Marcos 3

rki (RKI) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ထို့နောက် ယေသျှုသည် တရားဇရပ်သို့ ကြွတော်မူပြန်လျှင်၊ ထိုတရားဇရပ်၌ လက်တစ်ဖက် သီနိန်သောသူ တစ်ယောက်ဟိ၏။
1 E outra vez entrou na sinagoga, e estava ali um homem que tinha uma das mãos mirrada.
2 ထိုအရပ်၌ ဟိသောလူအချို့သည် ကိုယ်တော့်ကို ပြစ်တင်စွပ်စွဲခွင့် ရခြင်းငှာ ဥပုသ်နိ့၌၊ ထိုသူ၏ရောဂါကို ကိုယ်တော်သည် ပျောက်ကင်းစီတော်မူမည်၊ မမူမည်ကို အနီးကပ် စောင့်ကြည့်နိန်ကြ၏။
2 E estavam observando-o securaria no sábado, para o acusarem.
3 ယေသျှုသည် ထိုသူအား “ရှိ့သို့လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။
3 E disse ao homem que tinha a mão mirrada: Levanta-te e vem para o meio.
4 ထို့နောက် ကိုယ်တော်က လူရို့အား “ငါရို့ပညတ်ကျမ်းအရ ဥပုသ်နိ့၌ ကောင်းသောအရာကို ပြုသင့်သလော၊ သို့မဟုတ် ဆိုးသောအရာကို ပြုသင့်သလော။ လူ့အသက်ကို ကယ်သင့်သလော၊ သို့မဟုတ် သတ်သင့်သလော” ဟု မိန်းတော်မူလျှင်၊
4 E perguntou-lhes: É lícito no sábado fazer bem, ou fazer mal? salvar a vida, ou matar? E eles calaram-se.
5 ထိုအခါ ကိုယ်တော်သည် အမျက်ထန်တော်မူ၍ လှည့်ပတ်ကြည့်ပြီး ထိုသူရို့၏စိတ်နှလုံးသည် မိုက်မဲသောကြောင့် ကိုယ်တော်သည် ဝမ်းနည်းတော်မူ၏။ ကိုယ်တော်ကလည်း “သင်၏လက်ကို ဆန့်လော့” ဟု လက်သီနိန်သောသူအား မိန့်တော်မူ၏။ ထိုသူသည် မိမိလက်ကို ဆန့်လျှင် အကောင်းပကဓိ ဖြစ်လေ၏။
5 E, olhando para eles em redor com indignação, condoendo-se da dureza do seu coração, disse ao homem: Estende a tua mão. E ele a estendeu, e foi-lhe restituída a sua mão, sã como a outra.
6 ထို့ကြောင့် ဖာရိယှဲရို့သည် တရားဇရပ်မှ ချက်ချင်းထွက်ကြပြီးလျှင် ကိုယ်တော့်ကို သတ်ခြင်းငှာ ဟေရုဒ်၏တပည့်ရို့နှင့် ဆွေးနွေးတိုင်ပင်ကြ၏။
6 E, tendo saído os fariseus, tomaram logo conselho com os herodianos contra ele, procurando ver como o matariam.
7 ယေသျှုနှင့် တပည့်တော်ရို့သည် ဂါလိလဲအိုင်နားသို့ ကြွတော်မူ၏။ ဂါလိလဲပြည်၊ ယုဒပြည်မှ လည်းကောင်း၊
7 E retirou-se Jesus com os seus discípulos para o mar, e seguia-o uma grande multidão da Galiléia e da Judéia,
8 ယေရုဆလင်မြို့မှစပြီး ဣဒုမဲပြည်နှင့် ယော်ဒန်မြစ် အရှိ့ဖက်ကမ်းမှ လူတိနှင့် တုရုမြို့၊ ဇိဒုန်မြို့ပတ်ဝန်းကျင်အရပ်မှ များစွာသောလူရို့သည် ကိုယ်တော်ပြုတော်မူသော အမှုအရာများကို ကြားတော်မူလျှင် ကိုယ်တော်၏ နောက်တော်သို့ လိုက်ကြ၏။
8 E de Jerusalém, e da Iduméia, e de além do Jordão, e de perto de Tiro e de Sidom; uma grande multidão que, ouvindo quão grandes coisas fazia, vinha ter com ele.
9 ကိုယ်တော်သည် မိမိကို လူအုပ်ကြီး မနင်းမိစီမည့်အကြောင်း လောင်းတစ်စင်းကို အသင့်ထားခြင်းငှာ တပည့်တော်ရို့အား မိန့်မှာတော်မူ၏။
9 E ele disse aos seus discípulos que lhe tivessem sempre pronto um barquinho junto dele, por causa da multidão, para que o não oprimisse,
10 အကြောင်းမူကား ကိုယ်တော်သည် မကျန်းမာသော လူတိကို ကျန်းမာစီတော်မူသဖြင့် ရောဂါခံစားနိန်ရသော လူရို့သည် ကိုယ်တော့်ကို တို့ခြင်းငှာ တိုးလာကြ၏။
10 Porque tinha curado a muitos, de tal maneira que todos quantos tinham algum mal se arrojavam sobre ele, para lhe tocarem.
11 ဝိညာဉ်ဆိုးတိစွဲသော လူရို့သည်လည်း ကိုယ်တော့်ကို မြင်သောအခါ ရှိ့တော်၌ ပျပ်ဝပ်၍ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်၏” ဟု ဟစ်အော်ကြ၏။
11 E os espíritos imundos vendo-o, prostravam-se diante dele, e clamavam, dizendo: Tu és o Filho de Deus.
12 ကိုယ်တော်က မိမိသည် မည်သူဖြစ်ကြောင်းကို မည်သူ့ကိုမျှ ထုတ်ဖော်၍ မပြောစီခြင်းငှာ ဝိညာဉ်ဆိုးများအား တင်းကြပ်စွာ ပညတ်တော်မူ၏။
12 E ele os ameaçava muito, para que não o manifestassem.
13 ထို့နောက် ယေသျှုသည် တောင်ထက်သို့ ကြွတော်မူပြီး အလိုတော်ဟိသော သူရို့ကိုသာ ခေါ်တော်မူ၍ သူရို့သည် အထံတော်ပါးသို့ ရောက်လာကြ၏။
13 E subiu ao monte, e chamou para si os que ele quis; e vieram a ele.
14 ကိုယ်တော်သည် တစ်ဆယ့်နှစ်ယောက်သော လူရို့ကို ရွီးချယ်တော်မူပြီးလျှင် တမန်တော်များဟူ၍ ခေါ်ဝေါ်သမုတ်တော်မူ၏။ ထို့နောက် ထိုသူရို့အား “သင်ရို့ကို ငါ ရွီးချယ်သည်ကား ငါနှင့်အတူ နီစီခြင်းငှာလည်းကောင်း၊ တရားဟောထွက်စီခြင်းငှာ လည်းကောင်း၊
14 E nomeou doze para que estivessem com ele e os mandasse a pregar,
15 နတ်ဆိုးတိကို မောင်းထုတ်ဖို့ အခွင့်အာဏာ ဟိစီခြင်းငှာ လည်းကောင်း ဖြစ်၏” ဟု မိန့်တော်မူ၏။
15 E para que tivessem o poderde curar as enfermidades e expulsar os demônios:
16 ကိုယ်တော် ရွီးချယ်ထားသော တပည့်တော် တစ်ဆယ့်နှစ်ပါး၏ နာမည်ကား၊ (ပေတရုဟု ခေါ်သူ) သျှိမုန်၊
16 A Simão, a quem pôs o nome de Pedro,
17 (မိုးကြိုး၏သားများဟု အနက်ကို ရ၍ ဗောနေရဂက်ဟု အမည်သစ်ကိုရသော) ဇေဗေဒဲ၏ သားနှစ်ယောက် ယာကုပ်နှင့် ယောဟန်၊
17 E a Tiago, filho de Zebedeu, e a João, irmão de Tiago, aos quais pôs o nome de Boanerges, que significa: Filhos do trovão;
18 အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ သျှိမုန်နှင့်
18 E a André, e a Filipe, e a Bartolomeu, e a Mateus, e a Tomé, e a Tiago, filho de Alfeu, e a Tadeu, e a Simão, o Cananita,
19 ကိုယ်တော့်ကို သစ္စာဖောက်သူ ယုဒသျှာကာရုတ် ရို့ဖြစ်ကြ၏။
19 E a Judas Iscariotes, o que o entregou.
20 ထို့နောက် ယေသျှုသည် အိမ်သို့ဝင်လျှင်၊ လူအပေါင်းရို့သည် တဖန် စုရုံးလာကြသဖြင့် ကိုယ်တော်နှင့် တပည့်တော်ရို့သည် အစားအစာသုံးဆောင်ရန်ပင် အချိန်မရကြ။
20 E foram para uma casa. E afluiu outra vez a multidão, de tal maneira que nem sequer podiam comer pão.
21 လူတချို့က “ကိုယ်တော်ကား စိတ်ဖောက်လားယာ” ဟု ပြောဆိုကြ၏။ ထိုအကြောင်းကို ကိုယ်တော်၏ မိသားစုရို့သည် ကြားကြလျှင် ကိုယ်တော့်ကို စောင့်ရှောက်ခြင်းငှာ အထံတော်သို့ လိုက်လာကြ၏။
21 E, quando os seus ouviram isto, saíram para o prender; porque diziam: Está fora de si.
22 ယေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာရို့က “ဤသူကား ဗေလဇေဗုလဟုခေါ်သော နတ်ဆိုးခေါင်းဆောင် ဝင်ပူးခြင်းပင်ဖြစ်၏။ ထိုနတ်ဆိုးဘုရင်ကို အမှီပြု၍သာ နတ်ဆိုးတိကို မောင်းထုတ်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
22 E os escribas, que tinham descido de Jerusalém, diziam: Tem Belzebu, e pelo príncipe dos demônios expulsa os demônios.
23 ယေသျှုသည် ထိုသူရို့ကို ခေါ်ပြီးလျှင် ပုံဥပမာကို ဆောင်၍ “စာတန်မာရ်နတ်က စာတန်မာရ်နတ်ကို ဇာပိုင် မောင်းထုတ်နိုင်မည်နည်း။
23 E, chamando-os a si, disse-lhes por parábolas: Como pode Satanás expulsar Satanás?
24 အုပ်စုကွဲပြားနိန်သော နိုင်ငံကား မတည်မရပ်နိုင်။
24 E, se um reino se dividir contra si mesmo, tal reino não pode subsistir;
25 မိသားစု၌လည်း အချင်းချင်းစိတ်ဝမ်းကွဲနိန်လျှင် ယင်းအိမ်ထောင်သည် ရပ်တည်နိုင်မည် မဟုတ်။
25 E, se uma casa se dividir contra si mesma, tal casa não pode subsistir.
26 ယင်းနည်းတူ စာတန်မာရ်နတ်သည်လည်း အချင်းချင်းမသင့် စိတ်ဝမ်းကွဲလျှင် ထိုသူရို့၏ နိုင်ငံသည် မရပ်မတည်နိုင်ဖြစ်ပြီး ပျက်စီးခြင်းသာ ဖြစ်လိမ့်မည်။
26 E, se Satanás se levantar contra si mesmo, e for dividido, não pode subsistir; antes tem fim.
27 “အားကြီးသောသူကို အယင်မတုပ်ဘဲနှင့် ထိုသူ၏အိမ်သို့ ဝင်၍ ပစ္စည်းဥစ္စာများကို ဇာသူလေ့ မလုယူနိုင်။ တုပ်ပြီးမှရာ လုယူနိုင်၏။
27 Ninguém pode roubar os bens do valente, entrando-lhe em sua casa, se primeiro não maniatar o valente; e então roubará a sua casa.
28 “သင်ရို့အား ငါ အမှန်ဆိုသည်ကား လူတိက မိမိရို့ လွန်ကျူးသော အပြစ်ဟိသမျှကိုလည်းကောင်း၊ လိမ်လည်သော စကားအမျိုးမျိုးအတွက်လည်းကောင်း အပြစ်ရွှတ်ခွင့်ရနိုင်၏။
28 Na verdade vos digo que todos os pecados serão perdoados aos filhos dos homens, e toda a sorte de blasfêmias, com que blasfemarem;
29 သို့ရာတွင် သန့်ယှင်းသောဝိညာဉ်တော်ကို ပြစ်မှားသောသူကား တစ်ခါမျှ အပြစ်မှ လွတ်ခွင့်မရ။ ထိုသူကား ထာဝရအပြစ်ကို ပြုသောသူဖြစ်၏” ဟု မိန့်တော်မူ၏။ (
29 Qualquer, porém, que blasfemar contra o Espírito Santo, nunca obterá perdão, mas será réu do eterno juízo
30 ဤသို့ မိန့်တော်မူရခြင်းမှာ လူအချို့သည် ကိုယ်တော့်ကို “ဝိညာဉ်ဆိုး ပူးသောသူဟု စွပ်စွဲကြသောကြောင့်ဖြစ်၏။”)
30 (Porque diziam: Tem espírito imundo).
31 ထို့နောက် ယေသျှု၏မိခင်နှင့် ညီတော်ရို့သည် ရောက်လာလျှင် အိမ်အပြင်၌ ရပ်လျက်၊ ရောက်နိန်ကြောင်းကို ကိုယ်တော့်ကို ကြားပြောခိုင်း၏။
31 Chegaram, então, seus irmãos e sua mãe; e, estando fora, mandaram-no chamar.
32 လူအပေါင်းရို့သည် ကိုယ်တော့်ကို ခြံရံလျက် ထိုင်နိန်ကြ၏။ သူရို့က “ကိုယ်တော်၏ အမိနှင့် ညီတိ၊ ညီမတိ အိမ်အပြင်၌ ရောက်နိန်ပါ၏၊ ထိုသူရို့သည် ကိုယ်တော့်ကို ရှာနိန်ကြ၏” ဟု လျှောက်ကြ၏။
32 E a multidão estava assentada ao redor dele, e disseram-lhe: Eis que tua mãe e teus irmãos te procuram, e estão lá fora.
33 ကိုယ်တော်က “ငါ့အမိ၊ ငါ့ညီတိကား ဇာသူရို့နည်း” ဟု မိန်းတော်မူပြီး၊
33 E ele lhes respondeu, dizendo: Quem é minha mãe e meus irmãos?
34 မိမိပတ်လည်တွင် ထိုင်နိန်ကြသောသူရို့အား ကြည့်တော်မူလျက် “ငါ့အမိ၊ ငါ့ညီတိကား၊ ဤသူရို့ပင် ဖြစ်၏။
34 E, olhando em redor para os que estavam assentados junto dele, disse: Eis aqui minha mãe e meus irmãos.
35 ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူ မှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏” ဟု မိန့်တော်မူ၏။
35 Porquanto, qualquer que fizer a vontade de Deus, esse é meu irmão, e minha irmã, e minha mãe.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.