Mateus 24

rki (RKI) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ယေသျှုသည် ဗိမာန်တော်ထဲမှ ထွက်လာတော်မူပြီးနောက် တပည့်တော်တိက ဗိမာန်တော်အဆောက်အဦးကို ကြည့်ရန် လာ၍ခေါ်ကြ၏။
1 Quando Jesus saía da área do templo, seus discípulos lhe chamaram a atenção para as diversas construções do edifício.
2 ထိုအခါ ယေသျှုက “သင်ရို့သည် ဤအဆောက်အဦးများကို မြင်ကြသလား။ သင်ရို့ကို ငါ အမှန် ဆိုသည်ကား ဤဗိမာန်တော်နီရာ၌ ကျောက်ခဲတစ်လုံးထက်မှာ တစ်လုံး မကျန်ဘဲ အားလုံးကို ဖြိုဖျက်ခြင်း ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
2 Ele, porém, disse: “Estão vendo todas estas construções? Eu lhes digo a verdade: elas serão completamente demolidas. Não restará pedra sobre pedra!”.
3 ယေသျှုသည် သံလွင်တောင်ထက်မှာ ထိုင်နိန်သောအခါ တပည့်တော်ရို့သည် တိတ်တဆိတ် လာတွိ့ကြပြီးလျှင် “ဤအရာအားလုံးသည် မည်သည့် အချိန်ခါတွင် ဖြစ်လာမည်ကိုလည်းကောင်း၊ ကိုယ်တော်ပြန်ကြွလာမည့် အချိန်နှင့် ကပ်ကာလကုန်ဆုံးချိန်ကို သိနိုင်ရန် ဇာပိုင် နိမိတ်လက္ခဏာတိ ဖြစ်လာမည် ကိုလည်းကောင်း အကျွန်ရို့အား မိန့်တော်မူပါ” ဟု မိန်းလျှောက်ကြ၏။
3 Mais tarde, Jesus sentou-se no monte das Oliveiras. Seus discípulos vieram até ele em particular e perguntaram: “Diga-nos, quando isso tudo vai acontecer? Que sinal indicará sua volta e o fim dos tempos?”.
4 ယေသျှုက “သင်ရို့သည် လိမ်လည်လှည့်ဖျားခြင်းကို မခံရစီရန် အထူးသတိပြုနိန်ကတ်ပါ။
4 Jesus respondeu: “Não deixem que ninguém os engane,
5 အကြောင်းမူကား လူများစွာရို့က ‘ငါသည် မေသျှိယဖြစ်၏’ ဟု ဆိုလျက် ငါ၏နာမဖြင့် ရောက်လာကြပြီးလျှင် လူများစွာတိကို လှည့်စားကြလိမ့်မည်။
5 pois muitos virão em meu nome, dizendo: ‘Eu sou o Cristo’, e enganarão muitos.
6 သင်ရို့သည် စစ်ဖြစ်နိန်ကြသည့်အကြောင်းကိုလည်းကောင်း၊ စစ်ဖြစ်နိန်ကြကြောင်း ကောလာဟလသတင်းစကားတိကိုလည်းကောင်း ကြားကတ်ရလိမ့်မည်၊ သို့သော်လည်း စိုးရိမ်ထိန့်လန့်ခြင်း မဖြစ်ကြစီခြင်းငှာ သတိထားကြလော့။ ထိုသို့သောအရာများသည် ဖြစ်လာရမည်၊ သို့သော်လည်း နောက်ဆုံးအချိန်ကား မရောက်သိမ့်။
6 Vocês ouvirão falar de guerras e ameaças de guerras, mas não entrem em pânico. Sim, é necessário que essas coisas ocorram, mas ainda não será o fim.
7 လူတစ်မျိုးက တခြားလူမျိုးတစ်မျိုးကိုလည်းကောင်း နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံကိုလည်းကောင်း ရန်ပြုလာကြလိမ့်မည်။ နီရာများစွာ၌ ငတ်မွတ်ခေါင်းပါးခြင်း၊ မြီငလျှင်လှုပ်ခြင်းတိ ဖြစ်လာလိမ့်မည်။
7 Uma nação guerreará contra a outra, e um reino contra o outro. Haverá fome e terremotos em várias partes do mundo.
8 ဤအရာအားလုံးသည် သားဖွားခြင်းဝေဒနာ၏အစဦးသာ ဖြစ်သိမ့်၏။
8 Tudo isso, porém, será apenas o começo das dores de parto.
9 “ထိုအခါ လူတိက သင်ရို့ကို နှိပ်စက်ညှဉ်းဆဲခြင်းငှာလည်းကောင်း၊ အသီသတ်ခြင်းငှာလည်းကောင်း အပ်နှံကြလိမ့်မည်။ ငါ့ကြောင့် သင်ရို့ကို လူမျိုးအားလုံးက မုန်းကြလိမ့်မည်။
9 “Então vocês serão presos, perseguidos e mortos. Por minha causa, serão odiados em todo o mundo.
10 ထိုကာလ၌ လူအများသည် ယုံကြည်မှုလွဲမှားကာ အချင်းချင်း သစ္စာဖောက်လျက် မုန်းကြလိမ့်မည်။
10 Muitos se afastarão de mim, e trairão e odiarão uns aos outros.
11 မိစ္ဆာပရောဖက် များစွာ ပေါ်လာပြီး လူများစွာကို လှည့်ဖျားကြလိမ့်မည်။
11 Falsos profetas surgirão em grande número e enganarão muitos.
12 ဆိုးယုတ်မှုတိ များပြားလာသောကြောင့် မေတ္တာတရား ခေါင်းပါးလာလိမ့်မည်။
12 O pecado aumentará e o amor de muitos esfriará,
13 သို့သော်လည်း အဆုံးထိ အခိုင်အမာရပ်တည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
13 mas quem se mantiver firme até o fim será salvo.
14 နိုင်ငံတော်နှင့်ပတ်သက်သော ဤသတင်းကောင်းကို လူမျိုးအပေါင်းရို့အား သက်သီခံ၍ တစ်ကမ္ဘာလုံး၌ ဟောပြောကတ်လိမ့်မည်။ ထို့နောက် ကပ်ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
14 As boas-novas a respeito do reino serão anunciadas em todo o mundo, para que todas as nações as ouçam; então, virá o fim.
15 “ထို့ကြောင့် ပရောဖက်ဒံယေလ ပြောခဖူးသည့် ပျက်စီးမှုကို ဖြစ်စီသော ‘ဆိုးရွားသည့် စက်ဆုပ်ရွံစာဖွယ်ရာ’ သည် သန့်ယှင်းမြင့်မြတ်သောနီရာ၌ ရောက်နိန်ကြသည်ကို မြင်ရလိမ့်မည်။” (ဇာကို ဆိုလိုသည်ကို ကျမ်းစာဖတ်သောသူသည် သေသေချာချာ နားလည်ကြစီ။)
15 “Chegará o dia em que vocês verão aquilo de que o profeta Daniel falou, a ‘terrível profanação’ que será colocada no lugar santo. (Leitor, preste atenção!)
16 ထိုအခါ ယုဒပြည်မှာ ဟိသောသူတိ တောင်ထက်သို့ တက်ဗြီးကတ်လီ။
16 Quem estiver na Judeia, fuja para os montes.
17 အိမ်ခေါင်မိုးထက်မှာ ဟိသောသူတိ၊ အိမ်ထဲကပစ္စည်းတိကို ယူဖို့ ဆင်းမနိန်ကတ်ကေ့။
17 Quem estiver no terraço no alto da casa, não desça para pegar suas coisas.
18 လယ်ထဲမှာ ဟိသောသူသည် မိမိ၏ဝတ်ရုံကို ယူခြင်းငှာ ပြန်မလားစီကေ့။
18 Quem estiver no campo, não volte nem para pegar o manto.
19 ထိုနိ့ရက်ကာလ၌ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့စို့သူငယ်ဟိသော မိခင်ရို့အတွက် အလွန် ခက်ကတ်လိမ့်မည်။
19 Que terríveis serão aqueles dias para as grávidas e para as mães que estiverem amamentando!
20 သင်ရို့၏ ထွက်ဗြီးရမည့်အချိန်သည် ဥပုသ်နိ့ သို့မဟုတ် ဆောင်းရာသီကာလမှာ မဖြစ်ဖို့ ဆုတောင်းကတ်။
20 Orem para que a fuga de vocês não seja no inverno nem no sábado,
21 ဤမျှလောက် ကြောက်စရာကောင်းသည့် ဒုက္ခကပ်ဆိုးကြီးသည်ကား ကမ္ဘာဦးအစကပင် ဂနိ့ထိတိုင်အောင် တစ်ခါမျှ မဖြစ်ဖူးခသိမ့်။ နောင်တွင်လည်း ဤကဲ့သို့ တစ်ခါမျှ ဖြစ်လိမ့်မည် မဟုတ်။
21 pois haverá mais angústia que em qualquer outra ocasião desde o começo do mundo, e nunca mais haverá angústia tão grande.
22 သို့သော်လည်း ဤနိ့ရက်ကာလကို တိုတောင်းစီတော်မမူလျှင် တစ်ယောက်လည်း အသက်ရှင်ကတ်လိမ့်မည် မဟုတ်၊ ရွီးကောက်ထားသူတိအတွက် ဤကာလကို တိုတောင်းစီလိမ့်မည်။
22 De fato, se o tempo de calamidade não tivesse sido limitado, ninguém sobreviveria, mas esse tempo foi limitado por causa dos escolhidos.
23 “ထိုကာလ၌ တစ်စုံတစ်ယောက်သောသူက ‘ကြည့်လော့၊ ဤအရပ်၌ မေသျှိယ ဟိ၏၊ ထိုအရပ်၌ မေသျှိယ ဟိ၏’ ဟု ပြောကြသော်လည်း ထိုစကားကို မယုံကတ်လီကေ့။
23 “Portanto, se alguém lhes disser: ‘Vejam, aqui está o Cristo!’ ou ‘Ali está ele!’, não acreditem,
24 အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။
24 pois falsos cristos e falsos profetas surgirão e realizarão grandes sinais e maravilhas a fim de enganar, se possível, até os escolhidos.
25 ဤအချိန်မရောက်ခင် သင်ရို့အား ငါ ပြောထားခသောစကားတိကို နားထောင်ထားကတ်။
25 Vejam que eu os avisei disso de antemão.
26 “လူတိက ‘မေသျှိယသည် တောထဲ၌ ပွင့်တော်မူနိန်ယာ’ ဟု ပြောကြသော်လည်း မလားကတ်လီကေ့။ ‘မေသျှိယသည် ဤအရပ်၌ လျှို့ဝှက်စွာ ကိန်းဝပ်နိန်တော်မူ၏’ ဟု ပြောကြသော်လည်း မယုံကတ်လီကေ့။
26 “Portanto, se alguém lhes disser: ‘Ele está no deserto!’, nem se deem ao trabalho de sair para procurá-lo. E se disserem: ‘Está escondido aqui!’, não acreditem.
27 အကြောင်းမူကား အရှိ့အရပ်မှ အနောက်အရပ်ထိ အာကာတစ်ပြင်လုံးကို ဖြတ်၍ လျှပ်ပြက်သကဲ့သို့ လူသားသည် ကြွလာတော်မူလိမ့်မည်။
27 Porque, assim como o relâmpago lampeja no leste e brilha no oeste, assim será a vinda do Filho do Homem.
28 “အသီကောင်ဟိသောအရပ်၌ လင်းတငှက်တိ စုလာကတ်လိမ့်မည်။
28 Onde estiver o cadáver, ali se ajuntarão os abutres.
29 “ဤဒုက္ခကပ်ဆိုးကြီးကာလ ကုန်ဆုံးလားပြီးနောက် မကြာခင်မှာ နီကို မိုက်လားစီပြီးလျှင် လသည် မိမိ၏အလင်းရောင်ကို ပီးလိမ့်မည် မဟုတ်။ ကြယ်တိသည် အာကာပြင်မှ ကြွီကျကြပြီးလျှင် ကောင်းကင်တန်ခိုးများကို တုန်လှုပ်စီလိမ့်မည်။
29 “Imediatamente depois da angústia daqueles dias, ‘o sol escurecerá, a lua não dará luz, as estrelas cairão do céu e os poderes dos céus serão abalados’.
30 ထို့နောက် လူသား၏နိမိတ်လက္ခဏာသည် အာကာပြင်၌ ပေါ်ထွန်းလာလိမ့်မည်။ ကောင်းကင်တိမ်တိုက်များထက်တွင် ကြီးမြတ်သောဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူသော လူသားကို မြင်ကြသောအခါ မြီကြီးထက်၌ဟိသော လူမျိုးနွယ်စုအားလုံးသည် ဝမ်းနည်းကြီကွဲကြလိမ့်မည်။
30 Então, por fim, aparecerá no céu o sinal da vinda do Filho do Homem, e haverá grande lamentação entre todos os povos da terra. Eles verão o Filho do Homem vindo nas nuvens do céu com poder e grande glória.
31 ထို့နောက် လူသားသည် ကျယ်လောင်သော တံပိုးမှုတ်သံဖြင့် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊ ထိုအခါ ကောင်းကင်တမန်များသည် မိမိရွီးကောက်ထားသောသူတိကို ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုသိမ်းကြလိမ့်မည်။
31 Ele enviará seus anjos com um forte sopro de trombeta, e eles reunirão os escolhidos de todas as partes do mundo, de uma extremidade à outra do céu.
32 “ဤအချိန်၌ သဖန်းပင်မှ ဤသင်ခန်းစာကို သင်ယူကြလော့။ ဤအပင်၏အကိုင်းအခက်များ နုလာ၍ အရွက်များထွက်လာသည်နှင့် နွီရာသီရောက်ခါနီးယာ ဆိုသည်ကို သင်ရို့ သိကတ်ပါ။
32 “Agora, aprendam a lição da figueira. Quando os ramos surgem e as folhas começam a brotar, vocês sabem que o verão está próximo.
33 ထိုနည်းတူ သင်ရို့သည် ဤအရာအားလုံးကို မြင်တွိ့ကြရသောအခါ၌ လူသားသည် တန်းခါးဝတိုင်ယောင် အနီးသို့ ရောက်နိန်ယာ ဆိုသည်ကို သင်ရို့သိကတ်ပါ။
33 Da mesma forma, quando virem todas essas coisas, saberão que o tempo está muito próximo, à porta.
34 သင်ရို့ကို ငါ အမှန်ဆိုသည်ကား အဂုအသက်ရှင်လျက်ဟိသောလူတိ မသီခင် ဤအရာများအားလုံးသည် ဖြစ်လာကြလိမ့်မည်ကို မှတ်ထားကြလော့။
34 Eu lhes digo a verdade: esta geração certamente não passará até que todas essas coisas tenham acontecido.
35 ကောင်းကင်နှင့် မြီကြီး ပျောက်ကွယ်လားသော်လည်း၊ ငါ့စကားသည် တစ်ခါလည်း ကွယ်ပျောက်လားလိမ့်မည် မဟုတ်ချေ။
35 O céu e a terra desaparecerão, mas as minhas palavras jamais desaparecerão.
36 “သို့သော်လည်း ထိုနိ့ရက်ကာလနှင့် ပတ်သက်၍ ဇာသူလည်း မသိ — ကောင်းကင်တမန်များသော်လည်းကောင်း၊ သားတော်သော်လည်းကောင်း မသိကြ၊ သို့သော်လည်း အဖ တစ်ပါးတည်းသာ သိတော်မူ၏။
36 “Contudo, ninguém sabe o dia nem a hora em que essas coisas acontecerão, nem mesmo os anjos no céu, nem o Filho. Somente o Pai sabe.
37 လူသားကြွလာသောအခါတွင် နောဧလက်ထက်၌ ဖြစ်ခသကဲ့သို့ ဖြစ်လိမ့်မည်။
37 “Quando o Filho do Homem voltar, será como no tempo de Noé.
38 အကြောင်းမူကား ရီလွှမ်းမိုးခြင်းမဖြစ်ခင် နိ့များ၌၊ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နိ့တိုင်အောင် လူများသည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်ခြင်းကို ပြုလျက်နိန်ခကြ၏။
38 Nos dias antes do dilúvio, o povo seguia sua rotina de banquetes, festas e casamentos, até o dia em que Noé entrou na arca.
39 ထိုအခါ ရီလွှမ်းမိုးခြင်းသည် ရောက်လာ၍ သူရို့အားလုံးကို သုတ်သင်ဖယ်ရှားလားသည့်တိုင်အောင် သူရို့သည် မည်သို့ ဖြစ်ခသည်ကို မသိခကတ်။ လူသားကြွလာသည့်အခါ၌ ထိုကဲ့သို့ ဖြစ်လိမ့်မည်။
39 Não perceberam o que estava para acontecer até que veio o dilúvio e levou todos. Assim será na vinda do Filho do Homem.
40 ထိုအချိန်တွင် လယ်တောထဲ၌ ဟိသောသူ နှစ်ယောက်တွင်၊ တစ်ယောက်ကို ယူလားပြီး တစ်ယောက်သည် ကျန်ခလိမ့်မည်။
40 “Dois homens estarão trabalhando juntos no campo; um será levado, e o outro, deixado.
41 ဆန်ဖွတ်နိန်သော မိန်းမနှစ်ယောက်တွင်၊ တစ်ယောက်ကို ယူလားပြီး တစ်ယောက်သည် ကျန်ခလိမ့်မည်။
41 Duas mulheres estarão moendo cereal no moinho; uma será levada, e a outra, deixada.
42 “ထို့ကြောင့် သင်ရို့၏သခင်ဘုရားသည် ဇာနိ့မှာ ကြွလာမည်ကို မသိသောကြောင့် သင်ရို့သည် သတိနှင့် စောင့်ကြည့်နိန်ကြလော့။
42 “Portanto, vigiem, pois não sabem em que ocasião o seu Senhor virá.
43 သူခိုးလာမည့်အချိန်ကို အိမ်သျှင် သိလျှင် သူသည် သတိနှင့် စောင့်ကြည့်နိန်သောကြောင့် ထိုသူခိုးသည် မိမိအိမ်ကို ဖောက်ထွင်းခွင့် ရလိမ့်မည် မဟုတ်ချေ။
43 Entendam isto: se o dono da casa soubesse exatamente a que horas viria o ladrão, ficaria atento e não permitiria que a casa fosse arrombada.
44 ထို့ကြောင့် သင်ရို့ မမျှော်လင့်သောအချိန်မှာ လူသားသည် ကြွလာမည်ဖြစ်၍ သင်ရို့သည်လည်း အဆင်သင့် ဖြစ်နိန်ကြရမည်။
44 Estejam também sempre preparados, pois o Filho do Homem virá quando menos esperam.
45 “ထို့နောက် သခင်သည် မိမိအိမ်ထောင်စု၌ဟိသော အစီခံတိကို အချိန်တန်လျှင် သူရို့အတွက် စားနပ်ရိက္ခာများကို ပီးကမ်းရန် အအုပ်အချုပ် ခန့်ထားသည့် သစ္စာဟိ၍ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော အစီခံဟူသည်ကား ဇာသူလဲ။
45 “O servo fiel e sensato é aquele a quem seu senhor encarrega de gerir os outros servos da casa e alimentá-los.
46 ထိုအစီခံသည် သခင်ပြန်လာသောအခါ၌ ဤသို့ ပြုလျက်ဟိသည်ကို သခင်သည်တွိ့၏၊ ထိုအစီခံသည် မင်္ဂလာဟိလိမ့်မည်။
46 Se o senhor voltar e constatar que o servo fez um bom trabalho, haverá recompensa.
47 သင်ရို့ကို ငါ အမှန်ဆိုသည်ကား သခင်သည် ထိုအစီခံအား သူပိုင်ဆိုင်သောအရာအားလုံး၏ အအုပ်အချုပ်အဖြစ် ခန့်အပ်လိမ့်မည်။
47 Eu lhes digo a verdade: ele colocará todos os seus bens sob os cuidados desse servo.
48 သို့ရာတွင် ဆိုးယုတ်သောအစီခံသည်ကား ငါ၏သခင် ပြန်လာရန် ကြာဖို့သိမ့်ဟု စိတ်ထင်ဖြင့်၊
48 O que acontecerá, porém, se o servo for mau e pensar: ‘Meu senhor não voltará tão cedo’,
49 အရက်သမားတိနှင့် သောက်စားမူးယစ်ကာ မိမိ၏လက်အောက်ငယ်သားတိကို ထုထောင်းသတ်ပုတ်ရန် စတင်လိမ့်မည်။
49 e começar a espancar os outros servos, a comer e a beber e se embriagar?
50 မိမိ မျှော်လင့်မထားသောနိ့ရက်၊ မိမိ သတိမထားမိသောအချိန်၌ ထိုအစီခံ၏သခင်ပြန်လာသောအခါ
50 O senhor desse servo voltará em dia que não se espera e em hora que não se conhece,
51 ထိုဆိုးယုတ်သောအစီခံကို ပြင်းထန်စွာ ပြစ်ဒဏ်ပီးပြီးနောက် သူတော်ကောင်းယောင်ဆောင်သောသူများနှင့်အတူ နီရာချလိမ့်မည်။ သူသည် ထိုနီရာ၌ အံကြိတ်၍ ငိုကျွီးနိန်ရလိမ့်မည်။
51 cortará o servo ao meio e lhe dará o mesmo destino dos hipócritas. Ali haverá choro e ranger de dentes.”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.