် စောင့်ရှောက်ကြလော့။ သင်ရို့ လုပ်ဆောင်သည့်အခါ၌လည်း အဖိုးအခ ရရုံမျှသာ လုပ်ဆောင်ခြင်း မဟုတ်ဘဲ စစ်မှန်သော စေတနာစိတ်နှင့် လုပ်ဆောင်ကြလော့။

3 စောင့်ရှောက်ရန် သင်ရို့အား အပ်ထားသော သူရို့အပေါ်၌ အာဏာဖြင့်အုပ်စိုးခြင်း မဟုတ်ဘဲ သိုးစုရှိ့၌ စံနမူနာကောင်းကို ဖြစ်စီလော့။

4 သို့ဖြစ်လျှင် သိုးထိန်းကြီး ပေါ်ထွန်းတော်မူသောအခါ သင်ရို့သည် မည်သည့်အခါမျှ မညှိုးနွမ်းသော ဘုန်းတော်နှင့် ပြည့်စုံသည့် သရဖူကို ရကြလိမ့်မည်။

5 ထိုနည်းတူ ငယ်ရွယ်သောသူရို့၊ အသက်ကြီးသောသူရို့၏ စကားကို နားထောင်ကြလော့။ သင်ရို့အားလုံးသည် နှိမ့်ချခြင်း တန်ဆာကိုဆင်လျက် တစ်ဦးကိုတစ်ဦး အလုပ်အကျွေး ပြုကြရမည်။ ဇာကြောင့်ဆိုသော် ကျမ်းစာတော်၌ “ဘုရားသခင်သည် မာနကြီးသောသူကို ဆီးတားတော်မူ၍ စိတ်နှိမ့်ချသောသူကိုမူကား ကျေးဇူးပြုတော်မူ၏” ဟု ဖော်ပြထား၏။

6 သို့ဖြစ်၍ အချိန်တန်သောအခါ သင်ရို့အား ချီးမြှောက်တော်မူစီခြင်းငှာ ဘုရားသခင်၏ တန်ခိုးကြီးသော လက်တော်အောက်၌ မိမိကိုယ်ကို နှိမ့်ချကြလော့။

7 သင်ရို့ကို ဂရုစိုက်တော်မူသောကြောင့် သင်ရို့၏ စိုးရိမ်ပူပန်ခြင်း ဟိသမျှတိကို ကိုယ်တော်၌ အပ်နှံကြလော့။

8 သမ္မာသတိဟိလျက် နိုးကြားစွာ စောင့်နိန်ကြလော့။ သင်ရို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ မွားမျိုရမည့်သူကို လှည့်လည် ရှာဖွီလျက်ဟိ၏။

9 သင်ရို့၏ ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် မာရ်နတ်ကို ဆီးတားကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့ သိကြသည့်အတိုင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟိကြသော သင်ရို့၏ ညီအစ်ကိုများသည်လည်း ဤသို့သော ဆင်းရဲဒုက္ခနှင့် ကြုံတွိ့နိန်သောကြောင့်ဖြစ်၏။

10 သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။

11 ထိုဘုရားသခင်သည် ကာလအစဉ်အဆက် တည်ဟိတော် မူပါစီသတည်း။ အာမင်။

12 သစ္စာဟိသော ညီအစ်ကိုအဖြစ် ငါမှတ်ယူထားသော သိလွာနု၏ အကူအညီဖြင့် သင်ရို့ပါးသို့ ဤစာကို ရီးသားလိုက်၏။ ငါသည် သင်ရို့ကို အားပီးတိုက်တွန်းရန်နှင့် သင်ရို့ ခံစားရသော ကျေးဇူးတော်သည် ဘုရားသခင်၏ ကျေးဇူးတော် အစစ်အမှန်ဖြစ်ကြောင်းကို သက်သီခံလို၏။ ထိုကျေးဇူးတော်တွင် ခိုင်ခံ့စွာ ရပ်တည်ကြလော့။

13 သင်ရို့နည်းတူ ဘုရားသခင်၏ ရွီးချယ်တော်မူခြင်းကို ခံရသည့် ဗာဗုလုန်မြို့အသင်းတော်နှင့်ငါ့သား မာကုကလည်း နှုတ်ဆက်လိုက်ပါ၏။

14 ခရစ်ယာန်မေတ္တာဖြင့် အချင်းချင်း နှုတ်ဆက်ကြလော့။ ခရစ်တော်၌ဟိသော သင်ရို့အားလုံး၌ ငြိမ်သက်ခြင်း ဟိပါစီသောဝ်။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Pedro 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.