Lucas 8
rki (RKI) vs ACF
1 ကာလအတန်ကြာသောအခါ ယေသျှုသည် မြို့ရွာများကို ကြွတော်မူ၍ ဘုရားသခင် နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဟောကြားတော်မူ၏။ ကိုယ်တော်နှင့်အတူ တပည့်တော်တစ်ဆယ့်နှစ်ပါးသည်လည်း လိုက်ကြ၏။
1 E aconteceu, depois disto, que andava de cidade em cidade, e de aldeia em aldeia, pregando e anunciando o evangelho do reino de Deus; e os doze iam com ele,
2 အနာရောဂါဖီး၊ ဝိညာဉ်ဆိုးဖီးမှ ကင်းလွတ်ကျန်းမာခွင့်ရခသော မိန်းမတချို့လည်း လိုက်လာကြ၏။ ထိုသူရို့ထဲတွင် နတ်ဆိုးခုနစ်ကောင် ထွက်လားသော မာဂဒလရွာသူ မာရိ၊
2 E algumas mulheres que haviam sido curadas de espíritos malignos e de enfermidades: Maria, chamada Madalena, da qual saíram sete demônios;
3 ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယား ယောဟန္န၊ သျှုယှန္နနှင့် အခြားမိန်းမများလည်းပါ၏။ ထိုအမျိုးသမီးရို့သည် မိမိရို့စရိတ်ဖြင့် ယေသျှုနှင့် တပည့်တော်ရို့အား လုပ်ကျွေးသမှု ပြုကြ၏။
3 E Joana, mulher de Cuza, procurador de Herodes, e Suzana, e muitas outras que o serviam com seus bens.
4 ယေသျှုထံပါးသို့ အမြို့မြို့မှလာကြသော လူအပေါင်းရို့သည် စုရုံးလျက် နိန်ကြစဉ် ကိုယ်တော်သည် ပုံဥပမာဆောင်၍၊
4 E, ajuntando-se uma grande multidão, e vindo de todas as cidades ter com ele, disse por parábola:
5 “မျိုးစိ့ကြဲသောသူသည် မျိုးစိ့ကိုကြဲဖို့ရန် ထွက်လားလေ၏။ မျိုးစိ့ကြဲသောအခါ တချို့မျိုးစိ့ရို့သည် လမ်း၌ကျသဖြင့် လူတိက ကျော်နင်းပြီးလျှင် ငှက်တိက ကောက်စားကြ၏။
5 Um semeador saiu a semear a sua semente e, quando semeava, caiu alguma junto do caminho, e foi pisada, e as aves do céu a comeram;
6 တချို့မျိုးစိ့ရို့သည် ကျောက်ခံမြီ၌ကျသဖြင့် အပင်ပေါက်သော်လည်း မြီဆီအစိုဓာတ် မဟိသောကြောင့် ညှိုးနွမ်းခြောက်သွိ့လေ၏။
6 E outra caiu sobre pedra e, nascida, secou-se, pois que não tinha umidade;
7 တချို့အစိ့တိကား ဆူးတော၌ကျသဖြင့် အပင်ပေါက်သော်လည်း ဆူးပင်များသည် ညှည်းဆဲသောကြောင့် မကြီးထွားနိုင်။
7 E outra caiu entre espinhos e crescendo com ela os espinhos, a sufocaram;
8 တချို့အစိ့ရို့သည် ကောင်းသောမြီဆီလွှာ၌ကျသဖြင့် အပင်ပေါက်ပြီးလျှင် အဆတစ်ရာအသီးနှံကို ဖြစ်ထွန်းလေ၏” ဟု မိန့်တော်မူ၏။
8 E outra caiu em boa terra, e, nascida, produziu fruto, a cento por um. Dizendo ele estas coisas, clamava: Quem tem ouvidos para ouvir, ouça.
9 တပည့်တော်ရို့သည် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို ယေသျှုအား မိန်းလျှောက်ကြ၏။
9 E os seus discípulos o interrogaram, dizendo: Que parábola é esta?
10 ကိုယ်တော်ကလည်း “သင်ရို့သည် ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော နက်နဲသည့် အရာတိကို သိရခြင်းငှာ အခွင့်ဟိကြ၏။ သို့သော် အခြားသော လူတိအား ‘ကြည့်လျက်နန့် မမြင်၊ ကြားလျက်နန့် နားမလည်’ သည့်အတွက် ပုံဥပမာကိုသာ ဟောရခြင်းဖြစ်၏။
10 E ele disse: A vós vos é dado conhecer os mistérios do reino de Deus, mas aos outros por parábolas, para que vendo, não vejam, e ouvindo, não entendam.
11 “ဤပုံဥပမာ၏ အနက်အဓိပ္ပာယ်ကား ဤသို့တည်း၊ မျိုးစိ့က ဘုရားသခင်၏ တရားစကားဖြစ်၏။
11 Esta é, pois, a parábola: A semente é a palavra de Deus;
12 လမ်း၌ကျသည့် မျိုးစိ့ကား တရားစကားကို ကြားရသော်လည်း နတ်ဆိုးတိက ထိုသူရို့သည် ယုံကြည်၍ ကယ်တင်ခြင်းသို့ မရောက်စီရန် လာပြီးလျှင် သူရို့စိတ်နှလုံးထဲက နှုတ်ကပါတ်တရားတော်ကို နုတ်ယူလားကြ၏။
12 E os que estão junto do caminho, estes são os que ouvem; depois vem o diabo, e tira-lhes do coração a palavra, para que não se salvem, crendo;
13 ကျောက်ခံမြီ၌ ကျသောမျိုးစိ့ကား နှုတ်ကပတ်တရားတော်ကို ကြားသောအခါ ဝမ်းမြောက်စွာ ခံယူသူကို ဆိုလို၏။ သို့သော်လည်း သူရို့၏ စိတ်နှလုံး၌ အမြစ်မစွဲ၊ ကာလအနည်းချေရာ ယုံကြည်လက်ခံကြ၏။ စုံစမ်းနှောက်ယှက်ခြင်းနှင့်တွိ့သောအခါ သူရို့သည် ဖောက်ပြန်လားကြ၏။
13 E os que estão sobre pedra, estes são os que, ouvindo a palavra, a recebem com alegria, mas, como não têm raiz, apenas crêem por algum tempo, e no tempo da tentação se desviam;
14 ဆူးတော၌ ကျသောမျိုးစိ့ကား နှုတ်ကပတ်တရားတော်ကို ကြား၏၊ သို့သော် စိုးရိမ်ပူပန်မှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှုများ လွှမ်းမိုးနိန်သည့်အတွက် အသီးကောင်းကို မသီးနိုင်။
14 E a que caiu entre espinhos, esses são os que ouviram e, indo pordiante, são sufocados com os cuidados e riquezas e deleites da vida, e não dão fruto com perfeição;
15 ကောင်းသောမြီဆီလွှာ၌ ကျသောမျိုးစိ့ကား တရားစကားကို ကြား၍ ဖြောင့်မတ်နာခံတတ်သော နှလုံးသားနှင့် နှုတ်ကပါတ်တရားတော်ကို စွဲမြဲစွာ ခံယူပြီးလျှင် သည်းခံသောအားဖြင့် အသီးသီးသောသူကို ဆိုလိုသတည်း။”
15 E a que caiu em boa terra, esses são os que, ouvindo a palavra, a conservam num coração honesto e bom, e dão fruto com perseverança.
16 “ဆီးမီးကိုထွန်းပြီး တောင်းနှင့်အုပ်ထားခြင်း၊ ကုတင် အောက်၌ထားခြင်းကို ဇာသူလေ့ မပြုတတ်။ ဝင်လာသောလူတိ အလင်းကိုမြင်စီဖို့ ဆီးမီးခုံထက်၌ တင်ထားလေ့ ဟိ၏။”
16 E ninguém, acendendo uma candeia, a cobre com algum vaso, ou a põe debaixo da cama; mas põe-na no velador, para que os que entram vejam a luz.
17 “အကြောင်းမူကား ကွယ်ဝှက်ထားသောအရာတိ ပေါ်လာပြီးလျှင် ဖုံးအုပ်ထားသော အရာမှန်သမျှသည်လည်း ထင်ရှားလာပြီး အလင်းထဲသို့ ယူဆောင်လာလိမ့်မည်။”
17 Porque não há coisa oculta que não haja de manifestar-se, nem escondida que não haja de saber-se e vir à luz.
18 “ထို့ကြောင့် သင်ရို့ ဇာပိုင်ကြားနာရမည်ကို သတိပြုကြလော့။ အကြောင်းမူကား ဟိသောသူကို ထပ်၍ ပီးလိမ့်မည်။ မဟိသူပါးက ဟိသည်ဟု ထင်သောအရာတိကိုပင် သိမ်းယူလိမ့်မည်” ဟု မိန့်တော်မူ၏။
18 Vede, pois, como ouvis; porque a qualquer que tiver lhe será dado, e a qualquer que não tiver até o que parece ter lhe será tirado.
19 ယေသျှု၏မယ်တော်နှင့် ညီတော်ရို့သည် ကိုယ်တော်ထံသို့ လာကြ၏။ သို့စေကာမူ လူပရိသတ်တိအား တိုးမပေါက်နိုင်သဖြင့် တွိ့ခွင့်မရ နိုင်ကြ။
19 E foram ter com ele sua mãe e seus irmãos, e não podiam aproximar-se dele, por causa da multidão.
20 လူတစ်ယောက်က ယေသျှုအား “ကိုယ်တော်၏ မယ်တော်နှင့် ညီတော်တိက ကိုယ်တော့်ကို တွိ့ချင်သောကြောင့် အပြင်မှာ စောင့်နိန်ကြပါ၏” ဟု လျှောက်ကြ၏။
20 E foi-lhe dito: Estão lá fora tua mãe e teus irmãos, que querem ver-te.
21 ထိုအခါ ယေသျှုက “ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ကြားနာလိုက်လျှောက်သော လူတိကား ငါ့အမိ၊ ငါ့ညီပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
21 Mas, respondendo ele, disse-lhes: Minha mãe e meus irmãos são aqueles que ouvem a palavra de Deus e a executam.
22 တစ်နိ့၌ ယေသျှုနှင့် တပည့်တော်ရို့သည် လောင်းထက်သို့ တက်ကြ၏။ ထို့နောက်ကိုယ်တော်က၊ “အိုင်တစ်ဖက်ကို ကူးကြကုန်အံ့” ဟု မိန့်တော်မူသဖြင့် တပည့်တော်ရို့သည် ရွက်ရွှင့်ကြ၏။
22 E aconteceu que, num daqueles dias, entrou num barco com seus discípulos, e disse-lhes: Passemos para o outro lado do lago. E partiram.
23 သူရို့ ရွက်ရွှင့်ကြစဉ် ယေသျှုသည် အိပ်လျက် နိန်တော်မူ၏။ ရုတ်တရက် အိုင်တွင် လီမုန်တိုင်းကျလာသဖြင့် လောင်းသည် ရီနှင့်ပြည့်လုပြည့်ချင် ဟိသောကြောင့် တပည့်တော်ရို့သည် ကြီးစွာသော ဒုက္ခဖီးနှင့် ကြုံရလေ၏။
23 E, navegando eles, adormeceu; e sobreveio uma tempestade de vento no lago, e enchiam-se de água, estando em perigo.
24 တပည့်တော်ရို့သည် ချဉ်းကပ်ပြီး ယေသျှုကို နှိုးပြီးလျှင် “သခင်၊ သခင်၊ အကျွန်ရို့ သီရပါဖို့ ဗျာယ်” ဟု ဆိုကြ၏။
24 E, chegando-se a ele, o despertaram, dizendo: Mestre, Mestre, perecemos. E ele, levantando-se, repreendeu o vento e a fúria da água; e cessaram, e fez-se bonança.
25 ထို့နောက် ကိုယ်တော်က၊ “သင်ရို့ ယုံကြည်ခြင်းက ဇာမာလဲ” ဟု တပည့်တော်တိအား မိန်းတော်မူ၏။
25 E disse-lhes: Onde está a vossa fé? E eles, temendo, maravilharam-se, dizendo uns aos outros: Quem é este, que até aos ventos e à água manda, e lhe obedecem?
26 ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ဂါလိလဲပြည်နှင့် အိုင်တစ်ဖက်ဖြစ်သော ဂါရစနယ်သို့ ရွက်ရွှင့်ကြ၏။
26 E navegaram para a terra dos gadarenos, que está defronte da Galiléia.
27 ယေသျှုသည် ကမ်းထက်သို့ တက်သည်နှင့် နတ်ဆိုးတိပူးသောသူ တစ်ယောက်သည် မြို့မှလာ၍ ကိုယ်တော့်ကို လာရောက် တွိ့ဆုံလေ၏။ ထိုသူသည် အဝတ်ကိုမဝတ်၊ အိမ်တွင်မနီဘဲ သင်္ချိုင်းကုန်းများတွင်သာ နီသည်မှာ ကြာပြီဖြစ်၏။
27 E, quando desceu para terra, saiu-lhe ao encontro, vindo da cidade, um homem que desde muito tempo estava possesso de demônios, e não andava vestido, nem habitava em qualquer casa, mas nos sepulcros.
28 ယေသျှုကိုမြင်လျှင် သူသည် အော်ဟစ်ကာ ရှိ့တော်၌ပျပ်ဝပ်လျက် “ယေသျှု၊ အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားတော်၊ အကျွန့်ပါးက ဇာအလိုဟိပါသလဲ၊ အကျွန့်ကို မနှိပ်စက်ပါကေ့၊ တောင်းပန်ပါ၏” ဟု ကျယ်သောအသံဖြင့် အော်ဟစ် လျှောက်ထားလေ၏။
28 E, quando viu a Jesus, prostrou-se diante dele, exclamando, e dizendo com grande voz: Que tenho eu contigo, Jesus, Filho do Deus Altíssimo? Peço-te que não me atormentes.
29 ထိုသို့ လျှောက်ထားရသည့်အကြောင်းမှာ ယေသျှုသည် ဝိညာဉ်ဆိုးအား ထိုသူအထဲမှ ထွက်လားရန် အမိန့်ပီးလိုက်သောကြောင့်ဖြစ်၏။ ဝိညာဉ်ဆိုးသည် ထိုသူအား ကြိမ်ဖန်များစွာ ဝင်ပူးခ၏။ သူ၏ခြီ၊ လက်တိကို သံကြိုးများနှင့် တုတ်နှောင်ဖမ်းချုပ် စောင့်ကြပ်ထားသော်လည်း ထိုသူသည် သံကြိုးများကို ချိုးဖြတ်ကာ တောကန္တာရသို့ ထွက်ပြီးတတ်၏။
29 Porque tinha ordenado ao espírito imundo que saísse daquele homem; pois já havia muito tempo que o arrebatava. E guardavamno preso, com grilhões e cadeias; mas, quebrando as prisões, era impelido pelo demônio para os desertos.
30 ယေသျှုက နတ်ဆိုးအား “သင့်နာမည်က ဇာလဲ” ဟု မိန်းတော်မူလျှင်၊ “အကျွန့်နာမည် လေဂေါင်ဖြစ်ပါ၏” ဟု ပြန်လျှောက်လေ၏။ အကြောင်းမှာ ထိုသူအား နတ်ဆိုးရို့သည် ပူးကပ်နိန်သောကြောင့်ဖြစ်၏။
30 E perguntou-lhe Jesus, dizendo: Qual é o teu nome? E ele disse: Legião; porque tinham entrado nele muitos demônios.
31 နတ်ဆိုးရို့က “အကျွန်ရို့ကို အဆုံးမဟိသော တွင်းနက်ထဲ၌ လားဖို့ အမိန့်မပီးပါကေ့” ဟု ယေသျှုအား တောင်းပန်ကြ၏။
31 E rogavam-lhe que os não mandasse para o abismo.
32 ထိုအရပ်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ခါးစောင်းနားတွင် ကျက်စားလျက်ဟိ၏။ နတ်ဆိုးရို့သည် ထိုဝက်တိထဲသို့ ဝင်ပူးခွင့်ပြုရန် ယေသျှုကို တောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း ထိုသူရို့အား အခွင့်ပီးတော်မူလေ၏။
32 E andava ali pastando no monte uma vara de muitos porcos; e rogaram-lhe que lhes concedesse entrar neles; e concedeu-lho.
33 နတ်ဆိုးရို့သည် လူမှခွါ၍ ဝက်တိထဲသို့ ဝင်ပူးကြ၏။ ထိုအခါ ဝက်တစ်အုပ်လုံးသည် အိုင်ကမ်းထောင်းစောက်သို့ တဟုန်ထိုး ဗြီးဆင်းလျက် အိုင်ထဲ၌ ရီနစ်သီဆုံးကြ၏။
33 E, tendo saído os demônios do homem, entraram nos porcos, e a manada precipitou-se de um despenhadeiro no lago, e afogou-se.
34 ဤသို့ဖြစ်ပျက်သည့် အကြောင်းအရာများကို ဝက်ထိန်းသားရို့သည် မြင်လျှင် ဗြီး၍ မြို့ရွာများသို့ လားကာ ထိုအခြင်းအရာကို ပြောကြ၏။
34 E aqueles que os guardavam, vendo o que acontecera, fugiram, e foram anunciá-lo na cidade e nos campos.
35 လူတိကလည်း ထိုအဖြစ်အပျက်ကို ကြည့်ရန်ထွက်လာကြ၏။ ယေသျှုထံပါးသို့ ရောက်သောအခါ နတ်ဆိုး ထွက်လားသောသူသည် အဝတ်ကိုဝတ်၍ ယေသျှု၏ ခြီတော်ရင်းတွင် အကောင်းပကတိ ထိုင်နိန်သည်ကို မြင်လျှင် သူရို့အားလုံးသည် ကြောက်ရွံ့ကြ၏။
35 E saíram a ver o que tinha acontecido, e vieram ter com Jesus. Acharam então o homem, de quem haviam saído os demônios, vestido, e em seu juízo, assentado aos pés de Jesus; e temeram.
36 ထိုအရာကို မြင်သောလူတိက ထိုသူသည် မည်သို့ ပြန်ကောင်းလာကြောင်းကို အခြားလူတိအား ပြန်ပြောကြ၏။
36 E os que tinham visto contaram-lhes também como fora salvo aquele endemoninhado.
37 ထိုအခါ ဂါရစနယ်မှ လူအပေါင်းရို့သည် အလွန်ကြောက်လန့်သဖြင့် မိမိရို့အရပ်မှ ထွက်လားရန် ယေသျှုအား တောင်းပန်ကြ၏။ ထိုအခါ ယေသျှုသည် လောင်းထက်သို့တက်၍ ထိုအရပ်မှ ထွက်ခွါတော်မူ၏။
37 E toda a multidão da terra dos gadarenos ao redor lhe rogou que se retirasse deles; porque estavam possuídos de grande temor. E entrando ele no barco, voltou.
38 နတ်ဆိုး ထွက်လားသောသူသည် ယေသျှုအား “ကိုယ်တော်နှင့်အတူ လိုက်ခွင့်ပြုပါ” ဟု တောင်းပန်၏။
38 E aquele homem, de quem haviam saído os demônios, rogou-lhe que o deixasse estar com ele; mas Jesus o despediu, dizendo:
39 “အိမ်ကို ပြန်ပြီးလျှင် ဘုရားသခင်က သင့်ကို ဇာလောက်ထိ ကျေးဇူးပြုတော်မူသည်ကို ပြောပြပါ” ဟု မိန့်တော်မူ၍ သူ့ကိုပြန်လားစီ၏။
39 Torna para tua casa, e conta quão grandes coisas te fez Deus. E ele foi apregoando por toda a cidade quão grandes coisas Jesus lhe tinha feito.
40 ယေသျှု ပြန်ကြွလာတော်မူသောအခါ လူအပေါင်းရို့သည် ကမ်းတစ်ဖက်တွင် ကိုယ်တော့်ကို စောင့်မျှော်ကြလျက် ခရီးဦးကြိုပြုကြ၏။
40 E aconteceu que, quando voltou Jesus, a multidão o recebeu, porque todos o estavam esperando.
41 ထိုအခါ တရားဇရပ်မှူး ယာဣရုဆိုသောသူသည် ကိုယ်တော်ထံသို့ ရောက်လာ၍ ယေသျှု၏ ခြီတော်ရင်းတွင် ပြပ်ဝပ်လျက် သူ၏အိမ်သို့ ကြွတော်မူရန် ကိုယ်တော့်ကို တောင်းပန်တော်မူ၏။
41 E eis que chegou um homem de nome Jairo, que era príncipe da sinagoga; e, prostrando-se aos pés de Jesus, rogava-lhe que entrasse em sua casa;
42 အကြောင်းမှာ သူ၌ တစ်ဆယ့်နှစ်နှစ်အရွယ် တစ်ဦးတည်းသော သမီးသည် သီခါနီး ဖြစ်နိန်သောကြောင့် ဖြစ်၏။
42 Porque tinha uma filha única, quase de doze anos, que estava à morte. E indo ele, apertava-o a multidão.
43 တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွီးသွန်နာ စွဲနိန်သော မိန်းမတစ်ယောက်သည် မိမိ၌ဟိသော ငွီကြေးများ အကုန်ခံပြီး ဆီးဆရာများနှင့် ကုသသော်လည်း မည်သည့်ဆီးဆရာမှ ရောဂါကို ပျောက်နိုင်စွမ်း မဟိကြ။
43 E uma mulher, que tinha um fluxo de sangue, havia doze anos, e gastara com os médicos todos os seus haveres, e por nenhum pudera ser curada,
44 ထိုမိန်းမသည် ယေသျှု၏ နောက်တော်သို့ ချဉ်းကပ်၍ ကိုယ်တော်၏ ဝတ်ရုံပန်းဖွားတော်ကို တို့လေ၏။ ထိုခဏချင်းတွင် သွီးသွန်နာ ပျောက်ကင်းလေ၏။
44 Chegando por detrás dele, tocou na orla do seu vestido, e logo estancou o fluxo do seu sangue.
45 ယေသျှုကလည်း၊ “ငါ့ကို ဇာသူ တို့သနည်း” ဟု မိန်းတော်မူလျှင်၊
45 E disse Jesus: Quem é que me tocou? E, negando todos, disse Pedro e os que estavam com ele: Mestre, a multidão te aperta e te oprime, e dizes: Quem é que me tocou?
46 သို့သော်လည်း ယေသျှုက “တစ်ယောက်ယောက်က ငါ့ကို တို့၏။ ငါ့ကိုယ်က တန်ခိုးထွက်လားသည်ကို ငါသိရ၏” ဟု မိန့်တော်မူ၏။
46 E disse Jesus: Alguém me tocou, porque bem conheci que de mim saiu virtude.
47 ထိုမိန်းမသည် မိမိပြုခသည့်အမှုကို ဖုံးကွယ်ထား၍ မရကြောင်း သိလာသောအခါ တုန်လှုပ်လျက် ရှိ့တော်သို့လာပြီး ပျပ်ဝပ်ကာ ယေသျှုအား တို့ထိရသည့်အကြောင်းကိုလည်းကောင်း၊ ချက်ချင်းပင် မိမိ၏ရောဂါ ပျောက်ကင်းကြောင်းကိုလည်းကောင်း လူအပေါင်းရို့၏ရှိ့တွင် လျှောက်လေ၏။
47 Então, vendo a mulher que não podia ocultar-se, aproximou-se tremendo e, prostrando-se ante ele, declarou-lhe diante de todo o povo a causa por que lhe havia tocado, e como logo sarara.
48 ယေသျှုကလည်း၊ “ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစီဗျာယ်၊ ငြိမ်ဝပ်စွာလားလော” ဟု မိန့်တော်မူ၏။
48 E ele lhe disse: Tem bom ânimo, filha, a tua fé te salvou; vai em paz.
49 ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တရားဇရပ်မှူးအိမ်မှ လူတစ်ယောက်လာ၍ “သခင်၏သမီး သီဗျာယ်၊ ဆရာကို မနှောင့်ယှက်ကေ့ဖိ” ဟု ယာဣရုအား ပြော၏။
49 Estando ele ainda falando, chegou um dos do príncipe da sinagoga, dizendo: A tua filha já está morta, não incomodes o Mestre.
50 ထိုစကားကို ယေသျှုကြားတော်မူလျှင် ယာကုရုအား၊ “မစိုးရိမ်ကေ့၊ ယုံကြည်ခြင်း တစ်ခုရာ ဟိလော၊ သူငယ်မချေ ကျန်းမာလိမ့်မည်” ဟု မိန့်တော်မူ၏။
50 Jesus, porém, ouvindo-o, respondeu-lhe, dizendo: Não temas; crê somente, e será salva.
51 တရားဇရပ်မှူးအိမ်သို့ ရောက်သောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် သူငယ်မ၏ မိဖနှစ်ပါးမှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ ဝင်စီတော်မမူ။
51 E, entrando em casa, a ninguém deixou entrar, senão a Pedro, e a Tiago, e a João, e ao pai e a mãe da menina.
52 သူငယ်မချေ သီဆုံးသည့်အတွက် လူတိုင်းသည် ငိုကြွီးမြည်တမ်းလျက် ဟိကြ၏။ ယေသျှုက “မငိုကတ်ကေ့၊ သူငယ်မချေ သီစွာ မဟုတ်၊ အိပ်ပျော် နိန်ခြင်းသာဖြစ်၏” ဟု မိန့်တော်မူ၏။
52 E todos choravam, e a pranteavam; e ele disse: Não choreis; não está morta, mas dorme.
53 ထိုအခါ သူရို့သည် သူငယ်မချေ သီဆုံးပြီးကြောင်းကို သိကြသည်ဖြစ်၍ ကိုယ်တော့်ကို လှောင်ပြောင်ကြ၏။
53 E riam-se dele, sabendo que estava morta.
54 သို့သော် ယေသျှုသည် သူငယ်မ၏လက်ကို ဆုပ်ကိုင်ကာ “ကလိန့်မေချေ၊ ထလော့” ဟု ခေါ်တော်မူ၏။
54 Mas ele, pondo-os todos fora, e pegando-lhe na mão, clamou, dizendo: Levanta-te, menina.
55 သူငယ်မသည် အသက်ပြန်ရှင်လာ၍ ချက်ခြင်းပင် ပြန်ထလေ၏။ ယေသျှုသည် သူငယ်မအား အစားအစာကျွေးမွေးရန် မိန့်မှာတော်မူ၏။
55 E o seu espírito voltou, e ela logo se levantou; e Jesus mandou que lhe dessem de comer.
56 မိဖရို့သည် များစွာအံ့သြကြ၏။ ယေသျှုက ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောစီရန် သူရို့အား ပညတ်တော်မူ၏။
56 E seus pais ficaram maravilhados; e ele lhes mandou que a ninguém dissessem o que havia sucedido.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.