Mateus 12

rki (RKI) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထိုနောက် ယေသျှုသည် ဥပုသ်နိ့တစ်နိ့၌ သီးနှံခင်းများကို ဖြတ်၍ ကြွတော်မူစဉ်၊ သူ၏တပည့်တော်တိသည် ဝမ်းဆာသောကြောင့် သီးနှံများကို စားရန် ခူးဆွတ် ကြ၏။
1 Por aquele tempo, num sábado, Jesus passou pelas searas. Estando os seus discípulos com fome, começaram a colher espigas e a comer.
2 ထိုအခြင်းအရာကို ဖာရိယှဲရို့သည် မြင်ကြသောအခါ သူရို့က “ကြည့်လိုက်ပါ၊ ဥပုသ်နိ့၌ ကိုယ်တော်၏တပည့်တော်တိ ဤသို့ ပြုခြင်းသည် ငါရို့၏ပညတ်တရားကို ဆန့်ကျင်နိန်ကြခြင်း ဖြစ်၏” ဟု ယေသျှုကို ပြောကြ၏။
2 Os fariseus, vendo isso, disseram a Jesus: — Olhe! Os seus discípulos estão fazendo o que não é lícito fazer num sábado.
3 ယေသျှုက “ဒါဝိဒ်သည် သူနှင့် သူ့အဖော်တိ ဝမ်းဆာလာကြသောအခါ ဇာပိုင် လုပ်ခသည်ကို သင်ရို့ တစ်ခါမျှ မဖတ်ဖူးကြလော။
3 Mas Jesus lhes disse:
4 သူသည် ဘုရားသခင်၏အိမ်တော်ထဲသို့ ဝင်၍ ယဇ်ပုရောဟိတ်တိသာ စားခွင့်ဟိသော ဘုရားသခင်အား ပူဇော်ထားသည့်မုန့်ကို ယူ၍ သူနှင့် သူ့လူတိသည် ပညတ်တရားကို ချိုးဖောက်လျက် စားခကြ၏။
4 Como entrou na Casa de Deus, e comeram os pães da proposição, os quais não era lícito comer, nem a ele nem aos que estavam com ele, mas exclusivamente aos sacerdotes?
5 ဤတင်မကသိမ့်၊ ဗိမာန်တော်၌ဟိသော ယဇ်ပုရောဟိတ်များသည် ဥပုသ်နိ့တိုင်းတွင် ၎င်းဥပုသ်နိ့နှင့် ပတ်သက်သောပညတ်တရားများကို ချိုးဖောက်ကြသော်လည်း သူရို့သည် အပြစ်မကျ၊ ဟု မောသျှေ၏ပညတ်ကျမ်း၌ ရီးထားသည်ကို သင်ရို့သည် မဖတ်ဖူးကတ်လား။
5 Ou vocês não leram na Lei que, aos sábados, os sacerdotes no templo profanam o sábado e ficam sem culpa?
6 ငါဆိုသည်ကား၊ ဗိမာန်တော်ထက် ကြီးမြတ်သောအရာသည် ဤအရပ်၌ ဟိ၏။
6 Pois eu lhes digo que aqui está quem é maior do que o templo.
7 ‘တိရစ္ဆာန်နှင့် ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားကရုဏာထားခြင်းအကျင့်ကို ငါ အလိုဟိ၏’ ဟု ကျမ်းစာက ပြောထား၏။ ဤကျမ်းစာ ဆိုလိုချက်ကို သင်ရို့သည် အမှန်အကန် နားလည်ကြမည်ဆိုလျှင် အပြစ်မဟိသောသူကို အပြစ်တင်ကြလိမ့်မည် မဟုတ်ပေ။
7 Mas, se vocês soubessem o que significa: “Quero misericórdia, e não sacrifício”, não teriam condenado inocentes.
8 လူသားသည် ဥပုသ်နိ့၏ အသျှင်သခင် ဖြစ်၏။”
8 Porque o Filho do Homem é senhor do sábado.
9 ယေသျှုသည် ထိုနီရာမှထွက်၍ တရားဇရပ်တစ်ခုသို့ ဝင်ရောက်လေ၏၊
9 Tendo Jesus saído dali, entrou na sinagoga deles.
10 ထိုနီရာ၌ လက်တစ်ဖက်သီနိန်သော လူတစ်ယောက်ဟိ၏။ ယေသျှုကို အမှားရှာ၍ အပြစ်တင်စွပ်စွဲလိုသော လူအချို့သည်လည်း ထိုနီရာ၌ ဟိနိန်ကြ၏၊ ထို့ကြောင့် ထိုသူရို့က “ဥပုသ်နိ့မှာ အနာရောဂါပျောက်စီခြင်းသည် ငါရို့၏ ပညတ်တရားကို ဆန့်ကျင်သည် မဟုတ်ပါလား” ဟု မိန်းကြ၏။
10 Achava-se ali um homem que tinha uma das mãos ressequida. Então, a fim de o acusar, perguntaram a Jesus: — É lícito curar no sábado?
11 ယေသျှုက “အကယ်၍ သင်ရို့ထဲက တစ်ယောက်ယောက်မှာ သိုးတစ်ကောင်ဟိ၏၊ ထိုသိုးသည် ဥပုသ်နိ့၌ တွင်းနက်ကြီးတစ်ခုထဲသို့ ကျနိန်လျှင် သင်ရို့သည် ထိုသိုးကို တွင်းထဲက ဆယ်တင်ကြမည်လော၊ မဆယ်တင်ဘဲ နီကြမည်လော။
11 Ao que lhes respondeu:
12 လူတစ်ယောက်သည် သိုးတစ်ကောင်ထက် သာ၍ တန်ဖိုးကြီး၏၊ သို့ဖြစ်၍ ဥပုသ်နိ့၌ တစ်စုံတစ်ယောက်ကို ကူညီခြင်းငှာ ငါရို့၏ပညတ်တရားက ငါရို့ကို ခွင့်ပြုထား၏” ဟု မိန့်တော်မူ၏။
12 Ora, quanto mais vale um homem do que uma ovelha! Logo, é lícito nos sábados fazer o bem.
13 ထို့နောက် ယေသျှုက လက်တစ်ဖက်သီနိန်သောသူအား “သင်၏လက်ကို ဆန့်လိုက်” ဟု မိန့်တော်မူသည့်အတိုင်း၊
13 Então Jesus disse ao homem: O homem estendeu a mão, e ela foi restaurada e ficou sã como a outra.
14 ထိုအခါ ဖာရိယှဲရို့သည် တရားဇရပ်မှ ထွက်လား ကြပြီးလျှင် ယေသျှုကို သတ်ရန် ကြံစည်ကြလေ၏။
14 Mas os fariseus, saindo dali, conspiravam contra ele, procurando ver como o matariam.
15 ယေသျှုသည် သူ့အား လျှို့ဝှက်ကြံစည် နိန်ကြသည့်အကြောင်းကို ကြားသောခါ၊ ထိုအရပ်မှ ကြွတော်မူ၏။ လူအုပ်ကြီးကလည်း ကိုယ်တော်နောက်သို့ လိုက်လာကြ၏။ ကိုယ်တော်သည် မကျန်းမာသူအားလုံးကို ကျန်းမာစီတော်မူပြီးလျှင်၊
15 Mas Jesus, sabendo disto, afastou-se dali. Muitos o seguiram, e a todos ele curou,
16 သူ၏အကြောင်းကို တခြားလူတိအား မပြောကြရန် မိန့်မှာတော်မူ၏။
16 advertindo-lhes, porém, que não o expusessem à publicidade.
17 ဤသို့ ပြုတော်မူခြင်းမှာ ပရောဖက် ဟေသျှာယအားဖြင့် ပြောထားခသည့်ကျမ်းစကားတိ မှန်လာခြင်း ဖြစ်၏။ ကျမ်းစာလာသည်ကား၊
17 Isso aconteceu para se cumprir o que foi dito por meio do profeta Isaías:
18 “ဤသူကား ငါ ရွီးချယ်ထားသော ငါ၏ကျွန် ဖြစ်၏။
18 “Eis aqui o meu servo, que escolhi, o meu amado, em quem a minha alma se agrada. Farei repousar sobre ele o meu Espírito, e ele anunciará juízo aos gentios.
19 သူသည် အော်ဟစ်ခြင်း၊ ငြင်းခုံခြင်းကို မပြုသည်ဖြစ်၍
19 Não entrará em discussões, nem gritará, nem fará ouvir nas praças a sua voz.
20 ကောက်နိန်သော ကျူပင်ချေတစ်ပင်ကို မချိုး၊
20 Não esmagará a cana quebrada, nem apagará o pavio que fumega, até que faça vencedor o juízo.
21 လူမျိုးအားလုံးက သူ့ကို မျှော်လင့်နိန်ကတ်လိမ့်မည်” ဟူ၍ ဖြစ်သတည်း။
21 E no seu nome os gentios colocarão a sua esperança.”
22 ထို့နောက် လူအချို့သည် နတ်ဆိုးဝင်ပူးသောကြောင့် မျက်စိကန်း၍ စကားအ နိန်သော သူတစ်ယောက်ကို ယေသျှုပါးသို့ ယူလာကြ၏။ ယေသျှုသည် ထိုသူအား ကျန်းမာစီတော်မူသဖြင့် ထိုသူသည် မျက်စိမြင်၍ စကားပြောနိုင်လေ၏။
22 Então trouxeram a Jesus um endemoniado, cego e mudo. Jesus o curou, e o homem passou a falar e a ver.
23 ယေသျှုပြုတော်မူသောအမှုကို လူအပေါင်းရို့သည် အံ့သြကြလေ၏။ “ဤသူသည် ဒါဝိဒ်၏သား ဖြစ်သလော” ဟူ၍ သူရို့က မိန်းမြန်းကြ၏။
23 E toda a multidão se admirava e dizia: — Não seria este, por acaso, o Filho de Davi?
24 ဤအကြောင်းကို ဖာရိယှဲတိကြားသောခါ၊ “သူသည် နတ်ဆိုးတိကို မောင်းထုတ်နိုင် သည်မှာ နတ်ဆိုးခေါင်းဆောင် ဗေလဇေဗုလက တန်ခိုးပီးထားသောကြောင့်ဖြစ်၏” ဟု ပြန်ပြောကြ၏။
24 Mas os fariseus, ouvindo isto, diziam: — Este não expulsa demônios senão pelo poder de Belzebu, o maioral dos demônios.
25 ယေသျှုသည် ထိုသူရို့၏စိတ်ကို သိသောကြောင့် “တိုင်းနိုင်ငံတစ်ခု၌ အုပ်စုကွဲပြီး အချင်းချင်း တိုက်ခိုက်နိန်ကြလျှင် ထိုနိုင်ငံသည် မရပ်တည်နိုင်။ မိသားစုတစ်စု၊ မြို့ရွာတစ်ခုသည်လည်း အချင်းချင်း ကွဲပြားနိန်ကြလျှင် ထိုမိသားစု၊ ထိုမြို့ရွာတိသည်လည်း မရပ်တည်နိုင်။
25 Mas Jesus, sabendo o que eles pensavam, disse-lhes:
26 စာတန်က စာတန်ကို မောင်းထုတ်နိန်လျှင် သူသည် မိမိကိုယ်တိုင် ကွဲပြားအောင်လုပ်နိန်ခြင်းဖြစ်၏။ ထိုသို့ ဆိုသော် သူ၏နိုင်ငံသည် ဇာပိုင် ရပ်တည်နိုင်မည်နည်း။
26 Se Satanás expulsa Satanás, está dividido contra si mesmo; como, então, o seu reino subsistirá?
27 ငါသည် ဗေလဇေဗုလ၏တန်ခိုးကို အမှီပြု၍ နတ်ဆိုးတိကို မောင်းထုတ်နိန်သည်ဟု သင်ရို့က ဆိုလျှင် သင်ရို့၏တပည့်တိသည် ဇာသူ့တန်ခိုးဖြင့် နတ်ဆိုးတိကို မောင်းထုတ်နိန်ကတ်စွာလဲ။ သင်ရို့တပည့်တိက သင်ရို့၏အမှားကို သက်သီပြနိန်ကြ၏။
27 E, se eu expulso os demônios por Belzebu, por quem os filhos de vocês os expulsam? Por isso, eles mesmos serão os juízes de vocês.
28 ငါသည် ဗေလဇေဗုလနတ်ဆိုး၏တန်န်ခိုးနှင့် လုပ်နိန်သည် မဟုတ်၊ ဘုရားသခင်ဝိညာဉ်တော်တန်ခိုးဖြင့် နတ်ဆိုးတိကို နှင်ထုတ်နိန်ခြင်းဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်နိုင်ငံတော်သည် သင်ရို့ပါးသို့ ရောက်နိန်ယာ။
28 Se, porém, eu expulso os demônios pelo Espírito de Deus, certamente é chegado o Reino de Deus sobre vocês.
29 “ခွန်အားကြီးသော လူတစ်ယောက်၏ အိမ်သို့ ဝင်၍ ထိုသူ၏ပစ္စည်းများကို လုယူမည်ဆိုလျှင် ထိုသူကို ဦးစွာ ချိုင်ထားပြီးမှ သူ၏အိမ်၌ ဟိသောပစ္စည်းများကို ရယူနိုင်လိမ့်မည်။
29 Ou como pode alguém entrar na casa do valente e roubar-lhe os bens sem primeiro amarrá-lo? E só então saqueará a casa dele.
30 “ငါ့ဖက်၌ မဟိသောသူသည် ငါ့ကို ဆန့်ကျင်ဘက် ပြုနိန်သောသူ ဖြစ်၏။ ငါနှင့်အတူ တစ်စုတည်း မဟိသောသူသည် ပြန့်ကြဲနိန်သောသူ ဖြစ်၏။
30 — Quem não é por mim é contra mim; e quem comigo não ajunta espalha.
31 သို့ဖြစ်၍ ငါဆိုသည်ကား လူတိသည် နှုတ်ဖြင့် ပြစ်မှားမိသော အပြစ်နှင့် အပြစ်အမျိုးမျိုးမှ ခွင့်ရွှတ်ခြင်းရနိုင်ကြ၏၊ သို့ရာတွင် သန့်ယှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားမိသောသူသည် အပြစ်မှ ခွင့်ရွှတ်ခြင်း မရနိုင်။
31 Por isso, digo a vocês que todo pecado e blasfêmia serão perdoados aos homens; mas a blasfêmia contra o Espírito não será perdoada.
32 ဇာသူမဆို လူသားကို ဆန့်ကျင်ပြောဆိုမိသောသူသည် အပြစ်မှ ခွင့်ရွှတ်ခြင်း ရနိုင်၏။ သို့ရာတွင် သန့်ယှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူတိုင်းသည် အဂုဘဝ၊ နောင်ဘဝ အပြစ်မှ ခွင့်ရွှတ်ခြင်း မရနိုင်။
32 Se alguém disser alguma palavra contra o Filho do Homem, isso lhe será perdoado; mas, se alguém falar contra o Espírito Santo, isso não lhe será perdoado, nem neste mundo nem no porvir.
33 “အပင်ကောင်းလျှင် ထိုအပင်၏အသီးသည် ကောင်းလိမ့်မည်၊ အပင်မကောင်လျှင် ထိုအပင်၏အသီးသည် ကောင်းလိမ့်မည် မဟုတ်။ အသီးအားဖြင့် အပင်၏သဘောကို သိရ၏။
33 — Tornem a árvore boa e o seu fruto será bom, ou tornem a árvore má e o seu fruto será mau; porque pelo fruto se conhece a árvore.
34 မြွီဆိုးအမျိုးရို့၊ သင်ရို့ကဲ့သို့ လူဆိုးလူယုတ်တိ၏နှုတ်ထဲက ကောင်းသောစကားတိ ဇာပိုင် ထွက်လာနိုင်ဖို့လဲ။ စိတ်နှလုံးထဲ၌ ပြည့်လျှံလာသောကြောင့် နှုတ်မှ ထွက်လာခြင်းဖြစ်၏။
34 Raça de víboras! Como vocês podem falar coisas boas, sendo maus? Porque a boca fala do que está cheio o coração.
35 ကောင်းသောသူသည် ကောင်းသောဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတိကိုသာ ထုတ်ဖော်တတ်၏၊ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတိကိုသာ ထုတ်ဖော်တတ်၏။
35 A pessoa boa tira do tesouro bom coisas boas; mas a pessoa má do mau tesouro tira coisas más.
36 “သို့ရာတွင် သင်ရို့ကို ငါဆိုသည်ကား တရားစီရင်သည့်နိ့ရက်၌ လူတိုင်းသည် မိမိပြောသမျှသော အကျိုးမဟိသည့်စကားအတွက် ပီးဆပ်ကြရလိမ့်မည်။
36 — Digo a vocês que, no Dia do Juízo, as pessoas darão conta de toda palavra inútil que proferirem;
37 အကြောင်းမူကား သင်ရို့၏စကားအားဖြင့် သင်ရို့သည် အပြစ်လွတ်ကြလိမ့်မည်၊ ပြီးနောက် သင်ရို့၏စကားဖြင့် သင်ရို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်။”
37 porque, pelas suas palavras, você será justificado e, pelas suas palavras, você será condenado.
38 ထို့နောက် ကျမ်းတတ်ဆရာတချို့နှင့် ဖာရိယှဲတချို့က “ဆရာ၊ အကျွန်ရို့သည် ကိုယ်တော်ပြသော နိမိတ်လက္ခဏာတစ်ခုကို မြင်ချင်ပါ၏” ဟု ကိုယ်တော့်ကို တောင်းလျှောက်ကြ၏။
38 Então alguns escribas e fariseus disseram a Jesus: — Mestre, queremos ver algum sinal feito pelo senhor.
39 ယေသျှုက “ဆိုးယုတ်ပြီး ဘုရားတရားမဲ့နိန်ကြသော ဤခေတ်လူရို့၊ သင်ရို့သည် ငါ့အား နိမိတ်လက္ခဏာကို တောင်းဆိုနိန်ကတ်တေလား။ မဖြစ်နိုင်။ သင်ရို့ကို ပြမည့်နိမိတ်လက္ခဏာမှာ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမျှသာ ဖြစ်၏။
39 Mas ele respondeu:
40 ယောနသည် ငါးကြီးဝမ်းခေါင်းထဲ၌ သုံးရက်နှင့် သုံးည ကြာနိန်ခသည့်နည်းတူ လူသားသည် မြီကြီးထဲမှာ သုံးရက်နှင့် သုံးည နီရလိမ့်မည်။
40 Porque assim como Jonas esteve três dias e três noites no ventre do grande peixe, assim o Filho do Homem estará três dias e três noites no coração da terra.
41 တရားစီရင်သည့်နိ့ရက်၌ နိနေဝေမြို့သူမြို့သားတိသည် သင်ရို့တစ်ဘက်မှာရပ်လျက် သင်ရို့ကို အပြစ်တင်ကဲ့ရဲ့ကြလိမ့်မည်။ အကြောင်းမူကား သူရို့သည် ယောန ဟောသောတရားကို ကြားသောအခါ အပြစ်မှ နောင်တရကြသောကြောင့်ဖြစ်၏။ ငါအမှန်ဆိုသည်ကား၊ ယောန ထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ဟိ၏။
41 Ninivitas se levantarão, no Juízo, com esta geração e a condenarão, porque se arrependeram com a pregação de Jonas. E aqui está quem é maior do que Jonas.
42 တရားစီရင်သည့်နိ့ရက်၌ တောင်ပြည်ကို အုပ်စိုးရသည့်မိဖုရားသည် သင်ရို့တစ်ဖက်၌ ရပ်၍ သင်ရို့ကို ပြစ်တင်ကဲ့ရဲ့လိမ့်မည်။ အကြောင်းမူကား ထိုမိဖုရားကြီးသည် သျှောလမုန်မင်းကြီး၏ ပညာတရားကို နာယူလို၍ ခရီးအဝီးကြီးက လာရောက်လေ့ဟိ၏။ ငါအမှန်ဆိုသည်ကား၊ သျှောလမုန်ထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ဟိ၏။
42 A rainha do Sul se levantará, no Juízo, com esta geração e a condenará, porque veio dos confins da terra para ouvir a sabedoria de Salomão. E aqui está quem é maior do que Salomão.
43 “ဝိညာဉ်ဆိုးတစ်ကောင်သည် လူတစ်ယောက်ထဲက ထွက်လာသောအခါ အလွန်ခြောက်သွိ့သော အရပ်ဒေသတစ်ခုလုံးကို လှည့်လည်လျက် နားခိုမည့်နီရာတစ်ခုကို လိုက်ရှာ၏။ တစ်နီရာ မတွိ့လျှင်
43 — Quando o espírito imundo sai de uma pessoa, anda por lugares áridos procurando repouso, porém não encontra.
44 ‘ငါ ထွက်လာသည့် အိမ်သို့ ပြန်လားရဖို့’ ဟု သူ့ကိုသူ ပြောလျက်၊ ထိုအိမ်သို့ ပြန်လာ၍ ထိုအိမ်၌ နီထိုင်သူ တစ်ယောက်လည်း မဟိဘဲ၊ သန့်ယှင်း သပ်ယပ်လျက်ဟိသည်ကို တွိ့ရ၏၊
44 Por isso, diz: “Voltarei para a minha casa, de onde saí.” E, voltando, ele a encontra vazia, varrida e arrumada.
45 ထိုအခါ ဝိညာဉ်ဆိုးသည် ထွက်လားပြီးနောက် မိမိထက်ဆိုးသော တခြား ဝိညာဉ်ဆိုး ခုနစ်ကောင်ကို ခေါ်၍ ထိုအိမ်သို့ ပြန်လာကာ ဝင်ရောက်နီထိုင်လေ၏။ ထိုအခါ ထိုသူ၏ နောက်မှဖြစ်လာသောအခြေအနေသည် ရှိ့ကဖြစ်ခသည့်အခြေအနေထက် သာ၍ ဆိုးလေ၏။ ဤခေတ်ကာလ၏ ဆိုးသောသူတိသည်လည်း ဤသို့ ဖြစ်လာကြလိမ့်မည်” ဟု မိန့်တော်မူ၏။
45 Então vai e leva consigo outros sete espíritos, piores do que ele, e, entrando, habitam ali. E o último estado daquela pessoa se torna pior do que o primeiro. Assim também acontecerá a esta geração perversa.
46 ယေသျှုသည် ပရိသတ်တိနှင့် စကားပြောနိန်သောအခါ သူ့အမိနှင့် သူ၏ညီအစ်ကိုတိ ရောက်လာကြ၏။ သူရို့သည် သူနှင့် စကားပြောချင်၍ အပြင်က ရပ်စောင့်နိန်ကြ၏။
46 Enquanto Jesus ainda falava ao povo, eis que a mãe e os irmãos dele estavam do lado de fora, procurando falar com ele.
47 ပရိသတ်ထဲမှ တစ်ယောက်က “ကြည့်လိုက်ပါ၊ ကိုယ်တော်၏အမိနှင့် ညီအစ်ကိုရို့သည် ကိုယ်တော်နှင့် စကားပြောချင်၍ အပြင်မှာ ရပ်စောင့်နိန်ကြ၏” ဟု ပြော၏။
47 E alguém lhe disse: — A sua mãe e os seus irmãos estão lá fora e querem falar com o senhor.
48 ယေသျှုက “ငါ့အမိသည် ဇာသူနည်း၊ ငါ့ညီအစ်ကိုတိကား ဇာသူရို့ဖြစ်သနည်း” ဟူ၍ မိန်း၏။
48 Porém Jesus respondeu ao que lhe trouxe o aviso:
49 ထို့နောက် ကိုယ်တော်က သူ၏တပည့်တော်တိကို လက်ညှိုးထိုးပြပြီးလျှင် “ကြည့်ကတ်ပါ၊ ဤနီရာ၌ ဟိသောသူတိသည် ငါ့အမိနှင့် ငါ့ညီအစ်ကိုတိ ဖြစ်ကြ၏။
49 E, estendendo a mão para os discípulos, disse:
50 ကောင်းကင်ဘုံသျှင် ငါ့အဖ၏ အလိုတော်ကို လုပ်ဆောင်သောသူသည် ငါ့အမိ၊ ငါ့ညီအစ်ကိုနှင့် ငါ့ညီမဖြစ်ကြ၏” ဟု မိန့်တော်မူ၏။
50 Portanto, aquele que fizer a vontade de meu Pai celeste, esse é meu irmão, minha irmã e minha mãe.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.