Mateus 23
rki (RKI) vs NTLH
1 ထို့နောက် ယေသျှုသည် မိမိ၏တပည့်တော်ရို့နှင့် လူထုပရိသတ်တိကို မိန့်တော်မူသည်မှာ
1 Então Jesus falou à multidão e aos seus discípulos.
2 “ကျမ်းတတ်ဆရာနှင့် ဖာရိယှဲရို့သည် မောသျှေ၏ပညတ်တရားများကို ဘာသာပြန်ခွင့်ဟိသူများ ဖြစ်ကြ၏၊
2 Ele disse:
3 ထို့ကြောင့် သင်ရို့သည် သူရို့ ပြောသမျှကို နာခံ၍ လိုက်လျှောက်ကတ်။ သို့သော်လည်း သူရို့ကျင့်သည့်အတိုင်း မကျင့်ကတ်ကေ့၊ အကြောင်းမူကား သူရို့သည် မိမိရို့ဟောပြောသည့်အတိုင်း မကျင့်ကတ်။
3 Por isso vocês devem obedecer e seguir tudo o que eles dizem. Porém não imitem as suas ações, pois eles não fazem o que ensinam.
4 ထိုသူရို့သည် အလွန်လေး၍ ထမ်းရန်ခက်ခဲသောဝန်ထုပ်များကို သူတစ်ပါး ပက်ကုန်းထက်မှာ တင်တတ်ကြ၏၊ သို့သော်လည်း သူရို့မူကား ထိုဝန်ထုပ်များကို ထမ်းခြင်းငှာ သူရို့ကိုယ်တိုင် လက်ဖျားနှင့်တောင် မတို့ချင်ကြ၊
4 Amarram fardos pesados e os põem nas costas dos outros, mas eles mesmos não os ajudam, nem ao menos com um dedo, a carregar esses fardos.
5 သူရို့သည် မိမိရို့ပြုသမျှကို လူအများ မြင်စီခြင်းငှာ ပြုတတ်ကြ၏။ သူရို့သည် ပန်းဖွားအရှည်ကြီး ထိုးထားသည့် ဝတ်ရုံများကို ဝတ်ဆင်၍ မိမိရို့၏နဖူးနှင့် လက်မောင်းများတွင် သမ္မာကျမ်းစာပါသော အဆောင်လက်ဖွဲ့များကို ပတ်စည်းကာ
5 Tudo o que eles fazem é para serem vistos pelos outros. Vejam como são grandes os trechos das das suas
6 စားသောက်ပွဲများ၌ ဂုဏ်သိက္ခာဟိသော နီရာများကိုလည်းကောင်း တရားဇရပ်များ၌ ထည်ဝါခန်းနားသော ထိုင်ခုံများကိုလည်းကောင်း ကြိုက်တတ်ကြ၏၊
6 Eles preferem os melhores lugares nos banquetes e os lugares de honra nas
7 သူရို့သည် လူစည်ကားရာအရပ်၌ ရိုသီစွာဖြင့် နှုတ်ဆက်ခြင်းကိုလည်းကောင်း ‘အသျှင်ဘုရား’ ဟူ၍ ခေါ်ဝေါ်ခြင်းကိုလည်းကောင်း အလွန် နှစ်သက်ကြ၏။
7 Gostam de ser cumprimentados com respeito nas praças e de ser chamados de “mestre”.
8 သို့ရာတွင် သင်ရို့သည် ‘ဆရာ’ ဟူ၍ ခေါ်ဝေါ်ခြင်းကို မခံကတ်ကေ့၊ အကြောင်းမူကား သင်ရို့အားလုံးသည် ညီအစ်ကိုတိ ဖြစ်ကြ၏၊ သင်ရို့တွင် ဆရာ ဟူ၍ တစ်ဆူတည်းသာ ဟိ၏။
8 Porém vocês não devem ser chamados de “mestre”, pois todos vocês são membros de uma mesma família e têm somente um Mestre.
9 မြီကြီးပေါ်၌ ဇာသူ့ကိုလေ့ ‘အဖ’ ဟု မခေါ်ကတ်ကေ့၊ သင်ရို့တွင် ကောင်းကင်ဘုံ၌ အဖ တစ်ပါးတည်းသာ ဟိ၏။
9 E aqui na terra não chamem ninguém de pai porque vocês têm somente um Pai, que está no céu.
10 သင်ရို့သည် ‘ဥပဇ္ဈာယ်ဆရာ’ ဟူ၍ ခေါ်ဝေါ်ခြင်းကို မခံကတ်ကေ့၊ အကြောင်းမူကား သင်ရို့၌ ဥပဇ္ဈာယ်ဆရာတည်းဟူသော မေသျှိယ တစ်ပါးတည်းသာ ဟိ၏။
10 Vocês não devem também ser chamados de “líderes” porque vocês têm um líder, o
11 သင်ရို့၌ အကြီးဆုံးဖြစ်သောသူသည် သင်ရို့အားလုံး၏အခိုင်းအစီ ဖြစ်ရမည်။
11 Entre vocês, o mais importante é aquele que serve os outros.
12 ဇာသူမဆို မိမိကိုယ်ကို ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရမည်၊ မိမိကိုယ်ကို နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည် ဟူ၍ မိန့်တော်မူ၏။
12 Quem se engrandece será humilhado, mas quem se humilha será engrandecido.
13 “ကျမ်းတတ်ဆရာတိနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် ကောင်းကင်နိုင်ငံတန်းခါးပေါက်ကို လူတိရှိ့က ပိတ်ထားကြ၏၊ သင်ရို့သည် ကိုယ်တိုင်လည်းမဝင်၊ ဝင်ဖို့ ကြိုးစားနိန်သော သူတိကိုလည်း ဝင်ခွင့်မပြုကြ။
13 — Ai de vocês,
14 — ausente —
14 [— Ai de vocês, mestres da Lei e fariseus, hipócritas! Pois vocês exploram as viúvas e roubam os seus bens e, para disfarçarem, fazem longas orações! Por isso o castigo de vocês será pior!]
15 “ကျမ်းတတ်ဆရာနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် လူတစ်ယောက်ကို ဘာသာသွင်းခြင်းငှာ ရီ မြီအနှံ့ လှည့်လည်ကြ၏၊ သင်ရို့သည် ဘာသာသွင်းပြီးသောအခါ၌လည်း သူရို့ကို မိမိရို့ထက် နှစ်ဆသောငရဲကို ခံစီကြ၏။
15 — Ai de vocês, mestres da Lei e fariseus, hipócritas! Pois vocês atravessam os mares e viajam por todas as terras a fim de procurar converter uma pessoa para a sua religião. E, quando conseguem, tornam essa pessoa duas vezes mais merecedora do inferno do que vocês mesmos.
16 “မျက်ကန်းလမ်းပြတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ ‘မည်သူမဆို ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုလို့ မရ၊ ဗိမာန်တော်ထဲ၌ ဟိသောရွှီကို တိုင်တည်၍ ကျိန်ဆိုမှရာ ရ၏’ ဟု သင်ရို့သည် သွန်သင်နိန်ကြ၏။
16 — Ai de vocês, guias cegos! Pois vocês ensinam assim: “Se alguém jurar pelo Templo, não é obrigado a cumprir o juramento. Mas, se alguém jurar pelo ouro do Templo, então é obrigado a cumprir o que jurou.”
17 မျက်ကန်းလမ်းပြတိ၊ ရွှီက ကြီးမြတ်လား၊ ရွှီကို သန့်ယှင်းစီတော်မူသော ဗိမာန်တော်က သာ၍ ကြီးမြတ်သလား။
17 Tolos e cegos! Qual é mais importante: o ouro ou o Templo que
18 သင်ရို့က ‘မည်သူမဆို ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုလျှင် မရ။ ယဇ်ပလ္လင်ထက်မှာ ဟိသော ယဇ်ပူဇော်သကာကို တိုင်တည်၍ ကျိန်ဆိုမှရာ ရ၏’ ဟု သွန်သင်နိန်ကြ၏။
18 Vocês também ensinam isto: “Se alguém jurar pelo altar, não é obrigado a cumprir o juramento. Mas, se jurar pela oferta que está no altar, então é obrigado a cumprir o que jurou.”
19 သင်ရို့သည် မျက်ကန်းတိပါကား။ ယဇ်ပူဇော်သကာက ကြီးမြတ်တော်မူသလော၊ ယဇ်ပူဇော်သကာကို သန့်ယှင်းစီတော်မူသော ယဇ်ပလ္လင်က သာ၍ ကြီးမြတ်တော်မူသလော။
19 Cegos! Qual é mais importante: a oferta ou o altar que santifica a oferta?
20 ထို့ကြောင့် ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုသောသူသည် ယဇ်ပလ္လင်နှင့်တကွ ယဇ်ပလ္လင်ထက်မှာ ဟိသမျှတိကို တိုင်တည်၍ ကျိန်ဆိုခြင်း ဖြစ်၏။
20 Por isso, quando alguém jura pelo altar, está jurando pelo altar e por todas as ofertas que estão em cima dele.
21 သို့ဖြစ်၍ ဗိမာန်တော်ကို တိုင်တည်ပြီး ကျိန်ဆိုသောသူသည် ဗိမာန်တော်နှင့်တကွ ဗိမာန်တော်၌ ကိန်းဝပ်တော်မူသောအသျှင်ကို တိုင်တည်၍ ကျိန်ဆိုခြင်း ဖြစ်၏။
21 Quando alguém jura pelo Templo, está jurando pelo Templo e por Deus, que mora ali.
22 ကောင်းကင်ဘုံကို တိုင်တည်၍ ကျိန်ဆိုသောသူသည် ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ထိုပလ္လင်တော်၌ စံနိန်တော်မူသော အသျှင်ကို တိုင်တည်၍ ကျိန်ဆိုခြင်း ဖြစ်၏။
22 E, quando alguém jura pelo céu, está jurando pelo trono de Deus e pelo próprio Deus, que está sentado nele.
23 “ကျမ်းတတ်ဆရာနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် နှုန်း၊ စမုစပါး၊ ဇီယာ အစဟိသည့် ဟင်းမွှီးမဆလာတိမှာတောင်မှ ဘုရားသခင်ကို ဆယ်ဖို့တစ်ဖို့ ပီးကြ၏။ သို့ရာတွင် သင်ရို့သည် တရားမျှတမှု၊ သနားကရုဏာထားမှု၊ သစ္စာဟိမှုတည်းဟူသော သာ၍ အရေးကြီးသည့် ပညတ်တရားများကို ဘေးဖယ်ထားကတ်ပါကား။ ဦးစွာဖော်ပြသော ပညတ်တရားများကို ဘေးဖယ်မထားဘဲ နောက်ဖော်ပြသော ပညတ်တရားများကိုလည်း လက်တွိ့လိုက်နာအပ်၏။
23 — Ai de vocês, mestres da Lei e fariseus, hipócritas! Pois vocês dão a Deus a décima parte até mesmo da hortelã, da erva-doce e do
24 မျက်ကန်းလမ်းပြတိ၊ သင်ရို့သည် ခြင်ချေတစ်ကောင်မျှ မပါရယောင် ရီကို စစ်ကြပြီးလျှင် ကုလားအုတ်ကို အကောင်လိုက် မျိုချနိန်ကတ်ပါကား။
24 Guias cegos! Coam um mosquito, mas engolem um camelo!
25 “ကျမ်းတတ်ဆရာနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် သင်ရို့၏လောင်ပွန်း၊ ခွက်ဖလားတိကို အပြင်ဖက်က စင်ကြယ်အောင် ဆီးကြောကြသော်လည်း သင်ရို့၏အတွင်း၌ကား အတ္တမာနနှင့် အနိုင်ကျင့်မှုတိ ပြည့်နိန်ကြ၏။
25 — Ai de vocês, mestres da Lei e fariseus, hipócritas! Pois vocês lavam o copo e o prato por fora, mas por dentro estes estão cheios de coisas que vocês conseguiram pela violência e pela ganância.
26 မျက်ကန်းဖာရိယှဲ၊ ခွက်ဖလားအတွင်းကို အလျှင် စင်ကြယ်အောင် ဆီးကြောကတ်ပါ။ ထိုသို့ ပြုလျှင် အပြင်၌လည်း သန့်ယှင်းစင်ကြယ်လိမ့်မည်။
26 Fariseu cego! Lave primeiro o copo por dentro, e então a parte de fora também ficará limpa!
27 “ကျမ်းတတ်ဆရာတိနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် ထုံးဖြူသုတ်ထားသည့်သင်္ချိုင်းအုတ်ဂူနှင့် တူ၏။ သင်္ချိုင်းအုတ်ဂူသည် အပြင်ဖက်က လှပသယောင်ဟိသော်လည်း အတွင်း၌ကား လူသီကောင်ရို့၏အရိုးတိ၊ အညစ်အကြေးတိနှင့် ပြည့်နိန်၏။
27 — Ai de vocês, mestres da Lei e fariseus, hipócritas! Pois vocês são como túmulos pintados de branco, que por fora parecem bonitos, mas por dentro estão cheios de ossos de mortos e de podridão.
28 ထိုနည်းတူစွာ သင်ရို့သည် အပြင်သဏ္ဌာန်အားဖြင့် လူတိကို သူတော်ကောင်းယောင်ဆောင်ပြပြီးလျှင် အတွင်း၌ကား ဟန်ဆောင်မှု၊ မတရားမှုတိနှင့် ပြည့်နိန်ကြ၏။
28 Por fora vocês parecem boas pessoas, mas por dentro estão cheios de mentiras e pecados.
29 “ကျမ်းတတ်ဆရာတိနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် ပရောဖက်များ၏သင်္ချိုင်းဂူကို ကောင်းစွာပြုလုပ်၍ သူတော်ကောင်းရို့၏သင်္ချိုင်းဂူကို အလှဆင်ကြ၏။
29 — Ai de vocês,
30 တဖန် သင်ရို့က ငါရို့သည် ငါရို့၏ ဘိုးဘွားလက်ထက်က ဟိခလျှင် ပရောဖက်ရို့၏အသွီးကို သွန်းခြင်း၌ သူရို့နှင့်အတူ ပါဝင်ကြလိမ့်မည် မဟုတ်ဟု ပြောဆိုလေ့ဟိကြ၏။
30 E dizem: “Se tivéssemos vivido no tempo dos nossos antepassados, não teríamos feito o que eles fizeram, não teríamos matado os profetas.”
31 ထိုသို့ ပြောဆိုခြင်းသည်ကား သင်ရို့သည် ပရောဖက်တိကို သတ်သောအမျိုး ဖြစ်ကြောင်း သင်ရို့ကိုယ်တိုင် သက်သီခံနိန်ကြခြင်းဖြစ်၏။
31 Assim vocês confirmam que são descendentes daqueles que mataram os profetas.
32 သင်ရို့သည် သင်ရို့အဖိုးအဖီးတိက စ၍ လုပ်ခသည့်အလုပ်ကို ပြီးဆုံးသည့်တိုင်အောင် ဆက်ပြီး လုပ်ကတ်ပါ။
32 Portanto, vão e terminem o que eles começaram!
33 အသင်မြွီတိနှင့် မြွီဆိုးအမျိုးတိ၊ သင်ရို့သည် ပြစ်ဒဏ်ခံရမည့်ငရဲက လွတ်လိမ့်မည်ဟု ထင်နိန်ကတ်လား။
33 Cobras venenosas, ninhada de cobras! Como esperam escapar da condenação do inferno?
34 သင်ရို့ပါးသို့ ပရောဖက်တိ၊ ပညာဟိတိနှင့် ကျမ်းတတ်ဆရာတိကို ငါ ရွှတ်လိုက်၏။ သင်ရို့သည် သူရို့ထဲက တချို့ကို သတ်ကြလိမ့်မည်၊ တချို့ကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ကြလိမ့်မည်၊ တချို့ကို တရားဇရပ်ထဲ၌ သတ်ပုတ်ကြလိမ့်မည်၊ တစ်မြို့ ပြီး တစ်မြို့ လိုက်၍ ဖမ်းကြလိမ့်မည်၊
34 Pois eu lhes mandarei profetas, homens sábios e mestres. Vocês vão matar alguns, crucificar outros, chicotear ainda outros nas
35 ဖြောင့်မတ်သော အာဗေလမှစ၍ ဗာရခိသား ဇာခရိတိုင်အောင် ယဇ်ပလ္လင်နှင့် ဗိမာန်တော်ကြား မြီကြီးထက်မှာ သင်ရို့သတ်ထားခသော အပြစ်မဲ့လူတိ၏ အသွီးနှင့်ပတ်သက်သော အပြစ်အားလုံးသည် သင်ရို့ထက်သို့ ပုံ၍ ကျကတ်လိမ့်မည်။
35 Por isso Deus castigará vocês pela morte de todas as pessoas inocentes que os antepassados de vocês mataram, desde a morte do inocente Abel até a de Zacarias, filho de Baraquias, que vocês mataram entre o Templo e o altar.
36 ငါသည် အမှန်အတိုင်း သင်ရို့ကို ပြောရလျှင် ဤအပြစ်အားလုံးသည် အဂုဟိနိန်ကြသော လူတိထက်မှာ ကျလာကတ်လိမ့်မည်။
36 Eu afirmo a vocês que isto é verdade: o castigo por tudo isso cairá sobre o povo de hoje.
37 “ယေရုဆလင်မြို့၊ ယေရုဆလင်မြို့ သင်သည် ပရောဖက်တိကို သတ်မြဲ သတ်နိန်ပါရေကား၊ သင့်ပါးသို့ ဘုရားသခင်စီရွှတ်လိုက်သော တမန်တော်တိကို ကျောက်ခဲနှင့်ပစ်၍ မောင်းထုတ်မြဲ မောင်းထုတ်နိန်ကတ်ပါရေကား။ ကြက်မသည် ကြက်ချေတိကို မိမိ၏ အတောင်အောက်မှာ စုသိမ်းလျက် အုပ်ထိန်းထားသကဲ့သို့ ငါသည် သင်ရို့အားလုံးကို စုသိမ်းလျက် အုပ်ထိန်းထားချင်ပါ၏။ သို့သော်လည်း သင်ရို့သည် မလိုလားကတ်ပါကား။
37 Jesus terminou, dizendo:
38 သို့ဖြစ်၍ သင်ရို့၏ ဗိမာန်တော်သည် စွန့်ပစ်ခြင်းကို ခံရသဖြင့် လူသူကင်းမဲ့လျက်ဟိလိမ့်မည်။
38 Agora a casa de vocês ficará completamente abandonada.
39 ထို့ကြောင့် သင်ရို့ကို ငါဆိုသည်ကား ‘ထာဝရဘုရား၏နာမတော်ဖြင့် ကြွလာသောသူအား ဘုရားသခင် ကောင်းကြီးပီး ပါစီ’ ဟု သင်ရို့နှုတ်က မပြောသည့်တိုင်အောင် သင်ရို့သည် အဂုအချိန်မှစ၍ ငါ့ကို နောက်တဖန် မြင်ကြရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
39 Eu afirmo que vocês não me verão mais, até chegar o tempo em que dirão: “Deus abençoe aquele que vem em nome do Senhor!”
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.