Mateus 20

rki (RKI) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 “ကောင်းကင်နိုင်ငံတော်သည် ဤဥပမာ နှင့်တူ၏။ တစ်ခါက လူတစ်ယောက်သည် မိမိ၏စပျစ်ဥယျာဉ်၌ အလုပ်လုပ်ရန် လူတချို့ကို ငှားဖို့ မိုးထစောစော ထွက်လာ၏။
1 Porque o Reino dos céus é semelhante a um homem, pai de família, que saiu de madrugada a assalariar trabalhadores para a sua vinha.
2 တစ်ရက်လျှင် လုပ်ခ ငွီဒင်္ဂါး တစ်ပြားစီဖြင့် သဘောတူကြပြီးလျှင် အလုပ်သမားများကို ဥယျာဉ်ထဲသို့ ရွှတ်လိုက်၏။
2 E, ajustando com os trabalhadores a um dinheiro por dia, mandou-os para a sua vinha.
3 သူသည် ကိုးနာရီလောက်တွင် ဈီးသို့ တဖန် လားသည့်အခါ အလုပ်လက်မဲ့ ရပ်နိန်ကြသည့်လူတချို့ကို တွိ့၏။
3 E, saindo perto da hora terceira, viu outros que estavam ociosos na praça.
4 ထိုအခါ သူက ‘သင်ရို့သည်လည်း ငါ၏စပျစ်ဥယျာဉ်သို့ လား၍ အလုပ်လုပ်ကြ၊ ငါသည် သင်ရို့အား သင့်တော်သောလုပ်ခကို ပီးမည်’ ဟု သူရို့ကို ပြော၏။
4 E disse-lhes: Ide vós também para a vinha, e dar-vos-ei o que for justo. E eles foram.
5 ထို့ကြောင့် သူရို့သည်လည်း ထိုဥယျာဉ်သို့ လား၍ အလုပ်လုပ်ကြ၏။ သူသည် ထိုနည်းတူ နောက်ထပ် ဆယ့်နှစ်နာရီမှာ တစ်သုတ်၊ သုံးနာရီမှာ တစ်သုတ်၊ အလုပ်လုပ်ရန် ဥယျာဉ်ထဲသို့ စီရွှတ်လိုက်၏။
5 Saindo outra vez, perto da hora sexta e nona, fez o mesmo.
6 သူသည် ငါးနာရီလောက်တွင် ဈီးသို့ တဖန်လားသောအခါ အလုပ်လက်မဲ့ရပ်နိန်ကြသည့်လူတိကို တဖန်တွိ့ပြန်သဖြင့် ‘သင်ရို့သည် ဇာဖြစ်လို့ တစ်ရက်လုံး အလုပ်လက်မဲ့ အချိန်ဖြုန်းနိန်ကတ်လဲ’ ဟု သူရို့ကို မိန်း၏။
6 E, saindo perto da hora undécima, encontrou outros que estavam ociosos e perguntou-lhes: Por que estais ociosos todo o dia?
7 ‘အကျွန်ရို့ကို ငှားမည့်သူ မဟိလို့ပါ’ ဟု သူရို့က ပြောကြသောအခါ ဥယျာဉ်သျှင်က ‘ကောင်းပြီ ဤသို့ဆိုလျှင် သင်ရို့သည်လည်း ငါ၏ဥယျာဉ်သို့ လား၍ အလုပ်လုပ်ကတ်ပါ’ ဟု သူရို့ကို ပြော၏။
7 Disseram-lhe eles: Porque ninguém nos assalariou. Diz-lhes ele: Ide vós também para a vinha e recebereis o que for justo.
8 “ညစာဘက်ချိန်ရောက်သောအခါ ပိုင်သျှင်က ‘နောက်ဆုံးငှားလာသော အလုပ်သမားမှစ၍ ပထမဆုံးငှားသည့် အလုပ်သမားများထိ၊ အလုပ်သမားအားလုံးကို လုပ်ခပီးဖို့ ခေါ်လိုက်’ ဟု သူ၏အလုပ်ကြပ်ကို ပြော၏။
8 E, aproximando-se a noite, diz o senhor da vinha ao seu mordomo: Chama os trabalhadores, e paga-lhes o salário, começando pelos derradeiros até aos primeiros.
9 “ငါးနာရီမှစ၍ အလုပ်လုပ်ကြသော အလုပ်သမားများကို ငွီဒင်္ဂါးတစ်ပြားစီ ပီး၏။
9 E, chegando os que
10 ပထမငှားခသော အလုပ်သမားတိက သူရို့ကို ငွီဒင်္ဂါး ပို၍ ပီးလိမ့်မည် ဟု စိတ်အထင်ဖြင့် လာကြ၏၊ သို့ရာတွင် သူရို့ကိုလည်း ငွီဒင်္ဂါး တစ်ပြားစီသာ ပီးလေ၏။
10 vindo, porém, os primeiros, cuidaram que haviam de receber mais; mas, do mesmo modo, receberam um dinheiro cada um.
11 ထို့ကြောင့် သူရို့သည် ထိုငွီကို ရသောအခါ အလုပ်သျှင်ကို မကြေနပ်ကြောင်း ပြောကြ၏။
11 E, recebendo-
12 ‘နောက်ဆုံး ငှားလာသောသူရို့သည် တစ်နာရီမျှသာ အလုပ်လုပ်ကြ၏၊ အကျွန်ရို့မှာ နီပူထဲ၌ တစ်ရက်လုံး လုပ်ကြရ၏၊ သို့သော်လည်း သင်သည် ငါရို့ကို ပီးသလောက် သူရို့ကို ပီးပါရေကား’ ဟု သူရို့က ပြောကြ၏။
12 dizendo: Estes derradeiros trabalharam
13 “ထိုအခါ ဥယျာဉ်ပိုင်သျှင်က ‘အဆွီ၊ ငါ့စကားကို နားထောင်၊ သင့်ကို ငါ မဟုတ်မမှန် လုပ်သည် မဟုတ်။ သင်သည် တစ်ရက်လုပ်ခ ငွီဒင်္ဂါးတစ်ပြားနှင့် အလုပ်လုပ်ဖို့ သဘောတူခသည် မဟုတ်လား။
13 Mas ele, respondendo, disse a um deles: Amigo, não te faço injustiça; não ajustaste tu comigo um dinheiro?
14 နောက်ဆုံး အငှားသားကိုလည်း သင့်ကို ပီးသည့်နည်းတူ ငါပီးလို၏၊ သို့ဖြစ်၍ သင်သည် မိမိလုပ်ခကို ယူပြီးလျှင် အဂုပင် အိမ်သို့ ပြန်လော့၊
14 Toma o
15 ငါ့ငွီကို ငါ့ဆန္ဒအတိုင်း လုပ်ရသော အခွင့်မဟိပါလား၊ သို့မဟုတ် ငါ သဘောကောင်းသည်ကို သင်ရို့သည် မနာလိုဖြစ်သလော’ ” ဟု သူရို့ထဲက တစ်ယောက်ကို ပြော၏။
15 Ou não me é lícito fazer o que quiser do Ou é mau o teu olho porque eu sou bom?
16 ယေသျှုက “သို့ဖြစ်၍ နောက်ကျသောသူများသည် အဦးဆုံး ဖြစ်ကြလိမ့်မည်။ အဦးကျသောသူများသည် နောက်ဆုံး ဖြစ်ကြလိမ့်မည်” ဟု နောက်ဆုံးမိန့်တော်မူ၏။
16 Assim, os derradeiros serão primeiros, e os primeiros, derradeiros, porque muitos são chamados, mas poucos, escolhidos.
17 ယေသျှုသည် ယေရုဆလင်မြို့သို့ ကြွတော်မူစဉ်၊ တပည့်တော် တစ်ဆယ့်နှစ်ပါးကို ဘေးနားက ခေါ်ဆောင်လျက် လမ်းလျှောက်ယင်း သူရို့အား သီးသန့် မိန့်မှာတော်မူသည်မှာ၊
17 E, subindo Jesus a Jerusalém, chamou à parte os seus doze discípulos e, no caminho, disse-lhes:
18 “နားထောင်ကတ်။ ငါရို့သည် ယေရုဆလင်မြို့သို့ လားကြပြီ။ ထိုနီရာ၌ လူသားကို ယဇ်ပရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိ လက်ထဲသို့ အပ်နှံကြလိမ့်မည်။ သူရို့သည် လူသားကို အသက်သီယောင်ထိ ပြစ်ဒဏ်ပီးကတ်လိမ့်မည်။
18 Eis que vamos para Jerusalém, e o Filho do Homem será entregue aos príncipes dos sacerdotes e aos escribas, e condená-lo-ão à morte.
19 ထို့နောက် သူရို့သည် လူသားကို လူမျိုးခြားတိလက်သို့ အပ်ကြလိမ့်မည်၊ ထိုသူရို့သည် လူသားကို လှောင်ပြောင်ခြင်းကိုပြု၍ ကြာပွတ်နှင့် သတ်ကြလိမ့်မည်။ နောက်ဆုံး၌ လူသားကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ကြလိမ့်မည်၊ သို့သော်လည်း လူသားသည် သုံးရက်မြောက်သောနိ့မှာ သီခြင်းက ထမြောက်လိမ့်မည်” ဟု ပြော၏။
19 E o entregarão aos gentios para que
20 ထိုအခါ ဇေဗေဒဲ၏မယားသည် သူမ၏သား နှစ်ယောက်နှင့်အတူ ယေသျှုထံပါးသို့ ရောက်လာ၍ ယေသျှုရှိ့မှာ ပျပ်ဝပ်ကာ သူမ လိုချင်သောအရာတစ်ခုကို တောင်းဆို၏။
20 Então, se aproximou dele a mãe dos filhos de Zebedeu, com seus filhos, adorando- o e fazendo-lhe um pedido.
21 ယေသျှုက၊ “သင်သည် ဇာကို လိုချင်ပါလဲ” ဟု သူမအား မိန်း၏။
21 E ele diz-lhe: Que queres? Ela respondeu: Dize que estes meus dois filhos se assentem um à tua direita e outro à tua esquerda, no teu Reino.
22 ယေသျှုကလည်း “သင်ရို့ ဇာကို တောင်းနိန်သည်ကို သင်ရို့ မသိကတ်။ ငါ သောက်ရမည့် ခွက်ကို သင်ရို့ သောက်နိုင်ကတ်ဖို့လား” ဟု သူမ၏ သားနှစ်ယောက်ကို မိန့်တော်၏။
22 Jesus, porém, respondendo, disse: Não sabeis o que pedis; podeis vós beber o cálice que eu hei de beber e ser batizados com o batismo com que eu sou batizado? Dizem-lhe eles: Podemos.
23 ယေသျှုက “သင်ရို့သည် ငါ၏ခွက်ကို အမှန်ပင် သောက်ရကြလိမ့်မည်။ သို့သော် ငါ၏လက်ယာဖက်၊ လက်ဝဲဖက်မှာ ထိုင်မည့်သူတိကို ငါသည် ရွီးချယ်ပိုင်ခွင့် မဟိ။ ငါ၏အဖက ရွီးချယ်ထားသောသူရို့သာ ဤနီရာကို ပိုင်ထိုက်တော်မူ၏” ဟု သူရို့အား မိန့်တော်မူ၏။
23 E diz-lhes ele: Na verdade bebereis o meu cálice, mas o assentar-se à minha direita ou à minha esquerda não me pertence dá-lo, mas é para aqueles para quem meu Pai o tem preparado.
24 ကျန်သော တပည့်တော်ဆယ်ယောက်က ဤအကြောင်းကို ကြားကြသောအခါ ထိုညီအစ်ကို နှစ်ယောက်ကို စိတ်ဆိုးကြ၏။
24 E, quando os dez ouviram isso, indignaram-se contra os dois irmãos.
25 ထို့ကြောင့် ယေသျှုက တပည့်တော်အားလုံးကို ခေါ်ပြီးလျှင်၊ “လောကီမင်းတိမှာ လူထုကို အုပ်ချုပ်ရန် အာဏာသုံးကြ၏၊ အစိုးရခေါင်းဆောင်တိမှာလည်း အခွင့်အာဏာကို ကျင့်သုံးကြသည်ကို သင်ရို့ သိကြ၏။
25 Então, Jesus, chamando-os para junto de si, disse: Bem sabeis que pelos príncipes dos gentios são estes dominados e que os grandes exercem autoridade sobre eles.
26 သို့သော်လည်း သင်ရို့တွင် ဤသို့ မဟုတ်၊ အကြီးအကဲ လုပ်ချင်သောသူသည် အားလုံး၏ အခိုင်းအစီဖြစ်ရမည်။
26 Não será assim entre vós; mas todo aquele que quiser, entre vós, fazer-se grande, que seja vosso serviçal;
27 သင်ရို့တွင် အမြင့်ဆုံးမှာ နီချင်သောသူသည် အားလုံး၏အစီခံကျွန် ဖြစ်ရမည်။
27 e qualquer que, entre vós, quiser ser o primeiro, que seja vosso servo,
28 လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်း မဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏” ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။
28 bem como o Filho do Homem não veio para ser servido, mas para servir e para dar a sua vida
29 ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ယေရိခေါမြို့က ထွက်လာကြသောအခါ လူအုပ်ကြီးလည်း နောက်မှ လိုက်လာကြ၏။
29 E, saindo eles de Jericó, seguiu-o grande multidão.
30 လမ်းဘေးမှာ ထိုင်နိန်သော မျက်မမြင်နှစ်ယောက်က ယေသျှု ဖြတ်လားသည်ကို ကြားသောအခါ “ဒါဝိဒ်၏သားတော် အကျွန်ရို့ကို သနားတော်မူပါ၊ အသျှင်” ဟု အော်ဟစ်၍ လျှောက်ကြ၏။
30 E eis que dois cegos, assentados junto do caminho, ouvindo que Jesus passava, clamaram, dizendo: Senhor, Filho de Davi, tem misericórdia de nós.
31 လူအုပ်ကြီးက သူရို့ကို ဆူပူကြိမ်းမောင်းလျက် တိတ်ဆိတ်စွာ နီကြရန်ပြောကြ၏။ သို့သော်လည်း သူရို့က “ဒါဝိဒ်၏သားတော် အကျွန်ရို့ကို သနားတော်မူပါ၊ အသျှင်” ဟု သာ၍ ကျယ်သောအသံနှင့် အော်ဟစ်ကြ၏။
31 E a multidão os repreendia, para que se calassem; eles, porém, cada vez clamavam mais, dizendo: Senhor, Filho de Davi, tem misericórdia de nós.
32 ထိုအခါ ယေသျှုက ရပ်တော်မူလျက် သူရို့ကို ခေါ်၍ “သင်ရို့အဖို့ ငါ ဇာလုပ်ပီးရဖို့လဲ” ဟု မိန်း၏။
32 E Jesus, parando, chamou-os e disse: Que quereis que vos faça?
33 သူရို့က “အသျှင်၊ အကျွန်ရို့ မျက်စိမြင်ချင်ပါရေ” ဟု တောင်းလျှောက်ကြ၏။
33 Disseram-lhe eles: Senhor, que os nossos olhos sejam abertos.
34 ယေသျှုသည် လွန်စွာ သနားစိတ်ဝင်၍ သူရို့၏မျက်စိကို တို့တော်မူလျှင် သူရို့သည် ချက်ချင်း မျက်စိမြင်လာကြပြီး ကိုယ်တော်နောက်သို့ လိုက်လားကြ၏။
34 Então, Jesus, movido de íntima compaixão, tocou-lhes nos olhos, e logo viram; e eles o seguiram.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.