Lucas 4

rki (RKI) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ယေသျှုသည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီး ယော်ဒန်မြစ်မှ ပြန်ကြွလာတော်မူစဉ် ဝိညာဉ်တော်သည် ကိုယ်တော့်ကို တောကန္တာရသို့ ပို့ဆောင်တော်မူ၏။
1 Jesus, cheio do Espírito Santo, voltou do Jordão e foi levado pelo Espírito ao deserto,
2 ထိုအရပ်၌ ရက်လေးဆယ်ပတ်လုံး မာရ်နတ်၏ စုံစမ်းသွီးဆောင်ခြင်းကို ခံတော်မူ၏။ ထိုနိ့ရက်များအတွင်း မည်သည့်အစားအစာကိုမျှ သုံးဆောင်တော်မမူသောကြောင့် ထိုအချိန်လွန်သောအခါ ကိုယ်တော်သည် ဆာမွတ်တော်မူ၏။
2 onde, durante quarenta dias, foi tentado pelo diabo. Não comeu nada durante esses dias e, ao fim deles, teve fome.
3 ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားဖြစ်သည်ဟု ဆိုလျှင်၊ ဤကျောက်ခဲကို မုန့်ဖြစ်စီဖို့ အမိန့်ပီးပါ” ဟု လျှောက်၏။
3 O diabo lhe disse: "Se você é o Filho de Deus, mande a esta pedra que se transforme em pão".
4 ယေသျှုကလည်း၊ “လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည် မဟုတ် ဟူ၍ ကျမ်းစာ၌လာ၏” ဟု မိန့်တော်မူ၏။
4 Jesus respondeu: "Está escrito: ‘Nem só de pão viverá o homem’ ".
5 ထို့နောက် မာရ်နတ်သည် ကိုယ်တော့်ကို တောင်ထက်သို့ ခေါ်ဆောင်လားပြီးနောက် လောကီနိုင်ငံဟိသမျှကို ချက်ချင်း ညွှန်ပြလေ၏။
5 O diabo o levou a um lugar alto e mostrou-lhe num relance todos os reinos do mundo.
6 ထိုအခါ မာရ်နတ်က “ဤဘုန်းတန်ခိုးစည်းစိမ် ဟိသမျှတိကို သင့်အားပီးမည်။ ဤအရာတိကို ငါ့အား ပီးအပ်ထားသည်ဖြစ်၍ ငါသည် ပီးချင်သောသူကို ပီးနိုင်၏။
6 E lhe disse: "Eu lhe darei toda a autoridade sobre eles e todo o seu esplendor, porque me foram dados e posso dá-los a quem eu quiser.
7 သို့ဖြစ်၍ သင်သည် ငါ့ကို ကိုးကွယ်သည်ဟိသော် ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်လိမ့်မည်” ဟု ပြော၏။
7 Então, se você me adorar, tudo será seu".
8 ယေသျှုကလည်း၊ “ကျမ်းစာလာသည်ကား၊ ‘သင်ရို့၏အသျှင် ဘုရားသခင်ကိုသာ ကိုးကွယ်၍ ထိုအသျှင်၏ အမှုကိုသာ ဆောင်ရွက်ရမည်’ ” ဟု မိန့်တော်မူ၏။
8 Jesus respondeu: "Está escrito: ‘Adore o Senhor, o seu Deus e só a ele preste culto’".
9 မာရ်နတ်သည် ယေသျှုကို ယေရုဆလင်မြို့သို့ ခေါ်လားပြီး ဗိမာန်တော်အထွဋ်ထိပ်၌ ထားပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော် ဖြစ်သည်မှန်လျှင်၊ သင်ကိုယ်တိုင် ဤနီရာမှ အောက်သို့ ခုန်ချလိုက်ပါ။
9 O diabo o levou a Jerusalém, colocou-o na parte mais alta do templo e lhe disse: "Se você é o Filho de Deus, jogue-se daqui para baixo.
10 ကျမ်းစာတော်မြတ်တွင် ‘သင့်ကို စောင့်ရှောက်ဖို့ ကောင်းကင်တမန်တိကို ဘုရားသခင်က မိန့်မှာထားတော်မူ၏၊’
10 Pois está escrito: ‘Ele dará ordens a seus anjos a seu respeito, para lhe guardarem;
11 ထို့အပြင် ‘သင်၏ခြီကို ကျောက်နန့် မထိခိုက်စီခြင်းငှာ သူရို့လက်နှင့် သင့်ကို ကိုင်ထားကြလိမ့်မည်’” ဟူ၍လည်း ဆို၏။
11 com as mãos eles os segurarão, para que você não tropece em alguma pedra’".
12 ယေသျှုကလည်း “ ‘သင်၏ ဘုရားသခင် ထာဝရဘုရားကို စုံစမ်းခြင်းမပြုရ’ ဟု ကျမ်းစာ၌လာ၏” ဟူ၍ မိန့်တော်မူ၏။
12 Jesus respondeu: "Dito está: ‘Não ponha à prova o Senhor, o seu Deus’".
13 မာရ်နတ်သည် စုံစမ်းသွီးဆောင်ခြင်း အားလုံးကို ပြုပြီးသောအခါ ကိုယ်တော်ထံပါးမှ အဝီးသို့ ထွက်လားပြီးလျှင် အခါအခွင့်ကောင်းကို စောင့်နိန်၏။
13 Tendo terminado todas essas tentações, o diabo o deixou até ocasião oportuna.
14 ထို့နောက် ယေသျှုသည် သန့်ယှင်းသော ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက် ဂါလိလဲပြည်သို့ ပြန်ကြွလာတော်မူ၏။ ကိုယ်တော်၏ သတင်းတော်သည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပြန့်လားလေ၏။
14 Jesus voltou para a Galiléia no poder do Espírito, e por toda aquela região se espalhou a sua fama.
15 ကိုယ်တော်သည် တရားဇရပ်များ၌ ဟောပြောသွန်သင်သောကြောင့် လူတိုင်းက ကိုယ်တော့်ကို ချီးမွမ်းကြ၏။
15 Ensinava nas sinagogas, e todos o elogiavam.
16 ထို့နောက် ယေသျှုသည် မိမိကြီးပြင်းရာ နာဇရက်မြို့သို့ ကြွတော်မူပြီးလျှင် ဥပုသ်နိ့၌ ထုံးစံဟိသည်အတိုင်း တရားဇရပ်သို့ ဝင်တော်မူ၏။ ကိုယ်တော်သည် ကျမ်းစာကို ဖတ်ခြင်းငှာ ထတော်မူလျှင်၊
16 Ele foi a Nazaré, onde havia sido criado, e no dia de sábado entrou na sinagoga, como era seu costume. E levantou-se para ler.
17 ပရောဖက်ဟေရှာယ ကျမ်းစာကို ကိုယ်တော်အား ပီးတော်မူ၏။ ကိုယ်တော်သည် ကျမ်းစာကို ဖွင့်၍ တွိ့တော်မူသော ကျမ်းစာ၌ ရီးထားသည်မှာ၊
17 Foi-lhe entregue o livro do profeta Isaías. Abriu-o e encontrou o lugar onde está escrito:
18 “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အထက်၌ တည်တော်မူပြီးလျှင်၊
18 "O Espírito do Senhor está sobre mim, porque ele me ungiu para pregar boas novas aos pobres. Ele me enviou para proclamar liberdade aos presos e recuperação da vista aos cegos, para libertar os oprimidos
19 ထာဝရဘုရားသည် မိမိလူရို့ကို ကယ်တင်ခြင်းငှာ
19 e proclamar o ano da graça do Senhor".
20 ထို့နောက် ယေသျှုက ကျမ်းစာလိပ်ကိုလိပ်၍ တရားဇရပ်မှူးအား ပြန်ပီးပြီးနောက် ထိုင်တော်မူ၏။ တရားဇရပ်ထဲ၌ဟိသော လူအပေါင်းရို့သည် ကိုယ်တော့်ကို စိုက်ကြည့်နိန်ကြ၏။
20 Então ele fechou o livro, devolveu-o ao assistente e assentou-se. Na sinagoga todos tinham os olhos fitos nele;
21 ကိုယ်တော်က “ဤကျမ်းစာ၌ပါသော အကြောင်းအရာများသည် သင်ရို့ကြားသည်အတိုင်း ဤနိ့ ပြည့်စုံလီဗျာယ်” ဟု သူရို့အား မိန့်တော်မူ၏။
21 e ele começou a dizer-lhes: "Hoje se cumpriu a Escritura que vocês acabaram de ouvir".
22 လူအပေါင်းရို့သည် ကိုယ်တော်၏အကြောင်းကို ချီးကျူးပြောဆိုပြီး နှုတ်တော်ထွက်စကားများကို အံ့သြကြ၏။ သူရို့က “ဤသူသည် ယောသပ်သား မဟုတ်လား” ဟုပြောကြ၏။
22 Todos falavam bem dele, e estavam admirados com as palavras de graça que saíam de seus lábios. Mas perguntavam: "Não é este o filho de José? "
23 ကိုယ်တော်ကလည်း၊ “သင်ရို့သည် ‘အချင်း ဆီးဆရာ၊ သင့်ရောဂါကို သင်ပျောက်အောင် ကုလော့’ ဆိုသည့် ဆိုရိုးစကားကို အသုံးပြု၍ ငါ့အား ဧကန်အမှန် ဆိုလိမ့်မည်။ ‘ကပေရနောင်မြို့၌ အသျှင်ပြုခသည့် အမှုကို အကျွန်ရို့ ကြားသည်အတိုင်း အသျှင်နီထိုင်ရာမြို့၌လည်း ပြုတော်မူပါ’ ဟု ငါ့ကို ပြောကြလိမ့်မည်။”
23 Jesus lhes disse: "É claro que vocês me citarão este provérbio: ‘Médico, cura-te a ti mesmo! ’ Faze aqui em tua terra o que ouvimos que fizeste em Cafarnaum".
24 ယေသျှုကလည်း “ငါအမှန်ဆိုသည်ကား၊ ပရောဖက်ရို့သည် မိမိနီရပ်မြို့၌ မျက်နှာမရတတ်။” ဟု ထပ်၍ မိန့်တော်မူ၏။
24 Continuou ele: "Digo-lhes a verdade: Nenhum profeta é aceito em sua terra.
25 “ငါအမှန်ဆိုသည်ကား၊ ဧလိယလက်ထက် ဣသရေလ နိုင်ငံတွင် သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးခေါင်ပြီးလျှင် ကြီးစွာသော အစာငတ်မွတ်ခြင်းဖီး ကျရောက်သောအခါ၌ ဣသရေလအမျိုး မုဆိုးမတိ ဟိကြ၏။
25 Asseguro-lhes que havia muitas viúvas em Israel no tempo de Elias, quando o céu foi fechado por três anos e meio, e houve uma grande fome em toda a terra.
26 သို့သော်လည်း ပရောဖက်ဧလိယအား ဇာသူတစ်ယောက်ပါးကိုမျှ ရွှတ်လိုက်တော်မမူ။ ဇိဒုံပြည်၊ ဇရတ္တမြို့သူ မုဆိုးမပါးသို့သာ ရွှတ်တော်မူ၏။
26 Contudo, Elias não foi enviado a nenhuma delas, senão a uma viúva de Sarepta, na região de Sidom.
27 ပရောဖက်ဧလိသျှဲ လက်ထက်တွင်လည်း ဣသရေလအမျိုးသားရို့သည် နူနာရောဂါသည် အများဟိသော်လည်း ဇာသူတစ်ယောက်မျှ ကျန်းမာခြင်းကို မရကတ်၊ ယှုရိပြည်သား နေမန်သာလျှင် ကျန်းမာခြင်းကို ရ၏” ဟု သူရို့အား မိန့်တော်မူ၏။
27 Também havia muitos leprosos em Israel no tempo de Eliseu, o profeta; todavia, nenhum deles foi purificado: somente Naamã, o sírio".
28 တရားဇရပ်၌ဟိသော လူအပေါင်းရို့သည် ထိုစကားကို ကြားသောအခါ အလွန် ဒေါသ ထွက်ကြ၏။
28 Todos os que estavam na sinagoga ficaram furiosos quando ouviram isso.
29 သူရို့သည် ထ၍၊ ယေသျှုအား တောင်ကမ်းပါးမှ တွန်းချရန် မြို့တည်ရာ တောင်ထိပ်စွန်းသို့ ခေါ်ဆောင်လားကြ၍ ကိုယ်တော့်ကို တောင်ကမ်းပါးစွန်းမှ တွန်းချရန် ရည်ရွယ်ကြ၏။
29 Levantaram-se, expulsaram-no da cidade e o levaram até ao topo da colina sobre a qual fora construída a cidade, a fim de atirá-lo precipício abaixo.
30 သို့ရာတွင် ကိုယ်တော်သည် ပရိသတ်အလယ်မှ လျှောက်၍ ကြွလားတော်မူ၏။
30 Mas Jesus passou por entre eles e retirou-se.
31 ထို့နောက် ယေသျှုသည် ဂါလိလဲပြည်၊ ကပေရေနောင်မြို့သို့ ရောက်သောအခါ ဥပုသ်နိ့၌ လူတိကို ဟောပြောသွန်သင်တော်မူ၏။
31 Então ele desceu a Cafarnaum, cidade da Galiléia, e, no sábado, começou a ensinar o povo.
32 ကိုယ်တော်၏ ဟောပြောချက်များသည် အခွင့်အာဏာ ပါဟိသောကြောင့် သူရို့သည် အံ့သြကြ၏။
32 Todos ficavam maravilhados com o seu ensino, porque falava com autoridade.
33 တရားဇရပ်ထဲတွင် ညစ်ညူးသောနတ်ဆိုး ဝင်ပူးခံရသူတစ်ဦး ဟိ၏။ မိစ္ဆာနတ်ဆိုးက၊
33 Na sinagoga havia um homem possesso de um demônio, de um espírito imundo. Ele gritou com toda a força:
34 “အို၊ နာဇရက်မြို့သား ယေသျှု၊ ကိုယ်တော်သည် အကျွန်ရို့နှင့် ဇာဆိုင်လဲ၊ အကျွန်ရို့ကို ပျက်စီးစီရန်အတွက် ကြွလာသလား၊ ကိုယ်တော်သည် ဇာသူဖြစ်သည်ကို အကျွန် သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ယှင်းသောသူဖြစ်ပါ၏” ဟု ကျယ်လောင်စွာ ဟစ်အော်လေ၏။
34 "Ah! que queres conosco, Jesus de Nazaré? Vieste para nos destruir? Sei quem tu és: o Santo de Deus! "
35 ယေသျှုကလည်း၊ “တိတ်ဆိတ်စွာ နိန်၍ သူ့အထဲက ထွက်လားလော” ဟု မိန့်တော်မူ၏။ ထို့နောက် နတ်ဆိုးသည် ထိုသူကို လူအများရှိ့၌ လှဲချပြီးလျှင် အနာတရ မဖြစ်စီဘဲ သူ့အထဲမှ ထွက်လားလေ၏။
35 Jesus o repreendeu, e disse: "Cale-se e saia dele! " Então o demônio jogou o homem no chão diante de todos, e saiu dele sem o ferir.
36 လူအပေါင်းရို့သည် အံ့သြလျက် “ဤစကားက ဇာပိုင်မျိုးလဲ၊ ဤသူသည် ဝိညာဉ်ဆိုးတိကို ထွက်လားရန် တန်ခိုးအာဏာဖြင့် အမိန့်ပီး၍ သူရို့ ထွက်လားကြပါသည်တကား” ဟု အချင်းချင်း ပြောဆိုကြ၏။
36 Todos ficaram admirados, e diziam uns aos outros: "Que palavra é esta? Até aos espíritos imundos ele dá ordens com autoridade e poder, e eles saem! "
37 ယေသျှု၏ သတင်းတော်သည် ပတ်ဝန်းကျင်ဒေသ တလျှောက်တွင် ပြန့်လေ၏။
37 E a sua fama se espalhava por toda a região circunvizinha.
38 ယေသျှုသည် တရားဇရပ်မှ ထွက်ကြွပြီး သျှိမုန်၏အိမ်သို့ ကြွတော်မူ၏။ သျှိမုန်၏ယောက္ခမသည် အဖျားဝေဒနာကို ပြင်းစွာ ခံစားနိန်သည်ဖြစ်၍ သူရို့သည် ထိုအကြောင်းကို ကိုယ်တော်အား လျှောက်ထားကြ၏။
38 Jesus saiu da sinagoga e foi à casa de Simão. A sogra de Simão estava com febre alta, e pediram a Jesus que fizesse algo por ela.
39 သို့ဖြစ်၍ ကိုယ်တော်သည် သူမ၏အနားတွင် ရပ်ပြီးလျှင် အဖျားပျောက်စီရန် အမိန့်ပီးတော်မူလျှင် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူရို့အား အာဂန္တုဝတ်ကို ပြုလေ၏။
39 Estando ele em pé junto dela, inclinou-se e repreendeu a febre, que a deixou. Ela se levantou imediatamente e passou a servi-los.
40 နီဝင်ပြီးနောက် လူတိက ရောဂါအမျိုးမျိုးဟိသောသူ အပေါင်းရို့ကို ယေသျှုထံတော်သို့ ခေါ်ဆောင်ခသည်ဖြစ်၍ ကိုယ်တော်သည် ထိုသူရို့၏ ဂေါင်းထက်မှာ လက်ကိုတင်၍ ရောဂါများကို ပျောက်စီတော်မူ၏။
40 Ao pôr-do-sol, o povo trouxe a Jesus todos os que tinham vários tipos de doenças; e ele os curou, impondo as mãos sobre cada um deles.
41 မိစ္ဆာနတ်ဆိုးရို့က “အသျှင်သည် ဘုရားသခင်၏သားတော်ဖြစ်၏” ဟု အော်ဟစ်လျက် လူတိထဲမှ ထွက်လားကြ၏။
41 Além disso, de muitas pessoas saíam demônios gritando: "Tu és o Filho de Deus! " Ele, porém, os repreendia e não permitia que falassem, porque sabiam que ele era o Cristo.
42 မိုးလင်းသောအခါ ယေသျှုသည် လူသူကင်းဝီးသော အရပ်သို့ ကြွတော်မူ၏။ လူရို့သည် ကိုယ်တော့်ကိုရှာ၍ တွိ့သောအခါ မိမိရို့ပါးမှ ထွက်ကြွမလားစီရန် ကြိုးစားကြ၏။
42 Ao romper do dia, Jesus foi para um lugar solitário. As multidões o procuravam, e, quando chegaram até onde ele estava, insistiam que não as deixasse.
43 သို့စေကာမူ ကိုယ်တော်က၊ “ငါသည် အခြားမြို့များကိုလည်း ဘုရားသခင်၏ နိုင်ငံတော် သတင်းကောင်းကို ဟောပြောရမည်။ အကြောင်းမူကား ဤအတွက်ကြောင့် ငါ့ကို ရွှတ်လိုက်ခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
43 Mas ele disse: "É necessário que eu pregue as boas novas do Reino de Deus noutras cidades também, porque para isso fui enviado".
44 ထို့ကြောင့် ကိုယ်တော်သည် ယုဒပြည် တရားဇရပ်များတွင် လှည့်လည်၍ တရားဟောတော်မူ၏။
44 E continuava pregando nas sinagogas da Judéia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.