Mateus 8

rki (RKI) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ယေသျှုသည် တောင်ထက်မှ ဆင်းလာသောအခါ လူအုပ်ကြီးသည် ကိုယ်တော်နောက်သို့ လိုက်လာကြ၏။
1 Quando Jesus desceu do monte, grandes multidões o seguiram.
2 ထိုအခါ နူနာရောဂါ ခံစားနိန်ရသော လူတစ်ယောက်သည် ကိုယ်တော်ထံပါးသို့ ရောက်လာပြီး ကိုယ်တော်ရှိ့မှာ ဒူးထောက်၍ “ဆရာ၊ အလိုတော်ဟိလျှင် အကျွန့်ကို သန့်ယှင်းစီတော်မူပါ” ဟု လျှောက်ထားလေ၏။
2 E eis que um leproso aproximou-se e o adorou, dizendo: — Senhor, se quiser, pode me purificar.
3 ယေသျှုသည် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူပြီးလျှင် “ငါ အလိုဟိသည်ဖြစ်၍ သန့်ယှင်းခြင်းသို့ ရောက်စီ” ဟု မိန့်တော်မူသောအခါ ထိုသူသည် ချက်ချင်း နူနာရောဂါ ပျောက်ကင်းလား၏။
3 E Jesus, estendendo a mão, tocou nele, dizendo: E, no mesmo instante, ele ficou limpo da sua lepra.
4 ထို့နောက် ယေသျှုက “နားထောင်၊ သင်သည် ဤအကြောင်းကို တစ်ယောက်ကိုလေ့ မပြောလီကေ့၊ ယဇ်ပုရောဟိတ်ပါးသို့ လား၍ သင့်ကိုယ်ကို ပြလော့။ ထို့နောက် သင့်ရောဂါကို ပျောက်ကင်းစီသည့်အကြောင်း လူတိုင်းရှိ့မှာ သက်သီဖြစ်ခြင်းငှာ မောသျှေမိန့်မှာထားခသည့်အတိုင်း ပူဇော်သကာကို ဘုရားသျှင်အား ဆက်ကပ်လော့” ဟု ထိုသူအား မိန့်တော်မူ၏။
4 Então Jesus lhe disse:
5 ယေသျှုသည် ကပေရနောင်မြို့သို့ ရောက်လာသောအခါ ရောမစစ်ဗိုလ်တစ်ယောက်သည် ကိုယ်တော်ပါးသို့ ရောက်လာပြီးလျှင် ကူညီရန် တောင်းပန်သည်မှာ၊
5 Tendo Jesus entrado em Cafarnaum, um centurião se aproximou dele, implorando:
6 “ဆရာ၊ အကျွန့်တပည့်တစ်ယောက်သည် အဖျားရောဂါကို ပြင်းထန်စွာ ခံစားနိန်ရ၍ အိမ်၌ အိပ်ရာထက်မှာ တုံးလုံးလှဲနိန်ပါ၏” ဟု ဆိုလေ၏။
6 — Senhor, o meu servo está na minha casa, de cama, paralítico, sofrendo horrivelmente.
7 ယေသျှုကလည်း “ငါလား၍ သူ့ကို ကျန်းမာစီမည်” ဟု မိန့်တော်မူ၏။
7 Jesus lhe disse:
8 ရောမစစ်ဗိုလ်က “ဤသို့ မဟုတ်ရပါ ဆရာ၊ ကိုယ်တော်တိုင် အကျွန့်အိမ်သို့ ကြွလာခြင်းငှာ အကျွန်နှင့် မထိုက်တန်ပါ။ အမိန့်ပီးလိုက်ရုံမျှဖြင့် အကျွန်၏တပည့်သည် နီကောင်းလားပါလိမ့်မည်။
8 Mas o centurião respondeu: — Senhor, não sou digno de recebê-lo em minha casa. Mas apenas mande com uma palavra, e o meu servo será curado.
9 အကြောင်းမူကား အကျွန်သည် အထက်အရာဟိတိ အမိန့်အာဏာအောက်၌ နီရသောသူတစ်ယောက် ဖြစ်ပါ၏။ အကျွန်မှာလည်း စစ်သားတိ အများကြီး ဟိပါ၏။ စစ်သားတစ်ယောက်ကို အကျွန်က ‘လား’ ဟု အမိန့်ပီးလိုက်လျှင် သူသည် လားရပါ၏၊ ‘လာ’ ဟု အမိန့်ပီးလိုက်လျှင် လာရပါ၏။ အကျွန့် အစီအပါအား ‘ဤအရာကို လုပ်ပါ’ ဟု အကျွန်က ဆိုလျှင် သူသည် လုပ်ရပါ၏” ဟု သူက လျှောက်လေ၏။
9 Porque também eu sou homem sujeito à autoridade, tenho soldados às minhas ordens e digo a este: “Vá”, e ele vai; e a outro: “Venha”, e ele vem; e ao meu servo: “Faça isto”, e ele o faz.
10 ယေသျှုသည် ထိုစကားကို ကြားသောအခါ လွန်စွာအံ့သြတော်မူ၍ ကိုယ်တော်၏နောက်သို့ လိုက်လာကြသောလူများကို ဤသို့ မိန့်တော်မူ၏။ “ငါဆိုသည်ကား၊ ဤသို့သောယုံကြည်ခြင်းကို ဣသရေလလူမျိုးထဲ၌ပင်လျှင် ငါ မတွိ့ဖူးသိမ့်။
10 Ao ouvir isso, Jesus ficou admirado e disse aos que o acompanhavam:
11 သင်ရို့ကို ငါအမှန်ဆိုသည်ကား၊ လူရို့သည် အရှိ့ရပ်၊ အနောက်ရပ်က ရောက်လာကြပြီးလျှင် ကောင်းကင်နိုင်ငံ၏ပွဲတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့နှင့်အတူ ထိုင်ကြလိမ့်မည်။
11 Digo a vocês que muitos virão do Oriente e do Ocidente e tomarão lugar à mesa com Abraão, Isaque e Jacó no Reino dos Céus.
12 သို့သော်လည်း နိုင်ငံတော်သား ဖြစ်ထိုက်သောသူများသည် ငိုကြွေးမြည်တမ်း၍ အံသွားကြိတ်နိန်ရမည့် မှောင်မိုက်ထဲသို့ ပစ်ချခြင်းကို ခံရကြလိမ့်မည်။”
12 Mas os filhos do Reino serão lançados para fora, nas trevas; ali haverá choro e ranger de dentes.
13 ထို့နောက် ယေသျှုသည် ရောမစစ်ဗိုလ်အား၊ “သင့်အိမ်သို့ ပြန်လော့၊ သင်ယုံကြည်သည့်အတိုင်း ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
13 Então Jesus disse ao centurião: E, naquela mesma hora, o servo do centurião foi curado.
14 ယေသျှုသည် ပေတရုအိမ်သို့ ရောက်သောအခါ ဖျား၍ အိပ်ရာထက်မှာ လှဲနိန်သော ပေတရု၏ယောက္ခမကို တွိ့၏။
14 Tendo Jesus chegado à casa de Pedro, viu a sogra deste acamada, com febre.
15 ကိုယ်တော်က ထိုမိန်းမ၏ လက်ကို တို့လိုက်သည်နှင့် ထိုမိန်းမသည် အဖျားရောဂါပျောက်၍ အိပ်ရာမှ ထပြီးလျှင် ကိုယ်တော့်အား အာဂန္တုဝတ်ကို ပြုလေ၏။
15 Mas Jesus tomou-a pela mão, e a febre a deixou. Ela se levantou e passou a servi-lo.
16 ညအချိန်ရောက်သောခါ၌ နတ်ဆိုးပူးနိန်သောသူတိကို ယေသျှုပါးသို့ ခေါ်ယူလာကြ၏။ ယေသျှုသည် နတ်ဆိုးတိကို စကားတစ်ခွန်းတည်းဖြင့် အမိန့်ပီး မောင်းထုတ်လိုက်သည်နှင့် ထိုသူအားလုံး ကျန်းမာကြလေ၏။
16 Ao cair da tarde, trouxeram a Jesus muitos endemoniados. E apenas com a palavra expulsou os espíritos e curou todos os que estavam doentes,
17 “အကျွန်ရို့၌ ဟိသော ဖျားနာခြင်းတိကို သူကိုယ်တိုင် နုတ်ယူ၍ အကျွန်ရို့၏ ရောဂါတိကိုလည်း ဖယ်ယှားပစ်လိမ့်မည်” ဟု ပရောဖက်ဟေသျှာယ ဟောထားခသော ကျမ်းစကားသည် ပြည့်စုံလာခြင်းသို့ ရောက်လေ၏။
17 para se cumprir o que foi dito por meio do profeta Isaías: “Ele mesmo tomou as nossas enfermidades e carregou as nossas doenças.”
18 ယေသျှုသည် မိမိကို ဝိုင်းရံထားသော လူအစုအဝေးကို မြင်သောအခါ သူ၏တပည့်တိအား အိုင်တစ်ဖက်ကမ်းသို့ ကူးရန် မိန့်တော်မူ၏။
18 Vendo Jesus muita gente ao seu redor, ordenou que passassem para a outra margem.
19 ကျမ်းတတ်ဆရာတစ်ယောက်သည် ကိုယ်တော်ပါးသို့ ရောက်လာပြီးလျှင်၊ “ဆရာ၊ ကိုယ်တော်လားရာနောက်သို့ ကိုယ်တော်နှင့်အတူ အကျွန်လည်း လိုက်ပါမည်” ဟု ခွင့်တောင်း၏။
19 Então, aproximando-se dele um escriba, disse a Jesus: — Mestre, vou segui-lo para onde quer que o senhor for.
20 ယေသျှုက “မြီခွီးတိမှာ တွင်းဟိ၏၊ ငှက်တိမှာလည်း အသိုက်ဟိ၏၊ သို့သော် လူသားမှာ လဲလျှောင်းအနားယူဖို့ရန်ပင် နီရာမဟိ” ဟူ၍ မိန့်တော်မူ၏။
20 Mas Jesus lhe respondeu:
21 အခြားသော တပည့်တော်တစ်ယောက်က “ဆရာ၊ အကျွန်၏အဖကို ရှီးဦးစွာ သင်္ဂြိုဟ်ခြင်းငှာ ပြန်လားခွင့်ပီးပါ” ဟု လျှောက်သော်၊
21 E outro dos discípulos lhe disse: — Senhor, deixe-me ir primeiro sepultar o meu pai.
22 ယေသျှုက “ငါ့နောက်သို့ လိုက်လော့၊ လူသီတိက မိမိရို့၏လူသီတိကို သင်္ဂြိုလ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
22 Mas Jesus respondeu:
23 ယေသျှုသည် လောင်းတစ်စင်းထဲသို့ တက်တော်မူလျှင် သူ၏တပည့်တော်တိလည်း ကိုယ်တော်နှင့်အတူ လိုက်ပါကြ၏။
23 Jesus entrou no barco e os seus discípulos o seguiram.
24 ထိုအခါ အိုင်ထဲတွင် လီပြင်းမုန်တိုင်းတစ်ခုသည် ရုတ်တရက် ထလာသောကြောင့် လောင်းသည် မြုပ်လုမြုပ်ချင် ဖြစ်နိန်၏။ သို့သော်လည်း ယေသျှုသည် အိပ်ပျော်နိန်၏။
24 E eis que levantou-se no mar uma grande tempestade, de modo que as ondas cobriam o barco. Jesus, porém, estava dormindo.
25 တပည့်တော်ရို့သည်လည်း ကိုယ်တော်ပါးသို့ လာ၍ ကိုယ်တော့်ကို နှိုးကြ၏။ “အသျှင်ဘုရား၊ အကျွန်ရို့ သီဖို့ယာ၊ အကျွန်ရို့ကို ကယ်တော်မူပါ” ဟု လျှောက်ကြ၏။
25 Mas os discípulos foram acordá-lo, dizendo: — Senhor, salve-nos! Estamos perecendo!
26 ယေသျှုကလည်း “သင်ရို့သည် ဇာဖြစ်လို့ အကြောက်လွန်နိန်ကတ်လဲ၊ အလွန် ယုံကြည်ခြင်း နည်းကတ်တေကား” ဟု ဆိုပြီးနောက် အိပ်ရာမှ ထ၍ မုန်တိုင်းနှင့် ရီလှိုင်းကို ရပ်တန့်ရန် အမိန့်ပီးလိုက်သဖြင့် လီပြင်းမုန်တိုင်သည် ငြိမ်သက်လားလေ၏။
26 Então Jesus perguntou: E, levantando-se, repreendeu os ventos e o mar; e tudo ficou bem calmo.
27 လူတိသည် အလွန်အံ့ဩကြသည်ဖြစ်၍ “ဤသူကား ဇာပိုင်လူလဲ၊ လီနှင့် လှိုင်းတိတောင် သူ့အမိန့်ကို နာခံကတ်တေကား” ဟု ပြောကြ၏။
27 E aqueles homens ficaram admirados, dizendo: — Quem é este que até os ventos e o mar lhe obedecem?
28 ယေသျှုသည် အိုင်တစ်ဖက်ကမ်း၊ ဂါဒရနယ်စပ်ကို ရောက်သောအခါ နတ်ဆိုးဝင်ပူးနိန်သော သူနှစ်ယောက်သည် သင်္ချိုင်းဂူများကြားက ထွက်လာပြီး ကိုယ်တော့်ကို လာ၍ တွိ့ကြ၏။ လူများသည် ထိုနတ်ဆိုးပူးသော လူနှစ်ယောက်ကို အလွန်ကြောက်လန့်ကြသဖြင့် ထိုလမ်းမှ မလားဝံ့ကြ။
28 Quando Jesus chegou à outra margem, à terra dos gadarenos, dois endemoniados foram ao seu encontro, saindo dentre os túmulos. Eles eram tão furiosos, que ninguém podia passar por aquele caminho.
29 ချက်ချင်းပင်လျှင် ထိုသူနှစ်ယောက်က “ဘုရားသခင်၏သားတော် ယေသျှု၊ အကျွန်ရို့ကို ဇာလုပ်ပါဖို့လဲ၊ အချိန်မရောက်ခင် အကျွန်ရို့ကို အပြစ်ပီးဖို့ လာယာလား” ဟု အော်ဟစ်ကြ၏။
29 E eis que gritaram: — O que você quer conosco, Filho de Deus? Você veio aqui nos atormentar antes do tempo?
30 ထိုအရပ်နှင့် မနီးမဝီးတွင် ဝက်အုပ်ကြီးတစ်အုပ် အစာစားနိန်ကြ၏။
30 Ora, uma grande manada de porcos estava pastando não longe deles.
31 “အကျွန်ရို့ကို နှင်ထုတ်မည် ဆိုလျှင် ထိုဝက်အုပ်ထဲသို့ ဝင်ခွင့်ပီးပါ” ဟု နတ်ဆိုးတိက ယေသျှုအား တောင်းပန်ကြ၏။
31 Então os demônios pediram a Jesus com insistência: — Se você vai nos expulsar, mande-nos para a manada de porcos.
32 ထိုသို့ဆိုလျှင် “ဝင်ကတ်လီ” ဟု ယေသျှုက မိန့်တော်မူလိုက်သောကြောင့် နတ်ဆိုးများသည် ထိုသူရို့ထဲမှ ထွက်၍ ဝက်များထဲသို့ ဝင်ကြ၏။ ထိုဝက်အားလုံးသည် အိုင်ကမ်းထောင်းစောက်မှ ရီအိုင်ထဲသို့ တစ်ဟုန်ထိုး ဗြီးဆင်းကြပြီးလျှင် ရီထဲ၌ သီကြလေ၏။
32 Jesus disse: E eles, saindo, entraram nos porcos; e eis que toda a manada se precipitou, despenhadeiro abaixo, para dentro do mar, e morreram nas águas.
33 ဝက်ကျောင်းသားများသည်လည်း မြို့ထဲသို့ ဗြီး၍ ဝင်ကြပြီးလျှင် နတ်ဆိုးပူးနိန်သောသူတိ၌ ဖြစ်ခသည့်အကြောင်းစုံကို ပြောပြကြ၏။
33 Os que tratavam dos porcos fugiram e, chegando à cidade, anunciaram todas estas coisas e o que tinha acontecido com os endemoniados.
34 ထိုမြို့တွင် ဟိသမျှသော လူတိသည် ယေသျှုအား တွိ့ရန် ထွက်လာကြ၏။ ထို့နောက် သူရို့သည် ကိုယ်တော့်ကို တွိ့ကြသောအခါ သူရို့နယ်မှ ထွက်လားရန် တောင်းပန်ပြောဆိုကြလေ၏။
34 Então a cidade toda saiu para encontrar-se com Jesus. E, ao vê-lo, pediram-lhe com insistência que se retirasse da terra deles.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.