Tito 3

rki (RKI) vs BKJ

Sair da comparação
1 အုပ်ချုပ်သောသူရို့နှင့် အာဏာပိုင်ရို့ကို နာခံလျက် ကောင်းသောအမှု ဟိသမျှကို လုပ်ဆောင်ခြင်းငှာ အဆင်သင့်ဟိနိန်ကြရန် လည်းကောင်း၊
1 Admoesta-os a que sejam submissos aos principados e potestades, que obedeçam os magistrados e estejam preparados para toda boa obra.
2 ဇာသူ့ကိုမျှ ကဲ့ရဲ့ပြောဆိုခြင်းကို မပြုဘဲ လူအပေါင်းရို့အား ယဉ်ကျေးသိမ်မွိ့စွာ ပြုမူလျက် ထောက်ထားညှာတာ၍ အီးချမ်းစွာ နီထိုင်ကြရန် မိမိလူတိအား တိုက်တွန်းပြောဆိုလော့။
2 Que de ninguém falem mal, nem sejam contenciosos, mas bondosos, mostrando toda mansidão para com todos os homens.
3 အကြောင်းမူကား တစ်ချိန်က ငါရို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမဟိသောသူ၊ လှည့်ဖြားသောသူတိ ဖြစ်ကြပြီး၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတိ၌ ကျွန်ခံ၍ မနာလိုမှု၊ ရန်ငြိုးထားမှုများ၌ ကျင်လည်ကာ တစ်ယောက်ကို တစ်ယောက် မုန်းတီးလျက် အသက်ရှင်ခကြ၏။
3 Porque também nós éramos, noutro tempo, tolos, desobedientes, enganadores, servindo a várias concupiscências e prazeres, vivendo em malícia e inveja, odiosos, e odiando uns aos outros.
4 သို့သော် ငါရို့ ကယ်တင်သျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားတိ ပေါ်ထွန်းလာသောအခါ
4 Mas, quando a benignidade e o amor de Deus, nosso Salvador, para com os homens, apareceu,
5 ကိုယ်တော်သည် ငါရို့၏ကောင်းသောအကျင့်အားဖြင့် မဟုတ်ဘဲ မိမိ၏ကရုဏာတော်အားဖြင့် ကယ်တင်တော် မူခလေ၏။ ကိုယ်တော်သည် ဒုတိယမွီးဖွားခြင်းနှင့်ဆိုင်သော ဆီးကြောခြင်းနှင့် သန့်ယှင်းသောဝိညာဉ်တော်၏ အသစ်ပြုပျင်ခြင်းအားဖြင့် အကျွန်ရို့ကို ကယ်တင်တော် မူခလေ၏။
5 não pelas obras de justiça que houvéssemos feito, mas, segundo a sua misericórdia, nos salvou pela lavagem da regeneração e da renovação do Espírito Santo,
6 ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါရို့၏ ကယ်တင်သျှင် ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။
6 que abundantemente ele derramou sobre nós por Jesus Cristo, nosso Salvador,
7 ဤသည်ကား ဘုရားသခင်သည် မိမိ၏ကျေးဇူးတော်အားဖြင့် ငါရို့ကို ဖြောင့်မတ်ခြင်းတရား၌ တည်စီပြီးလျှင်၊ ငါရို့ မျှော်လင့်နိန်ကြသော ထာဝရအသက်ကို အမွီခံစီခြင်းငှာ ဖြစ်လေ၏။
7 para que, sendo justificados por sua graça, sejamos feitos herdeiros, segundo a esperança da vida eterna.
8 ဤစကားသည် မှန်သောစကား ဖြစ်၏။
8 Esta é uma palavra fiel, e estas coisas quero que deveras afirmes constantemente, para que os que creem em Deus procurem manter as boas obras; estas coisas são boas e proveitosas aos homens.
9 သို့သော်လည်း အသိဉာဏ်ကင်းမဲ့သော အငြင်းပွားမှုများ၊ ဆွီစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းများနှင့် ပညတ်တရားကို အကြောင်းပြု၍ ခိုက်ရန်ဖြစ်ပွားခြင်းများကို ယှောင်ကြဉ်ကြလော့။ အကြောင်းမူကား ထိုအရာများသည် အကျိုးမဟိသည့်အပြင် အလကားသက်သက် ဖြစ်ကြ၏။
9 Mas evita questões tolas, genealogias e contendas e debates acerca da lei; porque são inúteis e vãs.
10 အချင်းချင်း ကွဲပြားမှု ဖြစ်စီသောသူရို့ကို တစ်ကြိမ်၊ နှစ်ကြိမ် သတိပီးပြီးလျှင် သူရို့နှင့် အပေါင်းအဖော် မလုပ်ကတ်ကေ့။
10 Ao homem que é herege, depois da primeira e segunda admoestação, rejeita.
11 ထိုသို့သောသူများသည် ဖောက်ပြန်သောသူတိ ဖြစ်ကြပြီး၊ သူရို့ မှားယွင်းနိန်ကြောင်းကို သူရို့၏ဒုစရိုက်အပြစ်က သက်သီပြလျက်ဟိသည်ကို သင်ရို့ သိမှတ်ကြလော့။
11 Sabendo que aquele que é assim está pervertido e peca, estando condenado em si mesmo.
12 ငါသည် အာတေမကို သော်လည်းကောင်း တုခိတ်ကို သော်လည်းကောင်း သင့်ပါးသို့ စီရွှတ်လိုက်သောအခါ နိကောပလိမြို့၌ ငါနှင့် တွိ့ဖို့ လာရောက်ရန် ကြိုးစားလော့။ အကြောင်းမူကား ငါသည် ဆောင်းကာလအတွင်း ထိုမြို့၌ နီထိုင်ရန် ငါ ဆုံးဖြတ်ထား၏။
12 Quando eu te enviar Ártemas, ou Tíquico, sê diligente ao vir ter comigo em Nicópolis; porque determinei invernar ali.
13 ရှိ့နီဖြစ်သော ဇေနနှင့် အာပေါလုရို့အား သူရို့ခရီးကို အစပြုနိုင်ရန်အတွက် လိုအပ်သမျှကို ကူညီလိုက်ကြပါ။
13 Conduza diligentemente Zenas, o advogado, e Apolo, em sua viagem, para que nada lhes falte.
14 ငါရို့၏လူများသည်လည်း အမှန်အကန် လိုအပ်မှုများကို ထောက်ပံ့ပီးရန်အတွက် မိမိရို့ကိုယ်တိုင် ကောင်းသောအမှု၌ ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
14 E os nossos aprendam também a manter as boas obras nas coisas necessárias, para que eles não sejam infrutíferos.
15 ငါနှင့် အတူဟိသော သူအားလုံးက သင့်ကို နှုတ်ဆက်လိုက်ကြ၏။ ယုံကြည်ခြင်း၌ ငါရို့ကို ချစ်ခင်ကြသောသူများကိုလည်း နှုတ်ဆက်ကြောင်း ပြောလိုက်ပါ။
15 Todos os que estão comigo saúdam-te. Saúda tu os que nos amam na fé. A graça seja com todos vós. Amém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Tito 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.