Marcos 8
rki (RKI) vs BKJ
1 ထိုအခါ အခြားသောလူရို့လည်း လာရောက်စုရုံးကြ၏။ သူရို့၌ စားစရာတစ်ခုမျှ မဟိသဖြင့်၊ ယေသျှုသည် တပည့်တော်ရို့ကို ခေါ်၍၊
1 Naqueles dias, sendo a multidão muito grande, e não tendo o que comer, Jesus chamou a si os seus discípulos, e disse-lhes:
2 “ဤသူရို့ကို ငါသည် သနား၏။ အကြောင်းမူကား သူရို့သည် သုံးရက်ပတ်လုံး ငါနှင့်အတူ ဟိနိန်ကြ၏။ အဂု သူရို့၌ စားစရာတစ်ခုလေ့ မဟိ။
2 Eu tenho compaixão da multidão, porque já estão comigo há três dias, e não têm o que comer;
3 တချို့က ခရီးဝီးကနိန် လာကြသည်ဖြစ်၍ သူရို့ကို မကျွေးမမွီးဘဲနှင့် အိမ်သို့ ပြန်ရွှတ်လိုက်လျှင်၊ ဝမ်းဆာသောကြောင့် လမ်း၌ မူးလဲကျလားလိမ့်မည်” ဟု မိန့်တော်မူ၏။
3 e, se os deixar ir em jejum, para suas casas, desfalecerão no caminho; porquanto vários deles vieram de longe.
4 တပည့်တော်ရို့ကလည်း ကိုယ်တော့်ကို “ဤတောကန္တာရတွင် ဤလူတိကို ဇာပိုင် ဝအောင်ကျွေးနိုင်မည်နည်း” ဟု မိန်းလျှောက်ကြ၏။
4 E os seus discípulos responderam-lhe: De onde poderá um homem satisfazer estes homens com pão aqui no deserto?
5 ယေသျှုက “သင်ရို့၌ မုန့်ဇာလောက် ဟိသနည်း” ဟု မိန်းတော်မူလျှင်၊
5 E ele perguntou-lhes: Quantos pães tendes? E disseram-lhe: Sete.
6 ကိုယ်တော်သည် လူရို့ကို မြီထက်၌ ထိုင်စီခြင်းငှာ မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် မုန့်ခုနစ်လုံးကို ယူပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူအပေါင်းရို့အား ဝီပီးစီခြင်းငှာ တပည့်တော်ရို့ကို စီခိုင်းတော်မူသဖြင့် တပည့်တော်ရို့လည်း မိန့်တော်မူသည့်အတိုင်း ပြုတော်မူ၏။
6 E ele ordenou ao povo que se assentasse no chão. E, tomando os sete pães, e tendo dado graças, partiu-os, e deu-os aos seus discípulos, para colocarem diante deles, e puseram-nos diante do povo.
7 သူရို့၌ ငါးသျှေ အနည်းချေ ဟိကြသည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူအပေါင်းရို့အား ဝီပီးစီခြင်းငှာ တပည့်တော်ရို့အား စီခိုင်းတော်မူ၏။
7 E tendo alguns pequenos peixes, ele os abençoou, e também ordenou-lhes para que colocassem diante deles.
8 လူအပေါင်းရို့သည်လည်း ဝစွာစားကြပြီးမှ — စားကြွင်းစားကျန်များပင်လျှင် တောင်းဖြင့် ခုနစ်တောင်းအပြည့် ကောက်သိမ်းရကြ၏။
8 Então eles comeram, e saciaram-se; e tomaram dos pedaços que sobraram, sete cestos.
9 မုန့်စားသောသူ အရီအတွက်ကား ၄,၀၀၀ မျှ ဟိသတည်း။ ယေသျှုသည် လူအပေါင်းရို့ကို ထိုအရပ်မှ ပြန်ရွှတ်တော်မူပြီးမှ၊
9 E os que haviam comido eram cerca de quatro mil; e ele os despediu.
10 တပည့်တော်ရို့နှင့်အတူ လောင်းထက်သို့ တက်၍ ဒါလမနုသဒေသသို့ ကြွတော်မူ၏။
10 E ele entrando imediatamente no barco com os seus discípulos, foi para as regiões de Dalmanuta.
11 ထိုအခါ ဖာရိယှဲတချို့သည် ယေသျှုထံသို့ လာ၍ ဆွေးနွေးငြင်းခုံကြ၏။ သူရို့သည် အပြစ်ရှာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို ဘုရားသခင်သည် နှစ်သက်တော်မူကြောင်းကို သက်သီဖြစ်စီခြင်းငှာ ကောင်းကင်မှဖြစ်သော နိမိတ်လက္ခဏာ တစ်ပါးပါးကို ပြတော်မူရန် တောင်းဆိုကြ၏။
11 E vindo os fariseus, começaram a questioná-lo, tentando-o, procurando um sinal do céu.
12 သို့ရာတွင် ယေသျှုသည် သက်ပြင်းချတော်မူပြီး “အဂုခေတ်လူရို့သည် ဇာကြောင့် နိမိတ်လက္ခဏာကို တောင်းဆိုကြသနည်း။ ငါ အမှန်အကန်ဆိုသည်ကား ဤသူရို့ကို ဇာနိမိတ်လက္ခဏာကိုမျှ ငါ မပြ” ဟု မိန့်တော်မူပြီးလျှင်၊
12 E, suspirando profundamente em seu espírito, disse: Por que procura esta geração um sinal? Na verdade eu vos digo que a esta geração não se dará nenhum sinal.
13 ထိုသူရို့ပါးမှ ထွက်ကြွတော်မူ၍ လောင်းထက်သို့ တဖန်တက်ကာ အိုင်တစ်ဖက်သို့ ကူးတော်မူ၏။
13 E, deixando-os, tornou a entrar no barco, e foi para o outro lado.
14 တပည့်တော်ရို့သည် အစားအစာ လုံလောက်စွာ ယူလာခြင်းငှာ မိ့ကျန်ကြသည်ဖြစ်၍ လောင်းထက်တွင် သူရို့၌ မုန့်တစ်လုံးသာ ဟိ၏။
14 Ora, os discípulos tinham se esquecido de levar pães, e no barco não tinham consigo senão um pão.
15 ယေသျှုက “သင်ရို့သည် ဖာရိယှဲရို့၏ တဆီးနှင့် ဟေရုဒ်၏တဆီးကို သတိဖြင့် ယှောင်ကြလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
15 E ele ordenou-lhes, dizendo: Fiquem atentos, guardai-vos do fermento dos fariseus e do fermento de Herodes.
16 တပည့်တော်ရို့ကလည်း “ငါရို့၌ မုန့် တစ်ခုမျှ မဟိသောကြောင့် ကိုယ်တော်သည် ဤသို့ ပြောခြင်းဖြစ်၏” ဟု ပြောဆိုနိန်ကြ၏။
16 E eles arrazoavam entre si, dizendo: Isto é porque não temos pão.
17 ထိုသို့ ပြောဆိုနိန်ကြသည်ကို ယေသျှုသည် သိတော်မူလျှင် “သင်ရို့၌ မုန့်တစ်ခုမျှ မဟိသည်ကို ဇာကြောင့် ပြောနိန်ကြသနည်း။ အဂုထိတောင် မသိ၊ နားမလည်ကြသိမ့်သလော။ သင်ရို့သည် ဇာကြောင့် အသိဉာဏ်နည်းကြသနည်း။
17 E Jesus, percebendo isso, disse-lhes: Por que argumentais, por não terdes pão? Ainda não percebeis, nem compreendeis? Tendes ainda o vosso coração endurecido?
18 သင်ရို့တွင် မျက်စိဟိယင့်နှင့်ပင် — မမြင်၊ နားဟိယင့်နှင့်ပင် — မကြားကြသလော။
18 Tendo olhos, não vedes? E tendo ouvidos, não ouvis? E não vos lembrais?
19 ငါသည် မုန့်ငါးလုံးကို ဖဲ့၍ လူ ၅,၀၀၀ ကို ဝစွာကျွေးပြီးမှ အကြွင်းအကျန်ကို ကောက်သိမ်းရာတွင် တောင်းအပြည့် ဇာနှစ်တောင်း ရသည်ကို သင်ရို့ မမှတ်မိကြသလော” ဟု မိန်းတော်မူလျှင်၊
19 Quando eu parti os cinco pães entre os cinco mil, quantos cestos cheios de pedaços tomastes? E eles disseram-lhe: Doze.
20 တဖန် ယေသျှုကလည်း “ငါသည် မုန့်ခုနစ်လုံးကို ဖဲ့ပြီးလျှင် လူပေါင်း ၄,၀၀၀ ကို ဝစွာကျွေးပြီးမှ အကြွင်းအကျန်ကို ကောက်သိမ်းရာတွင် အပိုတောင်းအပြည့် ဇာနှစ်တောင်း ရသနည်း” ဟု မိန်းတော်မူလျှင်၊
20 E, quando parti os sete entre os quatro mil, quantos cestos cheios de pedaços tomastes? E disseram-lhe: Sete.
21 ကိုယ်တော်ကလည်း “သို့ပင်သျှောင် သင်ရို့က နားမလည်ကြသိမ့်သလော” ဟု တပည့်တော်ရို့အား မိန်းတော်မူ၏။
21 E ele lhes disse: Como é que vocês não compreendem ainda?
22 သူရို့သည် ဗက်ဇဲဒမြို့သို့ ရောက်လာကြသည်ဟိသော် လူတချို့သည် မျက်မမြင်တစ်ဦးကို ယေသျှုထံသို့ ခေါ်ဆောင်လာပြီးလျှင် ထိုသူအား တို့ထိခြင်းကို ပြုတော်မူစီမည့်အကြောင်း တောင်းပန်ကြ၏။
22 E ele chegou a Betsaida; e trouxeram-lhe um homem cego, e pediram-lhe para tocá-lo.
23 ယေသျှုသည် မျက်စိမမြင်သောသူ၏ လက်ကိုဆွဲ၍ ရွာပြင်သို့ ခေါ်လားတော်မူပြီးလျှင် ထိုသူ၏မျက်စိကို တန်းထွီးဖြင့်ထွီးကာ ထိုသူအထက်မှာ လက်တော်ကို တင်လျက် “သင် တစ်ခုခုကို မြင်ရသလော” ဟု မိန်းတော်မူ၏။
23 E ele tomou o homem cego pela mão, e o levou para fora da aldeia; e ele cuspindo nos seus olhos, e impondo suas mãos sobre ele, perguntou-lhe se ele enxergava alguma coisa.
24 ထိုသူသည် အထက်သို့ မောကြည့်၍ “လူတိကို မြင်ရပါ၏။ သို့ပင်သျှောင်လည်း ထိုသူရို့သည် သစ်ပင်ပိုင် ဖြစ်ပြီးလျှင် လမ်းလျှောက်နိန်ကြပါ၏” ဟု လျှောက်လေ၏။
24 E ele, olhando para cima, disse: Eu vejo homens como árvores, andando.
25 ထိုအခါ၊ ယေသျှုသည် ထိုသူ၏မျက်စိ၌ လက်တော်ကို တဖန် တင်တော်မူ၍ ကြည့်စီတော်မူပြန်၏။ ထိုသူသည်လည်း အားစိုက်၍ကြည့်ရာ မျက်စိအလင်းကိုရ၍ အရာခပ်သိမ်းကို ယှင်းလင်းစွာမြင်လေ၏။
25 Depois disto, ele colocou novamente suas mãos sobre os seus olhos, e o fez olhar para cima; e ele foi restaurado, e viu a cada homem claramente.
26 ယေသျှုကလည်း “ရွာထဲသို့ ပြန်မဝင်ကေ့” ဟု ပညတ်တော်မူ၍ သူ၏အိမ်သို့ ရွှတ်လိုက်လေ၏။
26 E ele o mandou embora para sua casa, dizendo: Nem entres na aldeia, nem o digas a ninguém da aldeia.
27 ထို့နောက် ယေသျှုနှင့် တပည့်တော်ရို့သည် ဖိလိပ္ပုကဲသရိမြို့ အနီးအနား၌ဟိသော ကျေးရွာများသို့ ကြွတော်မူစဉ် လမ်းခရီး၌ “ငါ့ကို ဇာသူဖြစ်သည်ဟူ၍ လူတိက ပြောနိန်ကြသနည်း” ဟု တပည့်တော်တိအား မိန်းတော်မူ၏။
27 E saiu Jesus, e os seus discípulos, para as aldeias de Cesareia de Filipe; no caminho ele perguntou aos seus discípulos, dizendo: Quem dizem os homens que eu sou?
28 တပည့်တော်ရို့ကလည်း “တချို့က ကိုယ်တော့်ကို ဗတ္တိဇံဆရာယောဟန် ဖြစ်ကြောင်းကို ပြောကြ၏၊ တချို့က ဧလိယဖြစ်သည်ဟု ပြောနိန်ကြ၏၊ တချို့က အသျှင်ကို ပရောဖက် တစ်ပါးဖြစ်သည်ဟု ဆို၏” ဟု လျှောက်ထားကြ၏။
28 E eles responderam: João, o Batista; mas alguns dizem: Elias; e outros: Um dos profetas.
29 ထိုအခါ ကိုယ်တော်က “သင်ရို့က ငါ့ကို ဇာသူဖြစ်သည်ဟု ပြောမည်နည်း” ဟု မိန်းတော်မူလျှင်၊
29 E ele lhes disse: Mas vós, quem dizeis que eu sou? E, respondendo Pedro, lhe disse: Tu és o Cristo.
30 ထိုအခါ ယေသျှုက “ငါသည် ဇာသူဖြစ်ကြောင်းကို တစ်ယောက်ကိုမျှ မပြောကတ်ကေ့” ဟု တပည့်တော်ရို့အား ပညတ်တော်မူ၏။
30 E ele ordenou-lhes que não contassem a nenhum homem sobre ele.
31 ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား “လူသားသည် ဒုက္ခကြီးစွာ ခံရလိမ့်မည်။ ဘာသာရေးခေါင်းဆောင်တိ၊ ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် ကျမ်းတတ်ဆရာတိက လူသားကို ငြင်းပယ်ကြလိမ့်မည်။ ထိုသူသည် အသီသတ်ခြင်းကို ခံရမည်။ သုံးရက်မြောက်သောနိ့၌ ရှင်ပြန်ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
31 E ele começou a ensinar-lhes que o Filho do homem deveria sofrer muitas coisas, e ser rejeitado pelos anciãos, e pelos principais sacerdotes e escribas, que fosse morto, e após três dias ressuscitar.
32 ကိုယ်တော်သည် ဤသွန်သင်ချက်အား လျှို့ဝှက်ခြင်း အလျှင်းမဟိဘဲ မိန့်ကြားတော်မူသဖြင့် ပေတရုသည် ကိုယ်တော့်ကို မိမိနှင့်အတူ ဘေးနားသို့ ပင့်ခေါ်၍ အပြစ်တင်သောစကားကို လျှောက်လေ၏။
32 E ele falava estas palavras publicamente. E Pedro, tomando-o, começou a repreendê-lo.
33 ယေသျှုသည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်ရို့ကို ကြည့်တော်မူလျှက် ပေတရုအား “အချင်း မာရ်နတ်၊ ငါ့ထံပါးက ထွက်လားလော့။ သင်၏အတွေးကား ဘုရားသခင်ထံပါးက လာခြင်း မဟုတ်၊ လူ၏အတွေးသာ ဖြစ်၏” ဟု ဆုံးမတော်၏။
33 Mas ele, virando-se, e olhando para os seus discípulos, repreendeu a Pedro, dizendo: Para trás de mim, Satanás; porque tu não tens gosto das coisas que são de Deus, mas das coisas que são dos homens.
34 ယေသျှုသည် တပည့်တော်ရို့နှင့် လူပရိသတ်ရို့ကို မိမိထံပါးသို့ ခေါ်တော်မူပြီးလျှင် “ငါ့တပည့် ဖြစ်လိုသောသူသည် ကိုယ့်ကိုယ်ကို ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။
34 E chamando a si a multidão, com os seus discípulos, disse-lhes: Se alguém quiser vir após mim, negue-se a si mesmo, tome a sua cruz, e siga-me.
35 မိမိအသက်ကို ကယ်လိုသောသူကား အသက်ဆုံးယှုံးလိမ့်မည်။ ငါ့ကြောင့် သော်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့် သော်လည်းကောင်း မိမိ၏အသက်ကို ဆုံးယှုံးသောသူကား အသက်ကိုရလိမ့်မည်။
35 Porque aquele que quiser salvar a sua vida, perdê-la-á; mas quem perder a sua vida por minha causa e do evangelho, salvá-la-á.
36 လူသည် ဤလောကတစ်ခုလုံးကို အုပ်စိုးရသော်လည်း မိမိ၏အသက်ကို ဆုံးယှုံးလျှင် ဇာချင့် အကျိုးဟိမည်နည်း။
36 Porquanto, que lucro tem o homem em ganhar o mundo inteiro, se perder a sua própria alma?
37 မိမိအသက်ကို ဆုံးယှုံးလျှင် ဇာနှင့်မျှ မရွီးယူနိုင်။
37 Ou que dará o homem em troca de sua alma?
38 ဖောက်ပြန်၍၊ ဒုစရိုက်တိနှင့် ပြည့်နိန်သော ဤလောက၌ အကြင်သူသည် ငါနှင့် ငါ၏သြဝါဒကို ရှက်လျှင်၊ လူသားသည်လည်း အဖခမည်းတော်၏ ဘုန်းတန်ခိုးတော်ကို ဆောင်၍ သန့်ယှင်းသော ကောင်းကင်တမန်ရို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်လိမ့်မည်” ဟု မိန့်တော်မူ၏။
38 Porquanto, qualquer que, entre esta geração adúltera e pecadora, se envergonhar de mim e das minhas palavras, também dele se envergonhará o Filho do homem, quando vier na glória de seu Pai, com os santos anjos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.