Marcos 1
rki (RKI) vs NVI
1 ဘုရားသခင်၏သားတော် ယေသျှုခရစ်တော်၏ သတင်းကောင်းတရားတော် စတင်ပုံကို ဆိုပေအံ့။
1 Princípio do evangelho de Jesus Cristo, o Filho de Deus.
2 ပရောဖက် ဟေသျှာယ၏ ကျမ်းစာ၌၊
2 Conforme está escrito no profeta Isaías: "Enviarei à tua frente o meu mensageiro; ele preparará o teu caminho"—
3 တောကန္တာရ၌ ဟစ်ကြော်သောသူ၏အသံကား
3 "voz do que clama no deserto: ‘Preparem o caminho para o Senhor, façam veredas retas para ele’ ".
4 ဗတ္တိဇံဆရာယောဟန်သည် တောကန္တာရ၌ ပေါ်ထွန်းလာ၍ တရားဟောလျက်၊ ဗတ္တိဇံပီးလျက် နိန်၏။ ထိုသူသည် လူရို့အား “နောင်တရပြီး၊ ဗတ္တိဇံကို ခံယူကြ။ ယင်းမှသာ ဘုရားသခင်သည် သင်ရို့၏အပြစ်များကို ခွင့်ရွှတ်လိမ့်မည်” ဟု ဟောပြောလေ၏။
4 Assim surgiu João, batizando no deserto e pregando um batismo de arrependimento para o perdão dos pecados.
5 ယုဒပြည် ကျေးလက်ဒေသနှင့် ယေရုဆလင်မြို့မှ လူအပေါင်းရို့သည် ယောဟန်ပါးသို့ လာပြီးလျှင်၊ မိမိရို့၏အပြစ်များကို ဝန်ခံကြသည်ဖြစ်၍ ယောဟန်သည် ထိုသူရို့အား ယော်ဒန်မြစ်၌ ဗတ္တိဇံကို ပီးလေ၏။
5 A ele vinha toda a região da Judéia e todo o povo de Jerusalém. Confessando os seus pecados, eram batizados por ele no rio Jordão.
6 ယောဟန်သည် ကုလားအုတ်အမွီးနှင့် ရက်လုပ်ထားသော အဝတ်ကိုဝတ်ပြီး၊ ခါး၌ သားရီဖြင့် လုပ်ထားသောခါးပတ်ကို ပတ်ထားလျက်၊ ကျိုင်းကောင်နှင့် တော၌ ဟိသောပျားရည်ကို မှီဝဲလို့နိန်၏။
6 João vestia roupas feitas de pêlos de camelo, usava um cinto de couro e comia gafanhotos e mel silvestre.
7 ယောဟန်က “ငါ့နောက်၌ ကြွလာသောသူကား၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူဖြစ်၏။ ငါသည် ထိုသူ၏ ခြီနင်းကြိုးကိုတောင်မှ ငုံ့၍ ဖြီဖို့ မထိုက်။
7 E esta era a sua mensagem: "Depois de mim vem alguém mais poderoso do que eu, tanto que não sou digno nem de curvar-me e desamarrar as correias das suas sandálias.
8 ငါကား၊ ရီ၌ ဗတ္တိဇံကို ပီး၏။ သို့ရာတွင် ထိုသူသည် သင်ရို့အား သန့်ယှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ပီးလိမ့်မည်” ဟု ဟောပြောလေ၏။
8 Eu os batizo com água, mas ele os batizará com o Espírito Santo".
9 ထိုအခါ ယေသျှုသည် ဂါလိလဲပြည် နာဇရက်မြို့မှ ကြွလာပြီးလျှင် ယော်ဒန်မြစ်၌ ယောဟန်အားဖြင့် ဗတ္တိဇံကို ခံတော်မူ၏။
9 Naquela ocasião Jesus veio de Nazaré da Galiléia e foi batizado por João no Jordão.
10 ယေသျှုသည် ရီထဲမှ ပေါ်ထလာစဉ်တွင် ကောင်းကင်ဖွင့်၍ သန့်ယှင်းသော ဝိညာဉ်တော်သည် ဂြိုးငှက်ကဲ့သို့ မိမိအထက်၌ ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
10 Assim que saiu da água, Jesus viu os céus se abrindo, e o Espírito descendo como pomba sobre ele.
11 ထို့နောက် ကောင်းကင်မှလည်း “သင်ကား ငါ နှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားဖြစ်၏” ဟု အသံထွက်ပေါ်လာ၏။
11 Então veio dos céus uma voz: "Tu és o meu Filho amado; em ti me agrado".
12 ထို့နောက် သန့်ယှင်းသောဝိညာဉ်တော်သည် ယေသျှုအား တောကန္တာရသို့ ချက်ချင်းပို့ဆောင်တော်မူ၏။
12 Logo após, o Espírito o impeliu para o deserto.
13 ထိုအရပ်၌ စာတန်မာရ်နတ်သည် ယေသျှုအား ရက်ပေါင်းလေးဆယ်ပတ်လုံး စုံစမ်းသွီးဆောင်တော်မူ၏။ ထိုအရပ်၌ သားရဲတိရစ္ဆာန်တိလည်း ဟိ၏၊ သို့သော် ကောင်းကင်တမန်ရို့သည် ထိုအသျှင်အား စောင့်ရှောက်တော်မူ၏။
13 Ali esteve quarenta dias, sendo tentado por Satanás. Estava com os animais selvagens, e os anjos o serviam.
14 ယောဟန်သည် ထောင်၌ အကျဉ်းချခံရပြီးနောက် ယေသျှုသည် ဂါလိလဲပြည်သို့ လားပြီးလျှင် ဘုရားသခင်၏ သတင်းကောင်းတရားကို ဟောပြောတော်မူ၏။
14 Depois que João foi preso, Jesus foi para a Galiléia, proclamando as boas novas de Deus.
15 ထိုသတင်းကောင်းတရားဟူမူကား “ချိန်းချက်တော်မူသော အချိန်ရောက်ယာ၊ ဘုရားသခင်၏ နိုင်ငံတော်သည် အနီးအပါး၌ ဟိယာ။ နောင်တရ၍၊ သတင်းကောင်းတရားကို ယုံကြည်ကြလော့” ဟူ၍ ဖြစ်၏။
15 "O tempo é chegado", dizia ele. "O Reino de Deus está próximo. Arrependam-se e creiam nas boas novas! "
16 ယေသျှုသည် ဂါလိလဲအိုင် ကမ်းခြီတလျှောက်၌ ကြွတော်မှုစဉ်၊ သျှိမုန်နှင့် သူ၏ ညီအန္ဒြေရို့သည် ပိုက်ဖြင့် ငါးဖမ်းနိန်သည်ကို မြင်တော်မူ၏။
16 Andando à beira do mar da Galiléia, Jesus viu Simão e seu irmão André lançando redes ao mar, pois eram pescadores.
17 ယေသျှုကလည်း ထိုသူရို့အား “လာကြ၊ ငါ့နောက်သို့ လိုက်ကြ။ သင်ရို့အား လူကို မျှားသောတံငါ ဖြစ်စီခြင်းငှာ ငါ သင်ပီးမည်” ဟု မိန့်တော်မူ၏။
17 E disse Jesus: "Sigam-me, e eu os farei pescadores de homens".
18 ထိုသူရို့သည် ချက်ချင်းပင် မိမိရို့၏ ငါးဖမ်းပိုက်ကို စွန့်ပစ်ပြီး ကိုယ်တော်၏နောက်သို့ လိုက်ကြ၏။
18 No mesmo instante eles deixaram as suas redes e o seguiram.
19 ထိုမှ အနည်းချေလွန်လားလျှင် ကိုယ်တော်သည် အခြားညီကိုနှစ်ယောက်ဖြစ်သော ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ရို့သည် လောင်းထဲ၌ ငါးဖမ်းပိုက်အား အဆင်သင့်ဖြစ်စီခြင်းငှာ ပြုပျင်နိန်သည်ကို တွိ့မြင်တော်မူ၏။
19 Indo um pouco mais adiante, viu num barco Tiago, filho de Zebedeu, e João, seu irmão, preparando as suas redes.
20 ကိုယ်တော်သည် သူရို့ကို မြင်၍ ချက်ချင်း ခေါ်တော်မှုလျှင် သူရို့က ဖခင်ဖြစ်သူ ဇေဗေဒဲကို လူငှားတိနှင့်အတူ လောင်းထဲတွင် ထားခပြီး နောက်တော်သို့ လိုက်ကြလေ၏။
20 Logo os chamou, e eles o seguiram, deixando Zebedeu, seu pai, com os empregados no barco.
21 ယေသျှုနှင့် တပည့်တော်ရို့သည် ကပေရနောင်မြို့သို့ ရောက်လာကြပြီး၊ နောက်တစ်နိ့ ဥပုသ်နိ့၌ တရားဇရပ်သို့ လား၍ ဆုံးမဩဝါဒ ပီးလေ၏။
21 Eles foram para Cafarnaum e, assim que chegou o sábado, Jesus entrou na sinagoga e começou a ensinar.
22 ထိုအသျှင်၏ ဆုံးမဩဝါဒကို ကြားရသောသူရို့သည် အံ့ဩခြင်းသို့ ရောက်ကြ၏။ အကြောင်းမူကား ကျမ်းတတ်ဆရာတိကဲ့သို့ မဟုတ်ဘဲ အခွင့်အာဏာဟိသောသူကဲ့သို့ ဆုံးမဩဝါဒကို ပီးတော်မူသောကြောင့်ဖြစ်၏။
22 Todos ficavam maravilhados com o seu ensino, porque lhes ensinava como alguém que tem autoridade e não como os mestres da lei.
23 ထိုအချိန်၌ တရားဇရပ်တွင် ဝိညာဉ်ဆိုးပူးသော လူတစ်ယောက်ဟိ၏။ ထိုသူသည် အော်ဟစ်ကြောက်လန့်၍၊
23 Justamente naquela hora, na sinagoga, um homem possesso de um espírito imundo gritou:
24 “နာဇရက်မြို့သားယေသျှု၊ ကိုယ်တော်သည် အကျွန်ရို့နှင့် ဇာသို့ ဆိုင်သနည်း။ အကျွန်ရို့ကို ဖျက်ဆီးဖို့ ရောက်လာသည်လော။ ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသော သန့်ယှင်းသော သူဖြစ်သည်ကို — အကျွန်သိပါ၏” ဟု ဟစ်ကြော်လေ၏။
24 "O que queres conosco, Jesus de Nazaré? Vieste para nos destruir? Sei quem tu és: o Santo de Deus! "
25 ယေသျှုကလည်း “တိန်း၍ နီပြီးလျှင် ထိုသူအထဲက ထွက်လားလော့” ဟု ဝိညာဉ်ဆိုးကို အမိန့်ပီးတော်မူလျှင်၊
25 "Cale-se e saia dele! ", repreendeu-o Jesus.
26 ဝိညာဉ်ဆိုးသည် ထိုသူကို တက်စီပြီး ကြီးသောအော်ဟစ်ခြင်းကို ပြုပြီးမှ ထွက်လားလေ၏။
26 O espírito imundo sacudiu o homem violentamente e saiu dele gritando.
27 ထိုအခြင်းအရာကို တွိ့မြင်သောသူရို့သည် မိန်းမောတွေဝေ၍ “ဤချင့်ကား ဇာသို့နည်း။ ဤဆုံးမခြင်းမျိုးက ဇာပိုင်မျိုးနည်း။ အာဏာဖြင့် အမိန့်ပီးသည်နှင့် ဝိညာဉ်ဆိုးရို့ နားထောင်ကြ၏” ဟု အချင်းချင်း ပြောဆိုနိန်ကြ၏။
27 Todos ficaram tão admirados que perguntavam uns aos outros: "O que é isto? Um novo ensino — e com autoridade! Até aos espíritos imundos ele dá ordens, e eles lhe obedecem! "
28 ကိုယ်တော်၏ သတင်းတော်သည်လည်း ဂါလိလဲပြည်တလျှောက်၌ လျင်မြန်စွာ ပြန့်လားလေ၏။
28 As notícias a seu respeito se espalharam rapidamente por toda a região da Galiléia.
29 ထို့နောက် ယေသျှုနှင့်တပည့်တော်ရို့သည် တရားဇရပ်မှ ထွက်လာ၍ သျှိမုန်နှင့် အန္ဒြေရို့၏အိမ်သို့ ကြွတော်မူ၏။ ယောဟန်နှင့် ယာကုပ်ရို့လည်း အတူလိုက်လားကြ၏။
29 Logo que saíram da sinagoga, foram com Tiago e João à casa de Simão e André.
30 သျှိမုန်၏ယောက္ခမသည် အိပ်ရာထဲ၌ ဖျားနာ၍ တုံးလုံးလှဲနိန်သည်ကို ထိုအိမ်သို့ ရောက်လျှင်ရောက်ချင်း ယေသျှုအား လျှောက်ထားလေ၏။
30 A sogra de Simão estava de cama, com febre, e falaram a respeito dela a Jesus.
31 ယေသျှုသည် သူမအနားသို့ လားပြီးလျှင် လက်ကိုကိုင်ဆွဲ၍ ထူမတော်မူ၏။ ထိုအခါ သူမသည် ဖျားနာပျောက်၍ အာဂန္တုဝတ်ကို ပြုလေ၏။
31 Então ele se aproximou dela, tomou-a pela mão e ajudou-a a levantar-se. A febre a deixou, e ela começou a servi-los.
32 နီဝင်၍ ညချမ်းအချိန်ရောက်သောအခါ လူရို့သည် မကျန်းမာသောသူရို့နှင့် နတ်ဆိုးပူးသောသူရို့ကို အထံတော်သို့ ခေါ်ဆောင်လာကြ၏။
32 Ao anoitecer, depois do pôr-do-sol, o povo levou a Jesus todos os doentes e os endemoninhados.
33 တစ်မြို့လုံးမှ လူရို့သည် အိမ်ရှိ့၌ လာရောက်စုရုံးလျက်ဟိကြ၏။
33 Toda a cidade se reuniu à porta da casa,
34 ကိုယ်တော်သည် ရောဂါအမျိုးမျိုး ခံစားနိန်ကြသောလူတိကို ကျန်းမာစီတော်မူလျက် နတ်ဆိုးတိကိုလည်း မောင်းထုတ်တော်မူ၏။ ကိုယ်တော်သည် နတ်ဆိုးတိအား စကားတစ်ခွန်းကိုမျှ ပြောခွင့်ပီးတော်မမူ။ အကြောင်းမူကား နတ်ဆိုးရို့သည် ကိုယ်တော့်ကို မည်သူဖြစ်ကြောင်းကို သိသောကြောင့်ဖြစ်၏။
34 e Jesus curou muitos que sofriam de várias doenças. Também expulsou muitos demônios; não permitia, porém, que estes falassem, porque sabiam quem ele era.
35 နောက်တစ်နိ့ မိုးထစောစော၌ ယေသျှုသည် အိပ်ရာမှထကာ အိမ်မှထွက်၍ တိတ်ဆိတ်ရာအရပ်သို့ ကြွလားတော်မူပြီးလျှင်၊ ထိုအရပ်၌ ဆုတောင်းပတ္ထနာ ပြုတော်မူ၏။
35 De madrugada, quando ainda estava escuro, Jesus levantou-se, saiu de casa e foi para um lugar deserto, onde ficou orando.
36 သျှိမုန်နှင့် သူ၏အပေါင်းအပါရို့သည် ကိုယ်တော့်ကို လိုက်ရှာကြ၏။
36 Simão e seus companheiros foram procurá-lo
37 ကိုယ်တော့်ကို တွိ့သောအခါ သူရို့သည် “လူတိက ကိုယ်တော့်ကို ရှာနိန်ကတ်ရေ” ဟု လျှောက်ကြ၏။
37 e, ao encontrá-lo, disseram: "Todos estão te procurando! "
38 ကိုယ်တော်ကလည်း “ဤအရပ်မှ နီးစပ်ရာ အခြားရွာများသို့ တရားဟောခြင်းငှာ ငါရို့ လားကြမည်။ ယင်းအတွက်နန့် ငါ ကြွလာရခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
38 Jesus respondeu: "Vamos para outro lugar, para os povoados vizinhos, para que também lá eu pregue. Foi para isso que eu vim".
39 ကိုယ်တော်သည် ဂါလိလဲပြည် အရပ်ရပ်၌ဟိသော တရားဇရပ်များတွင် တရားဟောခြင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်းတိကို ပြုတော်မူ၏။
39 Então ele percorreu toda a Galiléia, pregando nas sinagogas e expulsando os demônios.
40 အနူရောဂါသည် တစ်ယောက်သည် ကိုယ်တော်၏ ရှိ့တော်သို့ ရောက်လာပြီး၊ ဒူးထောက်လျက် “ကိုယ်တော် အလိုတော်ဟိလျှင် အကျွန့်ကို သန့်ယှင်းစီပါ” ဟု တောင်းပန်လေ၏။
40 Um leproso aproximou-se dele e suplicou-lhe de joelhos: "Se quiseres, podes purificar-me! "
41 ယေသျှုသည် သနားတော်မူသဖြင့်၊ လက်တော်ကိုဆန့်၍ ထိုသူကို တို့ပြီး “ငါ အလိုဟိ၏၊ သန့်ယှင်းစီလော့” ဟု မိန့်တော်မူ၏။
41 Cheio de compaixão, Jesus estendeu a mão, tocou nele e disse: "Quero. Seja purificado! "
42 ထိုသူသည် ချက်ချင်း နူနာပျောက်၍ သန့်ယှင်းခြင်းသို့ ရောက်လေ၏။
42 Imediatamente a lepra o deixou, e ele foi purificado.
43 — ausente —
43 Em seguida Jesus o despediu, com uma severa advertência:
44 — ausente —
44 "Olhe, não conte isso a ninguém. Mas vá mostrar-se ao sacerdote e ofereça pela sua purificação os sacrifícios que Moisés ordenou, para que sirva de testemunho".
45 ထိုသူသည် မိန့်မှာထားတော်မှုသည့်အတိုင်း ဝီးရာသို့ ထွက်လားလေ၏။ သို့သော် မိမိ၌ ဖြစ်ပျက်သမျှအကြောင်းအား ပြောကြားခြင်းဖြင့် ထိုသတင်းသည် နီရာအနှံ့အပြားသို့ ရောက်လေ၏။ ထို့ကြောင့် ကိုယ်တော်သည် ဇာမြို့၊ ဇာရွာကိုမျှ ထင်ရှားစွာ မဝင်ဘဲ၊ ဆိတ်ငြိမ်ရာ တောအရပ်၌သာ နိန်တော်မူ၏။ သို့သော် အရပ်ရပ်မှ လူရို့သည် ကိုယ်တော်ပါးသို့ ရောက်လာကြ၏။
45 Ele, porém, saiu e começou a tornar público o fato, espalhando a notícia. Por isso Jesus não podia mais entrar publicamente em nenhuma cidade, mas ficava fora, em lugares solitários. Todavia, assim mesmo vinha a ele gente de todas as partes.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.