Mateus 17
rki (RKI) vs NTLH
1 ခြောက်ရက်ကြာသောအခါ ယေသျှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်ရို့ကို မိမိနှင့် အတူ ခေါ်ယူပြီးလျှင် လူသူကင်းမဲ့သော တောင်ကုန်းမြင့်ထက်သို့ ကြွတော်မူ၏။
1 Seis dias depois, Jesus foi para um monte alto, levando consigo somente Pedro e os irmãos Tiago e João.
2 ထိုအရပ်၌ တပည့်တော်ရို့ ရှိ့တွင် ယေသျှုသည် အဆင်းသဏ္ဌာန်ပြောင်းလဲလာ၏၊ ကိုယ်တော်၏မျက်နှာတော်သည် နီကဲ့သို့ ထွန်းလင်းနိန်ပြီး၊ ဝတ်ရုံတော်သည် ငွီရောင်ကဲ့သို့ လင်းလက်တောက်ပနိန်၏။
2 Ali, eles viram a aparência de Jesus mudar: o seu rosto ficou brilhante como o sol, e as suas roupas ficaram brancas como a luz.
3 ထို့နောက် သူရို့ရှိ့၌ မောသျှေနှင့် ဧလိယသည် ပေါ်လာ၍ ယေသျှုနှင့် စကားပြောနိန်ကြ၏။
3 E os três discípulos viram Moisés e Elias conversando com Jesus.
4 ထိုအခါ ပေတရုက “အသျှင်ဘုရား၊ ဤအရပ်သည် အကျွန်ရို့အတွက် နီစရာကောင်းပါ၏။ သို့ဖြစ်၍ ကိုယ်တော်အလိုဟိလျှင် အကျွန်သည် ကိုယ်တော်အတွက် တဲတစ်ဆောင်၊ မောသျှေအတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်၊ တဲသုံးဆောင် ဆောက်ပါမည်” ဟု ယေသျှုအား ပြောလေ၏။
4 Então Pedro disse a Jesus: — Como é bom estarmos aqui, Senhor! Se o senhor quiser, eu armarei três barracas neste lugar: uma para o senhor, outra para Moisés e outra para Elias.
5 ပေတရု စကားပြောနိန်ချိန်မှာ တလက်လက်တောက်ပနိန်သော မိုးတိမ်တိုက်တစ်ခုသည် သူရို့ထက်၌ ပေါ်လာပြီး “ဤသူသည် ငါ နှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏၊ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံဖြင့် ထိုမိုးတိမ်မှ မိန့်တော်မူ၏။
5 Enquanto Pedro estava falando, uma nuvem brilhante os cobriu, e dela veio uma voz, que disse: — Este é o meu Filho querido, que me dá muita alegria. Escutem o que ele diz!
6 တပည့်တော်ရို့သည် ထိုအသံကို ကြားသောအခါ အလွန်ကြောက်ရွံ့တုန်လှုပ်လျက် မိမိရို့၏မျက်နှာကို မြီကြီးပြင်၌ ကပ်ထားကြ၏။
6 Quando os discípulos ouviram a voz, ficaram com tanto medo, que se ajoelharam e encostaram o rosto no chão.
7 ထိုအခါ ယေသျှုသည် ရောက်လာ၍ သူရို့ကို လက်နှင့် ပုတ်ပြီးလျှင် “ထ၊ ကြောက်မနိန်ကတ်ကေ့” ဟု ပြောလေ၏။
7 Jesus veio, tocou neles e disse:
8 တပည့်တော်ရို့က မော့ကြည့် လိုက်သည့်အခါ ယေသျှုမှတပါး တခြားမည်သူမျှ မဟိ။
8 Então eles olharam em volta e não viram ninguém, a não ser Jesus.
9 သူရို့သည် တောင်ထက်မှ ဆင်းလာကြသောအခါ ယေသျှုက “လူသားသည် သီခြင်းမှ ထမြောက်လာသောအချိန်ထိ သင်ရို့ မြင်တွိ့ခသည့်အရာကို ဇာသူ့ကိုလည်း ဖွင့်မပြောကတ်ကေ့ဦး” ဟု တပည့်တော်တိကို မိန့်မှာတော်မူ၏။
9 Quando estavam descendo do monte, ele lhes deu esta ordem:
10 ထိုအခါ တပည့်တော်တိက “ဧလိယအယင်ဆုံး ရောက်လာလိမ့်မည်ဟု ကျမ်းတတ်ဆရာတိက ဇာအကြောင်းကြောင့် ပြောနိန်ကတ်ပါလဲ” ဟု ယေသျှုအား မိန်းလျှောက်ကြ၏။
10 Então os discípulos perguntaram: — Por que os
11 ယေသျှုက “ဧလိယ အယင်ရောက်လာမည်မှာ အမှန်ပင်ဖြစ်၏။ သူသည် အရာအားလုံးကို အဆင်သင့်ပျင်ဆင်လိမ့်မည်။
11 Ele respondeu:
12 သို့သော်၊ သင်ရို့ကို ငါဆိုသည်ကား ဧလိယ ရောက်လာခပြီးပြီ၊ သို့သော်လည်း လူတိ မသိလိုက်ကြ။ ထို့ကြောင့် သူ့ကို လူတိက စိတ်တိုင်းကျ နှိက်စက်ကြ၏။ ထိုနည်းတူ သူရို့သည် လူသားကို နှိက်စက်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
12 porém eu afirmo a vocês que Elias já veio, e não o reconheceram, mas o maltrataram como quiseram. Assim também maltratarão o Filho do Homem.
13 ထိုအခါမှ ကိုယ်တော်သည် ဗတ္တိဇံယောဟန်အကြောင်း သူရို့အား ပြောပြနိန်သည်ကို တပည့်တော်တိက နားလည်ကြ၏။
13 Então os discípulos entenderam que Jesus estava falando a respeito de João Batista.
14 ယေသျှုနှင့် တပည့်တော်ရို့သည် လူထုပရိသတ်ပါးသို့ ပြန်ရောက်လာကြသောအခါ လူတစ်ယောက်သည် ကိုယ်တော်ထံပါးသို့ ရောက်လာပြီး ရှိ့မှာ ဒူးထောက်လျက်၊
14 Quando eles chegaram perto da multidão, um homem foi até perto de Jesus, ajoelhou-se diante dele
15 “အသျှင်ဘုရား၊ အကျွန့်သားကို သနားတော်မူပါ။ သူသည် ဝက်ရူးပြန်ရောဂါကို ပြင်းထန်စွာ ခံစားနိန်ရပြီးလျှင် မီးထဲ၌လည်းကောင်း၊ ရီထဲ၌လည်းကောင်း မကြာမကြာ လဲကျတတ်ပါ၏။
15 e disse: — Senhor, tenha pena do meu filho! Ele é epilético e tem ataques tão fortes, que muitas vezes cai no fogo ou na água.
16 အကျွန်သည် ကိုယ်တော်၏တပည့်တိပါးသို့ သူ့ကို ပို့ဆောင်ပြီးပါပြီ။ သို့သော် သူရို့သည် သူ့ကို ကျန်းမာစီခြင်းငှာ မတတ်နိုင်ကတ်ပါ” ဟု လျှောက်၏။
16 Eu o trouxe para os seus discípulos a fim de que eles o curassem, mas eles não conseguiram.
17 ထိုအခါ ယေသျှုက “သင်ရို့သည် ယုံကြည် ခြင်းမဟိ၊ ဖောက်ပြန်တတ်သောအမျိုးပါကား၊ ငါသည် သင်ရို့နှင့်အတူ ဇာလောက်ကြာကြာ နီရပါဖို့လဲ။ ငါသည် သင်ရို့ကို ဇာလောက်ကြာကြာ သည်းခံနိန်ရပါဖို့လဲ။ သူငယ်ကို ငါ့ပါးသို့ ယူလာခ” ဟု မိန့်တော်မူ၏။
17 Jesus respondeu:
18 ယေသျှုက နတ်ဆိုးကို အမိန့်တစ်ချက် ပီးလိုက်သည်နှင့် ထိုနတ်ဆိုးသည် သူငယ်ပါးမှ ထွက်လားသဖြင့်၊ သူငယ်သည် ချက်ချင်း ကျန်းမာလား၏။
18 Então deu uma ordem, o demônio saiu, e no mesmo instante o menino ficou curado.
19 ထို့နောက် တပည့်တော်ရို့သည် ယေသျှုပါးသို့ သီးသန့် လာတွိ့ကြပြီးလျှင် “အကျွန်ရို့သည် နတ်ဆိုးကို ဇာဖြစ်လို့ မမောင်းထုတ်နိုင်ကတ်ပါလဲ” ဟု မိန်းလျှောက်ကြ၏။
19 Depois os discípulos chegaram perto de Jesus, em particular, e perguntaram: — Por que foi que nós não pudemos expulsar aquele demônio?
20 ကိုယ်တော်က “သင်ရို့၌ ယုံကြည်ခြင်း အလွန် အားနည်းသောကြောင့်ဖြစ်၏။ ငါ အမှန်ဆိုသည်ကား သင်ရို့သည် မုန်ညှင်းစိလောက်မျှ ယုံကြည်ခြင်းဟိမည်ဆိုလျှင် ဤတောင်ကို ‘ဤနီရာက ထိုနီရာသို့ ရွှိ့လော့’ ဟု ဆိုလျှင် တောင်သည် ရွှိ့လားမည်ဖြစ်၏။ သင်ရို့မလုပ်နိုင်သောအရာသည်မဟိ” ဟု မိန့်တော်မူ၏။
20 Jesus respondeu:
21 — ausente —
21 [Mas esse tipo de demônio só pode ser expulso com oração e jejum.]
22 ဂါလိလဲဒေသ၌ အားလုံးသော တပည့်တော်တိနှင့် အတူကြွတော်မူစဉ်၊ ယေသျှုက “လူသားကို လူရို့လက်သို့ အပ်နှံကြလိမ့်မည်၊
22 Um dia os discípulos estavam se reunindo na Galileia, e Jesus disse a eles:
23 ထိုသူရို့က သူ့ကို သီယောင် သတ်ကတ်လိမ့်မည်။ သို့သော်လည်း သုံးရက်မြောက်သောနိ့မှာ သူသည် သီခြင်းက ထမြောက်လာလိမ့်မည်” ဟု သူရို့အား မိန့်မှာတော်မူ၏။
23 e eles vão matá-lo; mas três dias depois ele será ressuscitado. E os discípulos ficaram muito tristes.
24 ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ကပေရနောင်မြို့သို့ ရောက်လာကြသောအခါ ဗိမာန်တော် အခွန်ကောက်သူများသည် ပေတရုပါးသို့ ရောက်လာကြပြီးလျှင် “သင်ရို့ဆရာသည် ဗိမာန်တော်အခွန်ကို ပီးပါလား” ဟု မိန်းကြ၏။
24 Quando Jesus e os discípulos chegaram à cidade de Cafarnaum, os cobradores do imposto do Templo foram perguntar a Pedro: — O mestre de vocês não paga o imposto do Templo?
25 “ပီးပါရေ” ဟု ပေတရုက ပြန်ပြော၏။
25 — Paga, sim! — respondeu Pedro. Depois Pedro entrou em casa, mas, antes que falasse alguma coisa, Jesus disse:
26 “တပါးအမျိုးသားတိကသာ အခွန် ပီးကတ်ရပါရေ” ဟု ပေတရုက ဖြေ၏။
26 — São os estrangeiros! — respondeu Pedro.
27 သို့သော်လည်း ငါရို့သည် အခွန်ကောက်သောသူရို့ကို စော်ကားပြစ်မှားခြင်းငှာ အလိုမဟိ။ ထို့ကြောင့် အိုင်သို့ လား၍ ငါးမျှားခီ။ သင်သည် ပထမဆုံး မျှားလို့ရသည့်ငါးကို ဆွဲတင်၍ ထိုငါး၏ ပါးစပ်ကို ဖွင့်လိုက်လျှင် ငါနှင့် သင်ရို့၏ ဗိမာန်တော်အခွန်အတွက် လုံလောက်သော ဒင်္ဂါးတစ်ပြားကို တွိ့လိမ့်မည်။ ထိုဒင်္ဂါးကို ယူ၍ ငါ့ရို့အတွက် အခွန်ကို သူရို့အား ပီးလိုက်ကြ” ဟု မိန့်တော်မူ၏။
27 Mas nós não queremos ofender essa gente. Por isso vá até o lago, jogue o anzol e puxe o primeiro peixe que você fisgar. Na boca dele você encontrará uma moeda. Então vá e pague com ela o meu imposto e o seu.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.