Lucas 7

rki (RKI) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ယေသျှုသည် လူတိအား ထိုသို့ ဟောပြောသွန်သင်ပြီးနောက် ကပေရနောင်မြို့သို့ ကြွတော်မူ၏။
1 Quando Jesus acabou de dizer essas coisas ao povo, foi para a cidade de Cafarnaum.
2 ထိုမြို့၌ ရောမတပ်မှူးတစ်ဦးတွင် အလွန်အားထားရသော အခိုင်းအစီတစ်ယောက်သည် ဖျားနာလျက် သီလုမျောပါးဖြစ် နိန်၏။
2 Havia ali um oficial romano que tinha um empregado a quem estimava muito. O empregado estava gravemente doente, quase morto.
3 တပ်မှူးသည် ယေသျှု၏သတင်းတော်ကို ကြားသောအခါ ယုဒအ​မျိုး အ​ကြီး​အ​ကဲ​တိကို ကိုယ်တော့်ထံသို့ ရွှတ်လိုက်ပြီး၊ ကိုယ်တော်ကြွ၍ မိမိ၏အခိုင်းအစီအား ကျန်းမာစီရန် တောင်းလျှောက်စီ၏။
3 Quando o oficial ouviu falar de Jesus, enviou alguns líderes judeus para pedirem a ele que viesse curar o seu empregado.
4 သူရို့သည် ယေသျှုထံသို့ ရောက်လာ၍ “ထိုသူသည် ကိုယ်တော်၏ ကျေးဇူးပြုခြင်းကို ခံထိုက်သူဖြစ်ပါ၏။
4 Eles foram falar com Jesus e lhe pediram com insistência: — Esse homem merece, de fato, a sua ajuda,
5 သူသည် အကျွန်ရို့လူမျိုးတိကိုချစ်လို့ အကျွန်ရို့အတွက် တရားဇရပ်တစ်ဆောင်ကို ဆောက်လုပ်ပီးသူလည်း ဖြစ်ပါ၏” ဟု လေးနက်စွာလျှောက်လေ၏။
5 pois estima muito o nosso povo e até construiu uma sinagoga para nós.
6 ယေသျှုသည် ထိုသူရို့နှင့်အတူ ကြွတော်မူ၏။ တပ်မှူးအိမ်နှင့် မနီးမဝီးသို့ ရောက်သောအခါ တပ်မှူးသည် မိတ်ဆွီများကို ကိုယ်တော်ထံသို့ ရွှတ်လိုက်၍ “အသျှင်ဘုရား၊ ဒုက္ခမရှာပါကေ့။ ကိုယ်တော်သည် အကျွန့်အိမ်ထဲသို့ ဝင်ခြင်းကိုပင် အကျွန် မခံယူထိုက်ပါ။
6 Então Jesus foi com eles. Porém, quando já estava perto da casa, o oficial romano mandou alguns amigos dizerem a Jesus: — Senhor, não se incomode, pois eu não mereço que entre na minha casa.
7 ယင်းနည်းတူ အကျွန်ကလည်း ကိုယ်တော်ထံပါးကို လာထိုက်သူ မဟုတ်ဟု ယူဆပါ၏။ အမိန့်တော်ကိုသာ ပီးတော်မူပါလျှင် အကျွန်၏ အခိုင်းအစီသည် ကျန်းမာလာပါလိမ့်မည်။
7 E acho também que não mereço a honra de falar pessoalmente com o senhor. Dê somente uma ordem, e o meu empregado ficará bom.
8 အကျွန်ကိုယ်တိုင်ပင် အထက်အရာဟိ အောက်၌ အမှုထမ်းသူဖြစ်ပြီးလျှင် အကျွန့် လက်အောက်၌လည်း စစ်သားများ ဟိပါ၏။ တစ်ဦးကို ‘လားလော့’ ဟု ဆိုလျှင် လား၍၊ တစ်ဦးကို ‘လာလော’ ဟု ဆိုလျှင် လာကြပါ၏။ အခိုင်းအစီတိကို ‘ဤအလုပ်ကို လုပ်လိုက်’ ဟု ဆိုလျှင် လုပ်ကြပါ၏” ဟု လျှောက်ထားစီ၏။
8 Eu também estou debaixo da autoridade de oficiais superiores e tenho soldados que obedecem às minhas ordens. Digo para um: “Vá lá”, e ele vai. Digo para outro: “Venha cá”, e ele vem. E digo também para o meu empregado: “Faça isto”, e ele faz.
9 ယေသျှုသည် ထိုစကားကိုကြားတော်မူလျှင် အံ့သြတော်မူ၍ နောက်တော်မှလိုက်လာကြသော လူထုပရိသတ်ဖက်သို့ လှည့်ကြည့်တော်မူပြီးလျှင်၊ “ငါဆိုသည်ကား၊ ဤပိုင်ယုံကြည်ခြင်းကို ဣသရေလလူမျိုးထဲ၌ပင် တစ်ခါလေ့ ငါမတွိ့သိမ့်” ဟု မိန့်တော်မူ၏။
9 Jesus ficou muito admirado quando ouviu isso. Então virou-se e disse para a multidão que o seguia:
10 တပ်မှူး ရွှတ်လိုက်သော သူရို့သည် အိမ်သို့ ပြန်ရောက်သောအခါ ထိုအခိုင်းအစီသည် ကျန်းမာလျက်ဟိသည်ကို တွိ့ကြ၏။
10 Aí os amigos do oficial voltaram para a casa dele e encontraram o empregado curado.
11 ထိုမှ အနည်းငယ်လွန်သော် ယေသျှုသည် နာဣန ဟု ခေါ်သောမြို့သို့ ကြွတော်မူသော် တပည့်တော်ရို့နှင့် လူထုပရိသတ်ကြီးလည်း လိုက်လာကြ၏။
11 Pouco tempo depois Jesus foi para uma cidade chamada Naim. Os seus discípulos e uma grande multidão foram com ele.
12 မြို့တံခါးနားသို့ ရောက်သော အချိန်တွင် လူရို့သည် အလောင်းကို သင်္ဂြိုဟ်ရန် မြို့ပြင်သို့ ထမ်းထုတ်ကာ စီတန်း၍ လာကြ၏။ ထိုသူသည် မုဆိုးမ၏ တစ်ဦးတည်းသောသား ဖြစ်၏။ ထိုမုဆိုးမနှင့်အတူ မြို့သူမြို့သားတိလည်း လိုက်ပို့ကြ၏။
12 Quando ele estava chegando perto do portão da cidade, ia saindo um enterro. O defunto era filho único de uma viúva, e muita gente da cidade ia com ela.
13 သခင်ဘုရားသည် ထိုမိန်းမကိုမြင်သောအခါ အလွန် သနားသောစိတ်ဟိတော်မူ၍၊ “မငိုကေ့” ဟု သူမအား မိန့်တော်မူ၏။
13 Quando o Senhor a viu, ficou com muita pena dela e disse:
14 ထို့နောက် အနားသို့ ကြွတော်မူပြီးလျှင် တလားကို လက်တော်ဖြင့် တို့တော်မူလျှင် တလားထမ်းသူရို့သည် ရပ်နိန်ကြ၏။ ကိုယ်တော်က၊ “အချင်းလူငယ်၊ ထလော့၊ သင့်ကို ငါဆို၏” ဟု မိန့်တော်မူလျှင်၊
14 Então ele chegou mais perto e tocou no caixão. E os que o estavam carregando pararam. Então Jesus disse:
15 သီသောသူသည် ထ၍ ထိုင်ပြီးလျှင် စကားပြောလေ၏။ ထို့နောက် ကိုယ်တော်သည် သူ့ကို မိခင်ပါးသို့ အပ်တော်မူ၏။
15 O moço sentou-se no caixão e começou a falar, e Jesus o entregou à mãe.
16 လူအပေါင်းရို့သည် ကြောက်ရွံ့လျက် ဘုရားသခင်ကို ချီးမွမ်းကြ၏။ သူရို့က “ငါရို့ထဲ၌ ပရောဖက်ကြီးတစ်ပါး ပေါ်ထွန်းယာ၊ ဘုရားသခင်သည် သူ့လူတိကို ကယ်တင်ဖို့ ကြွလာတော်မူယာ” ဟု ပြောဆိုကြ၏။
16 Todos ficaram com muito medo e louvavam a Deus, dizendo: — Que grande
17 ယေသျှု၏သတင်းတော်သည် ယုဒပြည်တလျှောက်လုံးနှင့် ပတ်ဝန်းကျင်ဒေသအားလုံး၌ ပျံ့နှံ့လားလေ၏။
17 Essas notícias a respeito de Jesus se espalharam por todo o país e pelas regiões vizinhas.
18 ယောဟန်တပည့်ရို့သည် ဖြစ်ပျက်သမျှသော အကြောင်းအရာအားလုံးကို ယောဟန်အား ပြောကြားကြ၏။ ထိုအခါ သူသည် သူရို့အထဲက တပည့်နှစ်ဦးကို ခေါ်ပြီးလျှင်၊
18 Os discípulos de João Batista contaram tudo isso a ele. Aí João chamou dois deles
19 သူရို့ကို သခင်ဘုရားထံသို့ ရွှတ်၍ “ကိုယ်တော်သည် ဗတ္တိဇံယောဟန်ပြောသည့် ကြွလာတော်မူမည့်သူလား၊ ယေပိုင် မဟုတ်ကေ အခြားပုဂ္ဂိုလ်တစ်ဦးကို စောင့် နိန်ရအုံးမည်လော” ဟု မိန်းလျှောက်စီ၏။
19 e os enviou ao Senhor Jesus para perguntarem: “O senhor é aquele que ia chegar ou devemos esperar outro?”
20 ထိုသူနှစ်ဦးသည် ယေသျှုထံပါးသို့ လာပြီးလျှင် “ကိုယ်တော်သည် ဗတ္တိဇံယောဟန်ပြောသည့် ကြွလာတော်မူမည့်သူလား၊ ထိုသို့ မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးကို စောင့် နိန်ရအုံးမည်လော။ ဤသို့ မိန်းလျှောက်ရန် ဗတ္တိဇံယောဟန်က အကျွန်ရို့ကို ရွှတ်လိုက်ပါ၏” ဟု လျှောက်ထားကြ၏။
20 Então eles foram até o lugar onde Jesus estava e disseram: — João Batista nos mandou perguntar o seguinte: o senhor é aquele que ia chegar ou devemos esperar outro?
21 ထိုအချိန်၌ ယေသျှုသည် လူအပေါင်းရို့၏ ရောဂါဝေဒနာများကို ပျောက်ကင်းစီခြင်းနှင့် ဝိညာဉ်ဆိုးတိကို နှင်ထုတ်၍ မျက်မမြင်တိကို မျက်စိမြင်စီတော်မူ၏။
21 Naquele momento Jesus curou muitas pessoas das suas doenças e dos seus sofrimentos, expulsou espíritos maus e também curou muitos cegos.
22 ကိုယ်တော်က “သင်ရို့မြင်ရ၊ ကြားရသောအရာတိကို ယောဟန်ပါးသို့ ပြန်လားပြီးလျှင် ပြောပြကြလော့။ မျက်စိကန်းသူတိ မြင်ရဗျာယ်၊ ခြီကျိုးနိန်သောလူတိ လမ်းလျှောက်နိုင်ဗျာယ်၊ နူနာရောဂါသည်တိ စင်ကြယ်ခြင်း ရဗျာယ်၊ နားမကြားသောလူတိ ကြားရဗျာယ်၊ သီသောလူ အသက်ပြန်ရှင်ဗျာယ်၊ ဆင်းရဲသားရို့ သတင်းကောင်းကိုကြားရဗျာယ်။
22 Depois respondeu aos discípulos de João:
23 ငါ့အကြောင်းကို ယုံမှားခြင်းကင်းသူသည် မင်္ဂလာဟိ၏” ဟု ယောဟန်၏ စီတမန်တိအား မိန့်တော်မူ၏။
23 E felizes são as pessoas que não duvidam de mim!
24 ယောဟန်၏ စီတမန်များသည် အထံတော်မှ ထွက်လားကြပြီးနောက် ယေသျှုသည် ယောဟန်အကြောင်းနှင့် ပတ်သတ်၍ လူအစုအဝေးအား၊ “သင်ရို့သည် ဇာကို ကြည့်ရှုခြင်းငှာ တောကန္တရသို့ လားကြသနည်း၊ လေတိုက်၍ လှုပ်သည့် ကျူပင်ကို ကြည့်ရန် လားကြသလော၊
24 Quando os discípulos de João foram embora, Jesus começou a dizer ao povo o seguinte a respeito de João:
25 သို့တည်း မဟုတ် ဝတ်ကောင်းစားကောင်း ဝတ်ထားသောလူကို ကြည့်ခြင်းငှာ လားကြသလော၊ ဝတ်ကောင်းစားကောင်း ဝတ်ပြီးလျှင် စည်းစိမ်ခံစားနိန်သော လူတိကား မင်းစိုးရာဇာအိမ်တိတွင် နီထိုင်ကြ၏။
25 O que foram ver? Um homem bem-vestido? Ora, os que se vestem bem e vivem no luxo moram nos palácios!
26 ငါ့ကို ပြောလော့၊ ပရောဖက်ကို ကြည့်ရန် လားကြသလော၊ မှန်ပါ၏။ ပရောဖက်ထက် သာ၍ ကြီးမြတ်သူကို ကြည့်ဖို့ လားကြခြင်းဖြစ်၏။
26 Então me digam: o que foram ver? Um
27 ကျမ်းစာလာသည်ကား၊ ‘သင်၏လမ်းကို အသင့်ဖြစ်စီရန် ငါ့၏ စီတမန်ကို သင်၏ ရှိ့၌ ငါစီရွှတ်မည်’ ဟု ဆိုရာ၌ ယောဟန်ကို ဆိုလိုခြင်းဖြစ်၏။
27 Porque João é aquele a respeito de quem as
28 ငါဆိုသည်ကား၊ မိန်းမမွီးသော လူတိထဲ၌ ယောဟန်ထက်ကြီးမြတ်သော လူတစ်ယောက်မှ မဟိ။ သို့သော်လည်း ဘုရားသခင်၏ နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် ယောဟန်ထက် သာ၍ ကြီးမြတ်သည်” ဟု မိန့်တော်မူ၏။
28 — Eu digo a vocês que de todos os homens que já nasceram João é o maior. Porém quem é o menor no
29 အခွန်ခံသောသူတိမှစ၍ လူအပေါင်းရို့သည် ယောဟန်၏ဗတ္တိဇံကို ခံယူခသဖြင့် ကိုယ်တော်၏စကားကို ကြားသောအခါ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို အသိမှတ်ပြုကြ၏။
29 Os cobradores de impostos e todo o povo ouviram isso. Eles eram aqueles que haviam obedecido às ordens justas de Deus e tinham sido batizados por João.
30 သို့စေကာမူ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့က၊ မိမိရို့အတွက် ဘုရားသခင်ထားတော်မူသော အကြံအစည်တော်ကို ငြင်းပယ်သူများ ဖြစ်ကြသောကြောင့် ယောဟန်ပါးတွင် ဗတ္တိဇံကို မခံယူကြ။
30 Mas os fariseus e os mestres da Lei não quiseram ser batizados por João e assim rejeitaram o plano de Deus para eles.
31 ထို့ကြောင့် ယေသျှုက၊ “အဂု လူတိကို ဇာချင့်နန့် ခိုင်းနှိုင်းပြရမည်နည်း။ သူရို့သည် ဇာချင့်နှင့် တူသနည်း။
31 E Jesus terminou, dizendo:
32 သူရို့ကား ဈီး၌ထိုင်နိန်သော အချေတိနှင့် တူ၏။ ‘ငါရို့သည် သာယာစွာတီးမှုတ်သော်လည်း၊ သင်ရို့ မကခုန်ကတ်။ ငါရို့ ငိုခြင်းကို ဆိုသော်လည်း သင်ရို့ မငိုကတ်’ ဟု အချင်းချင်း အော်ဟစ်ပြောဆိုကြ၏။
32 Elas são como crianças sentadas na praça. Um grupo grita para o outro:
33 ဗတ္တိဇံယောဟန်က အစားအစာမစား၊ စပျစ်ရည်ကို မသောက်ဘဲ လာသောခါ သင်ရို့က ‘ဤသူသည် နတ်ဆိုးဝင်ပူးသူ’ ဟု ဆိုတတ်ကြ၏။
33 João Batista jejua e não bebe vinho, e vocês dizem: “Ele está dominado por um demônio.”
34 လူသားသည် စားသောက်၍ လာသည့်အခါ သင်ရို့က ‘ဤသူကို ကြည့်လော့။ သူသည် စားသောက်ကြူးသူ ဖြစ်၏။ အခွန်ခံ၊ အပယ်ခံရို့နှင့် မိတ်ဖွဲ့သူဖြစ်သည်’ ဟု ဆိုကြ၏။
34 O
35 သို့စေကာမူ ဘုရားသခင်၏ ဉာဏ်ပညာကို လက်ခံသူသောသူအပေါင်းရို့က ထိုပညာ မှန်ကန်ကြောင်းကို ပြသကြသည်” ဟု မိန့်တော်မူ၏။
35 Mas aqueles que aceitam a sabedoria de Deus mostram que ela é verdadeira.
36 ဖာရိယှဲတစ်ဦးသည် ယေသျှုအား မိမိနှင့်အတူ ညစာသုံးဆောင်ရန် ပင့်ဖိတ်တော်မူသောကြောင့် ယေသျှုသည် ဖာရိယှဲအိမ်သို့ဝင်၍ စားပွဲတွင်ထိုင်၍ သုံးဆောင်တော်မူ၏။
36 Um fariseu convidou Jesus para jantar. Jesus foi até a casa dele e sentou-se para comer.
37 ထိုမြို့တွင် အပြစ်များသော မိန်းမတစ်ယောက်ဟိ၏။ သူမသည် ဖာရိယှဲအိမ်၌ ယေသျှုသည် ညစာသုံးဆောင်နိန်သည်ကို ကြားလျှင် ဆီမွှီးအပြည့်ပါသော ကျောက်ဖြူဘူး တစ်လုံးကိုယူ၍၊
37 Naquela cidade morava uma mulher de má fama. Ela soube que Jesus estava jantando na casa do fariseu. Então pegou um frasco feito de alabastro , cheio de perfume,
38 ယေသျှု၏ ခြီတော်ရင်းနောက်တွင် ရပ်လျက် ငိုယိုကာ နိန်၏။ သူမ၏မျက်ရည်သည် ကိုယ်တော်၏ ခြီတော်တွင်ကျသဖြင့် မိမိဆံပင်ဖြင့် သုတ်လေ၏။ ထိုမိန်းမသည် ကိုယ်တော်၏ခြီတိကို နမ်းပြီး ဆီမွှီးဖြင့် သုတ်လိမ်းလျက် နိန်၏။
38 e ficou aos pés de Jesus, por trás. Ela chorava e as suas lágrimas molhavam os pés dele. Então ela os enxugou com os seus próprios cabelos. Ela beijava os pés de Jesus e derramava o perfume neles.
39 ထိုအခြင်းအရာကို ဖာရိယှဲသည်မြင်လျှင် “ဤသူသည် ပရောဖက်တစ်ပါး အမှန် ဖြစ်သည်ဆိုလျှင် သူ၏ခြီကို ကိုင်နိန်သော မိန်းမသည် ဇာသူဖြစ်ကြောင်းကိုလည်းကောင်း၊ ဇာအပြစ်ကို လုပ်နိန်သည်ကိုလည်းကောင်း သိလိမ့်မည်” ဟု ရေရွတ်နိန်၏။
39 Quando o fariseu viu isso, pensou assim: “Se este homem fosse, de fato, um profeta , saberia quem é esta mulher que está tocando nele e a vida de pecado que ela leva.”
40 ထိုအခါ ယေသျှုက ထိုသူအား၊ “သျှိမုန်၊ သင့်ကို ငါပြောစရာ တစ်ခုဟိသည်” ဟု မိန့်တော်မူလျှင်၊
40 Jesus então disse ao fariseu: — Fale, Mestre! — respondeu Simão.
41 ယေသျှုက “ငွီချီးစားသူတစ်ယောက်၌ အကြွီးတင်သူ နှစ်ယောက်ဟိ၏၊ တစ်ယောက်က ငွီဒင်္ဂါး ၅၀၀၊ အခြားတစ်ယောက်မှာကား ငါးဆယ် အကြွီးတင်၏။
41 Jesus disse:
42 သူရို့သည် အကြွီးမဆပ်နိုင်၍ အကြွီးသျှင်က ထိုအကြွီးတိကို လျော်ပစ်လိုက်၏။ သူရို့နှစ်ယောက်ထဲက ဇာသူက အကြွီးသျှင်ကို ပိုပြီးချစ်မည်နည်း” ဟု မိန်းတော်မူ၏။
42 mas nenhum dos dois podia pagar ao homem que havia emprestado. Então ele perdoou a dívida de cada um. Qual deles vai estimá-lo mais?
43 သျှိမုန်က “ပို၍ ငွီလျော်ပစ်ခြင်းခံရသူသည် သာ၍ ချစ်မည်ဟု ထင်ပါ၏” ဟု လျှောက်၏။ ကိုယ်တော်က “သင်မှန်၏” ဟု မိန့်တော်မူ၏။
43 — Eu acho que é aquele que foi mais perdoado! — respondeu Simão.
44 ထို့နောက် ကိုယ်တော်သည် မိန်းမဖက်သို့လှည့်၍ သျှိမုန်အား၊ “သင်သည် ဤမိန်းမကို မြင်သလော၊ ငါသည် သင့်အိမ်ထဲသို့ ဝင်သောအခါ သင်သည် ငါ့ကို ခြီဆီးဖို့အတွက် ရီကိုမပီး၊ သို့သော်လည်း သူမက မျက်ရည်နှင့် ငါ၏ခြီကို ဆီးပြီးလျှင် သူ၏ဆံပင်နှင့် သုတ်ပီး၏။
44 Então virou-se para a mulher e disse a Simão:
45 သင်က ငါ့ကို ကြိုဆိုသည့် အနမ်းဖြင့် မနမ်း၊ ဤမိန်းမသည် အိမ်ထဲသို့ ဝင်သောအချိန်ကစ၍ ငါ၏ခြီကို အဆက်မပြတ် နမ်းလီဗျာယ်။
45 Você não me beijou quando cheguei; ela, porém, não para de beijar os meus pés desde que entrei.
46 သင်သည် ငါ့ဂေါင်းကို ဆီနန့် မလိမ်း၊ သူမမူကား ငါ့ခြီကို ဆီမွှီးနန့် လိမ်းပီးဗျာယ်။
46 Você não pôs azeite perfumado na minha cabeça , porém ela derramou perfume nos meus pés.
47 ထို့ကြောင့် ငါဆိုသည်ကား၊ ဤမိန်းမသည် များစွာသောအပြစ်တိမှ ခွင့်ရွှတ်ခြင်း ရကြောင်းကို သူမ၏ ကြီးမားသော မေတ္တာက သက်သီပြနိန်၏။ အပြစ်အနည်းချေရာ ခွင့်ရွှတ်ခံရသူက အနည်းချေရာ ချစ်တတ်၏” ဟု မိန့်တော်မူ၏။
47 Eu afirmo a você, então, que o grande amor que ela mostrou prova que os seus muitos pecados já foram perdoados. Mas onde pouco é perdoado, pouco amor é mostrado.
48 ထို့နောက် ယေသျှုက၊ “သင်၏အပြစ်ကို ခွင့်ရွှတ်ဗျာယ်” ဟု မိန်းမအား မိန့်တော်မူ၏။
48 Então Jesus disse à mulher:
49 စားပွဲ၌ ထိုင် နိန်ကြသော တခြားလူတိက “အပြစ်ကိုပင် လွှတ်နိုင်သော ဤသူကား ဇာသူလဲ” ဟု အချင်းချင်းပြောဆိုကြ၏။
49 Os que estavam sentados à mesa começaram a perguntar: — Que homem é esse que até perdoa pecados?
50 သို့စေကာမူ ကိုယ်တော်က ထိုမိန်းမအား၊ “သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ဗျာယ်၊ ငြိမ်းဝပ်စွာလားလီ” ဟု မိန့်တော်မူ၏။
50 Mas Jesus disse à mulher:

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.