Mateus 16

rki (RKI) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ယေသျှုထံပါးသို့ ရောက်လာကြသော ဖာရိယှဲနှင့် ဇဒ္ဒုကဲအချို့သည် ကိုယ်တော့်ကို စုံစမ်းလိုစိတ်ဟိကြ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ဖက်မှာဟိကြောင်း ထင်ရှားစီခြင်းငှာ နိမိတ်လက္ခဏာ တစ်ခုကို သူရို့အားလားပြရန် တောင်းဆိုကြ၏။
1 Os fariseus e saduceus vieram pôr Jesus à prova, exigindo que lhes mostrasse um sinal do céu.
2 သို့သော်၊ ယေသျှုက “နီဝင်ချိန်၌ ‘အာကာပြင်သည် အနီရောင်တောက်ပနိန်သောကြောင့် ရာသီဥတု သာယာမည်’ ဟု သင်ရို့သည် ပြောဆိုတတ်ကြ၏။
2 Ele respondeu: “Vocês conhecem o ditado: ‘Céu vermelho ao entardecer, bom tempo amanhã;
3 မိုးထစောစော၌ ‘အာကာပြင်သည် နီ၍ မည်းမှောင်နိန်သောကြောင့် မိုးရွာမည်’ ဟု သင်ရို့သည် ပြောဆိုတတ်ကြ၏။ သင်ရို့သည် အာကာပြင်ကို ကြည့်၍ ရာသီဥတုကို ခန့်မှန်းနိုင်သော်လည်း မျက်မှောက်ကာလ၌ ဖြစ်နိန်သော အမှတ်လက္ခဏာများ၏ အဓိပ္ပာယ်ကို မသိနိုင်ကတ်ပါတကား။
3 céu vermelho e sombrio logo cedo, mau tempo o dia todo’. Vocês sabem identificar as condições do tempo no céu, mas não sabem interpretar os sinais dos tempos!
4 အဂုကာလ၌ ဆိုးမိုက်၍ ဖောက်ပြန်နိန်ကြသောသူရို့၊ သင်ရို့သည် ငါ့အား နိမိတ်လက္ခဏာ တစ်ခုကို တောင်းဆိုနိန်ကတ်တေလား။ မဖြစ်နိုင်။ သင်ရို့ကိုပြမည့် နိမိတ်လက္ခဏာသည် ယောန၏နိမိတ်လက္ခဏာမျှသာဖြစ်သည်” ဟု ပြောဆိုပြီး၊
4 Pedem um sinal porque são uma geração perversa e adúltera, mas o único sinal que lhes darei será o sinal do profeta Jonas”. Então Jesus os deixou e se retirou.
5 တပည့်တော်ရို့သည် အိုင်တစ်ဘက်ကမ်းသို့ ရောက်ကြသောအခါ သူရို့သည် မည်သည့်စားစရာကိုမျှ မယူလာမိခပေ။
5 Mais tarde, depois de atravessar o mar, os discípulos descobriram que tinham se esquecido de levar pães.
6 ယေသျှုက တပည့်တော်ရို့အား “သင်ရို့သည် ဖာရိယှဲနှင့် ဇဒ္ဒုကဲရို့၏ တဆီးကို အထူး သတိထားကြလော့” ဟု မိန့်တော်မူ၏။
6 Jesus os advertiu: “Fiquem atentos! Tenham cuidado com o fermento dos fariseus e saduceus”.
7 တပည့်တော်ရို့ကလည်း “ငါရို့သည် စားစရာတစ်ခုမျှ မယူလာခသောကြောင့် ကိုယ်တော်သည် ဤသို့ ပြောခြင်းဖြစ်သည်” ဟု အချင်းချင်း ပြောဆိုကြ၏။
7 Os discípulos começaram a discutir entre si por que não tinham trazido pão.
8 ယေသျှုသည် သူရို့ပြောဆိုနိန်ကြသည်ကို သိတော်မူ၏၊ ထို့ကြောင့် ကိုယ်တော်က “သင်ရို့သည် စားစရာမဟိသည်ကို ဇာကြောင့် အချင်းချင်း ပြောဆိုနိန်ကတ်လဲ။ ကောင်းကောင်း ယုံကြည်ခြင်း အားနည်းတက်တေကား။
8 Ao tomar conhecimento do que falavam, Jesus disse: “Como é pequena a sua fé! Por que vocês discutem entre si sobre a falta de pão?
9 သင်ရို့သည် ဂုထိတောင် နားမလည်ကတ်သိမ့်လား။ ငါသည် မုန့်ငါးလုံးနှင့် လူ ၅,၀၀၀ ကို ကျွေးမွီးခစွာကို သင်ရို့ သတိမရကတ်ယာလား။ စားကြွင်းစားကျန်ကို သင်ရို့ ဇာနှစ်တောင်း ကောက်သိမ်းရခလဲ။
9 Ainda não entenderam? Não se lembram dos cinco pães para os cinco mil e dos cestos de sobras que recolheram?
10 ထို့အပြင် မုန့်ခုနစ်လုံးနှင့် လူ ၄,၀၀၀ ကို ကျွေးခသိမ့်ရေမလား၊ စားကြွင်းစားကျန် ဇာနှစ်တောင်း သင်ရို့ ကောက်သိမ်းရခလဲ။
10 Nem dos sete pães para os quatro mil e dos cestos grandes de sobras que recolheram?
11 အစားအစာနှင့် ပတ်သက်၍ သင်ရို့ကို ငါပြောနိန်ခြင်း မဟုတ်သည်ကို ဇာပိုင် နားမလည်ကတ်စွာလဲ။ ဖာရိယှဲနှင့် ဇဒ္ဒုကဲရို့၏ တဆီးကို သင်ရို့ကိုယ်တိုင် သတိထားကြလော့” ဟု မိန့်တော်မူ၏။
11 Como não conseguem entender que não estou falando de pão? Repito: tenham cuidado com o fermento dos fariseus e saduceus”.
12 ထို့နောက် တပည့်တော်ရို့သည် မုန့်၌ ထည့်သောတဆီးကို ယှောင်ကြဉ်ရန် ကိုယ်တော်က သူရို့ကို သတိပီးနိန်ခြင်း မဟုတ်၊ ဖာရိယှဲနှင့် ဇဒ္ဒုကဲရို့၏ သွန်သင်မှုကို ယှောင်ကြဉ်ရန် သတိပီးနိန်ခြင်းဖြစ်ကြောင်းကို နားလည်လာကြ၏။
12 Finalmente entenderam que ele não se referia ao fermento do pão, mas ao ensino dos fariseus e saduceus.
13 ယေသျှုသည် ဖိလိပ္ပုကဲသရိမြို့အနီး ကျေးလက်ဒေသသို့ ရောက်သောအခါ “လူတိက လူသားကို ဇာသူလို့ ပြောနိန်ကတ်လဲ” ဟု တပည့်တော်တိအား မိန်းတော်မူ၏။
13 Quando Jesus chegou à região de Cesareia de Filipe, perguntou a seus discípulos: “Quem as pessoas dizem que o Filho do Homem é?”.
14 တပည့်တော်ရို့ကလည်း “တချို့က ဗတ္တိဇံယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ တချို့က ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ တချို့က ပရောဖက်ယေရမိဖြစ်သည် ဟူ၍လည်းကောင်း၊ တချို့က တခြားပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍လည်းကောင်း ပြောနိန်ကြ၏” ဟု လျှောက်ကြ၏။
14 Eles responderam: “Alguns dizem que o senhor é João Batista; outros, que é Elias; e outros, ainda, que é Jeremias ou um dos profetas”.
15 ကိုယ်တော်က “သင်ရို့သည် ငါ့ကို ဇာသူဖြစ်သည် ဟု ပြောကြသနည်း” ဟု တပည့်တော်တိအား မိန်းလျှင်၊
15 “E vocês?”, perguntou ele. “Quem vocês dizem que eu sou?”
16 သျှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် မေသျှိယ ဖြစ်တော်မူ၏” ဟု ပြန်လျှောက်၏။
16 Simão Pedro respondeu: “O senhor é o Cristo, o Filho do Deus vivo!”.
17 ယေသျှုကလည်း “ယောန၏သား၊ သျှိမုန် သင်သည် မင်္ဂလာဟိ၏။ အကြောင်းမူကား ဤအမှန်တရားသည် လူအားဖြင့် မဟုတ်၊ ကောင်းကင်ဘုံ၌ဟိတော်မူသော ငါ၏အဖသည် သင့်အား တိုက်ရိုက် ဖော်ပြတော်မူခြင်းဖြစ်၏။”
17 Jesus disse: “Que grande privilégio você teve, Simão, filho de João! Foi meu Pai no céu quem lhe revelou isso. Nenhum ser humano saberia por si só.
18 ထို့အပြင် ငါဆိုသည်ကား “သင်သည် ပေတရု ဖြစ်၏။ ငါသည် ဤကျောက်ထက်၌ ငါ၏အသင်းတော်ကို တည်ထောင်မည်။ ဤအသင်းတော်သည် မရဏာနိုင်ငံ၏တန်းခါးကို ကျော်လွှားနိုင်လိမ့်မည်။
18 Agora eu lhe digo que você é Pedro, e sobre esta pedra edificarei minha igreja, e as forças da morte não a conquistarão.
19 ငါသည် သင့်အား ကောင်းကင် နိုင်ငံတော်၏ သော့များကို ပီးမည်။ သင်က မြီကြီးထက်၌ တားမြစ်သည့်အရာများကို ကောင်းကင်ဘုံတွင်လည်း တားမြစ်လိမ့်မည်။ သင်က မြီကြီးထက်၌ ခွင့်ပြုသမျှကို ကောင်းကင်ဘုံ၌လည်း ခွင့်ပြုလိမ့်မည်။”
19 Eu lhe darei as chaves do reino dos céus. O que você ligar na terra terá sido ligado no céu, e o que você desligar na terra terá sido desligado no céu”.
20 ဤသို့ တပည့်တော်တိအား ဆုံးမသွန်သင်ပြီးနောက် ယေသျှုက သူသည် မေသျှိယဖြစ်ကြောင်းကို ဇာသူ့ကိုမျှ မပြောစီခြင်းငှာ တပည့်တော်တိအား မိန့်မှာတော်မူ၏။
20 Então ele advertiu a seus discípulos que não dissessem a ninguém que ele era o Cristo.
21 ထိုအချိန်မှစ၍ ယေသျှုက “ငါသည် ယေရုဆလင်ကို လားရမည်။ ဘာသာရေးခေါင်းဆောင်တိ၊ ယဇ်ပုရောဟိတ်တိ၊ ကျမ်းတတ်ဆရာတိ လက်ထဲ၌ ဒုက္ခဝေဒနာကို ပြင်းစွာခံစားရမည်။ အသီသတ်ခြင်းကိုလည်း ခံရလိမ့်မည်။ သို့သော်လည်း ငါသည် သုံးရက်မြောက်သောနိ့၌ သီခြင်းမှ ထမြောက်လာလိမ့်မည်” ဟု တပည့်တော်တိအား ပွင့်လင်းထင်ရှားစွာ မိန့်ကြားတော်မူ၏။
21 Daquele momento em diante, Jesus começou a falar claramente a seus discípulos que era necessário que ele fosse a Jerusalém e sofresse muitas coisas terríveis nas mãos dos líderes do povo, dos principais sacerdotes e dos mestres da lei. Seria morto, mas no terceiro dia ressuscitaria.
22 ပေတရုက ကိုယ်တော့်ကို ဘေးနားသို့ ခေါ်ယူကာ “သခင်ဘုရား၊ ဘုရားသခင်သည် ထိုအမှုကို တားဆီးတော်မူ၏၊ ထိုအမှုသည် ကိုယ်တော်၌ လုံးဝ မဖြစ်စီရ” ဟု တားမြစ်ပြောဆို၏။
22 Pedro o chamou de lado e começou a repreendê-lo por dizer tais coisas. “Jamais, Senhor!”, disse ele. “Isso nunca lhe acontecerá!”
23 ယေသျှုကလည်း ပေတရုဘက်သို့ လှည့်ကြည့်ပြီးလျှင် “အချင်းစာတန်၊ ငါ့အနားက ထွက်လားလီ။ သင်သည် ငါ၏လမ်းခရီး၌ အတားအဆီး ဖြစ်၏။ သင်၏အတွေးကား ဘုရားသခင်ထံမှ လာသည် မဟုတ်၊ လူ၏အတွေးသာ ဖြစ်၏” ဟု မိန့်တော်မူ၏။
23 Jesus se voltou para Pedro e disse: “Afaste-se de mim, Satanás! Você é uma pedra de tropeço para mim. Considera as coisas apenas do ponto de vista humano, e não da perspectiva de Deus”.
24 ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား “ဇာသူမဆို ငါနှင့်အတူ လိုက်ချင်လျှင် မိမိကိုယ်ကို ငြင်းပယ်ရမည်၊ မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ လိုက်ကြရမည်။
24 Então Jesus disse a seus discípulos: “Se alguém quer ser meu seguidor, negue a si mesmo, tome sua cruz e siga-me.
25 ဇာသူမဆို မိမိအသက်ကို ကယ်တင်လိုသောသူသည် အသက်ဆုံးယှုံးရလိမ့်မည်။ ဇာသူမဆို ငါ့အတွက်ကြောင့် မိမိအသက်ကို ဆုံးယှုံးခံသောသူသည် အသက်ကိုရ လိမ့်မည်။
25 Se tentar se apegar à sua vida, a perderá. Mas, se abrir mão de sua vida por minha causa, a encontrará.
26 လူသည် လောကတစ်ခုလုံးကို အစိုးရသော်လည်း မိမိအသက်ဆုံးယှုံးလျှင် ဇာမှာ အကျိုး ဟိပါဖို့သိမ့်လဲ။ မိမိအသက်ကို ဇာအရာနှင့် လှဲနိုင်ပါဖို့လဲ။
26 Que vantagem há em ganhar o mundo inteiro, mas perder a vida? E o que daria o homem em troca de sua vida?
27 အကြောင်းမူကား၊ လူသားသည် မိမိအဖ၏ဘုန်းတန်ခိုးတော်ဖြင့် ကောင်းကင်တမန်များနှင့် အတူ ကြွလာလိမ့်မည်၊ ထိုအခါ လူတစ်ယောက်စီတိုင်းအား မိမိရို့ ပြုသည့်အတိုင်း ခံစားစီလိမ့်မည်။
27 Pois o Filho do Homem virá com seus anjos na glória de seu Pai e julgará cada pessoa de acordo com suas ações.
28 သင်ရို့ကို ငါ အမှန်ဆိုသည်ကား လူသားသည် သျှင်ဘုရင်အဖြစ်ဖြင့် ကြွလာတော်မူသည်ကို မြင်ကြရသည့်တိုင်အောင် ဤအရပ်၌ ဟိနိန်ကြသော လူတချို့သည် မသီကြရသိမ့်” ဟု မိန့်တော်မူ၏။
28 Eu lhes digo a verdade: alguns que estão aqui neste momento não morrerão antes de ver o Filho do Homem vindo em seu reino!”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.