Romanos 8
rki (RKI) vs AAI
1 ထို့ကြောင့် အဂုတွင် ခရစ်တော်ယေသျှု၌ဟိသော သူရို့အတွက် အပြစ်စီရင်ခြင်းဟူ၍ မဟိ။
1 Isanimih boun sabuw iyabowat Keriso Jesu wanawananamaim hikofan tema’am boro men hinakusairihimih.
2 အကြောင်းမူကား ခရစ်တော်ယေသျှုအားဖြင့် အသက်ကို ပီးသော ဝိညာဉ်တော်၏တရားသည် အပြစ်တရားနှင့် သီခြင်းတရားမှ ငါ့ကို လွတ်မြောက်စီတော်မူ၏။
2 Anayabin God Anunin ana fairamaim Keriso Jesu wanawananamaim yawas ebitit, i ayu bowabow kakafin ana fairane naatu morob ana fairane rufamu atit.
3 လူ့ဇာတိသည် အားနည်းသောကြောင့် ပညတ်တရား မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူ့ဇာတိကိုဆောင်၍ စီရွှတ်လိုက်ကာ ထိုသားတော်အားဖြင့် အသွီးအသား၌ဟိသော အပြစ်ကို ဒဏ်ခတ်တော်မူလေ၏။
3 Ofafar men karam tasinaf, anayabin it biyat ana kakafinamaim iwa’an ofafar ririm. Baise God sinaf, taiyuwin Natun Ta’imon iyun ra’iy orot biyan kakafin bai iyaun, naatu bowabow kakafin ana siboromih matar. Naatu bowabow kakafih orot babin wanawanahimaim etei kusaisiren.
4 အကြောင်းမူကား၊ လူ့ဇာတိအလိုအတိုင်းမကျင့်၊ ဝိညာဉ်တော်အလိုအတိုင်း ကျင့်သော ငါရို့သည် ပညတ်တရား၌ပါသော ဖြောင့်မတ်ခြင်းတရား၏အလိုနှင့် ပြည့်စုံစီခြင်းငှာ ဘုရားသခင်က ဤသို့ လုပ်ဆောင်ပီးခြင်းဖြစ်၏။
4 God iti bowabow sinaf, saise ofafar ana tur eo’o i hinan wanawanatamaim hinamatar, men biyat ana kokomaim tanama, baise Ayubin ana kokomaim tanama.
5 မိမိရို့လူ့ဇာတိအလိုအတိုင်း အသက်ရှင်သောသူရို့သည် လူ့ဇာတိအလိုကိုသာ စိတ်စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သော သူရို့သည်ကား၊ ဝိညာဉ်တော်အလိုနှင့်ဆိုင်သော အရာများကိုသာ စိတ်စွဲလမ်းတတ်ကြ၏။
5 Sabuw iyab biyah ana naniyanamaim tema’am hai naniyan tutufin etei i nati’imaim ebobonawiyih. Baise sabuw iyab Anun Kakafiyin ana kokomaim tema’am, hai not tutufin etei Anun ana kokomaim tesisinaf.
6 ဇာတိပကတိသဘောသည် သီခြင်းတရားဖြစ်၏။ ဝိညာဉ်တော်၏အလိုကား အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းဖြစ်၏။
6 Turobe orot babin ana notamaim nabobonawiyi boro morob wan inayen. Baise Anun Kakafiyin ana notamaim nabobonawiy boro yawas naatu tufuw inab.
7 မိမိရို့၏ဇာတိပကတိစိတ်ဖြင့် အသက်ရှင်သောသူရို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာကြ၏။ အကြောင်းမူကား သူရို့သည် ဘုရားသခင်၏ပညတ်တော်အတိုင်း မလိုက်လျှောက်ကြ။ လိုက်လျှောက်ရန်လည်း မတတ်နိုင်ကြပေ။
7 Anayabin sabuw iyab biyah ana kokomaim kakafih ebobonawiyih i God ana kamabiy temamatar, naatu men karam boro God ana ofafar babanamaim hinama.
8 ဇာတိပကတိနောက်သို့ လိုက်သောသူရို့သည် ဘုရားသခင်၏စိတ်တော်နှင့် မတွိ့နိုင်။
8 Sabuw iyab biyah ana kokomaim ebobonawiyih men karam hiwa’an God niyasisir.
9 သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့သည် ဇာတိပကတိ၏အလိုအတိုင်း အသက်ရှင်ကြသည် မဟုတ်။ ဝိညာဉ်တော်၏အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ဝိညာဉ်တော်မဟိသော သူသည်ကား ခရစ်တော်နှင့် မဆိုင်။
9 Baise kwa i men biya ana kokomaim ebobonawiyi, baise Anun Kakafiyin. Anayabin God Anunin i kwa wanawanamaim ema’am. Orot yait Keriso Anunin men wanawananamaim ema’ama, i men Keriso nowan.
10 သို့ရာတွင် ခရစ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့၏ခန္ဓာကိုယ်သည် အပြစ်ကြောင့် သီနိန်သော်လည်း သင်ရို့၏ဝိညာဉ်သည်ကား ဖြောင့်မတ်ခြင်းတရားကြောင့် အသက်ရှင်လျက်ဟိ၏။
10 Baise Keriso kwa wanawanamaim ema’am, imih God buwi yawas kwama’am. Basit biya i boro namorob anayabin bowabow kakafin awan karatan, baise ayub i yawasin anayabin ayub ana yawas i mutufurin.
11 ထိုမျှမက ယေသျှုကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်သည် သင်ရို့အထဲ၌ ဟိသော မိမိ၏ဝိညာဉ်တော်အားဖြင့် သီတတ်သော သင်ရို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်ရသောအခွင့်ကို ပီးတော်မူလိမ့်မည်။
11 Naatu God Anunin Jesu morobone biyawas kwa wanawanamaim ema’ama. Keriso morobone biyawas na’atube kwa auman boro i Anunin kwa wanawan ema’am imaim biya yawas nitin.
12 သို့ဖြစ်၍ ငါ၏ညီအစ်ကို မောင်နှမရို့၊ ငါရို့မှာ လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြရန် တာဝန်ဟိကြသည် မဟုတ်။
12 Isanimih, taituwou, it i bowabow hitit, baise men biyat ana kokomaim tanasinafumih.
13 အကြောင်းမူကား သင်ရို့သည် လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြလျှင် သီရကြလိမ့်မည်။ သို့သော် သင်ရို့သည် အပြစ်နှင့် သက်ဆိုင်သော အမူအကျင့်တိကို ဝိညာဉ်တော်အားဖြင့် သီစီလျှင် အသက်ရှင်ကြရလိမ့်မည်။
13 Anayabin kwa biya ana kokomaim kwanama’am na’at boro kwanamorob. Baise Anun Kakafiyin ana kokomaim kwanama’am na’at, biya ana kokok kakafih etei boro nimuruben. Naatu kwa boro yawas kwanama,
14 ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်မှုကို လိုက်နာသမျှသော သူရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြ၏။
14 anayabin sabuw iyab God Ayubin ebobonawiyih i God natunatun.
15 အကြောင်းမူကား၊ ဘုရားသခင်က သင်ရို့အား ပီးထားသော ဝိညာဉ်တော် တန်ခိုးတော်ကြောင့် သင်ရို့သည် ကြောက်ရွံ့တတ်သောကျွန်အဖြစ်သို့ ရောက်ကြရသည် မဟုတ်။ ထိုဝိညာဉ်တော်အားဖြင့် သင်ရို့သည် “အဗ္ဗ၊ အကျွန်၏အဖ” ဟု ခေါ်ခွင့်ရသော ဘုရားသခင်၏သား၊ သမီးများဖြစ်ရသော အကျိုးထူးကို ခံရကြ၏။
15 Anayabin God Ayubin kwabaib i men kwa niwa’ani bir ana fairamaim nabonawiy isan kwani’akiramih. Baise Ayubin kwabaib i natunatun anababatun matar isan kwabai, saise imaim fair tanab isan tanarerey tanao, “Abba! Tamaiya!”
16 ငါရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြသည်ဟု ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်တိုင် ငါရို့ဝိညာဉ်နှင့်အတူ သက်သီခံတော်မူ၏။
16 I Ayubin it ayubit bairi hita’imon teo’orereb it i God natunatun.
17 ငါရို့သည် ဘုရားသခင်၏ သားသမီးတိဖြစ်ကြလျှင် အမွီခံတိလည်း ဖြစ်ကြ၏။ ငါရို့သည် ခရစ်တော်နှင့်အတူ ဘုန်းတော်ချီးမြှောက်ခြင်း ခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွီခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အမွီဆက်ခံသူများလည်း ဖြစ်ကြ၏။
17 It i natunatun imih sawar abisa i ana sabuw isah ebobotan boro bairi tanab yaun. Naatu abisa God Keriso isan ebobotan boro bairi tanab yaun. Keriso ana biyababan bairi tanafafaram na’at ana marakaw boro bairi tanafaram.
18 အဂုမျက်မှောက်ကာလ၌ ငါရို့ ခံရသော ဆင်းရဲဒုက္ခသည်ကား ပေါ်ထွန်းလာမည့် ဘုန်းတန်ခိုးတော်နှင့် မနှိုင်းယှဉ်အံ့ဟု ငါသည် ဆင်ခြင်မိ၏။
18 Anababatun au’uwi, biyababan iti boun tabai tabi’akir, mar boro ana marakaw nabirerereb hairi tanafufufun, nati marakaw i ra’at kwanekwan men biyababan hairi ta’imon.
19 ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ပေါ်ထွန်းလာကြမည့် ဘုရားသခင်၏ သားသမီးတိကို အလွန်တောင့်တလျက် စောင့်မျှော် နိန်ကြ၏။
19 Anayabin baimataren sawar tutufin etei God natunatun bow tit bairerereb isan, yah kusikus iwa’an hima hi’uroron tinuwanuw.
20 အကြောင်းမူကား ဖန်ဆင်းခံလောကသည် ပျက်ဆီးခြင်းတရား၌ သူ့သဘောနှင့်သူ တည်ဟိနိန်သည် မဟုတ်၊ ဘုရားသခင်၏ အလိုတော်အားဖြင့်သာ တည်ဟိနိန်ရ၏။ သို့ရာတွင် မျှော်လင့်စရာအကြောင်းကား ဟိနိန်၏။
20 Orot ta’imon ana kakafinamaim baimataren sawar tutufin etei higabiyoy, men i akisih hai kokomaim baise God ana kokomaim sinaf.
21 အကြောင်းမှာ ဖန်ဆင်းခံလောက ကိုယ်တိုင် ပျက်စီးခြင်း၏ကျွန်အဖြစ်မှ လွတ်မြောက်၍ ဘုရားသခင်သားသမီးရို့၏ ဘုန်းတန်ခိုးတော်နှင့် လွတ်မြောက်ခြင်းချမ်းသာထဲသို့ ဝင်စားရမည်ဖြစ်သောကြောင့် ဖြစ်၏။
21 Iti baimataren sawar etei veya ta hai bai’akirane hibat timunumun boro hinabotaitih hinatit God natunatun bairi marakaw gewasin hinafaram.
22 ဖန်ဆင်းခံအားလုံးသည် အဂုအချိန်ထိတိုင်အောင် အချေမွီးဖွားခြင်းကဲ့သို့ နာကျင်ခြင်းဝေဒနာကို ခံစားလျက် ညည်းတွားနိန်ကြသည်ကို ငါရို့ သိကြ၏။
22 It taso’ob baimataren sawar tutufin kek tufuwamih ebotukwar ana biyababan tebaib na’atube, aneika hima hitef hirererey tana boun tatit.
23 သို့ရာတွင် ဖန်ဆင်းခံများသည်သာမက ဘုရားသခင်၏ဝိညာဉ်တော် လက်ဆောင်ကို အဦးဆုံး ခံရသော ငါရို့သည်လည်း ကိုယ်တော်၏သားသမီးများအဖြစ် ချီးမြှောက်ခြင်းကို ခံရပြီးလျှင် ကိုယ်ခန္ဓာ လွတ်မြောက်ခြင်းကို မျှော်လင့်ကာ စိတ်နှလုံးထဲ၌ ညည်းတွားလျက် နိန်ကြ၏။
23 Men baimataren sawar akisin hima hitef tererereyamih, baise it auman wanawanatamaim hamenamo erererey auman tama takakaif, God nan ni’obaiyit it i natunatun.
24 အကြောင်းမူကား ငါရို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ သို့ရာတွင် ငါရို့သည် မျှော်လင့်သောအရာကို တွိ့မြင်ရလျှင် ထိုအရာသည် စစ်မှန်သောမျှော်လင့်ခြင်း မဟုတ်။ အကြောင်းမူကား ငါရို့၌ ဇာသူသည် တွိ့မြင်နိန်ရသော အရာကို မျှော်လင့်နိန်ကြသနည်း။
24 Anayabin it nuhifotamaim iyawasit. Abisa isan nuhit fot tama’am i tabaika, aisim boro ibanak sawar tabo isan nuhit nafot tanama tanakaif.
25 သို့ရာတွင် ငါရို့သည် မမြင်ရသိမ့်သောအရာကို မျှော်လင့်နိန်ကြလျှင် သည်းခံသောစိတ်နှင့် စောင့်မျှော်နိန်ခြင်း ဖြစ်၏။
25 Baise sawar abisa men tai’itin nuhit nafot tanama tanakakaif na’at, it boro yatet nanub tanama tanakaif.
26 တစ်နည်းအားဖြင့် ငါရို့၏ အားနည်းချက်ကို ကူညီမစခြင်းငှာ ဝိညာဉ်တော်သည် ဆင်းကြွလာတော်မူ၏။ ငါရို့သည် ဇာပိုင်ဆုတောင်း သင့်သည်ကိုပင် မသိကြ။ သို့သော်လည်း ဝိညာဉ်တော်သည် နှုတ်ဖြင့်မမြွက်ဆိုနိုင်သော အရာကို ညည်းတွားခြင်းနှင့် ငါရို့အတွက် ဘုရားသခင်ထံ ဆုတောင်းလျက်ဟိ၏။
26 Ef nati ta’imon it ata ririm ana veya i Ayubin ena it baibais ebitit. Anayabin it mi’itube o yoyoban isan ana ef men taso’ob. Baise i Ayubin it isat tef rerey eyoyoyoban wainit, turamaim men karam boro tanao.
27 ထို့အပြင် ငါရို့၏စိတ်နှလုံးကို သိမြင်တော်မူသော ဘုရားသခင်သည် ဝိညာဉ်တော်၏သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ သန့်ယှင်းသူရို့အတွက် အသနားခံနိန်ခြင်းဖြစ်၏။
27 Naatu God dogorot nutitiy i’itin, Ayubin ananot i so’ob, anayabin Ayubin God ana sabuw isah eyoyoyoban i God ana kokomaim esisinaf.
28 ဘုရားသခင်သည် မိမိ၏ အကြံအစည် ဟိတော်မူသည့်အတိုင်း ခေါ်တော်မူသောသူတည်းဟူသော ကိုယ်တော့်ကို ချစ်သောသူရို့နှင့်အတူ အရာခပ်သိမ်း၌ ကောင်းသောအမှုကို လုပ်ဆောင်ပီးလျက် ဟိသည်ကို ငါရို့ သိကြ၏။
28 Naatu taso’ob, sawar etei God esisinaf i gewasih sabuw iyab tibiyabuw isah, sabuw iyab i ana kokomaim ea’afih isah.
29 များစွာသောညီအစ်ကို မောင်နှမရို့တွင် သားဦး ဖြစ်စီခြင်းငှာ ဘုရားသခင်သည် ရှီးမဆွက သိထားတော်မူသောသူတိကို သားတော်၏ ပုံသဏ္ဌာန်နှင့် တစ်ညီတည်း ဖြစ်စီခြင်းငှာ ခွဲခန့်မှတ်သားထားတော်မူ၏။
29 Sabuw iyab God erurubinih i so’obabo erurubinih. I akisin yasairih hina i Natun ana’itinabe himatar, saise i Natun i baitumatumayah etei tuwah hai ain na’atube.
30 ထိုသို့ ခွဲခန့်မှတ်သားထားသော သူတိကို ခေါ်တော်မူ၏။ ထိုသို့ ခေါ်တော်မူသော သူတိကိုလည်း ဖြောင့်မတ်ရာ၌ တည်စီတော်မူ၏။ ထိုသို့ ဖြောင့်မတ်ရာ၌ တည်စီတော်မူသောသူတိအား မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ချီးမြှောက်တော်မူ၏။
30 Naatu iyab yayasairih i eafih, naatu iyab ea’afih i yamutufurih, naatu iyab yayamutufurih i ana marakaw bairi faram isan buwih.
31 သို့ဖြစ်၍ ငါရို့သည် ဤအရာတိကို ဇာပိုင် ပြောရပါမည်နည်း။ ဘုရားသခင်သည် ငါရို့ဘက်မှာ ဟိနိန်လျှင် ဇာသူသည် ငါရို့ကို ဆန့်ကျင်နိုင်ပါမည်နည်း။
31 Sawar iti sisinaf isan boro mi’itube tanao? God it isat nabatabat na’at yait boro nagam na’uwit? En anababatun.
32 မိမိသားတော်ရင်းကို တောင်မှ မနှမြောဘဲ ငါရို့အားလုံးအဖို့အလို့ငှာ စွန့်တော်မူသော ဘုရားသခင်သည် ခပ်သိမ်းသောအရာတိကို မပီးဘဲ ဇာပိုင် နိန်ပါဖို့လဲ။
32 God taiyuwin Natun men eoharihar, baise it etei siwarit, Natun ta’imonam ata siwar yai. Imih kwanotanot sawar afa’am boro asire baitita’e nama?
33 ဇာသူသည် ဘုရားသခင် ရွီးချယ်ထားသောသူတိကို အပြစ်ရှာမည်နည်း။ ဖြောင့်မတ်စီတော်မူသောသူသည်ကား ဘုရားသခင် ဖြစ်တော်မူ၏။
33 God taiyuwin ana roubinen sabuw gewasih rouw bowabow yait boro baifuwenamaim nagam na’uwih? En anababatun!
34 အပြစ်စီရင်သောသူကား ဇာသူလဲ။ ငါရို့အတွက် အသီခံပီးသည်သာမက သီခြင်းက ထမြောက်၍ ဘုရားသခင်၏ လက်ယာဖက်မှာ နီတော်မူလျက်၊ ငါရို့ အတွက် ဆုတောင်းပီးနိန်သောသူကား ခရစ်တော်ယေသျှုပင် မဟုတ်ပါလား။
34 Yait boro God ana sabuw ubar nitih nagam na’uwih? En anababatun! Jesu Keriso akisinamo morob, naatu morobone misir maiye Tamah ana asukwafune mare isat ma eyoyoyoban.
35 သို့ဖြစ်၍ ဇာသူသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ငါရို့ကို ကွာဝီးစီနိုင်မည်နည်း။ ဒုက္ခနှင့် ကြုံတွိ့ရခြင်း၊ အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း၊ ညှဉ်းဆဲခံရခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဆင်းရဲခြင်း၊ အန္တရာယ်နှင့် ကြုံတွိ့ရခြင်း၊ အသီသတ်ခံရခြင်း စသည့်အရာများသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ငါရို့ကို ကွာဝီးစီနိုင်မည်လော။
35 Imih yait boro Keriso ana yabowane nakusibit, yare men karam nakusibit, o yawas fokarih, roukoukuwen, baimar kakafin, sawar en, obiruwen, o morob?
36 ကျမ်းစာ၌၊
36 Buk Atamaninamaim eo na’atube,
37 မကွာဝီးသည်သာမက၊ ငါရို့သည် ခပ်သိမ်းသောဤအမှုတိကို ကြုံတွိ့ရကြသောအခါ ငါရို့ကို ချစ်တော်မူသော အသျှင်အားဖြင့် လုံးဝ အောင်မြင်မှုကို ရဟိကြ၏။
37 En baise, Keriso aki biyabuwi i wanawananamaim sawar etei hai fair aki aisnowaten.
38 အကြောင်းမူကား၊ သီခြင်းဖြစ်စီ၊ အသက်ရှင်ခြင်းဖြစ်စီ၊ ကောင်းကင်တမန်ဖြစ်စီ၊ အကာသကို အစိုးရသောသူဖြစ်စီ၊ တန်ခိုးသျှင်ဖြစ်စီ၊ မျက်မှောက်အရာဖြစ်စီ၊ နောင်လာလတ္တံ့သောအရာဖြစ်စီ၊
38 Imih ayu aso’ob anababatun men karam boro sawar ta imaim Keriso ana yabowane nakusibitamih, men morob, men yawas, men tounamatar, men Demon, men mar iti boun, men mar boro enan, men fair
39 ဤလောက၏အမြင့်ဖြစ်စီ၊ အနိမ့်ဖြစ်စီ၊ ဖန်ဆင်းထားသမျှသောအရာ အားလုံးထဲက မည်သည့်အရာမျှ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ခံရသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါရို့ကို မကွာစီနိုင်ဟု ငါသည် ယုံကြည်စိတ်ချလျက်ဟိ၏။
39 men yate mar, men me baban, men sawar ta himamatar wanawanahimaim boro God ana yabow ata Regah Jesu Keriso wanawananamaim ema’am nakusibit tanatitamih, en anababatun.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.