Mateus 22

rki (RKI) vs BKJ

Sair da comparação
1 ယေသျှုသည် လူတိကို ပုံဥပမာကို သုံး၍ တဖန် မိန့်တော်မူပြန်၏။
1 E respondendo Jesus, novamente lhes falou em parábolas, dizendo:
2 “ကောင်းကင်နိုင်ငံတော်သည် ဤဥပမာနှင့် တူ၏။ အယင်က သျှင်ဘုရင်တစ်ပါးသည် မိမိသားတော်အတွက် မင်္ဂလာပွဲတစ်ခုကို ပျင်ဆင်ကျင်းပ၏။
2 O reino do céu é semelhante a um certo rei, que fez as bodas de seu filho,
3 ထိုမင်းကြီးသည် မိမိ၏အခိုင်းအစီများအား မင်္ဂလာပွဲသို့ ဖိတ်ထားသော ဧည့်သည်တော်များကို ခေါ်ခိုင်းလိုက်၏။ သို့သော်လည်း သူရို့သည် မလာဘဲနိန်ကြ၏။
3 e enviou os seus servos a chamar os convidados para as bodas, e estes não quiseram vir.
4 မင်းကြီးက ‘ငါ၏နွားထီးတိ၊ နွားချေတိကို သတ်ပြီး အားလုံးကို အဆင်သင့်ပျင်ထားပြီးယာ၊ သို့ဖြစ်၍ မင်္ဂလာပွဲတော်သို့ လာရောက်ရန် ဖိတ်ကြားထားသောသူတိကို လားပြောကတ်ခီ’ ဟု သာ၍များသော အခိုင်းအစီတိကို စီရွှတ်လိုက်၏။
4 Mais uma vez, ele enviou outros servos, dizendo: Dizei aos convidados: Eis que tenho o meu jantar preparado, os meus bois e meus cevados estão mortos, e todas as coisas estão prontas; vinde às bodas.
5 သို့သော်လည်း ဖိတ်ကြားထားသောသူများသည် ဂရုမစိုက်ဘဲ မိမိရို့၏စီးပွားရေးအလုပ်သို့သာ လားကြ၏၊ တစ်ယောက်က လယ်တောသို့ လား၏၊ တခြားတစ်ယောက်က ဈီးရောင်းဖို့ ထွက်လား၏၊
5 Mas eles, fazendo pouco caso, seguiram os seus caminhos, um para sua fazenda, outro para o seu negócio.
6 တခြားလူတိက အခိုင်းအစီတိကို ဖမ်းဆီး၍ ထုထောင်းကာ သတ်ဖြတ်ကြ၏။
6 E os outros, tomaram os seus servos, os maltrataram e mataram.
7 ထို့ကြောင့် ဘုရင်မင်းကြီးသည် လွန်စွာစိတ်ဆိုးလျက် သူ၏ စစ်တပ်ကို စီရွှတ်၍ ထိုလူသတ်သမားတိကို သတ်ဖြတ်ပြီးလျှင် သူရို့၏ မြို့ကိုလည်း မီးတိုက်ပစ်လိုက်လေ၏။
7 Mas, ouvindo disso o rei, irou-se, e enviando os seus exércitos, destruiu aqueles assassinos, e incendiou a sua cidade.
8 ထိုအခါ ဘုရင်မင်းကြီးက အခိုင်းအစီကျွန်တိကို ခေါ်ပြီးလျှင် ‘ငါ၏ မင်္ဂလာပွဲသည် အဆင်သင့် ဖြစ်နိန်ပြီ သို့သော်လည်း ငါ ဖိတ်ထားသောသူတိသည် မင်္ဂလာပွဲသို့ လာရောက်ခြင်းငှာ မထိုက်တန်။
8 Então ele diz aos servos: As bodas estão preparadas, mas os que foram convidados não eram dignos.
9 ထို့ကြောင့် သင်ရို့သည် အဂုပင် လမ်းဆုံ လမ်းခွများသို့ လား၍ တွိ့သမျှ လူတိကို မင်္ဂလာပွဲသို့ ဖိတ်ခေါ်ကတ်ခီ’ ဟု စီရွှတ်လိုက်၏။
9 Ide, pois, às estradas, e convidai para as bodas todos quantos encontrardes.
10 ထို့ကြောင့် အခိုင်းအစီများသည် လမ်းကြိုလမ်းကြားသို့ ဝင်၍ လူဆိုးလူကောင်းမကျန် တွိ့သမျှ လူတိကို စုလိုက်ကြသဖြင့် မင်္ဂလာခန်းမတစ်ခုလုံး လူတိ ပြည့်လျှံလားလေ၏။
10 E os servos, saindo pelas estradas, ajuntaram todos quantos encontraram, tanto maus como bons; e o casamento ficou cheio de convidados.
11 “သို့သော်လည်း မင်းကြီးသည် ဧည့်သည်တိကို ကြည့်ရှုရန်ဝင်လာသောခါ မင်္ဂလာအခမ်းအနားဝတ်စုံ မဝတ်ထားသော လူတစ်ယောက်ကို မြင်တွိ့၏။
11 E o rei, entrando para ver os convidados, viu ali um homem que não estava com veste de casamento.
12 မင်းကြီးက ‘အဆွီ၊ သင်သည် မင်္ဂလာအခမ်းအနားဝတ်စုံ မဝတ်ဘဲ ဤနီရာကို ဇာပိုင် ရောက်လာလဲ’ ဟု ထိုသူအား မိန်းလေ၏။ သို့ရာတွင် ထိုသူက တစ်ခုလည်း ပြန်မပြောဘဲ နိန်၏။
12 E ele disse-lhe: Amigo, como entraste aqui, não tendo veste de casamento? E ele emudeceu.
13 ထိုအခါ ဘုရင်မင်းကြီးက ‘ဤသူ၏ ခြီလက်တိကို တုတ်ချိုင်ပြီးလျှင် ပွဲအပြင်ဖက် မှောင်မိုက်ထဲသို့ ဝေးထုတ်ပစ်လိုက်ကတ်။ ယင်းသူသည် ယင်းနီရာမှာ အံကြိတ်၍ ငိုကျွီးလျက် နိန်ရလိမ့်မည်’ ဟု အခိုင်းအစီတိကို မိန့်တော်မူ၏။”
13 Então disse o rei aos servos: Amarrai os seus pés e mãos, levai-o embora, e lançai-o nas trevas exteriores; ali haverá pranto e ranger de dentes.
14 ယေသျှုက “ဖိတ်ခေါ်ထားသောသူ များစွာဟိသော်လည်း ရွီးကောက်ခံရသူ အလွန်နည်း၏” ဟု ပြော၍ ပုံပြင်ကို အဆုံးသတ်လိုက်၏။
14 Porque muitos são chamados, mas poucos são escolhidos.
15 ဖာရိယှဲများ ထွက်လားပြီးနောက် ယေသျှုကို မိန်းခွန်းများ မိန်း၍ အပြစ်ရှာခြင်းငှာ စီမံကြ၏။
15 Indo, então, os fariseus, consultaram entre si como o apanhariam em alguma palavra.
16 ထို့ကြောင့် သူရို့သည် မိမိ၏တပည့်တိနှင့် ဟေရုဒ်၏လူရို့ကို ကိုယ်တော်ပါးသို့ စီရွှတ်လိုက်ကြ၏။ သူရို့က “ဆရာ ကိုယ်တော်သည် ဇာသူတစ်ယောက်၏ အဆင့်အတန်းကိုလည်း စိတ်မဝင်းစားသည်ဖြစ်၍ တခြားလူတိ၏ ထင်မြင်ချက်ကို စိုးရိမ်စိတ် မဟိဘဲ လူတိအား ဘုရားသခင်အလိုတော်နှင့် ဆိုင်သော သမ္မာတရားကို သွန်သင်ပီးပါ၏။ ကိုယ်တော်သည် သမ္မာတရားကို ဟောကြားတော်မူသည်ကို အကျွန်ရို့ သိကြပါ၏။
16 E enviaram-lhe os seus discípulos, com os herodianos, dizendo: Mestre, nós sabemos que tu és verdadeiro, e ensinas o caminho de Deus em verdade, e sem te preocupar com nenhum homem, pois não reparas na aparência dos homens.
17 သို့ဖြစ်၍ ရောမဧကရာဇ်ဘုရင်ကို လူခွန်ပီးခွင့် ဟိပါသလား၊ ကိုယ်တော်၏ ထင်မြင်ချက်က ဇာပိုင်လဲ၊ အကျွန်ရို့အား မိန့်ကြားတော်မူပါ” ဟု လျှောက်ကြ၏။
17 Dize-nos, portanto, o que tu pensas? É lícito dar tributo a César, ou não?
18 သို့သော်လည်း ယေသျှုသည် သူရို့၏ယုတ်ညံ့သော အစီအစဉ်ကို သတိမူ၍ “သူတော်ကောင်းယောင်ဆောင်သောသူတိ၊ ငါ့ကို အပြစ်ရောက်စီခြင်းငှာ ဇာကြောင့် ကြိုးစားနိန်ကတ်လဲ၊
18 Mas Jesus, percebendo a sua maldade, disse: Por que me tentais, hipócritas?
19 သင်ရို့ အခွန်ပီးသော ဒင်္ဂါးပြားကို ငါ့ကို ပြကတ်ပါ” ဟု မိန့်တော်မူ၏။
19 Mostrai-me a moeda do tributo. E eles lhe trouxeram um denário.
20 ကိုယ်တော်က “ဤဒင်္ဂါးပြားမှာ ဇာသူ၏မျက်နှာပုံနှင့် နာမည်ပါလဲ” ဟု သူရို့ကို မိန်း၏။
20 E ele disse-lhes: De quem é esta imagem e inscrição?
21 သူရို့က “ဧကရာဇ်မင်းကြီး၏ မျက်နှာပုံနှင့် နာမည်ပါ၏” ဟု လျှောက်ကြ၏။
21 Disseram-lhe: De César. Então ele lhes disse: Dai, portanto, a César as coisas que são de César, e a Deus as coisas que são de Deus.
22 သူရို့သည် ဤစကားကို ကြားကြသောအခါ အလွန်အံ့သြလျက် ကိုယ်တော်ပါးက ထွက်ခွါလားကြ၏။
22 Quando eles ouviram essas palavras, maravilharam-se, e, deixando-o, foram pelo seu caminho.
23 ထိုနိ့၌ ဇဒ္ဒုကဲရို့သည် ယေသျှုပါးသို့ ရောက်လာကြ၏။ ထိုသူရို့က လူသည် သီပြီးလျှင် သီခြင်းက ထမြောက်ခြင်းမဟိဟု အခိုင်အမာ ယုံကြည်ကြ၏။
23 No mesmo dia vieram até ele os saduceus, que dizem não haver ressurreição, e o interrogaram,
24 သူရို့က “ဆရာ၊ မောသျှေက အကျွန်ရို့ကို ပြောထားခသည်မှာ အချေမရဘဲ သီကျလားသည့် လူတစ်ယောက်အတွက် မျိုးဆက်မပြတ်စီခြင်းငှာ၊ ကျန်နိန်ခသော မုဆိုးမကို သူ၏ညီ တစ်ယောက်ယောက်နှင့် ပီးစပ်ရမည်ဟူ၍ ပြောကြ၏။
24 dizendo: Mestre, Moisés disse: Se um homem morrer, não tendo filhos, seu irmão casará com a esposa dele, e suscitará descendência a seu irmão.
25 ဂုအချိန်မှာ ဤအရပ်၌ ညီအစ်ကို ခုနစ်ယောက်ဟိပါ၏။ အစ်ကိုအကြီးဆုံးသည် လက်ထပ်ပြီး၍ အချေမရဘဲ သီလားခ၏၊ ထို့ကြောင့် ကျန်နိန်ခသည့် မုဆိုးမကို ဒုတိယညီဖြစ်သူက လက်ထပ်ယူ၏။
25 Ora, houve entre nós sete irmãos; e o primeiro, casou-se com uma mulher, e faleceu, e não tendo descendente, deixou a sua esposa para o seu irmão.
26 သူသည်လည်း သူမကို လက်ထပ်ပြီးနောက် သားသမီးမရဘဲ သီလားခသဖြင့် တတိယညီက ထိုမိန်းမကို လက်ထပ်ပြန်၏။ နောက်ဆုံး ညီအစ်ကို ခုနစ်ယောက်လုံးနှင့် လက်ထပ်ပြီးသော်လည်း သားသမီးမရဘဲ ညီအစ်ကိုအားလုံး သီကျလားကြ၏။
26 Da mesma forma o segundo, e o terceiro, até o sétimo.
27 နောက်ဆုံး၌ ထိုမိန်းမပါ သီကျလား၏။
27 E por último de todos, morreu também a mulher.
28 ဤသို့ဖြစ်လျှင် ထိုသူအားလုံးသည် သီခြင်းက ထမြောက်လာကြသည့်အခါ ထိုမိန်းမသည် လက်ထပ်ကြသောညီအစ်ကို ခုနစ်ယောက်ထဲက ဇာသူ့မယား ဖြစ်လီပါဖို့လဲ” ဟု မိန်းကြ၏။
28 Portanto, na ressurreição, de qual dos sete será a mulher, pois todos a tiveram?
29 ယေသျှုက “သင်ရို့သည် ဘုရားသခင်၏တန်ခိုးကိုလည်းကောင်း ကျမ်းစာကိုလည်းကောင်း မသိကြသောကြောင့် အလွန် လွဲမှားနိန်ကြ၏။
29 Jesus, respondendo, disse-lhes: Vós errais, não conhecendo as escrituras, nem o poder de Deus.
30 သီခြင်းက ထမြောက်ကြသောသူများသည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကြပြီးလျှင် လက်ထပ်ထိမ်းမြားခြင်းကို မပြုကတ်ယာ။
30 Porque na ressurreição não casam, nem são dados em casamento, mas são como os anjos de Deus no céu.
31 သင်ရို့သည် သီခြင်းက ထမြောက်ခြင်းနှင့် ပတ်သက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကို တစ်ခါလည်း မဖတ်ဖူးကတ်ပါလား။”
31 E, quanto à ressurreição dos mortos, não lestes o que vos foi dito por Deus, dizendo:
32 “ငါသည် အာဗြဟံဘုရား၊ ဣဇာက်ဘုရား၊ ယာကုပ်ဘုရား ဖြစ်၏” ဟု မိန့်တော်မူခသည့်အတိုင်း “ဘုရားသခင်သည် သီကျလားသူရို့၏ဘုရား မဟုတ်။ အသက်ရှင်နိန်သောသူရို့၏ဘုရား ဖြစ်၏” ဟု မိန့်တော်မူ၏။
32 Eu sou o Deus de Abraão, e o Deus de Isaque, e o Deus de Jacó? Deus não é Deus dos mortos, mas dos vivos.
33 လူအုပ်ကြီးက ဤအကြောင်းကို ကြားကြသောအခါ သူ၏ဆုံးမဩဝါဒကို အလွန် ချီးမွမ်းအံသြကြ၏။
33 E as multidões, ouvindo isto, maravilhavam-se com a sua doutrina.
34 ယေသျှုသည် ဇဒ္ဒုကဲရို့ ပြန်မပြောနိုင်လောက်အောင် သြဝါဒ ပီးတော်မူသည်ကို ဖာရိယှဲရို့ ကြားကြသည့်အခါ သူရို့သည် အတူတကွ စုရုံးကြ၏၊
34 Mas os fariseus, quando ouviram que ele fizera emudecer os saduceus, eles se reuniram.
35 ထိုအခါ သူရို့အထဲက ကျမ်းတတ်ဆရာတစ်ယောက်သည် မိန်းခွန်းတစ်ခုကို မိန်းကာ ကိုယ်တော့်ကို အပြစ်ရှာရန် ကြိုးစားလေ၏။
35 Então um deles, que era mestre da lei, perguntou-lhe, provando-o, dizendo:
36 “ဆရာ၊ ပညတ်တရားထဲမှာ ဇာပညတ်သည် အကြီးမြတ်ဆုံးပါလဲ” ဟု သူက မိန်း၏။
36 Mestre, qual é o grande mandamento na lei?
37 ယေသျှုက “‘သင်ရို့၏အသျှင် ထာဝရဘုရားကို မိမိ၏ စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ဟိသမျှနှင့် ချစ်ကြလော့။’
37 Respondeu-lhe Jesus: Tu amarás o Senhor teu Deus de todo o teu coração, e de toda a tua alma, e de toda a tua mente.
38 ဤပညတ်သည် ပထမဆုံးနှင့် အကြီးမြတ်ဆုံး ပညတ်ဖြစ်၏။
38 Este é o primeiro e grande mandamento.
39 ထို့နောက် ဒုတိယပညတ်မှာ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏၊ ပထမပညတ်နှင့် တူ၏။
39 E o segundo é semelhante a este: Tu amarás o teu próximo como a ti mesmo.
40 ဤပညတ်နှစ်ပါးသည် မောသျှေ၏ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများ၏ အချုပ်ဖြစ်၏” ဟု မိန့်တော်မူ၏။
40 Desses dois mandamentos dependem toda a lei e os profetas.
41 ဖာရိယှဲရို့ အတူတကွ စုရုံးနိန်ကြသောအခါ ယေသျှုက၊
41 Enquanto os fariseus estavam reunidos, Jesus os indagou,
42 “သင်ရို့သည် မေသျှိယအကြောင်းကို ဇာပိုင် စဉ်းစားနိန်ကတ်လဲ၊ သူသည် ဇာသူ၏သားလဲ” ဟု သူရို့ကို မိန်း၏။
42 dizendo: O que pensais vós do Cristo? De quem ele é filho? Eles disseram-lhe: O filho de Davi.
43 ယေသျှုက “ယင်းပိုင်ဆိုကေ ဒါဝိဒ်သည် ဝိညာဉ်တော်အားဖြင့် မေသျှိယကို ‘သခင်’ ဟု ခေါ်သည်ကို ဇာပိုင် ဟိကတ်ဖို့လဲ။ အကြောင်းမူကား ဒါဝိဒ်က ပြောသည်မှာ
43 Disse-lhes ele: Como então Davi, em espírito, lhe chama Senhor, dizendo:
44 “ ‘ထာဝရဘုရားသည် ငါ၏သခင်အား မိန့်တော်မူသည်မှာ
44 Disse o SENHOR ao meu Senhor: Assenta-te à minha direita, até eu fazer os teus inimigos por escabelo?
45 ထိုသို့ ဒါဝိဒ်က မေသျှိယကို ‘သခင်’ ဟု ခေါ်ခလျှင် မေသျှိယသည် ဒါဝိဒ်၏သား ဇာပိုင် ဖြစ်နိုင်ဖို့လဲ” ဟု ဖာရိယှဲရို့ကို မိန်း၏။
45 Então se Davi lhe chama Senhor, como é ele seu filho?
46 ယေသျှု၏ မိန်းခွန်းကို တစ်ယောက်လည်း မဖြေနိုင်ကြ။ ထိုနိ့မှစ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေသျှုအား မိန်းမြန်းစုံစမ်းခြင်း မလုပ်ဝံ့ကတ်ယာ။
46 E nenhum homem era capaz de responder-lhe uma palavra; e daquele dia em diante nenhum homem ousou fazer-lhe mais perguntas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.