1 Coríntios 13

Rakhine Bible (RKI_TWF)

1 ငါသည် လူ့ဘာသာစကားများနှင့် ကောင်းကင်တမန် ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမဟိလျှင် ငါ၏စကားသည် ဆူညံသော မောင်းကဲ့သို့ လည်းကောင်း၊ အသံမြည်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။

2 ငါသည် ပရောဖက်ပြုနိုင်သော ဆုကျေးဇူးကို ရ၍ နက်နဲသောအရာ ဟိသမျှကို နားလည်သိကျွမ်းခြင်း အတတ်ပညာကို တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှိ့နိုင်သော ယုံကြည်ခြင်းဟိသော်လည်းကောင်း မေတ္တာမဟိလျှင် အချည်းနှီးပင်ဖြစ်၏။

3 ငါ၏ဥစ္စာဟိသမျှကို ဆင်းရဲသားရို့အား ပီးကမ်းစွန့်ကြဲပြီး ငါ၏ကိုယ်ခန္ဓာကို မီးဖြင့် ပူဇော်သော်လည်း မေတ္တာမဟိလျှင် ငါ၌ အကျိုးမဟိ။

4 မေတ္တာသည် သည်းခံတတ်၏။ သနားကြင်နာတတ်၏။ မေတ္တာသည် မနာလိုစိတ်မဟိ။ ကြွားဝါမှု မဟိ။ မာန်မာန မဟိ။

5 မလျောက်ပတ်သော အမှုကို မပြုတတ်။ တစ်ကိုယ်ကောင်းဆန်သောစိတ် မဟိတတ်။ အမျက်ဒေါသ မထွက်တတ်။ သူတစ်ပါး၏အပြစ်ကို မှတ်၍မထားတတ်။

6 မကောင်းမှုဒုစရိုက်၌ မပျော်မွိ့တတ်၊ သို့သော် သမ္မာတရား၌သာ ဝမ်းမြောက်တတ်၏။

7 မေတ္တာသည် အစဉ်သဖြင့် ဖုံးအုပ်ပီးတတ်၏၊ ယုံကြည်တတ်၏၊ မျှော်လင့်တတ်၏၊ သည်းခံတတ်၏။

8 မေတ္တာသည် အမြဲတည်၏။ ပရောဖက်ပြုခြင်းသည်လည်း မတည်မြဲ။ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်သည်လည်း ရပ်တန့်လိမ့်မည်။ အသိပညာလည်း ကွယ်ပျောက်လိမ့်မည်။

9 ငါရို့၏ အသိပညာဆုကျေးဇူးသည်လည်း မစုံလင်ဖြစ်ပြီး ပရောဖက်ဉာဏ်သည်လည်း မစုံမလင်သာ ဟိကြ၏။

10 သို့သော် စုံလင်ခြင်းသို့ ရောက်သောအခါ မစုံလင်သော အရာဟူသမျှရို့သည် ကွယ်ပျောက်လိမ့်မည်။

11 ငါသည် အသျှေဖြစ်စဉ်အခါက၊ အသျှေကဲ့သို့ စကားကို ပြော၏။ အသျှေကဲ့သို့ စဉ်းစားရ၏၊ အသျှေကဲ့သို့ ဆင်ခြင်တွီးတော၏။ အဂု ကြီးပြင်းလာသောအခါမူကား အသျှေ၏အလေ့များကို ငါသည် ပယ်ယှား၏။

12 အဂု ငါရို့သည် မှန်သားပြင်၌ မထင်မရီမြင်ရသော ပုံကဲ့သို့ တွိ့မြင်ရကြ၏။ ထိုအချိန်၌ကား မျက်ဝါးထင်ထင် တွိ့မြင်ရလိမ့်မည်။ အဂုအခါ ငါသည် မစုံမလင်စွာသိမြင်ရ၏။ ဘုရားသခင်သည် ငါ့ကို စုံလင်စွာ သိမြင်တော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာ သိမြင်ရလိမ့်မည်။

13 အဂုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည်းဟူသော ဤသုံးပါးရို့သည် တည်တံ့လျက် ဟိ၏။ ဤသုံးပါးရို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.