Marcos 11

rki (RKI) vs VC

Sair da comparação
VC Versão Católica
1 ယေသျှုနှင့် တပည့်တော်ရို့သည် ယေရုဆလင်မြို့သို့ ကြွလာကြရာ သံလွင်တောင်ခြီရင်း အနီး၌ဟိသော ဗေသနိရွာနှင့် ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။
1 Jesus e seus discípulos aproximavam-se de Jerusalém e chegaram aos arredores de Betfagé e de Betânia, perto do monte das Oliveiras. Desse lugar Jesus enviou dois dos seus discípulos,
2 ထိုအခါ ကိုယ်တော်သည် တပည့်တော်နှစ်ယောက်အား “သင်ရို့၏ရှိ့၌ ဟိသောရွာသို့ လားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း ဇာသူမျှ မစီးဖူးသိမ့်သော မြည်းသျှေတစ်ကောင်အား ကြိုးနှင့်ချိုင်ထားသည်ကို သင်ရို့ တွိ့လိမ့်မည်။ ယင်းမြည်းကို ကြိုးဖြီ၍ ယူလာလော့။
2 dizendo-lhes: "Ide à aldeia que está defronte de vós e, logo ao entrardes nela, achareis preso um jumentinho, em que não montou ainda homem algum; desprendei-o e trazei-mo.
3 တစ်ယောက်ယောက်က သင်ရို့ကို ဇာလုပ်နိန်သနည်း ဟူ၍ မိန်းလျှင် အကျွန်ရို့သခင်က အလိုဟိပါ၏။ ပြီးလျှင်၊ ချက်ချင်း ပို့ပီးပါမည် ဟူ၍ ပြောလော့” ဟု မိန့်မှာ၍ စီရွှတ်တော်မူ၏။
3 E se alguém vos perguntar: Que fazeis?, dizei: O Senhor precisa dele, mas daqui a pouco o devolverá."
4 ထိုတပည့်တော်နှစ်ယောက်ရို့သည် လားကြ၍ လမ်းဘေး၌ဟိသော အိမ်တန်းခါးနား၌ ကြိုးနှင့် ချိုင်ထားသော မြည်းချေတစ်ကောင်ကို တွိ့လျှင် ကြိုးကိုဖြီကြ၏။
4 Indo eles, acharam o jumentinho atado fora, diante duma porta, na curva do caminho. Iam-no desprendendo,
5 ထိုအခါ အနီးအနား၌ ဟိသောလူတချို့က “မြည်းချေကို ဇာလုပ်ဖို့ ကြိုးဖြီကြသနည်း” ဟု တပည့်တော်ရို့ကို မိန်းကြ၏။
5 quando alguns dos que ali estavam perguntaram: "Ei, que estais fazendo? Por que soltais o jumentinho?"
6 တပည့်တော်ရို့သည် ယေသျှုမိန့်မှာထားသည့်အတိုင်း ပြောပြကြသောအခါ မြည်းချေကို ကြိုးဖြီခွင့် ပြုကြ၏။
6 Responderam como Jesus lhes havia ordenado; e deixaram-no levar.
7 တပည့်တော်ရို့သည် မြည်းချေကို ယေသျှုပါးသို့ ဆွဲလာပြီးလျှင် ထိုမြည်းချေထက်၌ မိမိရို့၏ ဝတ်ရုံတိကို တင်ကြ၏။ ထို့နောက် ကိုယ်တော်သည် မြည်းကို စီးတော်မူ၏။
7 Conduziram a Jesus o jumentinho, cobriram-no com seus mantos, e Jesus montou nele.
8 များစွာသောလူရို့သည် မိမိရို့၏ ဝတ်ရုံတိကို လမ်း၌ ဖြန့်ခင်းကြ၏။ အချို့မူကား ကွင်းပြင်မှ သစ်ရွက်သစ်ခက်များကို လမ်း၌ ဖြန့်ခင်းထားကြ၏။
8 Muitos estendiam seus mantos no caminho; outros cortavam ramos das árvores e espalhavam-nos, pelo chão.
9 ကိုယ်တော်၏ရှိ့တော်မှ လည်းကောင်း၊ နောက်တော်မှ လည်းကောင်း လိုက်ပါလာကြသော လူရို့က “ဟောသျှဏ္ဏ ဖြစ်စီသတည်း။ သခင်ဘုရား၏ နာမတော်၌ ကြွလာသောအသျှင်သည် မင်္ဂလာဟိပါစီသတည်း။
9 Tanto os que precediam como os que iam atrás clamavam: "Hosana! Bendito o que vem em nome do Senhor!
10 တည်လုသော ငါရို့အဖ ဒါဝိဒ်မင်းကြီး၏နိုင်ငံတော်သည် မင်္ဂလာဟိပါစီ။ အမြင့်ဆုံးသောအရပ်၌ ဟောသျှဏ္ဏ ဖြစ်စီသတည်း” ဟု ကြွေးကြော်ကြ၏။
10 O Bendito o Rei?.que vai começar, o reino de Davi, nosso pai! Hosana no mais alto dos céus!"
11 ယေသျှုသည် ယေရုဆလင်မြို့သို့ ရောက်သောအခါ ဗိမာန်တော်သို့ ဝင်ပြီးလျှင် ဟိသမျှသောအရာတိကို လှည့်လည်၍ ကြည့်တော်မူ၏။ ထို့နောက် နီဝင်ချိန်နီးသဖြင့် တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့်အတူ ဗေသနိရွာသို့ ကြွတော်မူ၏။
11 Jesus entrou em Jerusalém e dirigiu-se ao templo. Aí lançou-os olhos para tudo o que o cercava. Depois, como já fosse tarde, voltou para Betânia com os Doze.
12 နောက်တစ်နိ့၌ ယေသျှုနှင့် တပည့်တော်ရို့သည် ဗေသနိရွာမှ ပြန်လာကြစဉ်တွင် ကိုယ်တော်သည် ဆာလောင်မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
12 No outro dia, ao saírem de Betãnia, Jesus teve fome.
13 ကိုယ်တော်သည် အရွက်တိဖုံးနိန်သော သဖန်းပင်တစ်ပင်ကို အဝီးမှ မြင်တော်မူလျှင် အသီးကို တွိ့လိုတွိ့ငြား လား၍ ကြည့်တော်မူ၏။ သို့ရာတွင် သဖန်းသီး သီးချိန် မဟုတ်သောကြောင့် အသီးကို မတွိ့ဘဲ အရွက်တိကိုသာ တွိ့တော်မူ၏။
13 Avistou de longe uma figueira coberta de folhas e foi ver se encontrava nela algum fruto. Aproximou-se da árvore, mas só encontrou folhas pois não era tempo de figos.
14 ထိုအခါ ကိုယ်တော်က သဖန်းပင်ကို “နောက်အစဉ်အဆက် သင်၏အသီးကို တစ်ယောက်မှ မစားစီရ” ဟု မိန့်တော်မူ၏။
14 E disse à figueira: "Jamais alguém coma fruto de ti!" E os discípulos ouviram esta maldição.
15 ကိုယ်တော်နှင့် တပည့်တော်ရို့သည် ယေရုဆလင်မြို့သို့ ရောက်ကြသောအခါ၊ ကိုယ်တော်သည် ဗိမာန်တော်သို့ ကြွတော်မူ၍ ဗိမာန်တော်အတွင်း၌ ရောင်းဝယ်နိန်ကြသော သူရို့ကို နှင်ထုတ်တော်မူ၏။ ဖေသာဒင်္ဂါး လဲလှယ်နိန်သော သူရို့၏ စားပွဲကိုလည်း မှောက်လှန်၍ ဂြိုးငှက်ရောင်းသော သူရို့၏ ထိုင်ခုံတိကိုလည်း တွန်းလှဲတော်မူ၏။
15 Chegaram a Jerusalém e Jesus entrou no templo. E começou a expulsar os que no templo vendiam e compravam; derrubou as mesas dos trocadores de moedas e as cadeiras dos que vendiam pombas.
16 ဗိမာန်တော်ဝင်းကို ဖြတ်၍ သယ်ဆောင်ခြင်းငှာ မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။
16 Não consentia que ninguém transportasse algum objeto pelo templo.
17 ထိုသူရို့အား ကိုယ်တော်က “ ‘ငါ၏ဗိမာန်ကို လူမျိုးတကာရို့၏ ဆုတောင်းရာအိမ်တော်ဟူ၍ ခေါ်ဆိုကြလိမ့်မည်’ ဟု ကျမ်းစာတော်မြတ်၌ ရီးသားထားသည် မဟုတ်လော။ သို့ရာတွင်၊ ဤနီရာကို သူခိုးဒါးပြတိ ခိုအောင်းသောနီရာ ဖြစ်စီသည်တကား” ဟု ဆုံးမသွန်သင်တော်မူ၏။
17 E ensinava-lhes nestes termos: "`Não está porventura escrito: A minha casa chamar-se-á casa de oração para todas as nações {Is 56,7}? Mas vós fizestes dela um covil de ladrões {Jr 7,11}.
18 ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ကျမ်းတတ်ဆရာရို့သည် ထိုစကားကို ကြားကြလျှင် ယေသျှုကို သတ်ခြင်းငှာ နည်းလမ်းရှာကြ၏။ သို့ရာတွင် လူအပေါင်းရို့သည် ကိုယ်တော်၏သွန်သင်မူကို လွန်စွာအံ့သြလျက် ဟိကြသောကြောင့် ထိုသူရို့သည် ကိုယ်တော့်ကို ကြောက်ကြ၏။
18 Os príncipes dos sacerdotes e os escribas ouviram-no e procuravam um modo de o matar. Temiam-no, porque todo o povo se admirava da sua doutrina.
19 ညနီစောင်းအချိန်ရောက်သောအခါ ကိုယ်တော်နှင့် တပည့်တော်ရို့သည် ထိုမြို့မှ ထွက်လားကြ၏။
19 Quando já era tarde, saíram da cidade.
20 နောက်တစ်နိ့ မိုးထက်စောစောအချိန်၌ ကိုယ်တော်နှင့် တပည့်တော်ရို့သည် လမ်း၌ လျှောက်လားကြစဉ်၊ သဖန်းပင်ကို မြင်ကြ၏။ ထိုအပင်သည် အမြစ်မှစ၍ တစ်ပင်လုံး ခြောက်သွိ့ညှိုးနွမ်းလျက် ဟိ၏။
20 No dia seguinte pela manhã, ao passarem junto da figueira, viram que ela secara até a raiz.
21 ပေတရုသည် သတိရ၍ “ဆရာ၊ ကြည့်တော်မူပါ၊ ကိုယ်တော် ဒဏ်ခတ်ခသော သဖန်းပင်သည် ညှိုးနွမ်းခြောက်သွိ့လားခယာ” ဟု လျှောက်ထား၏။
21 Pedro lembrou-se do que se tinha passado na véspera e disse a Jesus: "`Olha, Mestre, como secou a figueira que amaldiçoaste!"
22 ယေသျှုက “ဘုရားသခင်ကို ယုံကြည်ကြလော့။
22 Respondeu-lhes Jesus: "Tende fé em Deus.
23 ငါ အမှန်ဆိုသည်ကား၊ အကြင်သူသည် စိတ်နှလုံးထဲ၌ သံသယမဟိဘဲ၊ ‘မိမိပြောဆိုသည်အတိုင်း ဖြစ်မည်ဟု’ ယုံကြည်ခြင်း ဟိသောသူသည် ‘ဤတောင်ကို နီရာမှ ရွိ့လော့။ ပင်လယ်၌ ကျလော့ ဟုဆိုလျှင် ထိုသူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။’
23 Em verdade vos declaro: todo o que disser a este monte: Levanta-te e lança-te ao mar, se não duvidar no seu coração, mas acreditar que sucederá tudo o que disser, obterá esse milagre.
24 ထို့ကြောင့် ငါ ဆိုသည်ကား သင်ရို့သည် မိမိတောင်းလျှောက်သော အရာကို မုချရယာဟု ယုံကြည်ကြလျှင် တောင်းသမျှကို ရကြလိမ့်မည်။
24 Por isso vos digo: tudo o que pedirdes na oração, crede que o tendes recebido, e ser-vos-á dado.
25 သင်ရို့ ဆုတောင်းသောအခါ သူတစ်ပါး၏ အပြစ်တိကို ခွင့်ရွှတ်ရမည်။ ထိုမှသာ၊ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖသည် သင်ရို့၏အပြစ်တိကို ခွင့်ရွှတ်တော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
25 E quando vos puserdes de pé para orar, perdoai, se tiverdes algum ressentimento contra alguém, para que também vosso Pai, que está nos céus, vos perdoe os vossos pecados. {
26 — ausente —
26 Mas se não perdoardes, tampouco vosso Pai que está nos céus vos perdoará os vossos pecados.}"
27 တဖန် ယေသျှုနှင့် တပည့်တော်ရို့သည် ယေရုဆလင်မြို့သို့ ရောက်တော်မူလျှင်၊ ကိုယ်တော်သည် ဗိမာန်တော်၌ လမ်းလျှောက်တော်မူ၏။ ယဇ်ပုရောဟိတ် အကြီးအကဲတိ၊ ကျမ်းတတ်ပုဂ္ဂိုလ်တိနှင့် ဘာသာရေးခေါင်းဆောင်ရို့သည် အထံတော်သို့ ချဉ်ကပ်၍၊
27 Jesus e seus discípulos voltaram outra vez a Jerusalém. E andando Jesus pelo templo, acercaram-se dele os príncipes dos sacerdotes, os escribas e os anciãos,
28 ကိုယ်တော့်ကို “သင်သည် ဤအမှုအရာတိကို ဇာအခွင့်ဖြင့် ပြုသနည်း။ ဇာသူက ဤအခွင့်ကို ပီးသနည်း” ဟု မိန်းလျှောက်ကြလျှင်၊
28 e perguntaram-lhe: "Com que direito fazes isto? Quem te deu autoridade para fazer essas coisas?"
29 ယေသျှုက “သင်ရို့ကို ငါ မိန်းခွန်းတစ်ခု မိန်းမည်။ သင်ရို့ဖြေကြလော့၊ သို့ပြုလျှင် ဤအမှုအရာတိကို ဇာသူ့အခွင့်ဖြင့် ပြုသည်ကို သင်ရို့အား ငါ ပြောပြမည်။
29 Jesus respondeu-lhes: "Também eu vos farei uma pergunta; respondei-ma, e dir-vos-ei com que direito faço essas coisas.
30 ယောဟန်သည် ဗတ္တိဇံကို ပီးသောအခါ ဘုရားသခင်ပါးက အခွင့်ဖြင့်လော၊ လူပါးက အခွင့်ဖြင့်လော။ ထိုအရာကို ငါအား ပြောလော့” ဟု မိန်းတော်မူ၏။
30 O batismo de João vinha do céu ou dos homens? Respondei-me."
31 ထိုသို့ မိန်းတော်မူလျှင် သူရို့က “ငါရို့ ဇာပိုင် ပြောရမည်နည်း။ အကယ်၍ ‘ဘုရားအခွင့်ဖြင့် ပြုသည်’ ဟု ဖြေလျှင် ‘ယောဟန်ကို ဇာတွက် မယုံကြည်ကြသနည်း’ ဟု ဤသူက ငါရို့ကို မိန်းဖို့။
31 E discorriam lá consigo: "Se dissermos: Do céu, ele dirá: Por que razão, pois, não crestes nele?
32 ယင်းပုံစံ ‘လူပါးက အခွင့်နှင့် ပြုသည်ဟု ဖြေရဖို့လား’ လူတိက ယောဟန်ကို ပရောဖက်အမှန်ဖြစ်သည်ဟု မှတ်ယူထားကြ၏” ဟူ၍ အချင်းချင်း ဆွေးနွေးကြပြီး လူတိကို ကြောက်ရွံ့ကြသောကြောင့်၊
32 Se, ao contrário, dissermos: Dos homens, tememos o povo." Com efeito, tinham medo do povo, porque todos julgavam ser João deveras um profeta.
33 “အကျွန်ရို့ မသိပါ” ဟု ကိုယ်တော့်ကို လျှောက်ကြ၏။
33 Responderam a Jesus: "Não o sabemos." "E eu tampouco vos direi, disse Jesus, com que direito faço estas coisas."

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.