Marcos 12
rki (RKI) vs NVI
1 ထို့နောက်၊ ယေသျှုသည် သူရို့အား ပုံဥပမာဖြင့် “တစ်ခါက လူတစ်ယောက်သည် စပျစ်ဥယျာဉ်၌ စပျစ်ပင်တိစိုက်ပြီးလျှင် ခြံစည်းရိုးကာထား၏။ စပျစ်သီးနယ်ခြင်းငှာ တွင်းကို တူး၍ လင့်စင်ကိုလည်း ဆောက်ထား၏။ ထို့နောက် ထိုသူသည် စပျစ်ဥယျာဉ်ကို သီးစား အငှားချထားပြီးလျှင် အခြားအရပ်သို့ ခရီးထွက်လားခ၏။
1 Então Jesus começou a lhes falar por parábolas: "Certo homem plantou uma vinha, colocou uma cerca ao redor dela, cavou um tanque para prensar as uvas e construiu uma torre. Depois arrendou a vinha a alguns lavradores e foi fazer uma viagem.
2 စပျစ်သီးခူးသောအချိန် ရောက်သောအခါ မိမိရမည့် ဝီစုကို ယူခြင်းငှာ မိမိ၏ အခိုင်းအစီတစ်ယောက်ကို သီးစားအငှားသမားရို့ပါးသို့ စီရွှတ်လိုက်၏။
2 Na época da colheita, enviou um servo aos lavradores, para receber deles parte do fruto da vinha.
3 သီးစားအငှားသမားရို့ပါးသို့ ရောက်သောခါ ထိုအခိုင်းအစီကို သတ်ပုတ်ပြီးလျှင် လက်ချည်းသက်သက် ပြန်ရွှတ်လိုက်၏။
3 Mas eles o agarraram e espancaram, e o mandaram embora de mãos vazias.
4 ဥယျာဉ်သျှင်က နောက်တဖန် အခိုင်းအစီတစ်ယောက်ကို စီရွှတ်လိုက်ပြန်၏။ သီးစားသမားရို့က ယင်းအခိုင်းအစီ၏ အဂေါင်းကို ရိုက်ပုတ်ကာ အရှက်ကွဲ အကျိုးနည်းဖြစ်အောင် လုပ်ပြီးပြန်ရွှတ်လိုက်၏။
4 Então enviou-lhes outro servo; e lhe bateram na cabeça e o humilharam.
5 ဥယျာဉ်သျှင်ကလည်း အခြားကျွန်တစ်ယောက်ကို စီရွှတ်ပြန်၏။ သီးစားသမားရို့ကလည်း ယင်းအခိုင်းအစီကို အသီသတ်လိုက်ကြ၏။ အခြားသောကျွန်တိကိုလည်း တချို့ကိုသတ်ပြီး၊ တချို့ကို ရိုက်ပုတ်ကြ၏။
5 E enviou ainda outro, o qual mataram. Enviou muitos outros; em alguns bateram, a outros mataram.
6 ထို့ကြောင့် ဥယျာဉ်သျှင်က ‘ငါ၌ တစ်ဦးတည်းသာ ဟိသော၊ ငါ၏ချစ်သောသားကို စီရွှတ်လိုက်လျှင် ထိုသူရို့သည် ငါ့သားကို အားနာကြမည်’ ဟု ဆို၍ မိမိသားကို စီရွှတ်လိုက်၏။
6 "Faltava-lhe ainda um para enviar: seu filho amado. Por fim o enviou, dizendo: ‘A meu filho respeitarão’.
7 သို့ရာတွင် သီးစားသမားရို့က ဥယျာဉ်သျှင်၏ သားကိုမြင်သောအခါ ‘ဤသူကား ဥယျာဉ်သျှင်၏ အမွီခံမည့်သူ ဖြစ်၏။ လာကတ်၊ သူ့ကို သတ်ကြကုန်အံ့။ ယင်းမှရာ ဤဥယျာဉ်သည် ငါရို့အပိုင်ဖြစ်မည်’ ဟု အချင်းချင်းပြောဆို၍၊
7 "Mas os lavradores disseram uns aos outros: ‘Este é o herdeiro. Venham, vamos matá-lo, e a herança será nossa’.
8 ထိုစပျစ်ဥယျာဉ်သျှင်၏သားကို ဖမ်းကာ သတ်ပြီးလျှင် ဥယျာဉ်အပြင်သို့ ထုတ်ပစ်ကြ၏။
8 Assim eles o agarraram, e o mataram, e o lançaram para fora da vinha.
9 “ယင်းပိုင်ဆိုလျှင် ဥယျာဉ်သျှင်က ဥယျာဉ်ကို ဇာပိုင် လုပ်လိမ့်မည်နည်း။ ထိုသူသည် ဥယျာဉ်သို့ လာ၍ သီးစားသမားရို့ကို သတ်ပြီးလျှင်၊ စပျစ်ဥယျာဉ်ကို အခြားသူရို့လက်သို့ အပ်လိမ့်မည်။
9 "O que fará então o dono da vinha? Virá e matará aqueles lavradores e dará a vinha a outros.
10 ကျမ်းစာတော်မြတ်၌
10 Vocês nunca leram esta passagem das Escrituras? ‘A pedra que os construtores rejeitaram tornou-se a pedra angular;
11 ဤအမှုကား သခင်ဘုရားပြုတော်မူသော အမှုဖြစ်၏၊
11 isso vem do Senhor, e é algo maravilhoso para nós’ ".
12 ယုဒခေါင်းဆောင်ရို့သည် မိမိရို့အား ရည်ရွယ်၍ ထိုပုံဥပမာကို မိန့်တော်မူကြောင်း သိသဖြင့် ယေသျှုအား ဖမ်းဆီးခြင်းငှာ ကြိုးစားကြ၏။ သို့ရာတွင် လူအစုအဝေးကို ကြောက်ကြသဖြင့် အထံတော်မှ ထွက်လားလေ၏။
12 Então começaram a procurar um meio de prendê-lo, pois perceberam que era contra eles que ele havia contado aquela parábola. Mas tinham medo da multidão; por isso o deixaram e foram embora.
13 ယေသျှုအား အပြစ်တင်ခွင့်ကို ရခြင်းငှာ မိန်းခွန်းများကို မိန်းစီရန် ဖာရိယှဲ တချို့နှင့် ဟေရုဒ်၏တပည့်တိကို ယေသျှုထံသို့ စီရွှတ်လိုက်ကြ၏။
13 Mais tarde enviaram a Jesus alguns dos fariseus e herodianos para o apanharem em alguma coisa que ele dissesse.
14 သူရို့သည် အထံတော်သို့ လာကြပြီးလျှင် “ဆရာ၊ ဆရာက လူတိ ဇာပိုင် ထင်မှတ်ထင်မှတ်၊ ဂရုမစိုက်ဘဲ၊ မှန်သောစကားကိုသာ ပြောတတ်ပါ၏။ လူ့မျက်နှာကို မထောက်ဘဲ၊ ဘုရားသခင်၏တရားလမ်းကို အမှန်အတိုင်း သွန်သင်တော်မူကြောင့်ကို အကျွန်ရို့ သိကြပါ၏။ ယင်းအတွက်ကြောင့် အကျွန်ရို့သည် ရောမဧကရာဇ်မင်းအား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော ဆိုသည်ကို ပြောပြပါ” ဟု ပရိယာယ်ဆင်၍ မိန်းလျှောက်တော်မူ၏။
14 Estes se aproximaram dele e disseram: "Mestre, sabemos que és íntegro e que não te deixas influenciar por ninguém, porque não te prendes à aparência dos homens, mas ensinas o caminho de Deus conforme a verdade. É certo pagar imposto a César ou não?
15 ယေသျှုသည် ထိုသူရို့၏ ပရိယာယ်ကို သိတော်မူလျှင် “သင်ရို့က ငါ့ကို ဇာဖြစ်လို့ အပြစ်ရှာချင်ကြသနည်း။ ငွီဒင်္ဂါးပြား တစ်ပြားကို ယူခ၊ ငါ ကြည့်မည်” ဟု မိန့်တော်မူလျှင်၊
15 Devemos pagar ou não? " Mas Jesus, percebendo a hipocrisia deles, perguntou: "Por que vocês estão me pondo à prova? Tragam-me um denário para que eu o veja".
16 သူရို့သည် ယူလာကြ၏။ ကိုယ်တော်က “ဤဒင်္ဂါးပြား၌ ဇာသူ့ရုပ်ပုံနှင့် ဇာသူ့နာမည် ပါသနည်း” ဟု မိန်းတော်မူလျှင်၊
16 Eles lhe trouxeram a moeda, e ele lhes perguntou: "De quem é esta imagem e esta inscrição? " "De César", responderam eles.
17 ယေသျှုကလည်း “ဧကရာဇ်မင်းနှင့် သက်ဆိုင်သောအရာတိကို ဧကရာဇ်မင်းအား ဆက်သလော့။ ဘုရားသခင်နှင့် သက်ဆိုင်သောအရာကို ဘုရားအား ဆက်သလော့” ဟု မိန့်တော်မူလျှင်၊
17 Então Jesus lhes disse: "Dêem a César o que é de César e a Deus o que é de Deus". E ficaram admirados com ele.
18 သီခြင်းမှ ရှင်ပြန်ထမြောက်ခြင်းမဟိဟု ခံယူထားကြသော ဇဒ္ဒုကဲတချို့သည် အထံတော်ပါးသို့ ချဉ်းကပ်၍
18 Depois os saduceus, que dizem que não há ressurreição, aproximaram-se dele com a seguinte questão:
19 “ဆရာ၊ ‘လူတစ်စုံတစ်ယောက်က သားသမီးမရဘဲ သီလားခလျှင် အသက်ရှင်ကျန်ခသည့် အစ်ကို၏မယားကို ညီဖြစ်သောသူက ဆက်ခံရမည်’ ဟု အကျွန်ရို့ကို မောသျှေက မိန့်မှာခပါ၏။
19 "Mestre, Moisés nos deixou escrito que, se o irmão de um homem morrer e deixar mulher sem filhos, este deverá casar-se com a viúva e ter filhos para seu irmão.
20 တစ်ခါက ညီအစ်ကိုခုနစ်ယောက် ဟိပါ၏။ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ပြုပြီး သားသမီး မရဘဲ သီကျလားပါ၏။
20 Havia sete irmãos. O primeiro casou-se e morreu sem deixar filhos.
21 ထိုအခါ ဒုတိယအစ်ကိုက သူ့မရီးကို ဆက်ခံသိမ်းပိုက်ပါ၏။ ထိုအစ်ကိုသည်လည်း သားသမီးမရဘဲ သီကျလားပြန်၏။ ယင်းနည်းတူ တတိယအစ်ကိုလည်း သားသမီးမရဘဲ သီကျလားပြန်၏။
21 O segundo casou-se com a viúva, mas também morreu sem deixar filhos. O mesmo aconteceu com o terceiro.
22 ယင်းနည်းတူ ညီအစ်ကို ခုနစ်ယောက်လုံးသည် ထိုမိန်းမကို လက်ထပ်၍ သားသမီးမရဘဲ သီကျလားပါ၏။ အဆုံးမှာ ယင်းမိန်းမလေ့ သီကျလား၏။
22 Nenhum dos sete deixou filhos. Finalmente, morreu também a mulher.
23 ညီအစ်ကို ခုနစ်ယောက်လုံး ယင်းမိန်းမနှင့် အိမ်ထောင်ပြုခသည်ဖြစ်၍ ရှင်ပြန်ထမြောက်ရာနိ့မှာ ယင်းမိန်းမသည် ဇာသူ၏ မယားဖြစ်ပါမည်နည်း” ဟု မိန်းလျှောက်လေ၏။
23 Na ressurreição, de quem ela será esposa, visto que os sete foram casados com ela? "
24 ယေသျှုက “သင်ရို့တိ ကျမ်းစာတော်မြတ်ကို နားမလည်၊ ဘုရားသခင်၏ တန်ခိုးတော် အကြောင်းကိုလည်း မသိကတ်။ ထို့ကြောင့် အယူလွဲနိန်ကြ၏။
24 Jesus respondeu: "Vocês estão enganados! Pois não conhecem as Escrituras nem o poder de Deus!
25 လူသည် သီခြင်းက ထမြောက်ကြသောအခါ ထိမ်းမြားပေါင်းသင်းခြင်းကို မပြု၊ စုံဖက်ခြင်းကို မပြုဘဲ ကောင်းကင်ဘုံ၌ ကောင်းကင်တမန်တိပိုင် ဖြစ်ကြ၏။
25 Quando os mortos ressuscitam, não se casam nem são dados em casamento, mas são como os anjos nos céus.
26 သီလွန်သောလူတိ ရှင်ပြန်ထမြောက်သည့် အကြောင်းကို မောသျှေကျမ်း၌ မဖတ်ဖူးကြသလော။ မီးလောင်နိန်သော ခြုံပုတ်အကြောင်းကို ဖော်ပြထားသည့် ကျမ်းပိုဒ်၌ ဘုရားသခင်က ‘ငါကား အာဗြဟံ၊ ဣဇက်၊ ယာကုပ်ရို့၏ ဘုရားပေတည်း’ ဟု မောသျှေအား မိန့်တော်မူကြောင်း ဖော်ပြထား၏။
26 Quanto à ressurreição dos mortos, vocês não leram no livro de Moisés, no relato da sarça, como Deus lhe disse: ‘Eu sou o Deus de Abraão, o Deus de Isaque e o Deus de Jacó’?
27 ထိုအသျှင်သည် သီလွန်လားခသော လူရို့၏ ဘုရားသခင် မဟုတ်၊ အသက်ရှင်သောလူရို့၏ ဘုရားသခင်ဖြစ်၏။ သင်ရို့တိ ကကောင်းကို အယူလွဲနိန်ကြသည်တကား” ဟု မိန့်တော်မူ၏။
27 Ele não é Deus de mortos, mas de vivos. Vocês estão muito enganados! "
28 ထိုသို့ မိန့်တော်မူနိန်စဉ် သူရို့အပါး၌ ကျမ်းတတ်ဆရာတစ်ယောက်ဟိ၏။ ထိုသူသည် ဇဒ္ဒုကဲရို့အား ကိုယ်တော်၏ လျောက်ပတ်စွာ ဖြေကြားတော်မူချက်ကို ကြားသဖြင့် ရှိ့တော်သို့ လာပြီးလျှင် “ပညတ်ဟိသမျှ၌ ဇာပညတ်က အကြီးမြတ်ဆုံးနည်း” ဟု ကိုယ်တော့်ကို မိန်းလျှောက်လေ၏။
28 Um dos mestres da lei aproximou-se e os ouviu discutindo. Notando que Jesus lhes dera uma boa resposta, perguntou-lhe: "De todos os mandamentos, qual é o mais importante? "
29 ယေသျှုက၊ “အို၊ ဣသရေလ အမျိုးသားရို့ နားထောင်ကြလော့။ ငါရို့၏အသျှင် ဘုရားသခင်သည် တစ်ဆူတည်းသော သခင်ဘုရားဖြစ်တော်မူ၏။
29 Respondeu Jesus: "O mais importante é este: ‘Ouve, ó Israel, o Senhor, o nosso Deus, o Senhor é o único Senhor.
30 ‘သင်ရို့၏ အသျှင်ဘုရားသခင်ကို စိတ်နှလုံးအကြွင့်မဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ဉာဏ်စွမ်းဟိသမျှ၊ ကိုယ်စွမ်းဟိသမျှနှင့် ချစ်ရမည်’ ဟူသော ပညတ်သည် အကြီးမြတ်ဆုံးသော ပညတ်ဖြစ်၏။
30 Ame o Senhor, o seu Deus de todo o seu coração, de toda a sua alma, de todo o seu entendimento e de todas as suas forças’.
31 ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်’ ဟူသော ပညတ်သည် ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက် သာ၍ ကြီးမြတ်သော ပညတ်မဟိ” ဟု ဖြေကြားတော်မူ၏။
31 O segundo é este: ‘Ame o seu próximo como a si mesmo’. Não existe mandamento maior do que estes".
32 ကျမ်းတတ်ဆရာကလည်း “ဆရာ၊ ဆရာ ဖြေကြားတော်မူချက်ကား သင့်မြတ်လှပါ၏။ ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်တော်မူ၏။ ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားမဟိပါ။
32 "Muito bem, mestre", disse o homem. "Estás certo ao dizeres que Deus é único e que não existe outro além dele.
33 ‘ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ကိုယ်စွမ်းဟိသမျှ၊ ဉာဏ်စွမ်းဟိသမျှနှင့် ချစ်ရမည်။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်’ ဟူသော ပညတ်တော်ကို လိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သော မီးယှို့ရာယဇ်နှင့် အခြားယဇ်အပေါင်းတိထက် သာ၍ မြတ်ပါ၏” ဟု လျှောက်လေ၏။
33 Amá-lo de todo o coração, de todo o entendimento e de todas as forças, e amar ao próximo como a si mesmo é mais importante do que todos os sacrifícios e ofertas".
34 ထိုသူသည် ဤသို့အသိပညာနှင့် လျှောက်ထားသည်ကို ယေသျှုသည် သိမြင်လျှင် “သင်သည် ဘုရားသခင်၏ နိုင်ငံတော်နှင့်မဝီး” ဟု မိန့်တော်မူ။
34 Vendo que ele tinha respondido sabiamente, Jesus lhe disse: "Você não está longe do Reino de Deus". Daí por diante ninguém mais ousava lhe fazer perguntas.
35 ယေသျှုသည် ဗိမာန်တော်၌ ဟောပြောသွန်သင်လျက် နိန်တော်မူစဉ် “မေသျှိယကား ဒါဝိဒ်၏မျိုးနွယ်မှ ဆင်းသက်လာလိမ့်မည်ဟု ကျမ်းတတ်ဆရာရို့က ဇာကြောင့် ပြောကြသနည်း။
35 Ensinando no templo, Jesus perguntou: "Como os mestres da lei dizem que o Cristo é filho de Davi?
36 သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ် မြွက်ဆိုသည်ကား၊
36 O próprio Davi, falando pelo Espírito Santo, disse: ‘O Senhor disse ao meu Senhor: Senta-te à minha direita até que eu ponha os teus inimigos debaixo de teus pés’.
37 ယင်းပိုင် ဒါဝိဒ်ကိုယ်တိုင်က ‘အသျှင်’ လို့ခေါ်သည်ဖြစ်၍ မေသျှိယသည် ဇာပိုင် ဒါဝိဒ်၏သား ဖြစ်မည်နည်း” ဟု မိန့်တော်မူ၏။
37 O próprio Davi o chama ‘Senhor’. Como pode, então, ser ele seu filho? " E a grande multidão o ouvia com prazer.
38 ထိုသို့ သွန်သင်လျက်နိန်တော်မူစဉ် ကိုယ်တော်က “ကျမ်းတတ်ဆရာရို့ကို သတိနှင့် ယှောင်ကြလော့။ ယင်းသူရို့က ဝတ်ရုံရှည်တိကို ဝတ်ပြီးလျှင် လမ်းလျှောက်တတ်ကြ၏။ ဈီးတိမှာ ရိုသီစွာ နှုတ်ဆက်သည်ကို ခံလိုကြ၏။
38 Ao ensinar, Jesus dizia: "Cuidado com os mestres da lei. Eles fazem questão de andar com roupas especiais, de receber saudações nas praças
39 တရားဇရပ်တိ၌လည်း သီးသန့်ထားသည့် နီရာများကိုလည်းကောင်း၊ ပွဲလမ်းသဘင်တိမှာ အကောင်းဆုံးသောနီရာထိုင်ခင်းများကိုလည်းကောင်း ကြိုက်နှစ်သက်ကြ၏။
39 e de ocupar os lugares mais importantes nas sinagogas e os lugares de honra nos banquetes.
40 မုဆိုးမရို့၏အိမ်တိကို မတရားသိမ်းယူကာ လူတိရှိ့၌ နားကြားကောင်းအောင် ရှည်လျားစွာ ဆုတောင်းခြင်းကို ပြုတတ်ကြ၏။ ထိုသူရို့သည် ပိုပြီး ကြီးလေးသော ပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
40 Eles devoram as casas das viúvas, e, para disfarçar, fazem longas orações. Esses receberão condenação mais severa! "
41 ယေသျှုသည် ဗိမာန်တော်၏ အလှူခံသေတ္တာအနားတွင် ထိုင်လျက်၊ သေတ္တာထဲသို့ ဖေသာဒင်္ဂါး ထည့်ဝင်လှူဒါန်းကြသည်ကို ကြည့်ရှုလျက် နိန်တော်မူ၏။ ဖေသာဒင်္ဂါး ရတတ်သောသူရို့သည် များစွာ ထည့်ဝင်လှူဒါန်းကြ၏။
41 Jesus sentou-se em frente do lugar onde eram colocadas as contribuições, e observava a multidão colocando o dinheiro nas caixas de ofertas. Muitos ricos lançavam ali grandes quantias.
42 ဆင်းရဲသော မုဆိုးမတစ်ယောက်သည် လာ၍၊ ကြီးဒင်္ဂါးနှစ်ပြားကို အလှူခံသေတ္တာထဲသို့ ထည့်၏။
42 Então, uma viúva pobre chegou-se e colocou duas pequeninas moedas de cobre, de muito pouco valor.
43 ထိုအခါ ကိုယ်တော်က တပည့်တော်ရို့ကို ခေါ်၍ “‘ဤဆင်းရဲသော မုဆိုးမသည် ဗိမာန်တော်၏ အလှူခံသေတ္တာထဲတွင် ထည့်ဝင်လှူဒါန်းကြသော လူအပေါင်းရို့ထက် သာ၍ လှူဒါန်းခယာ’ ဟု သင်ရို့အား ငါအမှန် ဆို၏။
43 Chamando a si os seus discípulos, Jesus declarou: "Afirmo-lhes que esta viúva pobre colocou na caixa de ofertas mais do que todos os outros.
44 အကြောင်းမူကား ထိုသူရို့က ပိုလျှံသော ဖေသာဒင်္ဂါးတိကိုသာ ထည့်လှူကြ၏။ သို့ရာတွင် ဤမုဆိုးမကား ဆင်းရဲလျက်နှင့်ပင် — မိမိ၏ချွေးနဲစာ ဟိသမျှကို ပီးလှူခ၏” ဟု မိန့်တော်မူ၏။
44 Todos deram do que lhes sobrava; mas ela, da sua pobreza, deu tudo o que possuía para viver".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.