Marcos 14
rki (RKI) vs VC
1 ပသခါပွဲနှင့် တဆီးမဲ့မုန့်ပွဲတော်မကျမီ နှစ်ရက်အလိုတွင် ကျမ်းတတ်ဆရာရို့နှင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့သည် ယေသျှုအား တိတ်တဆိတ်ဖမ်းဆီးပြီး၊ သတ်ခြင်းငှာ နည်းလမ်းရှာကြ၏။
1 Ora, dali a dois dias seria a festa da Páscoa e dos {pães} Ázimos; e os sumos sacerdotes e os escribas buscavam algum meio de prender Jesus à traição para matá-lo.
2 ထိုသူရို့သည် ပွဲတော်ကာလအတွင်း၌ ဖမ်းဆီးလျှင် လူရို့သည် ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် “မဖမ်းကေ့သိမ့်” ဟု ဆိုကြ၏။
2 Mas não durante a festa, diziam eles, para não haver talvez algum tumulto entre o povo.
3 ယေသျှုသည် ဗေသနိရွာ၌ အရီပြားရောဂါ ခံစားခဖူးသော သျှိမုန်၏အိမ်၌ အစားအစာသုံးဆောင်နိန်တော်မူစဉ်၊ မိန်းမတစ်ယောက်သည် အလွန်အဖိုးထိုက်သော နာဒုဆီမွှီးအစစ်နှင့်ပြည့်သော ကျောက်ဖြူဘူးကို ခွဲ၍ ယေသျှု၏ဂေါင်းထက်မှာ သွန်းလောင်းလေ၏။
3 Jesus se achava em Betânia, em casa de Simão, o leproso. Quando ele se pôs à mesa, entrou uma mulher trazendo um vaso de alabastro cheio de um perfume de nardo puro, de grande preço, e, quebrando o vaso, derramou-lho sobre a cabeça.
4 လူတချို့က မာန်ပါ၍ “ဇာကြောင့် ဆီမွှီးကို ဤပိုင်အကျိုးမဟိ ဖြုန်းတီးရသနည်း။
4 Alguns, porém, ficaram indignados e disseram entre si: Por que este desperdício de bálsamo?
5 ယင်းဆီမွှီးအား ငွီဒင်္ဂါးအပြား ၃၀၀ ကျော်ဖြင့် ရောင်းပြီးလျှင် ဆင်းရဲသောလူတိကို ပီးသင့်၏” ဟု အချင်းချင်း ပြောဆို၍ ထိုမိန်းမကို အပြစ်တင်ကြ၏။
5 Poder-se-ia tê-lo vendido por mais de trezentos denários, e os dar aos pobres. E irritavam-se contra ela.
6 သို့ရာတွင် ယေသျှုက၊ “ထိုမိန်းမကို ထားလိုက်။ ယင်းမိန်းမကို ဇာကြောင့် နှောက်ယှက်ကြသနည်း။ ငါ၌ သူမ ပြုသောအမှုကား လျောက်ပတ်သောအရာနှင့် ကောင်းသောအမှုအရာဖြစ်၏။
6 Mas Jesus disse-lhes: Deixai-a. Por que a molestais? Ela me fez uma boa obra.
7 ဆင်းရဲသောလူတိကား သင်ရို့နှင့် အမြဲဟိနိန်ကြ၏။ သင်ရို့ အလိုဟိသည့်အခါ၌ သူရို့ကို ကူညီနိုင်၏။ ငါမူကား သင်ရို့နှင့် အမြဲဟိမနိန်။
7 Vós sempre tendes convosco os pobres e, quando quiserdes, podeis fazer-lhes bem; mas a mim não me tendes sempre.
8 ဤမိန်းမသည် သူမ တတ်နိုင်သမျှနှင့် ငါ့ကို ပြုစုလီယာ။ ငါ၏ရုပ်ခန္ဓာကို သင်္ဂြိုဟ်ခြင်းငှာ ဆီမွှီးနှင့် ကြိုတင်လိမ်းကျန်လီယာ။
8 Ela fez o que pode: embalsamou-me antecipadamente o corpo para a sepultura.
9 သင်ရို့အား ငါ အမှန်ဆိုသည်ကား သတင်းကောင်းတရားကို ဟောပြောဝီငှသော လောကတစ်ခုလုံး၌ ဤမိန်းမအား အောက်မိ့သတိရစီခြင်းငှာ သူမ ပြုခသောကောင်းမှုကို ပြောကြားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
9 Em verdade vos digo: onde quer que for pregado em todo o mundo o Evangelho, será contado para sua memória o que ela fez.
10 ထို့နောက် တပည့်တော်တစ်ဆယ့်နှစ်ပါး အပါအဝင်ဖြစ်သော ယုဒသျှာကာရုတ်သည် ယေသျှုအား ယဇ်ပုရောဟိတ်အကြီးအကဲရို့၏လက်သို့ အပ်ခြင်းငှာ လားလေ၏။
10 Judas Iscariotes, um dos Doze, foi avistar-se com os sumos sacerdotes para lhes entregar Jesus.
11 ထိုသူရို့သည် ယုဒ လာကြောင်းကို ကြားသိလျှင် ဝမ်းမြောက်ကြသဖြင့် သူ့အား ဖေသာပီးခြင်းငှာ ကတိကဝတ် ပြုကြ၏။ ထို့ကြောင့် ယုဒသည် ကိုယ်တော့်ကို ရန်သူ့လက်သို့ အပ်ခြင်းငှာ အခါအခွင့်ကောင်းကို ရှာကြံလျက် နိန်၏။
11 A esta notícia, eles alegraram-se e prometeram dar-lhe dinheiro. E ele buscava ocasião oportuna para o entregar.
12 ပသခါသိုးသူငယ်ကို သတ်ပြီး၊ ပူဇော်ရသောနိ့တည်းဟူသော တဆီးမဲ့မုန့်ပွဲတော် ပထမနိ့၌ တပည့်တော်တိက “ကိုယ်တော်အဖို့၊ ပသခါညစာပွဲကို အကျွန်ရို့သည် ဇာအရပ်သို့ လားပြီးလျှင် ပျင်ဆင်ရပါမည်နည်း” ဟု ကိုယ်တော့်ကို မိန်းလျှောက်တော်မူလျှင်၊
12 No primeiro dia dos Ázimos, em que se imolava a Páscoa, perguntaram-lhe os discípulos: Onde queres que preparemos a refeição da Páscoa?
13 ကိုယ်တော်သည် တပည့်တော်နှစ်ယောက်အား “သင်ရို့၊ မြို့ထဲသို့ လား၍ ရီအိုးထမ်းလာသောသူကို တွိ့လိမ့်မည်။ ထိုသူ့နောက်သို့ လိုက်လား၍၊
13 Ele enviou dois dos seus discípulos, dizendo: Ide à cidade, e sair-vos-á ao encontro um homem, carregando um cântaro de água.
14 ထိုသူ ဝင်သောအိမ်သို့ ဝင်ပြီးလျှင် အိမ်သျှင်အား ‘ငါနှင့် ငါ၏တပည့်တော်ရို့သည် ပသခါညစာ စားပွဲကို စားမည့် အခန်းကား၊ ဇာမှာနည်း’ ဟု ဆရာက မိန်းကြောင်းကို ပြောကြလော့။
14 Segui-o e, onde ele entrar, dizei ao dono da casa: O Mestre pergunta: Onde está a sala em que devo comer a Páscoa com os meus discípulos?
15 ထိုအခါ ထိုသူက အထက်ဆုံးအထပ်၌ဟိသော အသင့်ပျင်ဆင် ခင်းကျင်းထားသောအခန်းကို ပြလိမ့်မည်။ ထိုအခန်း၌ ငါရို့အဖို့ ညစာကို ပျင်ကြလော့” ဟု မိန့်မှာ၍ စီရွှတ်တော်မူ၏။
15 E ele vos mostrará uma grande sala no andar superior, mobiliada e pronta. Fazei ali os preparativos.
16 ထိုတပည့်တော် နှစ်ယောက်ရို့သည် ထွက်လား၍၊ မြို့ထဲသို့ ရောက်သောအခါ ကိုယ်တော်မိန့်မှာသည်အတိုင်း တွိ့၍ ပသခါညစာကို အသင့်ပျင်ကြ၏။
16 Partiram os discípulos para a cidade e acharam tudo como Jesus lhes havia dito, e prepararam a Páscoa.
17 ညချမ်းအချိန်ရောက်လျှင် ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ပါးရို့နှင့်အတူ ကြွလာတော်မူ၏။
17 Chegando a tarde, dirigiu-se ele para lá com os Doze.
18 ကိုယ်တော်နှင့် တပည့်တော်ရို့သည် စားပွဲ၌ စားသောက်နိန်စဉ် ယေသျှုက၊ “သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့အထဲ၌ — ငါနှင့်အတူ စားသောသူတစ်ယောက်သည် — ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
18 E enquanto estavam sentados à mesa e comiam, Jesus disse: Em verdade vos digo: um de vós que come comigo me há de entregar.
19 တပည့်တော်တိကလည်း စိတ်မကောင်းဖြစ်ကြပြီးလျှင် “ထိုသူကား အကျွန်လော” ဟု ကိုယ်တော့်ကို တစ်ယောက်ပြီးတစ်ယောက် မိန်းလျှောက်ကြ၏။
19 Começaram a entristecer-se e a perguntar-lhe, um após outro: Porventura sou eu?
20 ယေသျှုကလည်း၊ “ထိုသူကား တစ်ကျိပ်နှစ်ပါးရို့တွင် တစ်ယောက် အပါအဝင်ဖြစ်၏။ ထိုသူကား ငါနှင့်အတူ လောင်ပွန်း၌ လက်နှိုက်သောသူဖြစ်၏။
20 Respondeu-lhes ele: É um dos Doze, que se serve comigo do mesmo prato.
21 ကျမ်းစာလာသည်အတိုင်း၊ လူသားသည် အသီခံရမည်။ သို့ရာတွင် လူသားကို ရန်သူ့လက်ထဲသို့ အပ်သောသူကား အမင်္ဂလာဟိ၏။ ထိုသူသည် မွီးဖွားခြင်းကို မခံရလျှင်၊ သူ့အတွက် ပိုပြီး ကောင်းသိမ့်၏” ဟု မိန့်တော်မူ၏။
21 O Filho do homem vai, segundo o que dele está escrito, mas ai daquele homem por quem o Filho do homem for traído! Melhor lhe seria que nunca tivesse nascido...
22 ကိုယ်တော်နှင့် တပည့်တော်ရို့သည် ညစာစားပွဲကို သုံးဆောင်လျက် နီကြစဉ်၊ ကိုယ်တော်သည် မုန့်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ထို့နောက် မုန့်ကို ဖဲ့၍ “ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူပြီးလျှင် စားကြလော့” ဟု မိန့်တော်မူပြီး တပည့်တော်ရို့အား ပီးတော်မူ၏။
22 Durante a refeição, Jesus tomou o pão e, depois de o benzer, partiu-o e deu-lho, dizendo: Tomai, isto é o meu corpo.
23 ထို့နောက် စပျစ်ရည်ခွက်ကို ယူ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်ရို့အား ပီးတော်မူလျှင် သူရို့အားလုံးသည်လည်း သောက်ကြ၏။
23 Em seguida, tomou o cálice, deu graças e apresentou-lho, e todos dele beberam.
24 ယေသျှုကလည်း “ဤစပျစ်ရည်ကား လူတိအဖို့ သွန်းသော ဘုရားသခင်၏ပဋိညာဉ်တော်ကို တံဆိပ်ခတ်နှိပ်ထားသော ငါ၏အသွီးပင် ဖြစ်၏။
24 E disse-lhes: Isto é o meu sangue, o sangue da aliança, que é derramado por muitos.
25 သင်ရို့အား ငါ အမှန်ဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်၌ အသစ်သောစပျစ်ရည်ကို သောက်ရသည့်နိ့မတိုင်မီ ငါသည် ဤစပျစ်ရည်ကို နောက်တဖန် မသောက်” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
25 Em verdade vos digo: já não beberei do fruto da videira, até aquele dia em que o beberei de novo no Reino de Deus.
26 ထို့နောက်တွင် ကိုယ်တော်နှင့် တပည့်တော်ရို့သည် ဓမ္မတေးခြင်းကို ဆိုလျက် သံလွင်တောင်သို့ ထွက်လားကြ၏။
26 Terminado o canto dos Salmos, saíram para o monte das Oliveiras.
27 ယေသျှုက တပည့်တော်ရို့အား၊ “ကျမ်းစာတော်မြတ်၌ ‘ငါသည် သိုးထိန်းကို ရိုက်သတ်သဖြင့် သိုးများသည် ကစဉ့်ကလျား ဖြစ်ကြလိမ့်မည်’ ဟု လာသည်နှင့်အညီ သင်ရို့သည် ငါ့ကို စွန့်ပစ်ပြီး၊ ထွက်ဗြီးလားကြလိမ့်မည်။
27 E Jesus disse-lhes: Vós todos vos escandalizareis, pois está escrito: Ferirei o pastor, e as ovelhas serão dispersas {Zac 13,7}.
28 သို့သော်လည်း၊ ငါသည် သီခြင်းမှ ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်ရို့ထက် အယင်လားနှင့်မည်” ဟု မိန့်တော်မူ၏။
28 Mas depois que eu ressurgir, eu vos precederei na Galiléia.
29 ပေတရုကလည်း “တခြားလူရို့သည် ကိုယ်တော့်ကို စွန့်ပစ်ကြသော်လည်း၊ အကျွန် မစွန့်ပါ” ဟု လျှောက်လျှင်၊
29 Entretanto, Pedro lhe respondeu: Ainda que todos se escandalizem de ti, eu, porém, nunca!
30 ယေသျှုက “သင့်ကို ငါ အမှန်ပြောမည်။ ဤနိ့ညဉ့်၌ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု ပေတရုအား မိန့်တော်မူ၏။
30 Jesus disse-lhe: Em verdade te digo: hoje, nesta mesma noite, antes que o galo cante duas vezes, três vezes me terás negado.
31 ပေတရုကလည်း “အကျွန်ကား ကိုယ်တော်နှင့်အတူ သီရသော်လည်း ကိုယ်တော့်ကို မသိဟု မငြင်းပါ” ဟူ၍ တည်ကြည်စွာ လျှောက်ထား၏။
31 Mas Pedro repetia com maior ardor: Ainda que seja preciso morrer contigo, não te renegarei.E todos disseram o mesmo.
32 ထို့နောက် ယေသျှုနှင့် တပည့်တော်ရို့သည် ဂေသယှေမန်ဟု တွင်သောအရပ်သို့ ရောက်ကြ၏။ ကိုယ်တော်က “ငါ ဆုတောင်းနိန်စဉ် သင်ရို့သည် ဤနီရာ၌ ထိုင်နိန်ကြလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူပြီးလျှင်၊
32 Foram em seguida para o lugar chamado Getsêmani, e Jesus disse a seus discípulos: Sentai-vos aqui, enquanto vou orar.
33 ပေတရု၊ ယာကုပ်နှင့် ယောဟန်ရို့ကို မိမိနှင့်အတူ ခေါ်လားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် စိတ်ဆင်းရဲခြင်းနှင့် ပူပန်ခြင်းသို့ ရောက်တော်မူသဖြင့်၊
33 Levou consigo Pedro, Tiago e João; e começou a ter pavor e a angustiar-se.
34 “ငါသည် သီမတတ် စိတ်နှလုံး ညှိုးငယ်ရ၏။ ဤအရပ်မှ သတိဖြင့် စောင့်နိန်ကြလော့” ဟု တပည့်တော်သုံးယောက်အား မိန့်တော်မူ၏။
34 Disse-lhes: A minha alma está numa tristeza mortal; ficai aqui e vigiai.
35 ထို့နောက် ကိုယ်တော်သည် ရှိ့သို့ အနည်းငယ် ကြွတော်မူ၍ မြီထက်၌ ပျပ်ဝပ်တော်မူပြီးလျှင်၊
35 Adiantando-se alguns passos, prostrou-se com a face por terra e orava que, se fosse possível, passasse dele aquela hora.
36 “ဖခမည်းတော်၊ ကိုယ်တော်သည် ခမ်းသိမ်းသောအမှုအရာတိကို တတ်နိုင်တော်မူပါ၏။ ယင်းကြောင့် ဤဒုက္ခဝေဒနာခွက်ကို အကျွန်ပါးက လွှဲဖယ်ပီးတော်မူပါ။ သို့သော် အကျွန်၏ အလိုဆန္ဒအတိုင်း မဟုတ်ဘဲ၊ ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စီတော်မူပါ” ဟု ဆိုလျက် မိမိခံရမည့် ဝေဒနာကို ဖြစ်နိုင်တော်မူလျှင် လွှဲဖယ်ပီးတော်မူခြင်းငှာ ဆုတောင်းတော်မူ၏။
36 Aba! {Pai!}, suplicava ele. Tudo te é possível; afasta de mim este cálice! Contudo, não se faça o que eu quero, senão o que tu queres.
37 ထို့နောက် ကိုယ်တော်သည် တပည့်တော်သုံးယောက် ပါးသို့ ပြန်လာတော်မူရာတွင် သူရို့သည် အိပ်ပျော်နိန်ကြသည်ကို တွိ့တော်မူ၍ “သျှိမုန်၊ သင်သည် အိပ်ပျော်နိန်သလော။ မအိပ်ဘဲနှင့် တစ်နာရီလောက်တောင် စောင့်၍ မနိန်နိုင်သလော” ဟု ပေတရုအား မိန်းတော်မူ၏။
37 Em seguida, foi ter com seus discípulos e achou-os dormindo. Disse a Pedro: Simão, dormes? Não pudeste vigiar uma hora!
38 ထို့နောက် ကိုယ်တော်က “သင်ရို့သည် စုံစမ်းသွီးဆောင်ရာသို့ မလိုက်မပါစီရန် ဆုတောင်း၍ စောင့်နိန်ကြလော့။ စိတ်ဝိညာဉ်ကား စေတနာဟိသော်လည်း၊ ကိုယ်မူကား အားနည်း၏” ဟု သူရို့အား မိန့်တော်မူ၏။
38 Vigiai e orai, para que não entreis em tentação. Pois o espírito está pronto, mas a carne é fraca.
39 ကိုယ်တော်သည် တဖန် ကြွတော်မူ၍ အယင်နည်းတူ ဆုတောင်းတော်မူ၏။
39 Afastou-se outra vez e orou, dizendo as mesmas palavras.
40 ယင်းနောက် တပည့်တော်သုံးယောက်ပါးသို့ ကြွလာတော်မူသောအခါ သူရို့သည် မျက်စိလီးလံသဖြင့် တဖန် အိပ်ပျော်နိန်ကြသည်ကို တွိ့မြင်တော်မူ၏။ သူရို့သည် ကိုယ်တော့်ကို မည်သို့ လျှောက်ထားရမည်ကို မသိကြ။
40 Voltando, achou-os de novo dormindo, porque seus olhos estavam pesados; e não sabiam o que lhe responder.
41 ကိုယ်တော်သည် သူရို့ထံပါးသို့ တတိယအကြိမ် ကြွလာပြီးလျှင်၊ “သင်ရို့၊ အဂုထိတိုင် အိပ်ပျော်နိန်တုန်း၊ နားနိန်တုန်းလော့။ ကောင်းယာ။ ထကြလော့။ လူသားကို ဆိုးသောသူရို့၏ လက်ထဲသို့ အပ်နှံမည့်အချိန် အဂုရောက်လာယာ။
41 Voltando pela terceira vez, disse-lhes: Dormi e descansai. Basta! Veio a hora! O Filho do homem vai ser entregue nas mãos dos pecadores.
42 ထကြ။ ငါရို့ လားကတ်မေ။ ငါ့ကို ရန်သူ၏လက်သို့ အပ်မည့်သူသည် ရောက်လာဗျာယ်” ဟု မိန့်တော်မူ၏။
42 Levantai-vos e vamos! Aproxima-se o que me há de entregar.
43 ယေသျှုသည် ထိုသို့ မိန့်တော်မူစဉ်တွင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒနှင့်အတူ လူရို့သည် တုတ်၊ ဓားကို ကိုင်ဆောင်၍ ရောက်လာကြ၏။ ထိုသူရို့သည် ယဇ်ပုရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိနှင့် ဘာသာရေးခေါင်းဆောင်တိက စီရွှတ်သောကြောင့် ရောက်လာကြ ခြင်းဖြစ်၏။
43 Ainda falava, quando chegou Judas Iscariotes, um dos Doze, e com ele um bando armado de espadas e cacetes, enviado pelos sumos sacerdotes, escribas e anciãos.
44 ယုဒကလည်း “ငါ နမ်းသောသူကား ယေသျှုပင်ဖြစ်၏။ ယင်းသူကို ဖမ်းဆီးပြီးလျှင် အစောင့်တိနှင့် ခေါ်လားကြ” ဟု သူရို့အား အမှတ်ပီးထားခ၏။
44 Ora, o traidor tinha-lhes dado o seguinte sinal: Aquele a quem eu beijar é ele. Prendei-o e levai-o com cuidado.
45 ယုဒသည် ရောက်လာလျှင် ချက်ချင်းပင် ယေသျှု အပါးသို့ ကပ်၍ “ဆရာ” ဟု ဆိုလျက် ကိုယ်တော့်ကို နမ်းလေ၏။
45 Assim que ele se aproximou de Jesus, disse: Rabi!, e o beijou.
46 ထို့နောက် လူတိက ယေသျှုကို ဖမ်းဆီးချုပ်ကိုင် ထားကြ၏။
46 Lançaram-lhe as mãos e o prenderam.
47 ထိုအခါ အနား၌ ရပ်နိန်သော သူတစ်ယောက်သည် ဓားကို ဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ အခိုင်းအစီတစ်ယောက်ကို ခွတ်လိုက်ရာ၊ ထိုသူသည် နားရွက်ပြတ်လေ၏။
47 Um dos circunstantes tirou da espada, feriu o servo do sumo sacerdote e decepou-lhe a orelha.
48 ယေသျှုက “သင်ရို့သည်၊ ဒါးပြတစ်ယောက်ကို ဖမ်းသည့်နည်းတူ ငါ့ကို ဖမ်းဖို့ တုတ်၊ ဒါးတိနှင့် လာကြသလော။
48 Mas Jesus tomou a palavra e disse-lhes: Como a um bandido, saístes com espadas e cacetes para prender-me!
49 ငါသည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်လျက် သင်ရို့နှင့်အတူ ဟိနိန်သောအခါ သင်ရို့သည် ငါ့ကို မဖမ်းကတ်။ သို့သော်၊ ကျမ်းစာလာသည်အတိုင်း ဖြစ်ရမည်” ဟု ထိုသူရို့အား မိန့်တော်မူ၏။
49 Entretanto, todos os dias estava convosco, ensinando no templo, e não me prendestes. Mas isso acontece para que se cumpram as Escrituras.
50 ထိုအခါ တပည့်တော်ရို့သည် ကိုယ်တော့်ကို စွန့်၍ ထွက်ဗြီးကြ၏။
50 Então todos o abandonaram e fugiram.
51 ပိတ်စလွှာတစ်ခုကိုဝတ်ထားသော လူငယ်တစ်ယောက်သည် ကိုယ်တော်၏ နောက်မှ လိုက်လာ၏။ လူအချို့က ထိုသူကို ဖမ်းဆီးခြင်းငှာ ပြုသောအခါ
51 Seguia-o um jovem coberto somente de um pano de linho; e prenderam-no.
52 ထိုသူသည် ပိတ်စလွှာကို စွန့်ပစ်၍ အဝတ်မပါဘဲ ထွက်ဗြီးလေ၏။
52 Mas, lançando ele de si o pano de linho, escapou-lhes despido.
53 ထိုသူရို့သည် ယေသျှုအား ယဇ်ပုရောဟိတ်မင်းထံသို့ ခေါ်ဆောင်လားကြ၏။ ထိုနီရာ၌ ယဇ်ပုရောဟိတ်အကြီးအကဲရို့၊ လူအကြီးအကဲရို့နှင့် ကျမ်းတတ်ဆရာရို့သည် စုရုံးလျက် ဟိနိန်ကြ၏။
53 Conduziram Jesus à casa do sumo sacerdote, onde se reuniram todos os sacerdotes, escribas e anciãos.
54 ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ကျောင်းတော်ဝင်းအတွင်းထိတိုင် ကိုယ်တော်နှင့် မနီးမဝီးမှ လိုက်လာပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ကိုယ်ရံတော်တပ်သားတိနှင့်အတူ မီးလှုံ၍ နိန်၏။
54 Pedro o foi seguindo de longe até dentro do pátio. Sentou-se junto do fogo com os servos e aquecia-se.
55 ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့်တကွ ယုဒတရားလွှတ်တော် အဖွဲ့ဝင်အပေါင်းရို့သည် ယေသျှုအား သီဒဏ်ပီးနိုင်ခြင်းငှာ သက်သီအထောက်အထားများကို ရှာကြသော်လည်း မတွိ့နိုင်ကြ။
55 Os sumos sacerdotes e todo o conselho buscavam algum testemunho contra Jesus, para o condenar à morte, mas não o achavam.
56 လူရို့သည် မမှန်သောသက်သီများကို ပြုကြ၏။ သို့သော် သူရို့၏ ထွက်ဆိုချက်များသည် ကိုက်ညီမှုမဟိကြပေ။
56 Muitos diziam falsos testemunhos contra ele, mas seus depoimentos não concordavam.
57 ထို့နောက် လူတချို့သည် ထ၍ မမှန်သောသက်သီဖြင့် ယေသျှုတစ်ဖက်၌ ပြောကြသည်မှာ၊
57 Levantaram-se, então, alguns e deram esse falso testemunho contra ele:
58 “ဤသူကား၊ လူ့လက်ဖြင့် ဆောက်လုပ်ထားသော ဤဗိမာန်တော်ကို ငါ ဖြိုဖျက်ပြီးလျှင် လူ့လက်ဖြင့် မဆောက်ရသော ဗိမာန်တော်ကို သုံးရက်အတွင်း ငါ တည်ဆောက်မည်ဟု ပြောသည်ကို အကျွန်ရို့ကိုယ်တိုင် ကြားပါ၏” ဟု မမှန်သော သက်သီကို ထွက်ဆိုကြ၏။
58 Ouvimo-lo dizer: Eu destruirei este templo, feito por mãos de homens, e em três dias edificarei outro, que não será feito por mãos de homens.
59 သို့ရာတွင် သူရို့၏ ထွက်ဆိုချက်များသည် အချင်းချင်းပင်လျှင် မကိုက်ညီကြပေ။
59 Mas nem neste ponto eram coerentes os seus testemunhos.
60 ယဇ်ပုရောဟိတ်မင်းသည် လူရို့ရှိ့၌ ရပ်ပြီးလျှင် ယေသျှုအား “ယင်းသူရို့က သင့်အား စွပ်စွဲပြောဆိုနိန်ကြသည်ကို သင်သည် ပြန်ပြောဖို့ ဇာတစ်ခုမျှ မဟိသလော” ဟု မိန်း၏။
60 O sumo sacerdote levantou-se no meio da assembléia e perguntou a Jesus: Não respondes nada? O que é isto que dizem contra ti?
61 သို့သော် ကိုယ်တော်က ဇာတစ်ခွန်းမျှ မဖြေဘဲ တိန်းနိန်တော်မူ၏။ တဖန် ယဇ်ပုရောဟိတ်မင်းက ကိုယ်တော့်ကို “သင်ကား မင်္ဂလာဟိတော်မူသော ဘုရားသခင်၏ သားတော် မေသျှိယလော” ဟု မိန်း၏။
61 Mas Jesus se calava e nada respondia. O sumo sacerdote tornou a perguntar-lhe: És tu o Cristo, o Filho de Deus bendito?
62 ယေသျှု ကလည်း “မှန်ပေ၏။ သင် ပြောသည့်အတိုင်း ငါ ဖြစ်၏။ လူသားသည် အနန္တတန်ခိုးသျှင်၏ လက်ယာဖက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို သင်ရို့သည် မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
62 Jesus respondeu: Eu o sou. E vereis o Filho do Homem sentado à direita do poder de Deus, vindo sobre as nuvens do céu.
63 ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆွဲဖြဲ၍ “ငါရို့ ဇာသက်သီကို လိုသိမ့်သနည်း။
63 O sumo sacerdote rasgou então as suas vestes. Para que desejamos ainda testemunhas?!, exclamou ele.
64 ဤသူသည် ဘုရားသခင်အား ပြစ်မှားပြောဆိုသည်ကို သင်ရို့ ကြားရကြဗျာယ်။ သင်ရို့ ဇာပိုင် စီရင်ချက် ချမှတ်မည်နည်း” ဟု ဆို၏။
64 Ouvistes a blasfêmia! Que vos parece? E unanimemente o julgaram merecedor da morte.
65 လူတချို့က ယေသျှုကို တန်းထွီးနှင့်ထွီးကြ၏။ မျက်နှာတော်ကို ဖုံးအုပ်ပြီးလျှင် ရိုက်နှက်ကြ၏။ “သင့်အား ဇာသူ ရိုတ်နှက်သည်ကို ဟောပြောပါ” ဟု ပြောဆိုကြ၏။ ထို့နောက် ယဇ်ပုရောဟိတ်မင်း၏ ကိုယ်ရံတော်တပ်သားရို့သည် ကိုယ်တော့်ကို ခေါ်ဆောင်လားကြ၏။ သူရို့သည် ကိုယ်တော်၏ ပါးကိုလည်း သတ်ကြ၏။
65 Alguns começaram a cuspir nele, a tapar-lhe o rosto, a dar-lhe socos e a dizer-lhe: Adivinha! Os servos igualmente davam-lhe bofetadas.
66 ပေတရုသည် ကျောင်းတော်ဝင်းအတွင်း၌ ဟိနိန်စဉ် ယဇ်ပုရောဟိတ်မင်း၏ အစီခံမိန်းမသျှေ တစ်ယောက်သည် ရောက်လာ၍၊
66 Estando Pedro embaixo, no pátio, veio uma das criadas do sumo sacerdote.
67 ပေတရု မီးလှုံနိန်သည်ကို မြင်သောအခါ သူ့ကို စိ့စိ့ကြည့်လျက် “သင်သည်လည်း နာဇရက်မြို့သား ယေသျှု၏ အပေါင်းအပါ ဖြစ်၏” ဟု ဆိုလျှင်၊
67 Ela fixou os olhos em Pedro, que se aquecia, e disse: Também tu estavas com Jesus de Nazaré.
68 ပေတရုက “သင် ပြောနိန်စွာကို ငါ မသိ၊ ငါ နားမလည်” ဟု ငြင်းဆိုပြီးလျှင် ခြံဝင်း၏ ဝင်ပေါက်သို့ လားလေ၏။ ထိုအချိန်၌ ကြက်တစ်ကြိမ် တွန်လေ၏။
68 Ele negou: Não sei, nem compreendo o que dizes. E saiu para a entrada do pátio; e o galo cantou.
69 အစီခံမိန်းမသျှေသည် ပေတရုကို တဖန် မြင်ပြန်လျှင် အနား၌ ရပ်နိန်ကြသောသူရို့အား “ဤသူကား ထိုသူရို့နှင့် အပေါင်းအပါဖြစ်၏” ဟု ဆိုပြန်၏။
69 A criada, que o vira, começou a dizer aos circunstantes: Este faz parte do grupo deles.
70 ပေတရုကလည်း မဟုတ်ကြောင်းကို ငြင်းဆိုပြန်၏။
70 Mas Pedro negou outra vez. Pouco depois, os que ali estavam diziam de novo a Pedro: Certamente tu és daqueles, pois és galileu.
71 ပေတရုကလည်း “သင်ရို့ပြောသောသူကို ငါ အမှန်မသိကြောင်းကို ငါကျိန်ဆို၏။ ငါ ပြောသောအရာ မမှန်လျှင် ဘုရားသခင်သည် ငါ့အား ဒဏ်ခတ်ပါစီ” ဟု ပြောလေ၏။
71 Então ele começou a praguejar e a jurar: Não conheço esse homem de quem falais.
72 ထိုသို့ ပြောဆိုပြီးခဏချင်းတွင် ဒုတိယအကြိမ် ကြက်တွန်လေ၏။ ထိုအခါ “ကြက်နှစ်ကြိမ်မတွန်ခင် သင်သည် ငါ့ကို မသိဟူ၍ သုံးကြိမ်တိုင်တိုင် ငြင်းလိမ့်မည်” ဟု ယေသျှု မိန့်တော်မူခသောစကားကို ပြန်သတိရသဖြင့် ပေတရုသည် ပြင်းစွာ ငိုကြွီးလေ၏။
72 E imediatamente cantou o galo pela segunda vez. Pedro lembrou-se da palavra que Jesus lhe havia dito: Antes que o galo cante duas vezes, três vezes me negarás. E, lembrando-se disso, rompeu em soluços.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.