Mateus 14
rki (RKI) vs ARA
1 ထိုအချိန်၌ ဂါလိလဲပြည်ကို အုပ်ချုပ်သည့် ဟေရုဒ်မင်းသည် ယေသျှုအကြောင်းကို ကြားလေ၏။
1 Por aquele tempo, ouviu o tetrarca Herodes a fama de Jesus
2 ထိုအခါ သူက “ဤသူသည် သီခြင်းက ထမြောက်လာသော ဗတ္တိဇံယောဟန် အမှန်ပင်ဖြစ်၏။ ထို့ကြောင့် နိမိတ်လက္ခဏာတိကို ပြရန် တန်ခိုးဟိ၏” ဟု မိမိအရာဟိတိကို ပြော၏။
2 e disse aos que o serviam: Este é João Batista; ele ressuscitou dos mortos, e, por isso, nele operam forças miraculosas.
3 ဟေရုဒ်မင်းသည် မိမိ၏ညီ ဖိလိပ္ပု၏မယား ဟေရောဒိနှင့် ပတ်သက်၍ ယောဟန်ကို သံကြိုးနှင့် ချိုင်၍ ဖမ်းဆီးကာ ထောင်ထဲ၌ ချထားခ၏။
3 Porque Herodes, havendo prendido e atado a João, o metera no cárcere, por causa de Herodias, mulher de Filipe, seu irmão;
4 အကြောင်းမူကား၊ ဗတ္တိဇံယောဟန်က “သင်သည် ဟေရောဒိကို လက်ထပ်ခြင်းသည်ကား တရားတော်နှင့် မကိုက်ညီ” ဟု မကြာမကြာ ပြောဆိုခြင်းကြောင့် ဖြစ်၏။
4 pois João lhe dizia: Não te é lícito possuí-la.
5 ဟေရုဒ်သည် ယောဟန်ကို သတ်လိုသော်လည်း ယုဒလူများက သူသည် ပရောဖက်တစ်ပါးဖြစ်သည် ဟု သိနိန်ကြသောကြောင့် ထိုသူရို့ကို ကြောက်နိန်ကြ၏။
5 E, querendo matá-lo, temia o povo, porque o tinham como profeta.
6 ဟေရုဒ်၏မွီးနိ့ပွဲတွင် ဟေရောဒိ၏သမီးသည် ပရိသတ်တိရှိ့တွင် ကပြဖျော်ဖြေ၏။ ဟေရုဒ်မင်းသည် အလွန်စိတ်ရွှင်လန်းသည်ဖြစ်၍
6 Ora, tendo chegado o dia natalício de Herodes, dançou a filha de Herodias diante de todos e agradou a Herodes.
7 “သင်တောင်းသမျှကို ငါ ပီးမည်ဟု သင့်ကို ငါ ကျိန်ပြော၏” ဟု သူမအား ကတိပီးလိုက်၏။
7 Pelo que prometeu, com juramento, dar-lhe o que pedisse.
8 ထိုမိန်းမငယ်ကလည်း သူမ၏မိခင် အကြံပီးထားသည့်အတိုင်း “ဗတ္တိဇံယောဟန်၏ဦးဂေါင်းကို ဤဗျ့ထက်၌ အဂုပင်လျှင် ပီးတော်မူပါ” ဟု တောင်းလေ၏။
8 Então, ela, instigada por sua mãe, disse: Dá-me, aqui, num prato, a cabeça de João Batista.
9 ထိုအခါ မင်းကြီးသည် အလွန် စိတ်ထိခိုက်သော်လည်း ဧည့်ပရိသတ်ရှိ့တွင် ကတိပီးထားပြီးဖြစ်သောကြောင့်၊ သူမ၏ဆန္ဒအတိုင်း လုပ်ပီးရန် အမိန့်ပီးလိုက်၏။
9 Entristeceu-se o rei, mas, por causa do juramento e dos que estavam com ele à mesa, determinou que lha dessem;
10 ယေဇူးနန့် ထောင်ထဲ၌ ချထားသော ယောဟန်၏ဦးဂေါင်းကို ဖြတ်ပြီးလျှင်
10 e deu ordens e decapitou a João no cárcere.
11 ဗျ့၌ ထည့်၍ သူမအား ပီးလိုက်၏။ သူမသည် ယောဟန်၏ဦးဂေါင်းကို မိခင်၏လက်သို့ အပ်လေ၏။
11 Foi trazida a cabeça num prato e dada à jovem, que a levou a sua mãe.
12 ယောဟန်၏တပည့်များသည်လည်း ယောဟန်၏ အလောင်းကို သယ်ယူ၍ သင်္ဂြိုလ်ကြ၏။ ထို့နောက် သူရို့သည် လား၍ ယေသျှုအား ပြောကြလေ၏။
12 Então, vieram os seus discípulos, levaram o corpo e o sepultaram; depois, foram e o anunciaram a Jesus.
13 ယေသျှုသည် ယောဟန်၏သတင်းကို ကြားသောခါ၊ ထိုအရပ်မှ လောင်းတစ်စီးဖြင့် လူသူကင်းမဲ့ရာအရပ်သို့ တစ်ယောက်တည်း ကြွတော်မူ၏။ ဤသတင်းကို လူတိကြားသောအခါ မိမိရို့မြို့ရွာအသီးသီးမှ ထွက်၍ ကုန်းကြောင်းခရီးဖြင့် ကိုယ်တော်၏နောက်သို့ လိုက်ကြ၏။
13 Jesus, ouvindo isto, retirou-se dali num barco, para um lugar deserto, à parte; sabendo-o as multidões, vieram das cidades seguindo-o por terra.
14 ယေသျှုသည် လောင်းထက်မှ ဆင်းပြီးနောက် လူအုပ်ကြီးကို မြင်သောအခါ စိတ်နှလုံးထဲ၌ အလွန် သနားတော်မူသည်ဖြစ်၍ မကျန်းမာသောသူများကို ကျန်းမာစီတော်မူ၏။
14 Desembarcando, viu Jesus uma grande multidão, compadeceu-se dela e curou os seus enfermos.
15 ထိုနိ့ညစာဖက်၌ တပည့်တော်တိသည် ကိုယ်တော်အပါးသို့ ရောက်လာကြပြီးလျှင် “မိုးချုပ်ပြီဖြစ်၍ လူသူကင်းမဲ့သည့် အရပ်ဖြစ်၏။ ဤသူရို့အဖို့ စားစရာဝယ်ခြင်းငှာ လူအချို့ကို ကျေးရွာများသို့ စီရွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
15 Ao cair da tarde, vieram os discípulos a Jesus e lhe disseram: O lugar é deserto, e vai adiantada a hora; despede, pois, as multidões para que, indo pelas aldeias, comprem para si o que comer.
16 ယေသျှုကလည်း “သူရို့လားစရာမလို၊ သင်ရို့ကိုယ်တိုင် သူရို့ကို စားစရာ တစ်စုံတစ်ခု ပီးကတ်ရဖို့” ဟု မိန့်တော်မူ၏။
16 Jesus, porém, lhes disse: Não precisam retirar-se; dai-lhes, vós mesmos, de comer.
17 ထိုအခါ တပည့်တော်တိက “အကျွန်ရို့အားလုံးမှာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရာ ဟိပါ၏” ဟု ပြန်လျှောက်ကြ၏။
17 Mas eles responderam: Não temos aqui senão cinco pães e dois peixes.
18 ကိုယ်တော်ကလည်း “ထိုသို့ဆိုသော်၊ သင်ရို့မှာ ဟိသောအရာများကို ငါ့ပါးသို့ ယူလာကတ်” ဟု မိန့်တော်မူ၏။
18 Então, ele disse: Trazei-mos.
19 ကိုယ်တော်သည် လူပရိသတ်တိကို မြက်ခင်းပြင်ထက်မှာ ထိုင်ခိုင်းလိုက်၏။ ထို့နောက် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူ၍ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ တပည့်တော်တိကို ပီး၏၊ တပည့်တော်တိသည် ထိုမုန့်ကို လူတိအား ဝီငှပီးကြ၏။
19 E, tendo mandado que a multidão se assentasse sobre a relva, tomando os cinco pães e os dois peixes, erguendo os olhos ao céu, os abençoou. Depois, tendo partido os pães, deu-os aos discípulos, e estes, às multidões.
20 လူအားလုံး ဝစွာစားကြပြီးမှ၊ စားကြွင်းစားကျန်တိကို လိုက်၍ ကောက်သိမ်းသောအခါ တောင်းနှင့် တစ်ဆယ့်နှစ်တောင်း အပြည့် ရ၏။
20 Todos comeram e se fartaram; e dos pedaços que sobejaram recolheram ainda doze cestos cheios.
21 စားသုံးကြသောလူဦးရေမှာ မိန်းမနှင့် အသျှေတိမပါဘဲ၊ ယောက်ျားတိချည်း သီးသန့် ၅,၀၀၀ ခန့် ဟိလေ၏။
21 E os que comeram foram cerca de cinco mil homens, além de mulheres e crianças.
22 ယေသျှုသည် လူတိကို ပြန်ရွတ်တော်မူစဉ်၊ တပည့်တော်ရို့ကိုလည်း လောင်းထဲသို့ ဝင်ခိုင်းကာ အိုင်တစ်ဘက်ကမ်းသို့ သူ၏ရှိ့က ကူးခိုင်းလိုက်၏။
22 Logo a seguir, compeliu Jesus os discípulos a embarcar e passar adiante dele para o outro lado, enquanto ele despedia as multidões.
23 လူတိကို ပြန်ရွှတ်လိုက်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ကုန်းထက်သို့ တက်လား၏။ ညအချိန်ရောက်သောအခါ ကိုယ်တော်သည် ထိုအရပ်၌ တစ်ယောက်တည်း ဟိလေ၏။
23 E, despedidas as multidões, subiu ao monte, a fim de orar sozinho. Em caindo a tarde, lá estava ele, só.
24 ထိုအချိန်၌ လောင်းသည် ကမ်းနှင့် ဝီးကွာလာသောခါ၊ လီဆန်ဖြစ်သောကြောင့် လှိုင်းထသဖြင့် လောင်းသည် လူးလွန့်လျက် ဟိ၏။
24 Entretanto, o barco já estava longe, a muitos estádios da terra, açoitado pelas ondas; porque o vento era contrário.
25 မိုးသောက်ဘက် သုံးချက်တီးချိန်နှင့် ခြောက်ချက်တီးအချိန်ကြားတွင် ယေသျှုသည် ရီထက်၌ လမ်းလျှောက်၍ တပည့်တော်တိပါးသို့ လာ၏။
25 Na quarta vigília da noite, foi Jesus ter com eles, andando por sobre o mar.
26 ထိုသို့ ကိုယ်တော်သည် ရီထက်က လမ်းလျှောက်လာသည်ကို တပည့်တော်ရို့သည် မြင်ကြသောအခါ ထိန့်လန့်တုန်လှုပ်လျက်၊ “ဆစ်စီ” ဟု ကြောက်ရွံ့စွာ အော်ဟစ်ကြ၏။
26 E os discípulos, ao verem-no andando sobre as águas, ficaram aterrados e exclamaram: É um fantasma! E, tomados de medo, gritaram.
27 ယေသျှုလည်း ချက်ချင်းပင် “မကြောက်ကတ်ကေ့။ တည်ကြည်ကြလော့။ ငါရာဖြစ်၏” ဟု ပြန်ပြောလေ၏။
27 Mas Jesus imediatamente lhes disse: Tende bom ânimo! Sou eu. Não temais!
28 ထိုအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်သာမှန်လျှင် အကျွန်လည်း ရီထက်က လမ်းလျှောက်၍ ကိုယ်တော်ပါးသို့ လာစီခြင်းငှာ မိန့်တော်မူပါ” ဟု လှမ်း၍ ပြော၏။
28 Respondendo-lhe Pedro, disse: Se és tu, Senhor, manda-me ir ter contigo, por sobre as águas.
29 ယေသျှုကလည်း “လာလော့” ဟု အမိန့် ပီးလိုက်သည်နှင့် ပေတရုသည် လောင်းထဲက ဆင်းကာ ရီထက်မှာ လမ်းလျှောက်၍ ယေသျှုပါးသို့ လား၏။
29 E ele disse: Vem! E Pedro, descendo do barco, andou por sobre as águas e foi ter com Jesus.
30 သို့သော် သူသည် လီကြမ်းတိုက်သည်ကို သတိထားမိသဖြင့် ကြောက်စိတ်ဝင်လာ၍ ရီထဲသို့ မြုပ်လုသည်ဟိသော် “အသျှင်၊ အကျွန့်ကို ကယ်တော်မူပါ” ဟု အော်ဟစ်လေ၏။
30 Reparando, porém, na força do vento, teve medo; e, começando a submergir, gritou: Salva-me, Senhor!
31 ယေသျှုသည် ချက်ချင်း လက်ကို ဆန့်၍ ပေတရုကို ဆွဲကိုင်ပြီးလျှင် “ယုံကြည်ခြင်းအားနည်းသောသူ ဇာကြောင့် မယုံသင်္ကာဖြစ်နိန်လဲ” ဟု မိန့်တော်မူ၏။
31 E, prontamente, Jesus, estendendo a mão, tomou-o e lhe disse: Homem de pequena fé, por que duvidaste?
32 သူရို့နှစ်ယောက်သည် လောင်းထက်သို့ ရောက်သောအခါ လီသည်လည်း ငြိမ်လေ၏။
32 Subindo ambos para o barco, cessou o vento.
33 ထိုအခါ လောင်းထဲ၌ ဟိသောတပည့်တော်တိက ယေသျှုကို ကိုးကွယ်လျက် “ကိုယ်တော်သည် ဘုရားသား အမှန်ပင် ဖြစ်၏” ဟု လျှောက်ကြလေ၏။
33 E os que estavam no barco o adoraram, dizendo: Verdadeiramente és Filho de Deus!
34 ယေသျှုနှင့် တပည့်တော်ရို့သည် အိုင်ကို ဖြတ်၍ ဂင်္နေသရက်အရပ်သို့ ရောက်လာကြ၍
34 Então, estando já no outro lado, chegaram a terra, em Genesaré.
35 ထိုအရပ်၌ နီထိုင်ကြသော လူများက ကိုယ်တော့်ကို သိကြ၏။ ထို့ကြောင့် သူရို့သည် ပတ်ဝန်းကျင်အနီးအနားမှ မကျန်းမာသောသူများကို ယေသျှုထံသို့ ခေါ်ဆောင်လာကြ၏။
35 Reconhecendo-o os homens daquela terra, mandaram avisar a toda a circunvizinhança e trouxeram-lhe todos os enfermos;
36 ထိုမကျန်းမာသောသူများက ကိုယ်တော်၏ဝတ်ရုံအနားပန်းဖွားကို တို့ခွင့်ရစီခြင်းငှာ တောင်းဆိုကြ၏။ ဝတ်ရုံအစွန်အဖျားချေကို တို့ရုံမျှဖြင့် လူမမာတိအားလုံး ကျန်းမာကြလေ၏။
36 e lhe rogavam que ao menos pudessem tocar na orla da sua veste. E todos os que tocaram ficaram sãos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.