Tiago 3

rki (RKI) vs VC

Sair da comparação
VC Versão Católica
1 ငါ့ ညီအစ်ကို မောင်နှမရို့၊ ဆရာဖြစ်ကြသော ငါရို့သည် သာ၍ တင်းကြပ်သော တရားစီရင်ခြင်းကို ခံရလိမ့်မည်ဟု သိမှတ်လျက် ဆရာဖြစ်ချင်သောသူ မများစီကတ်ကေ့။
1 Meus irmãos, não haja muitos entre vós a se arvorar em mestres; sabeis que seremos julgados mais severamente,
2 အကြောင်းမူကား ငါရို့ အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ စကားအားဖြင့် မှားယွင်းခြင်းမဟိသောသူမူကား မိမိကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် စုံလင်သောသူ တစ်ယောက်ဖြစ်၏။
2 porque todos nós caímos em muitos pontos. Se alguém não cair por palavra, este é um homem perfeito, capaz de refrear todo o seu corpo.
3 ငါရို့သည် မြင်းကို နိုင်စီခြင်းငှာ ပါးစပ်၌ ဇက်ကြိုးတပ်ကြ၏။ ထိုသို့ပြု၍ ငါရို့သည် ထိုမြင်းတစ်ကိုယ်လုံးကို လိုရာသို့ မောင်းနိုင်ကြ၏။
3 Quando pomos o freio na boca dos cavalos, para que nos obedeçam, governamos também todo o seu corpo.
4 သို့တည်းမဟုတ် သင်္ဘောတစ်စီး​ကို ကြည့်လော့။ ထိုသင်္ဘောသည် အလွန်​ကြီးမား​၍ လီပြင်းတိုက်​ရာ​သို့ လွင့်ပါ​တတ်​သော်လည်း တက်မ​ချေတစ်ချောင်းဖြင့် တက်မကိုင်၏လိုရာသို့ လှည့်နိုင်​၏။
4 Vede também os navios: por grandes que sejam e embora agitados por ventos impetuosos, são governados com um pequeno leme à vontade do piloto.
5 ထိုနည်းတူ လျှာသည် ခန္ဓာကိုယ်၏ သေးငယ်သောအင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သော်လည်း အလွန် ဝါကြွားတတ်၏။
5 Assim também a língua é um pequeno membro, mas pode gloriar-se de grandes coisas. Considerai como uma pequena chama pode incendiar uma grande floresta!
6 လျှာသည် မီးဖြစ်၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ ဒုစရိုက် လောကလည်း ဖြစ်၏။ ထိုလျှာသည်ကား လူ့တစ်ကိုယ်လုံးကို ညစ်ညူးစီပြီး ဘဝတစ်ခုလုံးကို လောင်ကျွမ်းစီကာ မိမိကိုယ်တိုင် ငရဲ၌ လောင်ကျွမ်းခြင်းကို ခံရ၏။
6 Também a língua é um fogo, um mundo de iniqüidade. A língua está entre os nossos membros e contamina todo o corpo; e sendo inflamada pelo inferno, incendeia o curso da nossa vida.
7 လူသည် ကျေးငှက်မျိုးမှစ၍ တွားလားသတ္တဝါနှင့် ငါးစသည့် တောရိုင်းတိရစ္ဆာန်အားလုံးကို ယဉ်ပါးအောင် လုပ်နိုင်ကြ၏။
7 Todas as espécies de feras selvagens, de aves, de répteis e de peixes do mar se domam e têm sido domadas pela espécie humana.
8 သို့ရာတွင် ထိုလျှာကို ယဉ်ပါးအောင် လုပ်နိုင်သောသူဟူ၍ မဟိ။ လျှာသည် ထိန်းချုပ်၍ မနိုင်သော ဒုစရိုက်လည်း ဖြစ်၏။ သီစီနိုင်သော အဆိပ်အတောက်နှင့် ပြည့်လျက်ဟိ၏။
8 A língua, porém, nenhum homem a pode domar. É um mal irrequieto, cheia de veneno mortífero.
9 ငါရို့သည် လျှာဖြင့် ငါရို့၏သခင်ဘုရားနှင့် ခမည်းတော်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူတိကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။
9 Com ela bendizemos o Senhor, nosso Pai, e com ela amaldiçoamos os homens, feitos à semelhança de Deus.
10 နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတိ ထွက်တတ်ပါ၏တကား။ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည်ကား ဤသို့ မဖြစ်စီကတ်ကေ့။
10 De uma mesma boca procede a bênção e a maldição. Não convém, meus irmãos, que seja assim.
11 ရီမျက်တွင်း တစ်တွင်းထဲမှ ရေချိုနှင့် ရီငန် နှစ်မျိုးစလုံး ထွက်တတ်သလော။
11 Porventura lança uma fonte por uma mesma bica água doce e água amargosa?
12 ညီအစ်ကို မောင်နှမရို့၊ သဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သဖန်းသီးကို သီးနိုင်သလော။ ထို့အတူ ရီငန် ရီမျက်တွင်းမှ ရီချို မထွက်နိုင်ပေ။
12 Acaso, meus irmãos, pode a figueira dar azeitonas ou a videira dar figos? Do mesmo modo a fonte de água salobra não pode dar água doce.
13 သင်ရို့တွင် ဇာသူသည် ပညာဟိ၍ နားလည်နိုင်ကြမည်နည်း။ ထိုသူရို့သည် ကောင်းသောအကျင့်အားဖြင့် ထိုအရာကို ပြကြရမည်။ ထိုသူရို့သည် နူးညံ့သိမ်မွိ့ခြင်းနှင့် ပညာဟိခြင်းကို မိမိရို့၏ ကောင်းသောအကျင့်ဖြင့် သက်သီပြကြရမည်။
13 Quem dentre vós é sábio e inteligente? Mostre com um bom proceder as suas obras repassadas de doçura e de sabedoria.
14 သို့ရာတွင် သင်ရို့၏စိတ်နှလုံးထဲ၌ မနာလိုခြင်း၊ မုန်းတီးခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများဟိလျှင်၊ သင်ရို့သည် မိမိရို့၏ ဉာဏ်ပညာနှင့်ပတ်သက်၍ ကြွားဝါခြင်းအားဖြင့် သမ္မာတရားကို ဆန့်ကျင်၍ ပြစ်မှားခြင်းသို့ မရောက်စီကတ်ကေ့။
14 Mas, se tendes no coração um ciúme amargo e gosto pelas contendas, não vos glorieis, nem mintais contra a verdade.
15 ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည် မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိပကတိနှင့်လည်းကောင်း၊ နတ်ဆိုးများနှင့်လည်းကောင်း စပ်ဆိုင်ပေ၏။
15 Esta não é a sabedoria que vem do alto, mas é uma sabedoria terrena, humana, diabólica.
16 အကြောင်းမူကား မနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများ ဟိသောနီရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် အမျိုးမျိုးသော ဒုစရိုက်ပြုခြင်းများသာ ဟိတတ်၏။
16 Onde houver ciúme e contenda, ali há também perturbação e toda espécie de vícios.
17 သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။
17 A sabedoria, porém, que vem de cima, é primeiramente pura, depois pacífica, condescendente, conciliadora, cheia de misericórdia e de bons frutos, sem parcialidade, nem fingimento.
18 ရန်ကို ငြိမ်းစီသောသူရို့သည် ဖြောင့်မတ်ခြင်းအသီးအနှံကို ရိတ်သိမ်းကြရ၏။
18 O fruto da justiça semeia-se na paz para aqueles que praticam a paz.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Tiago 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.