Marcos 2
rki (RKI) vs ARIB
1 ရက်အနည်းချေ လွန်ပြီးနောက် ယေသျှုသည် ကပေရနောင်မြို့သို့ ရောက်လာ၏။ ကိုယ်တော်သည် အိမ်၌ ဟိတော်မူသည့်အကြောင်း သတင်းတော်သည် ပြန့်နှံ့လေ၏။
1 Alguns dias depois entrou Jesus outra vez em Cafarnaum, e soube-se que ele estava em casa.
2 ထို့ကြောင့် လူအပေါင်းရို့သည် စုရုံးရောက်လာကြသဖြင့် အိမ်ခန်းမှစ၍ အိမ်ရှိ့၌ပင် ခြီချစရာ နီရာမဟိပေ။ ယေသျှုသည်လည်း ထိုလူအပေါင်းရို့ကို တရားဟောတော်မူ၏။
2 Ajuntaram-se, pois, muitos, a ponta de não caberem nem mesmo diante da porta; e ele lhes anunciava a palavra.
3 ထိုစဉ် လူလေးယောက်ရို့သည် လီဖြတ်သော လူတစ်ယောက်ကို ကိုယ်တော့်အထံတော်ပါးသို့ သယ်ယူလာကြ၏။
3 Nisso vieram alguns a trazer-lhe um paralítico, carregado por quatro;
4 သို့သော် လူအပေါင်းရို့သည် ပြည့်ကျပ်နိန်သဖြင့် ကိုယ်တော့်ထံသို့ တိုး၍ မပေါက်နိုင်ကြ။ ထို့ကြောင့် ကိုယ်တော်ဟိသည့် နီရာအထက်မှ အိမ်ခေါင်မိုးကိုဖွင့်ပြီး၊ လူမမာအား လှဲနိန်သောဖျာနှင့်တကွ လျောချကြ၏။
4 e não podendo aproximar-se dele, por causa da multidão, descobriram o telhado onde estava e, fazendo uma abertura, baixaram o leito em que jazia o paralítico.
5 ယေသျှုကလည်း ထိုသူရို့၏ ယုံကြည်ခြင်းကို မြင်လျှင် လီဖြတ်သောလူအား “ငါ့သား၊ သင်၏အပြစ်ကို ခွင့်ရွှတ်ယာ” ဟု မိန့်တော်မူ၏။
5 E Jesus, vendo-lhes a fé, disse ao paralítico: Filho, perdoados são os teus pecados.
6 ထိုအရပ်၌ ထိုင်နိန်ကြသော ကျမ်းတတ်ဆရာအချို့က၊
6 Ora, estavam ali sentados alguns dos escribas, que arrazoavam em seus corações, dizendo:
7 “ဤသူသည် ဇာကြောင့် ဤပိုင် ပြောရသနည်း။ ဤသည်ကား ဘုရားကို ပြစ်မှားခြင်းဖြစ်၏။ ဘုရားသခင် တစ်ပါးတည်းရာ အပြစ်ကို ရွှတ်နိုင်သောသူဖြစ်၏” ဟူ၍ တွေးတောနိန်ကြ၏။
7 Por que fala assim este homem? Ele blasfema. Quem pode perdoar pecados senão um só, que é Deus?
8 ထိုသူရို့သည် မိမိရို့၏စိတ်နှလုံးထဲ၌ ထိုသို့ တွေးတောနိန်သည်ကို ယေသျှုသည် မိမိဉာဏ်တော်အားဖြင့် ချက်ချင်း သိတော်မူသဖြင့် “သင်ရို့ ဇာတွက် ယင်းပိုင် တွေးတောကြသနည်း။
8 Mas Jesus logo percebeu em seu espírito que eles assim arrazoavam dentro de si, e perguntou-lhes: Por que arrazoais desse modo em vossos corações?
9 လီဖြတ်နိန်သော သူအား ‘သင်၏ အပြစ်ကို ခွင့်ရွှတ်ယာ’ ဟု ပြောသည်က ပို၍ လွယ်သလော၊ ထိုသို့ မဟုတ် ‘ထပြီးလျှင် သင့်ဖျာကို လိပ်ကာ ပြန်လားလော့’ ဟု ပြောသည်က ပို၍ လွယ်သလော။
9 Qual é mais fácil? dizer ao paralítico: Perdoados são os teus pecados; ou dizer: Levanta-te, toma o teu leito, e anda?
10 လူသားသည် ဤလောက၌ အပြစ်ရွှတ်ပိုင်ခွင့် တန်ခိုးအာဏာဟိသည်ကို သင်ရို့သည် တွိ့မြင်ရလိမ့်မည်” ဟု ပြောဆိုပြီးလျှင် လီဖြတ်သောသူအား
10 Ora, para que saibais que o Filho do homem tem sobre a terra autoridade para perdoar pecados { disse ao paralítico },
11 “သင့်အား ငါ ဆိုသည်ကား၊ ထပြီးလျှင် သင်၏ဖျာကို ကောက်၍ အိမ်သို့ ပြန်လော့” ဟု မိန့်တော်မူ၏။
11 a ti te digo, levanta-te, toma o teu leito, e vai para tua casa.
12 ထိုသူသည်လည်း မိမိ၏ဖျာကို ကောက်ပြီးလျှင် လူအပေါင်းရို့ရှိ့မှ ထွက်လားလေ၏။ ထိုအမှုအရာကို တွိ့မြင်သောလူရို့သည် အလွန်တရာအံ့ဩကြပြီး “ဤပိုင် ငါရို့တစ်သက်မှာ တခါမှ မမြင်ဖူးပါ” ဟု ဆိုလျက် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
12 Então ele se levantou e, tomando logo o leito, saiu à vista de todos; de modo que todos pasmavam e glorificavam a Deus, dizendo: Nunca vimos coisa semelhante.
13 တဖန်၊ ယေသျှုသည် ဂါလိလဲကမ်းခြီသို့ ကြွတော်မူ၏။ လူအစုအဝေးရို့သည် ကိုယ်တော်ပါးသို့ ရောက်လာကြသဖြင့် ကိုယ်တော်သည် ထိုသူရို့အား ဟောပြောသွန်သင်တော်မူ၏။
13 Outra vez saiu Jesus para a beira do mar; e toda a multidão ia ter com ele, e ele os ensinava.
14 ထိုမှ ကြွတော်မူစဉ် အကောက်ခွန်ရုံး၌ အာလဖဲ၏သား လေဝိထိုင်နိန်သည်ကို မြင်တော်မူလျှင်၊ ကိုယ်တော်က “ငါ့နောက်သို့ လိုက်လော” ဟု မိန့်တော်မူ၏။ ထိုသူသည် ချက်ချင်းထပြီး ကိုယ်တော်၏ နောက်တော်သို့ လိုက်လေ၏။
14 Quando ia passando, viu a Levi, filho de Alfeu, sentado na coletoria, e disse-lhe: Segue-me. E ele, levantando-se, o seguiu.
15 ထို့နောက် ယေသျှုသည် လေဝိ၏အိမ်၌ တပည့်တော်ရို့နှင့်အတူ စားသောက်လျက်နိန်စဉ်၊ အခွန်ခံများနှင့် အပယ်ခံသောသူများသည် လိုက်လာကြသဖြင့် တပည့်တော်ရို့နှင့်အတူ ဝင်ရောက်စားသောက်ကြ၏။
15 Ora, estando Jesus à mesa em casa de Levi, estavam também ali reclinados com ele e seus discípulos muitos publicanos e pecadores; pois eram em grande número e o seguiam.
16 ထိုသို့ ကိုယ်တော်သည် ထိုသူရို့နှင့် စားသောက်လျက်နိန်သည်ကို ကျမ်းပြုဆရာအချို့နှင့် ဖာရိယှဲအချို့သည် မြင်ကြလျှင် “ဤသူကား ဇာဖြစ်လို့ အခွန်ခံသောလူ၊ အပယ်ခံသောလူတိနှင့်အတူ စားသောက်နိန်သနည်း” ဟု တပည့်တော်ရို့အား မိန်းတော်မူ၏။
16 Vendo os escribas dos fariseus que comia com os publicanos e pecadores, perguntavam aos discípulos: Por que é que ele como com os publicanos e pecadores?
17 ကိုယ်တော်သည် ထိုစကားကို ကြားလျှင် “ကျန်းမာသောသူရို့သည် ဆီးသမားကို အလိုမဟိ၊ မကျန်းမာသော လူတိရာ အလိုဟိကြ၏။ ငါ ကြွလာသည်ကား၊ အရိုအသီခံရသော လူတိအတွက် လာသည် မဟုတ်၊ အပယ်ခံရသောလူတိနှင့် ဆိုးသွမ်းသောလူတိအတွက် ငါ ကြွလာခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
17 Jesus, porém, ouvindo isso, disse-lhes: Não necessitam de médico os sãos, mas sim os enfermos; eu não vim chamar justos, mas pecadores.
18 တစ်နိ့၌ ဗတ္တိဇံဆရာယောဟန်၏ တပည့်ရို့နှင့် ကျမ်းပြုဆရာရို့သည် အစာယှောင်နိန်ကြ၏။ လူတချို့က၊ ကိုယ်တော်ထံတော်ပါးသို့ ရောက်လာပြီးလျှင် “ဗတ္တိဇံဆရာယောဟန်၏ တပည့်ရို့နှင့် ဖာရိယှဲတပည့်ရို့က အစာယှောင်ကြ၏။ သို့သော် ကိုယ်တော်၏ တပည့်ရို့က ဇာကြောင့် အစာမယှောင်ကြသနည်း” ဟု မိန်းလျှောက်ကြ၏။
18 Ora, os discípulos de João e os fariseus estavam jejuando; e foram perguntar-lhe: Por que jejuam os discípulos de João e os dos fariseus, mas os teus discípulos não jejuam?
19 ယေသျှုကလည်း၊ “မင်္ဂလာဆောင်သတို့သား၏ အပေါင်းအပါရို့သည် မင်္ဂလာပွဲ၌ သတို့သားနှင့်အတူ ဟိနိန်ကြသောအခါ၊ ယင်းသူရို့ အစာယှောင်နိန်ကြသလော။ သတို့သားနှင့်အတူ ဟိသောအချိန်ကာလပတ်လုံး သူရို့သည် အစာမယှောင်တတ်ကြ။
19 Respondeu-lhes Jesus: Podem, porventura, jejuar os convidados às núpcias, enquanto está com eles o noivo? Enquanto têm consigo o noivo não podem jejuar;
20 သို့သော် သတို့သားကို ထိုသူရို့ပါးက ခွဲယူလားသောနိ့ ရောက်လိမ့်မည်၊ သို့ပြီးမှသာ သူရို့သည် အစာယှောင်ကြလိမ့်မည်။
20 dias virão, porém, em que lhes será tirado o noivo; nesses dias, sim hão de jejuar.
21 “ပိတ်စအသစ်ဖြင့် အထည်ဟောင်းကို ဇာသူမျှ ဖာသားမချ။ ထိုသို့ ဖာသားချသော်လည်း ပိတ်စအသစ်သည် ရုန်း၍ ပိုပြီး စုတ်ပြဲလိမ့်မည်။
21 Ninguém cose remendo de pano novo em vestido velho; do contrário o remendo novo tira parte do velho, e torna-se maior a rotura.
22 ယင်းနည်းတူ သားရီဘူးအဟောင်းထဲ၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မဟိ၊ ထိုသို့ထည့်သော် စပျစ်ရည်အသစ်ကြောင့် သားရီဘူးသည် ပေါက်ကွဲတတ်သည်ဖြစ်၍ နှစ်ခုစလုံး ပျက်စီးလိမ့်မည်။ ယင်းကြောင့် စပျစ်ရည်အသစ်ကို သားရီဘူးအသစ်၌ရာ ထည့်ရမည်” ဟု ထိုသူရို့အား မိန့်တော်မူ၏။
22 E ninguém deita vinho novo em odres velhos; do contrário, o vinho novo romperá os odres, e perder-se-á o vinho e também os odres; mas deita-se vinho novo em odres novos.
23 ဥပုသ်နိ့၌ ကိုယ်တော်သည် ဂျုံခင်းကို ဖြတ်၍လားစဉ်၊ တပည့်တော်ရို့သည် ဂျုံနှံများကို ခြွီယူကြ၏။
23 E sucedeu passar ele num dia de sábado pelas searas; e os seus discípulos, caminhando, começaram a colher espigas.
24 ထိုအခါ ဖာရိယှဲရို့က “ကြည့်ပါ၊ ငါရို့၏ပညတ်ကျမ်းအရ ဥပုသ်နိ့၌ မပြုအပ်သောအမှုတိကို သူရို့က ဇာကြောင့် ပြုကြသနည်း” ဟု ကိုယ်တော့်ကို မိန်းလျှောက်ကြ၏။
24 E os fariseus lhe perguntaram: Olha, por que estão fazendo no sábado o que não é lícito?
25 ယေသျှုကလည်း “ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် ဝမ်းဆာနိန်သောအချိန်တွင် မိမိအဖော်တိနှင့်အတူ၊
25 Respondeu-lhes ele: Acaso nunca lestes o que fez Davi quando se viu em necessidade e teve fome, ele e seus companheiros?
26 ဘုရားသခင်၏ အိမ်တော်သို့ ဝင်ပြီးလျှင် အကျွန်ရို့၏ပညတ်ကျမ်းအရ ယဇ်ပုရောဟိတ်တိမှတစ်ပါး ဇာသူမျှ မစားအပ်သော ရှိ့တော်မုန့်ကို စားပြီး — မိမိ၏အဖော်ရို့ကိုလည်း ပီးကြောင်းကို ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော” ဟု မိန်းတော်မူ၏။
26 Como entrou na casa de Deus, no tempo do sumo sacerdote Abiatar, e comeu dos pães da proposição, dos quais não era lícito comer senão aos sacerdotes, e deu também aos companheiros?
27 ထို့နောက် ကိုယ်တော်က “ဥပုသ်နိ့အဖို့ လူကို ဖန်ဆင်းထားသည် မဟုတ်။ လူ့အဖို့ရာ ဥပုသ်နိ့ကို သတ်မှတ်ထားခြင်းဖြစ်၏။
27 E prosseguiu: O sábado foi feito por causa do homem, e não o homem por causa do sábado.
28 ယင်းကြောင့် လူသားသည် ဥပုသ်နိ့၏ အသျှင်သခင် ဖြစ်၏” ဟု မိန့်တော်မူ၏။
28 Pelo que o Filho do homem até do sábado é Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.