Mateus 4

rki (RKI) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထို့နောက် ဝိညာဉ်တော်သည် ယေသျှုကို တောကန္တာရထဲသို့ ပို့ဆောင်ပြီးလျှင် မာရ်နတ်၏ စုံစမ်းခြင်းကို ခံတော်မူ၏။
1 Então Jesus foi levado pelo Espírito ao deserto, para ser tentado pelo diabo.
2 ယေသျှုသည် ရက်လေးဆယ်ပတ်လုံး အစာယှောင်ပြီးနောက် အလွန်ဆာမွတ်လျက်ဟိ၏။
2 Depois de jejuar quarenta dias e quarenta noites, teve fome.
3 ထိုအခါ မာရ်နတ်သည် ရောက်လာပြီးလျှင် “သင်သည် ဘုရားသခင်၏ သားမှန်လျှင် ဤကျောက်ခဲတိကို မုန့်ဖြစ်အောင် အမိန့်ပီးတော်မူပါ” ဟု ဆို၏။
3 O tentador aproximou-se dele e disse: "Se você é o Filho de Deus, mande que estas pedras se transformem em pães".
4 ယေသျှုက “ကျမ်းစာလာသည်ကား၊ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့်သာ အသက်ရှင်ရမည်’” ဟု ပြန်၍ မိန့်တော်မူ၏။
4 Jesus respondeu: "Está escrito: ‘Nem só de pão viverá o homem, mas de toda palavra que procede da boca de Deus’".
5 ထို့နောက် မာရ်နတ်သည် ယေသျှုကို သန့်ယှင်းသောမြို့တော် ယေရုဆလင်သို့ ခေါ်ဆောင်၍ ဗိမာန်တော်၏ အမြင့်ဆုံးအထွဋ်၌ တင်ထားပြီးလျှင်
5 Então o diabo o levou à cidade santa, colocou-o na parte mais alta do templo e lhe disse:
6 ကျမ်းစာလာသည်ကား၊
6 "Se você é o Filho de Deus, jogue-se daqui para baixo. Pois está escrito: ‘Ele dará ordens a seus anjos a seu respeito, e com as mãos eles o segurarão, para que você não tropece em alguma pedra’".
7 ယေသျှုက “သင်၏ဘုရားသခင် ထာဝရဘုရားကို စုံစမ်းခြင်း မပြုရဟူ၍ ကျမ်းစာ၌ ရီးထား၏” ဟု ပြန်၍ မိန့်တော်မူ၏။
7 Jesus lhe respondeu: "Também está escrito: ‘Não ponha à prova o Senhor, o seu Deus’".
8 ထို့နောက် မာရ်နတ်သည် ယေသျှုကို အလွန်မြင့်မားသော တောင်ထိပ်သို့ ခေါ်ဆောင်၍ လောကီနိုင်ငံအသီးသီးနှင့်တကွ ထိုနိုင်ငံများ၏ ကြီးကျယ်ခန့်နားမှုများကို ပြလေ၏။
8 Depois, o diabo o levou a um monte muito alto e mostrou-lhe todos os reinos do mundo e o seu esplendor.
9 မာရ်နတ်က “သင်သည် ငါ့ကို ပျပ်ဝပ်လျက် ကိုးကွယ်လျှင် ဤအရာ အားလုံးတိကို သင့်အား ငါပီးမည်” ဟု ပြောလေ၏။
9 E lhe disse: "Tudo isto lhe darei, se você se prostrar e me adorar".
10 ထိုအခါ ယေသျှုက “အချင်း စာတန်၊ ငါနှင့် ဝီးရာသို့ ထွက်လားလီ။ ကျမ်းစာက မိန့်မှာထားသည်မှာ သင်၏ဘုရားသခင် ထာဝရဘုရားသခင်ကိုသာ ကိုးကွယ်ရမည်၊ ထိုဘုရားသခင်၏ အမှုကိုသာ ဆောင်ရွက်ရမည်” ဟု မိန့်တော်မူ၏။
10 Jesus lhe disse: "Retire-se, Satanás! Pois está escrito: ‘Adore o Senhor, o seu Deus e só a ele preste culto’".
11 ထို့နောက် မာရ်နတ်သည် ယေသျှုထံပါးမှ ထွက်လားလေ၏။ ထိုအခါ ကောင်းကင်တမန်တိ ရောက်လာ၍ ကိုယ်တော့်ကို ပြုစုကြလေ၏။
11 Então o diabo o deixou, e anjos vieram e o serviram.
12 ယောဟန်သည် ထောင်ထဲ၌ ချထားခြင်းကို ခံနိန်ရသည်ကို ယေသျှု ကြားလျှင် ဂါလိလဲပြည်သို့ ကြွလားတော်မူ၏။
12 Quando Jesus ouviu que João tinha sido preso, voltou para a Galiléia.
13 နာဇရက်မြို့ကို ကျော်ဖြတ်ကာ ဇာဗုလုန်ဒေသနှင့် နဿလိဒေသကြား၊ ဂါလိလဲအိုင်နား၌ဟိသော ကပေရနောင်မြို့၌ နီထိုင်ရန် ကြွတော်မူ၏။
13 Saindo de Nazaré, foi viver em Cafarnaum, que ficava junto ao mar, na região de Zebulom e Naftali,
14 ဤကား ပရောဖက် ဟေသျှာယအားဖြင့် ဟောထားခသောစကားသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။ ထိုစကားမှာ၊
14 para cumprir o que fora dito pelo profeta Isaías:
15 “အို၊ ဇာဗုလုန်ဒေသနှင့် နဿလိဒေသတည်းဟူသော
15 "Terra de Zebulom e terra de Naftali, caminho do mar, além do Jordão, Galiléia dos gentios;
16 မှောင်မိုက်ထဲ၌ နီထိုင်ကြသောသူတိသည်
16 o povo que vivia nas trevas viu uma grande luz; sobre os que viviam na terra da sombra da morte raiou uma luz".
17 ထိုအချိန်မှစ၍ ယေသျှုက “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ ဖြစ်သောကြောင့် သင်ရို့သည် အပြစ်မှ နောင်တရကြလော့” ဟူသော တရားတော်ကို စတင်၍ ဟောကြားတော်မူ၏။
17 Daí em diante Jesus começou a pregar: "Arrependam-se, pois o Reino dos céus está próximo".
18 ယေသျှုသည် ဂါလိလဲအိုင်ကမ်းနား၌ ကြွတော်မူစဉ် တံငါညီအစ်ကို နှစ်ယောက်ဖြစ်သော သျှိမုန်ဟု ခေါ်သော ပေတရုနှင့် သူ၏ညီ အန္ဒြေရို့သည် ပိုက်တစ်လက်ဖြင့် အိုင်ထဲမှာ ငါးဖမ်းနိန်သည်ကို တွိ့တော်မူ၏။
18 Andando à beira do mar da Galiléia, Jesus viu dois irmãos: Simão, chamado Pedro, e seu irmão André. Eles estavam lançando redes ao mar, pois eram pescadores.
19 ယေသျှုက “ငါနှင့်အတူ လိုက်ကတ်၊ ငါသည် သင်ရို့အား လူတိကို ဖမ်းဖို့ သင်ပီးမည်” ဟု မိန့်တော်မူ၏။
19 E disse Jesus: "Sigam-me, e eu os farei pescadores de homens".
20 သူရို့သည် ပိုက်တိကို ချက်ချင်း ပစ်ထားခပြီးလျှင် ကိုယ်တော်နောက်သို့ လိုက်ကြ၏။
20 No mesmo instante eles deixaram as suas redes e o seguiram.
21 တဖန် ကိုယ်တော်သည် ဆက်လက်၍ ကြွတော်မူလျှင်၊ ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်သော ယာကုပ်နှင့် ယောဟန် ညီအစ်ကိုနှစ်ယောက်ကို မြင်တော်မူ၏။ သူရို့သည် ဖခင်ဇေဗေဒဲနှင့်အတူ ငါးဖမ်းရန် လောင်းထဲ၌ ပိုက်တိကို ပျင်ဆင်နိန်ကြ၏။ ယေသျှုသည် ထိုသူရို့အား နောက်တော်သို့ လိုက်ရန် ခေါ်တော်မူ၏။
21 Indo adiante, viu outros dois irmãos: Tiago, filho de Zebedeu, e João, seu irmão. Eles estavam num barco com seu pai, Zebedeu, preparando as suas redes. Jesus os chamou,
22 သူရို့သည် ဖခင်နှင့် သူရို့၏လောင်းကို ထားပစ်ခပြီးလျှင် ချက်ချင်း ယေသျှုနောက်သို့ လိုက်ကြ၏။
22 e eles, deixando imediatamente o barco e seu pai, o seguiram.
23 ယေသျှုသည် ဂါလိလဲပြည်တစ်ခုလုံးသို့ ကြွတော်မူပြီးလျှင် တရားဇရပ်များ၌ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောကြားတော်မူလျက်၊ မကျန်းမာသူများကို ကျန်းမာစီ၏။ ရောဂါအမျိုးမျိုးကို ခံစားနိန်ကြရသော လူတိကိုလည်း ရောဂါပျောက်ကင်းစီတော်မူ၏။
23 Jesus foi por toda a Galiléia, ensinando nas sinagogas deles, pregando as boas novas do Reino e curando todas as enfermidades e doenças entre o povo.
24 ယေသျှု၏သတင်းတော်သည် ယှုရိပြည် တစ်ဝှမ်းလုံးသို့ ပြန့်နှံ့လား၏။ လူတိက သွက်ရှာပါဒရောဂါသည်၊ ဝက်ရူးပြန်ရောဂါသည်၊ နတ်ဆိုးဝင်ပူးနိန်သည့်သူများနှင့် အနာရောဂါအမျိုးမျိုး ခံစားနိန်သူများကို ကိုယ်တော့်ထံပါးသို့ ခေါ်ဆောင်လာကြ၏။ ယေသျှုသည် ထိုသူအားလုံး၏ အနာရောဂါတိကို ပျောက်ကင်းစီတော်မူ၏။
24 Notícias sobre ele se espalharam por toda a Síria, e o povo lhe trouxe todos os que estavam padecendo vários males e tormentos: endemoninhados, epiléticos e paralíticos; e ele os curou.
25 ဂါလိလဲပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေရုဆလင်မြို့၊ ယုဒပြည်နှင့် ယော်ဒန်မြစ်တစ်ဘက်ကမ်းမှ လူအပေါင်းရို့သည်လည်း ကိုယ်တော်၏နောက်တော်သို့ လိုက်လာကြ၏။
25 Grandes multidões o seguiam, vindas da Galiléia, Decápolis, Jerusalém, Judéia e da região do outro lado do Jordão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.