1 Pedro 4

Rakhine Bible (RKI_TWF)

1 ခရစ်တော်သည် ကိုယ်ကာယ၌ ဝေဒနာကို ခံတော်မူခသည်ဖြစ်၍ သင်ရို့သည်လည်း ထိုသို့သော သဘောကို ခံယူကြရမည်။ အကြောင်းမူကား ကိုယ်ကာယ၌ ဝေဒနာကို ခံပြီးသောသူသည် ဒုစရိုက်အပြစ်နှင့် ပြတ်စဲပြီ ဖြစ်သောကြောင့်ဖြစ်၏။

2 သို့ဖြစ်၍ ဤလောကတွင် သင်ရို့ အသက်ရှင်ရန် ကျန်နိန်သိမ့်သော အချိန်ကာလ၌ လူ့စိတ်အလိုသို့ မလိုက်ဘဲ ဘုရားသခင်၏ အလိုတော်ကို လိုက်၍ အသက်ရှင်နိုင်ရန် ဖြစ်သည်။

3 လွန်ခသည့်ကာလက သင်ရို့သည် သာသနာပလူများ ပြုသကဲ့သို့ ပြုမူခကြ၏။ သင်ရို့သည် ညစ်ညမ်းစွာပြုမူခြင်း၊ ကာမဂုဏ် တပ်မက်ခြင်း၊ သီရည်သောက်ကြူးခြင်း၊ အပျော်ကြူးခြင်း၊ စားသောက်ပွဲများ ကျင်းပခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်သော ရုပ်တုကိုးကွယ်ခြင်းများဖြင့် အသက်ရှင်လျက် အချိန်ကုန်ခကြ၏။

4 အဂုမူကား သင်ရို့သည် သာသနာပလူများနှင့်အတူ ထိုသို့ အပျော်ကြူး၍ စည်းမဲ့ကမ်းမဲ့ သက်ရှင်မှုများတွင် မပါဝင်သောကြောင့် သူရို့သည် အံ့သြလျက် ကဲ့ရဲ့ပြောဆိုကြ၏။

5 သို့ဖြစ်၍ သူရို့သည် အသက်ရှင်သောသူနှင့် သီသောသူတိအား တရားစီရင်ရန် အသင့် ဟိတော်မူသော ဘုရားသခင်၏ အထံတော်၌ စစ်ဆေးစီရင်ခြင်းကို ခံရလိမ့်မည်။

6 ဤအကြောင်းကြောင့် သီလွန်သော သူရို့ကိုလည်း သတင်းကောင်းကို ဟောပြောရခြင်းဖြစ်၏။ ဤသည်ကား ထိုသူရို့သည် ကိုယ်ကာယအားဖြင့် အသက်ရှင်စဉ်အခါက လူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကို ခံရသော်လည်း ဝိညာဉ်မူကား ဘုရားသခင်အားဖြင့် အသက်ရှင်ရန် ဖြစ်၏။

7 အားလုံးသော အမှုအရာများအတွက် နောက်ဆုံးသောအချိန် နီးကပ်လာပြီဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ဆုတောင်းခြင်းအမှုကို ပြုနိုင်ရန် စိတ်ကို ထိန်းချုပ်လျက် နိုးနိုးကြားကြား ဟိကြရမည်။

8 မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။

9 သင်ရို့သည် မညည်းမညူဘဲ တစ်ယောက်ကိုတစ်ယောက် အာဂန္တုဝတ်ကို ကျေပွန်စွာ ပြုကြလော့။

10 သင်ရို့တစ်ယောက်စီတိုင်းသည် ဘုရားသခင်၏ ခြားနားသော ဆုကျေးဇူးများကို ရဟိထားသည်ဖြစ်၍ ကောင်းသော စီမံခန့်ခွဲသူတစ်ယောက်ကဲ့သို့ ဘုရားသခင်ထံမှ မိမိရို့ရဟိထားသော အထူး ဆုကျေးဇူးများကို တခြားလူများ၏ အကျိုးအတွက် အသုံးပြုကြလော့။

11 ဟောပြောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဟောပြောစီ။ လုပ်ဆောင်သောသူသည် ဘုရားသခင်ပီးတော်မူသော အစွမ်းသတ္တိအတိုင်း လုပ်ဆောင်စီ။ သို့မှသာ ပြုလေသမျှသော အမှုများတွင် ယေသျှု ခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။ ထိုအသျှင်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် ထွန်းတောက်တော်မူပါစီသတည်း။ အာမင်။

12 အဆွီရို့၊ သင်ရို့သည် ပြင်းစွာသော စုံစမ်းစစ်ဆေးခြင်းကို ခံရသောအခါ ထူးဆန်းသည်ဟု ထင်မှတ်လျက် မအံ့သြကတ်ကေ့။

13 သင်ရို့သည် ခရစ်တော်၏ ဒုက္ခဆင်းရဲထဲ၌ အတူပါဝင် ခံစားရကြသည်ကို ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော် ပေါ်ထွန်းလာသောအခါ သင်ရို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြလိမ့်မည်။

14 သင်ရို့သည် ခရစ်တော်၏ နာမတော်ကြောင့် စော်ကားခြင်းကို ခံရသောအခါ မင်္ဂလာဟိကြ၏။ ဇာကြောင့်ဆိုသော် ထိုသို့ ခံရသောအချိန်၌ ဘုန်းတော်နှင့် ပြည့်စုံသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထက်၌ ကိန်းဝပ်တော်မူ၏။

15 သင်ရို့တွင် လူသတ်မှု၊ ခိုးမှု၊ ရာဇဝတ်မှု၊ သူတစ်ပါး၏ကိစ္စတွင် စွက်ဖက်မှုစသည့် တစ်ခုခုသော အပြစ်များကြောင့် မည်သူတစ်ယောက်မျှ ဆင်းရဲဒုက္ခကို မခံရစီကေ့။

16 သို့သော်လည်း ခရစ်ယာန်ဖြစ်သောကြောင့် ဆင်းရဲဒုက္ခခံရပါက ရှက်စရာအကြောင်းမဟိ။ ခရစ်တော်၏ နာမကြောင့်ခံရလျှင် ဘုရားသခင်ကို ချီးမွမ်းလော့။

17 အကြောင်းမူကား တရားစီရင်ခြင်းကို အစပြုမည့် အချိန်သည် ရောက်လာလေပြီ။ ဘုရားသခင်၏ လူစုတော်သည် တရားစီရင်တော်မူခြင်းကို ဦးစွာ ခံရကြမည်။ ငါရို့သည် ဦးစွာ တရားစီရင်တော်မူခြင်း ခံရကြလျှင် ဘုရားသခင်၏ သတင်းကောင်းကို မယုံကြည်သောသူတိကား မည်သို့ ဖြစ်လိမ့်မည်နည်း။

18 ကျမ်းစာတော်မြတ်၌

19 သို့ဖြစ်၍ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆင်းရဲဒုက္ခခံရသော သူရို့သည် ကောင်းသောအမှုကို ပြုလျက် သစ္စာနှင့် ပြည့်စုံတော်မူသော ဖန်ဆင်းသျှင်၏ လက်တော်သို့ မိမိရို့အား အပ်နှံထားကြလော့။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Pedro 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.