Lucas 3

rki (RKI) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ဧကရာဇ်ဘုရင် တိဗေရိ နန်းစံနှစ် တစ်ဆယ့်ငါးနှစ်ဟိသောအခါ ယုဒပြည်တွင် ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင် ဟေရုဒ်၊ ဣတုရဲနယ်နှင့် တြာခေါနိတ်နယ်တွင် ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်နယ်တွင် လုသာနိရို့သည် အသီးသီး နယ်စားများ ဖြစ်ကြ၏။
1 E, no ano quinze do império de Tibério César, sendo Pôncio Pilatos governador da Judeia, e Herodes, tetrarca da Galileia, e seu irmão Filipe, tetrarca da Itureia e da província de Traconites, e Lisânias, tetrarca de Abilene,
2 အန္နနှင့် ကယာဖရို့က ယဇ်ပုရောဟိတ်မင်းများ ဖြစ်ကြ၏။ ထိုအချိန်တွင် တောကန္တာရ၌ဟိသော ဇာခရိ၏သား ယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏။
2 sendo Anás e Caifás sumos sacerdotes, veio no deserto a palavra de Deus a João, filho de Zacarias.
3 ထို့ကြောင့် ယောဟန်သည် ယော်ဒန်မြစ်ဝှမ်းတလျှောက် လားပြီးလျှင် “အပြစ်မှ နောင်တရပြီးလျှင် ဗတ္တိဇံကို ခံယူကတ်ပါ၊ သို့မှသာ ဘုရားသခင်သည် သင်ရို့အပြစ်ကို လွှတ်တော်မူလိမ့်မည်” ဟု ဟောပြောလေ၏။
3 E percorreu toda a terra ao redor do Jordão, pregando o batismo de arrependimento, para o perdão dos pecados,
4 ပရောဖက် ဟေသျှာယကျမ်းစာ၌ ရီးသားထားသည်မှာ၊
4 segundo o que está escrito no livro das palavras do profeta Isaías, que diz: Voz do que clama no deserto: Preparai o caminho do Senhor; endireitai as suas veredas.
5 ချိုင့်ဝှမ်းဟိသမျှကို ဖို့ပြီးလျှင်
5 Todo vale se encherá, e se abaixará todo monte e outeiro; e o que é tortuoso se endireitará, e os caminhos escabrosos se aplanarão;
6 လူအပေါင်းရို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို တွိ့မြင်ရလိမ့်မည်’” ဟု ဖြစ်၏။
6 e toda carne verá a salvação de Deus.
7 ယောဟန်သည် မိမိထံ၌ ဗတ္တိဇံခံယူရန် ရောက်လာကြသော လူအပေါင်းရို့အား “အချင်း မြွီဆိုးအမျိုးရို့၊ ကျရောက်လတ္တံသော အမျက်တော်၏ ဖီးမှ ယှောင်ဗြီးရန် သင်ရို့ကို ဇာသူက သတိပီးသနည်း။
7 Dizia, pois, João à multidão que saía para ser batizada por ele: Raça de víboras, quem vos ensinou a fugir da ira que está para vir?
8 နောင်တရခြင်းနှင့်ဆိုင်သော အသီးကို သီးကြလော့။ အာဗြဟံသည် ငါရို့အဖ ဖြစ်သည်ဟု မပြောကတ်ကေ့။ ဘုရားသခင်သည် ဤကျောက်ခဲတိကို အာဗြဟံ၏ အမျိုးအနွယ်တိဖြစ်လာအောင် ဖန်ဆင်းနိုင်တော်မူသည် ဟု သင်ရို့ကို ငါပြောဆို၏။
8 Produzi, pois, frutos dignos de arrependimento e não comeceis a dizer em vós mesmos: Temos Abraão por pai, porque eu vos digo que até destas pedras pode Deus suscitar filhos a Abraão.
9 ပေါက်ဆိန်ကို သစ်ပင်အရင်း၌ အသင့် ပျင်ထားသည်ဖြစ်သဖြင့် ကောင်းသောအသီးကို မသီးသော အပင်ဟိသမျှကို ခွတ်ပစ်ပြီး မီးအိုင်ထဲသို့ ဝေးပစ်ခြင်း ခံရလိမ့်မည်” ဟု ဆို၏။
9 E também já está posto o machado à raiz das árvores; toda árvore, pois, que não dá bom fruto é cortada e lançada no fogo.
10 လူအပေါင်းရို့က “ထိုသို့ဆိုလျှင် အကျွန်ရို့ ဇာပိုင်လုပ်ရပါမည်နည်း” ဟု မိန်းကြလျှင်၊
10 E a multidão o interrogava, dizendo: Que faremos, pois?
11 ယောဟန်က “အင်္ကျီနှစ်ထည် ဟိသောသူက အင်္ကျီမဟိသောသူအား အင်္ကျီတစ်ထည်ကို ပီးလော့၊ စားစရာဟိသောသူကလည်း ထိုနည်းအတိုင်း မျှဝီပီးလော့” ဟု ပြန်ပြော၏။
11 E, respondendo ele, disse-lhes: Quem tiver duas túnicas, que reparta com o que não tem, e quem tiver alimentos, que faça da mesma maneira.
12 တချို့သော အခွန်ခံသူရို့ကလည်း ဗတ္တိဇံကို ခံယူရန် လာကြ၍ သူရို့က “ဆရာ၊ အကျွန်ရို့ ဇာလုပ်ရပါဖို့လဲ” ဟု မိန်းကြ၏။
12 E chegaram também uns publicanos, para serem batizados, e disseram-lhe: Mestre, que devemos fazer?
13 ယောဟန်ကလည်း “တရားဝင်သတ်မှတ်ထားသည်ထက် အခွန်ကို ပိုမကောက်ကတ်ကေ့” ဟု ပြန်ပြော၏။
13 E ele lhes disse: Não peçais mais do que aquilo que vos está ordenado.
14 ထို့နောက် တချို့သော စစ်သားတိကလည်း “အကျွန်ရို့ ဇာပိုင်လုပ်ရပါမည်နည်း” ဟု မိန်းကြ၏။
14 E uns soldados o interrogaram também, dizendo: E nós, que faremos? E ele lhes disse: A ninguém trateis mal, nem defraudeis e contentai-vos com o vosso soldo.
15 လူတိက မေသျှိယ ကြွလာဖို့ယာ ဟု စောင့်မျှော်နိန်ချိန်ဖြစ်ရာ ယောဟန်သည် မေသျှိယပင် ဖြစ်နိန်သလောဟု စိတ်နှလုံးထဲ၌ တွေးတောလျက်နိန်ကြ၏။
15 E, estando o povo em expectação e pensando todos de João, em seu coração, se, porventura, seria o Cristo,
16 သို့ဖြစ်၍ ယောဟန်က “ငါက သင်ရို့ကို ရီအားဖြင့် ဗတ္တိဇံမင်္ဂလာကို ပီး၏။ ငါ့ထက်ကြီးမြတ်သောသူသည် ငါ့နောက်၌ ပေါ်ထွန်းလာလိမ့်မည်။ ငါသည် ထိုအသျှင်၏ ခြီနင်းကြိုးကိုတောင် မဖြီထိုက်။ ထိုအသျှင်သည် သင်ရို့ကို သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း၊ မီးနှင့် လည်းကောင်း ဗတ္တိဇံမင်္ဂလာကို ပီးတော်မူလိမ့်မည်။
16 respondeu João a todos, dizendo: Eu, na verdade, batizo-vos com água, mas eis que vem aquele que é mais poderoso do que eu, a quem eu não sou digno de desatar a correia das sandálias; este vos batizará com o Espírito Santo e com fogo.
17 ထိုသူသည် မိမိ၏ ကောက်နယ်တလင်းကို ယှင်းလင်းရန် လက်၌ ဆန်ကောကို ကိုင်ထားတော်မူသည်ဖြစ်၍ ဂျုံစပါးတိကို ပုတ်ထဲတွင် စုသိမ်းပြီးလျှင် အဖျင်းတိကို မငြိမ်းနိုင်သော မီးထဲ၌ လောင်ကျွမ်းစီတော်မူလိမ့်မည်” ဟု သူရို့ကို ပြောဆို၏။
17 Ele tem a pá na sua mão, e limpará a sua eira, e ajuntará o trigo no seu celeiro, mas queimará a palha com fogo que nunca se apaga.
18 ယောဟန်သည် ခြားနားသော နိုးဆော်ချက်များနှင့် ထိုသူရို့၏ အကျင့်တိကိုလည်း ပြောင်းလဲစီရန် လူတိကို တိုက်တွန်း၍ သတင်းကောင်းကို သူရို့အား ဟောပြောတော်မူ၏။
18 E assim admoestando-os, muitas outras coisas também anunciava ao povo.
19 သို့သော် ယောဟန်သည် နယ်စားဟေရုဒ်အား၊ သူ့ညီ၏မယားဖြစ်သော ဟေရောဒိကို သိမ်းပိုက်ခြင်းနှင့် အခြားသော မကောင်းမှုများကို ကျူးလွန်ခသောကြောင့် ဆုံးမခ၏။
19 Sendo, porém, o tetrarca Herodes repreendido por ele por causa de Herodias, mulher de seu irmão Filipe, e por todas as maldades que Herodes tinha feito,
20 ထို့နောက် ယောဟန်ကို ထောင်ထဲတွင် ချုပ်ထားစီခြင်းဖြင့် ဟေရုဒ်သည် ပို၍ ဆိုးရွားသော အပြစ်ကို ကျူးလွန်လေ၏။
20 acrescentou a todas as outras ainda esta, a de encerrar João num cárcere.
21 လူအပေါင်းရို့သည် ဗတ္တိဇံကို ခံယူကြပြီးသောအခါ ယေသျှုသည်လည်း ဗတ္တိဇံမင်္ဂလာကို ခံယူတော်မူ၏။ ကိုယ်တော်သည် ဆုတောင်းတော်မူစဉ် ကောင်းကင်ပွင့်ဟ၍၊
21 E aconteceu que, como todo o povo se batizava, sendo batizado também Jesus, orando ele, o céu se abriu,
22 သန့်ယှင်းသော ဝိညာဉ်တော်သည် ဂြိုးငှက်အသွင်ဖြင့် ကိုယ်ထင်ရှား၍ ကိုယ်တော်၏အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှအသံတော်ကား “သင်သည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားဖြစ်သည်” ဟု ထွက်ပေါ်လာ၏။
22 e o Espírito Santo desceu sobre ele em forma corpórea, como uma pomba; e ouviu-se uma voz do céu, que dizia: Tu és meu Filho amado; em ti me tenho comprazido.
23 အမှုတော်ကို စတင်ဆောင်ရွက်ချိန်၌ ယေသျှုသည် အသက်သုံးဆယ်ခန့် ဟိတော်မူ၏။ လူများအထင်မှာ ကိုယ်တော်သည် ယောသပ်၏သား ဖြစ်၏။ ယောသပ်သည် ဧလိ၏ သားတည်း။
23 E o mesmo Jesus começava a ser de quase trinta anos, sendo (como se cuidava) filho de José, e José, de Eli,
24 ဧလိသည် မဿတ်၏သား၊ မဿတ်သည် လေဝိ၏သား၊ လေဝိသည် မေလခိ၏သား၊ မေလခိသည် ယန္န၏သား၊ ယန္နသည် ယောသပ်၏သား ဖြစ်၏။
24 e Eli, de Matate, e Matate, de Levi, e Levi, de Melqui, e Melqui, de Janai, e Janai, de José,
25 ယောသပ်သည် မတ္တသိ၏သား၊ မတ္တသိသည် အာမုတ်၏သား၊ အာမုတ်သည် နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည် နဂ္ဂဲ၏သားဖြစ်၏။
25 e José, de Matatias, e Matatias, de Amós, e Amós, de Naum, e Naum, de Esli, e Esli, de Nagai,
26 နဂ္ဂဲသည် မာအတ်၏သား၊ မာအတ်သည် မတ္တသိ၏သား၊ မတ္တသိသည် သျှေမိ၏သား၊ သျှေမိသည် ယောသပ်၏သား၊ ယောသပ်သည် ယုဒ၏သား ဖြစ်၏။
26 e Nagai, de Maate, e Maate, de Matatias, e Matatias, de Semei, e Semei, de José, e José, de Jodá,
27 ယုဒသည် ယောဟန္န၏သား၊ ယောဟန္နသည် ရေသ၏သား၊ ရေသသည် ဇေရုဗဗေလ၏သား၊ ဇေရုဗာဗေလသည် သျှာလသေလ၏သား၊ သျှာလသေလသည် နီရဲ၏သား ဖြစ်၏။
27 e Jodá, de Joanã, e Joanã, de Resa, e Resa, de Zorobabel, e Zorobabel, de Salatiel, e Salatiel, de Neri,
28 နေရဲသည် မေလခိ၏သား၊ မေလခိသည် အဒ္ဒိ၏သား၊ အဒ္ဒိသည် ကောသံ၏သား၊ ကောသံသည် ဧလမောဒံ၏သား၊ ဧလမောဒံသည် ဧရ၏သား ဖြစ်၏။
28 e Neri, de Melqui, e Melqui, de Adi, e Adi, de Cosã, e Cosã, de Elmadã, e Elmadã, de Er,
29 ဧရသည် ယောသျှု၏သား၊ ယောသျှုသည် ဧလျေဇာ၏သား၊ ဧလျေဇာသည် ယောရိမ်၏သား၊ ယောရိမ်သည် မဿတ်၏သား၊ မဿတ်သည် လေဝိ၏သား ဖြစ်၏။
29 e Er, de Josué, e Josué, de Eliézer, e Eliézer, de Jorim, e Jorim, de Matate, e Matate, de Levi,
30 လေဝိသည် သျှိမောင်၏သား၊ သျှိမောင်သည် ယုဒ၏သား၊ ယုဒသည် ယောသပ်၏သား၊ ယောသပ်သည် ယောနန်၏သား၊ ယောနန်သည် ဧလျာကိမ်၏သား ဖြစ်၏။
30 e Levi, de Simeão, e Simeão, de Judá, e Judá, de José, e José, de Jonã, e Jonã, de Eliaquim,
31 ဧလျာကိမ်သည် မေလေ၏သား၊ မေလေသည် မဲနန်၏သား၊ မဲနန်သည် မတ္တသ၏သား၊ မတ္တသသည် နာသန်၏သား၊ နာသန်သည် ဒါဝိဒ်၏သား ဖြစ်၏။
31 e Eliaquim, de Meleá, e Meleá, de Mená, e Mená, de Matatá, e Matatá, de Natã, e Natã, de Davi,
32 ဒါဝိဒ်သည် ယေသျှဲ၏သား၊ ယေသျှဲသည် သြဗက်၏သား၊ သြဗက်သည် ဗောဇ၏သား၊ ဗောဇသည် စာလမုန်၏သား၊ စာလမုန်သည် နာရှုန်၏သားဖြစ်၏။
32 e Davi, de Jessé, e Jessé, de Obede, e Obede, de Boaz, e Boaz, de Salá, e Salá, de Naassom,
33 နာရှုန်သည် အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည် အာရံနိ၏သား၊ အာရံနိ့သည် ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည် ယုဒ၏သား ဖြစ်၏။
33 e Naassom, de Aminadabe, e Aminadabe, de Admim, e Admim, de Arni, e Arni, de Esrom, e Esrom, de Perez, e Perez, de Judá,
34 ယုဒသည် ယာကုပ်၏သား၊ ယာကုပ်သည် ဣဇာက်၏သား၊ ဣဇာက်သည် အာဗြဟံ၏သား၊ အာဗြဟံသည် တေရ၏သား၊ တေရသည် နာခေါ်၏သားဖြစ်၏။
34 e Judá, de Jacó, e Jacó, de Isaque, e Isaque, de Abraão, e Abraão, de Tera, e Tera de Naor,
35 နာခေါ်သည် စေရောက်၏သား၊ စေရောက်သည် ရာဂေါ၏သား၊ ရာဂေါသည် ဖာလက်၏သား၊ ဖာလက်သည် ဟေဗာ၏သား၊ ဟေဗာသည် သျှာလ၏သား ဖြစ်၏။
35 e Naor, de Serugue, e Serugue, de Ragaú, e Ragaú, de Faleque, e Faleque, de Éber, e Éber, de Salá,
36 သျှာလသည် ကာဣနန်၏သား၊ ကာဣနန်သည် အာဖာဇဒ်၏သား၊ အာဖာဇဒ်သည် သျှေမ၏သား၊ သျှေမသည် နောဧ၏သား၊ နောဧသည် လာမက်၏သား ဖြစ်၏။
36 e Salá, de Cainã, e Cainã, de Arfaxade, e Arfaxade, de Sem, e Sem, de Noé, e Noé, de Lameque,
37 လာမက်သည် မသုသျှလ၏သား၊ မသုသျှလသည် ဧနောက်၏သား၊ ဧနောက်သည် ယာရက်၏သား၊ ယာရက်သည် မဟာလေလ၏သား၊ မဟာလေလသည် ကာနန်၏သား ဖြစ်၏။
37 e Lameque, de Metusalém, e Metusalém, de Enoque, e Enoque, de Jarede, e Jarede, de Maalalel, e Maalalel, de Cainã,
38 ကာနန်သည် ဧနုတ်၏သား၊ ဧနုတ်သည် သျှေသ၏သား၊ သျှေသသည် အာဒံ၏သား၊ အာဒံသည် ဘုရားသခင်၏သား ဖြစ်သတည်း။
38 e Cainã, de Enos, e Enos, de Sete, e Sete, de Adão, e Adão, de Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.