Mateus 10

rki (RKI) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ယောက်ကို အတူတကွ ခေါ်ပြီးလျှင် ဝိညာဉ်ဆိုးတိကို နှင်ထုတ်နိုင်ခြင်းငှာ လည်းကောင်း၊ အနာရောဂါအမျိူးမျိူးကို ပျောက်ကင်းစီခြင်းငှာ လည်းကောင်း၊ သူရို့အား အခွင့်အာဏာများကို ပီးတော်မူ၏။
1 E, chamando os seus doze discípulos, deu-lhes poder sobre os espíritos imundos, para os expulsarem, e para curarem toda a enfermidade e todo o mal.
2 ထိုတမန်တော်ဆယ့်နှစ်ယောက်၏ နာမည်များမှာ ပထမဆုံးအားဖြင့် သျှိမုန်ဟု ခေါ်သော ပေတရုနှင့် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်သော ယာကုပ်နှင့် သူ၏ညီ ယောဟန်၊
2 Ora, os nomes dos doze apóstolos são estes: O primeiro, Simão, chamado Pedro, e André, seu irmão; Tiago, filho de Zebedeu, e João, seu irmão;
3 ဖိလိပ္ပု၊ ဗာသောလမဲ၊ သောမ၊ အခွန်ကောက်ခံသူ မဿဲ၊ အာလဖဲ၏သား ယာကုပ် နှင့် သဒ္ဒဲ၊
3 Filipe e Bartolomeu; Tomé e Mateus, o publicano; Tiago, filho de Alfeu, e Lebeu, apelidado Tadeu;
4 မျိုးချစ်ပုဂ္ဂိုလ် သျှိမုန်နှင့် ကိုယ်တော့်ကို သစ္စာဖောက်သောသူ ယုဒသျှာကာရုတ် ဟူ၍ ဖြစ်ကြ၏။
4 Simão, o Cananita, e Judas Iscariotes, aquele que o traiu.
5 ယေသျှုက တပည့်တော် ဆယ့်နှစ်ယောက်ကို ဩဝါဒပီး၍ စီရွှတ်လိုက်တော်မူသည်မှာ၊ “သင်ရို့သည် ယှာမာရိ မြို့ရွာများနှင့် တစ်ပါးအမျိုးသားတိ အရပ်ဒေသသို့ မလားကတ်ကေ့။
5 Jesus enviou estes doze, e lhes ordenou, dizendo: Não ireis pelo caminho dos gentios, nem entrareis em cidade de samaritanos;
6 ထိုသို့လားကြမည့်အစား၊ ဣသရေလလူမျိုး၌ ပျောက်ဆုံးနိန်သော သိုးတိ ဟိရာအရပ်သို့ လားကြပြီးလျှင်၊
6 Mas ide antes às ovelhas perdidas da casa de Israel;
7 ‘ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ’ ဟု ဟောပြောကြလော့။
7 E, indo, pregai, dizendo: É chegado o reino dos céus.
8 မကျန်းမာသောသူတိကို ကျန်းမာစီကြလော့၊ သီနိန်သောသူတိကို ထမြောက်စီကြလော့၊ နူနာစွဲနိန်သောသူတိကို ပျောက်ကင်းစီကြလော့၊ ပြီးနောက် နတ်ဆိုးတိကို နှင်ထုတ်ကြလော့။ သင်ရို့သည် အဖိုးအခမပီးဘဲ ရထားကြသည်ဖြစ်သောကြောင့်၊ အဖိုးအခမယူဘဲ ပြန်ပီးကြလော့။
8 Curai os enfermos, limpai os leprosos, ressuscitai os mortos, expulsai os demônios; de graça recebestes, de graça dai.
9 သင်ရို့၏အိတ်ထဲ၌ ရွှီဒင်္ဂါး၊ ငွီဒင်္ဂါး၊ ကြီးဒင်္ဂါးတိကို ယူမလားကတ်ကေ့။
9 Não possuais ouro, nem prata, nem cobre, em vossos cintos,
10 လမ်းခရီးအတွက် ခရီးဆောင်အိတ်နှင့်တကွ အင်္ကျီအပို၊ ဖိနပ်အပိုနှင့် တောင်မွိ့တိကိုလည်း ယူမလားကတ်ကေ့။ အကြောင်းမူကား လုပ်ဆောင်သောသူသည် ကျွေးမွီးခြင်းကို ခံထိုက်မည်။
10 Nem alforges para o caminho, nem duas túnicas, nem alparcas, nem bordões; porque digno é o operário do seu alimento.
11 “သင်ရို့သည် မြို့တစ်မြို့ သို့တည်းမဟုတ် ရွာတစ်ရွာသို့ ဝင်ကြသောအခါ သင်ရို့အား လက်ခံလိုသောသူတိကို ရှာပြီးလျှင် ထိုအရပ်မှ ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။
11 E, em qualquer cidade ou aldeia em que entrardes, procurai saber quem nela seja digno, e hospedai-vos aí, até que vos retireis.
12 သင်ရို့သည် အိမ်တစ်အိမ်သို့ ဝင်သောအခါ ‘သာလီစွပါ’ ဟု အယင်ဆုံး နှုတ်ဆက်ကြလော့။
12 E, quando entrardes nalguma casa, saudai-a;
13 ထိုအိမ်သည် ထိုက်တန်လျှင် သင်ရို့၏မင်္ဂလာစကားသည် ထိုအိမ်၌ ကျန်ခလိမ့်မည်။ သို့ရာတွင် ထိုအိမ်သည် မထိုက်တန်လျှင် သင်ရို့၏မင်္ဂလာစကားသည် သင်ရို့ပါးသို့ ပြန်လာလိမ့်မည်။
13 E, se a casa for digna, desça sobre ela a vossa paz; mas, se não for digna, torne para vós a vossa paz.
14 ပြီးနောက် တချို့အိမ် သို့မဟုတ် မြို့တိက သင်ရို့စကားကို နားမထောင်၊ သင်ရို့ကို လက်မခံလျှင် သင်ရို့ခြီဖဝါးက မြီမှုန့်ကို ခါချပြီးလျှင် ထိုအရပ်မှ ပြန်ထွက်လာကြလော့။
14 E, se ninguém vos receber, nem escutar as vossas palavras, saindo daquela casa ou cidade, sacudi o pó dos vossos pés.
15 ငါ အမှန်ဆိုသည်ကား တရားစီရင်သောနိ့ရက်၌ ဘုရားသခင်သည် ထိုမြို့၏လူများထက် သောဒုံနှင့် ဂေါမောရ မြို့သူမြို့သားတိကို သာ၍ သနားကရုဏာကို ပြလိမ့်မည်။
15 Em verdade vos digo que, no dia do juízo, haverá menos rigor para o país de Sodoma e Gomorra do que para aquela cidade.
16 “နားထောင်ကတ်၊ မြီခွီးအုပ်စုထဲသို့ သိုးတိကို စီရွှတ်လိုက်သကဲ့သို့ သင်ရို့အား ငါ စီရွှတ်လိုက်၏။ ထို့ကြောင့် သင်ရို့သည် မြွီကဲ့သို့ လိမ္မာ၍ ဂြိုးငှက်ကဲ့သို့ အဆိပ်ကင်းကြလော့။
16 Eis que vos envio como ovelhas ao meio de lobos; portanto, sede prudentes como as serpentes e inofensivos como as pombas.
17 သတိထားကတ်ပါ၊ သင်ရို့ကို ဖမ်းဆီး၍ တရားရုံးသို့ အပ်နှံကြလိမ့်မည်၊ ထိုသူရို့သည် တရားဇရပ်များထဲ၌ သင်ရို့အား သတ်ပုတ်ကြလိမ့်မည်။
17 Acautelai-vos, porém, dos homens; porque eles vos entregarão aos sinédrios, e vos açoitarão nas suas sinagogas;
18 ငါ့ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်များ၏ရှိ့မှောက်၌ စစ်ဆီးမိန်းမြန်းရန်လည်းကောင်း၊ ထိုသူရို့နှင့်တကွ တခြားလူမျိုးတိကို သတင်းကောင်းတရား ဟောကြားခြင်းငှာလည်းကောင်း သင်ရို့ကို ဖမ်းဆီးခေါ်ဆောင်လားကတ်လိမ့်မည်။
18 E sereis até conduzidos à presença dos governadores, e dos reis, por causa de mim, para lhes servir de testemunho a eles, e aos gentios.
19 ထိုသူရို့က သင်ရို့ကို စစ်ဆီးမိန်းမြန်းရန် ခေါ်ဆောင်လားကြသောအခါ ဇာကိုပြောရမည် သို့မဟုတ် ဇာပိုင် ပြောရမည်ကို မစိုးရိမ်ကတ်ကေ့၊ အချိန်ရောက်လာသောအခါ သင်ရို့ ဇာကိုပြောရမည် ဆိုသည်ကို သိလာကတ်လိမ့်မည်။
19 Mas, quando vos entregarem, não vos dê cuidado como, ou o que haveis de falar, porque naquela mesma hora vos será ministrado o que haveis de dizer.
20 အကြောင်းမူကား၊ သင်ရို့ပြောရမည့်စကားသည် သင်ရို့ စကား မဟုတ်၊ ထိုစကားကို သင်ရို့အဖ၏ဝိညာဉ်တော်က သင်ရို့အားဖြင့် ပြောလိမ့်မည်။
20 Porque não sois vós quem falará, mas o Espírito de vosso Pai é que fala em vós.
21 “ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အသီသတ်ကတ်လိမ့်မည်။ အဖက သားသမီးတိကိုလည်းကောင်း၊ သားသမီးက မိဖကိုလည်းကောင်း၊ အသီ သတ်ကတ်လိမ့်မည်။
21 E o irmão entregará à morte o irmão, e o pai o filho; e os filhos se levantarão contra os pais, e os matarão.
22 ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကတ်လိမ့်မည်။ သို့သော် အဆုံးထိတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရ လိမ့်မည်။
22 E odiados de todos sereis por causa do meu nome; mas aquele que perseverar até ao fim, esse será salvo.
23 မြို့တစ်မြို့၌ သင်ရို့ကို ညှဉ်းဆဲကြလျှင် တခြားမြို့ တစ်မြို့သို့ ထွက်ဗြီးကြလော့။ ငါ အမှန်ဆိုသည်ကား သင်ရို့သည် ဣသရေလမြို့ရွာအားလုံး၌ သင်ရို့၏အလုပ် မပြီးစီးခင် လူသားသည် ကြွလာလိမ့်မည်။
23 Quando pois vos perseguirem nesta cidade, fugi para outra; porque em verdade vos digo que não acabareis de percorrer as cidades de Israel sem que venha o Filho do homem.
24 “ဆရာထက် သာသော တပည့် ဟူ၍ မဟိ၊ အသျှင်ထက် သာသော ကျွန်ဟူ၍ မဟိ။
24 Não é o discípulo mais do que o mestre, nem o servo mais do que o seu senhor.
25 ထို့ကြောင့် တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည် အသျှင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် ကြေနပ်လောက်ပေ၏။ အိမ်ထောင်ဦးစီးကို ဗေလဇေဗုလ ဟူ၍ ခေါ်ကြလျှင် အိမ်သူအိမ်သားတိကို ဤထက်ဆိုးသောနာမည်ဖြင့် ခေါ်ကြလိမ့်မည်။
25 Basta ao discípulo ser como seu mestre, e ao servo como seu senhor. Se chamaram Belzebu ao pai de família, quanto mais aos seus domésticos?
26 “ထို့ကြောင့် ထိုသူရို့ကို မကြောက်ကတ်ကေ့။ အဂု ဖုံးထားသည့်အရာဟူသမျှသည် ပေါ်လာကြလိမ့်မည်။ လျှို့ဝှက်ထားသောအရာအားလုံးသည်လည်း ထင်ရှားလာကြလိမ့်မည်။
26 Portanto, não os temais; porque nada há encoberto que não haja de revelar-se, nem oculto que não haja de saber-se.
27 ငါသည် သင်ရို့အား မှောင်မိုက်ထဲ၌ ပြောသောအရာများကို သင်ရို့သည် အလင်းထဲ၌ ပြန်ပြောကြရလိမ့်မည်။ ဆိတ်ကွယ်ရာ၌ သင်ရို့ကြားရသောစကားကို သင်ရို့သည် အိမ်ခေါင်မိုးထိပ်က ကြွေးကြော်ရလိမ့်မည်။
27 O que vos digo em trevas dizei-o em luz; e o que escutais ao ouvido pregai-o sobre os telhados.
28 ခန္ဓာကိုယ် ကိုသာ အသီသတ်နိုင်ပြီး စိတ်ဝိညာဉ်ကို အသီမသတ်နိုင်သော သူတိကို မကြောက်ကတ်ကေ့။ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုလုံးကို ငရဲထဲမှာ ဖျက်ဆီးနိုင်သော ဘုရားသခင် ကိုသာ ကြောက်ကြလော့။
28 E não temais os que matam o corpo e não podem matar a alma; temei antes aquele que pode fazer perecer no inferno a alma e o corpo.
29 စာငှက်နှစ်ကောင်ကို ဒင်္ဂါးတစ်ပြားနှင့် ဝယ်ရသည် မဟုတ်လား၊ သင်ရို့အဖ အလိုမဟိလျှင် ထိုစာငှက်တစ်ကောင်မျှ မြီကြီးထက်သို့ မကျစီရ။
29 Não se vendem dois passarinhos por um ceitil? e nenhum deles cairá em terra sem a vontade de vosso Pai.
30 ထို့အပြင် သင်ရို့ဂေါင်းက ဆံပင်တိကို တောင်မှ တစ်ပင်မကျန် ရွီထားတော်မူ၏။
30 E até mesmo os cabelos da vossa cabeça estão todos contados.
31 ထို့ကြောင့် ဇာသူ့ကိုလေ့ မကြောက်ကတ်ကေ့၊ သင်ရို့သည် များစွာသော စာငှက်တိထက် သာ၍ တန်ဖိုးဟိကြ၏။
31 Não temais, pois; mais valeis vós do que muitos passarinhos.
32 “ငါ့အား လူအများတိရှိ့၌ ဝန်ခံသောသူကို ကောင်းကင်ဘုံသျှင် ငါ၏အဖရှိ့၌လည်း ငါ ဝန်ခံလိမ့်မည်။
32 Portanto, qualquer que me confessar diante dos homens, eu o confessarei diante de meu Pai, que está nos céus.
33 သို့ရာတွင် ငါ့ကို လူအများတိရှိ့မှာ ငြင်းပယ်သောသူကို ကောင်းကင်ဘုံသျှင် ငါ့အဖ၏ရှိ့၌လည်း ငါ ငြင်းပယ်လိမ့်မည်။
33 Mas qualquer que me negar diante dos homens, eu o negarei também diante de meu Pai, que está nos céus.
34 “ဤလောကကြီးသို့ ငြိမ်သက်ခြင်းကို ယူဆောင်၍ ငါ ကြွလာသည် ဟု မထင်ကတ်ကေ့။ ငြိမ်သက်ခြင်းကို ယူဆောင်၍ ငါ ကြွလာသည် မဟုတ်၊ ပဋိပက္ခဖြစ်စီရန် ငါ ကြွလာခြင်းဖြစ်၏။
34 Não cuideis que vim trazer a paz à terra; não vim trazer paz, mas espada;
35 သားက အဖကို ဆန့်ကျင်ဖက်ပြုခြင်းငှာ လည်းကောင်း၊ သမီးက အမိကို ဆန့်ကျင်ဖက်ပြုခြင်းငှာ လည်းကောင်း၊ ခြုပ်မက ယောက္ခမကို ဆန့်ကျင်ဖက်ပြုခြင်းငှာ လည်းကောင်း ငါ ကြွလာ၏။
35 Porque eu vim pôr em dissensão o homem contra seu pai, e a filha contra sua mãe, e a nora contra sua sogra;
36 သင်၏မိသားစု ဝင်များသည် သင်၏အဆိုးဆုံးရန်သူများ ဖြစ်လာကြလိမ့်မည်။
36 E assim os inimigos do homem serão os seus familiares.
37 “မိမိ၏ အမိ အဖတိကို ငါ့ထက် သာ၍ ချစ်သောသူတိသည် ငါ၏တပည့် မဖြစ်နိုင်၊ မိမိ၏သားသမီးတိကို ငါ့ထက် သာ၍ ချစ်သောသူတိသည်လည်း ငါ၏တပည့် မဖြစ်နိုင်။
37 Quem ama o pai ou a mãe mais do que a mim não é digno de mim; e quem ama o filho ou a filha mais do que a mim não é digno de mim.
38 မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ၏ခြီရာနောက်သို့ မလိုက်သောသူတိသည် ငါ့တပည့် မဖြစ်နိုင်။
38 E quem não toma a sua cruz, e não segue após mim, não é digno de mim.
39 မိမိအသက်ကို ရခြင်းငှာ ကြိုးစားသောသူသည် အသက်ယှုံးလိမ့်မည်။ သို့သော်လည်း ငါ၏အကျိုးအလို့ငှာ မိမိအသက်ကို စွန့်သောသူသည်ကား အသက်ကို ရလိမ့်မည်။
39 Quem achar a sua vida perdê-la-á; e quem perder a sua vida, por amor de mim, achá-la-á.
40 “သင်ရို့ကို ကြိုဆိုလက်ခံသောသူသည် ငါ့ကို ကြိုဆိုလက်ခံသောသူ ဖြစ်၏၊ ငါ့ကို ကြိုဆိုလက်ခံသောသူသည်လည်း ငါ့ကို စီရွှတ်သောသူတစ်ယောက်ကို ကြိုဆိုလက်ခံသူဖြစ်၏။
40 Quem vos recebe, a mim me recebe; e quem me recebe a mim, recebe aquele que me enviou.
41 ပရောဖက်တစ်ပါးကို ကြိုဆိုလက်ခံသောသူမည်သည်ကား ထိုသူသည် ပရောဖက်ဖြစ်သောကြောင့် ပရောဖက်၏အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ ထို့အပြင် သူတော်ကောင်းတစ်ယောက်ကို ကြိုဆိုလက်ခံသောသူ မည်သည်ကား ထိုသူသည် သူတော်ကောင်းဖြစ်သောကြောင့် သူတော်ကောင်းကပီးသော ကောင်းကျိုးကို ခံစားကြရလိမ့်မည်။
41 Quem recebe um profeta em qualidade de profeta, receberá galardão de profeta; e quem recebe um justo na qualidade de justo, receberá galardão de justo.
42 ငါ၏တပည့်များထဲက အငယ်ဆုံးသောသူတစ်ယောက်ကို၊ သူသည် ငါ၏တပည့်ဖြစ်ခြင်းကြောင့် ရီအီးတစ်ခွက်ကို ပီးသောသူသည် ထိုရီတစ်ခွက်၏အကျိုးကို ဧကန်အမှန် ခံစားရပါလိမ့်မည်ဟု သင်ရို့အား ငါ အမှန်ဆို၏” ဟု မိန့်တော်မူ၏။
42 E qualquer que tiver dado só que seja um copo de água fria a um destes pequenos, em nome de discípulo, em verdade vos digo que de modo algum perderá o seu galardão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.