Lucas 2
rki (RKI) vs ACF
1 ထိုကာလ၌ ဧကရာဇ်ဘုရင် သြဂုတ္တုသည် ရောမအင်ပါယာတစ်ခုလုံးကို သန်းခေါင်စာရင်း ကောက်ယူရန် အမိန့်တော်ထုတ်လေ၏။
1 E aconteceu naqueles dias que saiu um decreto da parte de César Augusto, para que todo o mundo se alistasse
2 ဤသည်ကား ကုရေနိသည် ယှုရိဘုရင်ခံဖြစ်သောအခါ ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခြင်း ဖြစ်၏။
2 (Este primeiro alistamento foi feito sendo Quirino presidente da Síria).
3 သို့ဖြစ်၍ လူတိုင်းသည် စာရင်းသွင်းရန် မိမိရို့၏ဇာတိမြို့ရွာသို့ လားကြ၏။
3 E todos iam alistar-se, cada um à sua própria cidade.
4 ထို့ကြောင့် ယောသပ်သည်လည်း ဒါဝိဒ်၏အမျိုးအနွယ် ဖြစ်သောကြောင့် ဂါလိလဲနယ် နာဇရက်မြို့မှ ဒါဝိဒ်၏မြို့ဖြစ်သည့် ယုဒပြည် ဗက်လင်မြို့သို့ လားကြ၏။
4 E subiu também José da Galiléia, da cidade de Nazaré, à Judéia, à cidade de Davi, chamada Belém (porque era da casa e família de Davi),
5 သူသည် ထိမ်းမြားရန် စိ့စပ်ထားသော မာရိနှင့်အတူ စာရင်းသွင်းရန် လားလေ၏။ သူမ၌ ကိုယ်ဝန်လွယ်ထားလျက် ဟိ၏။
5 A fim de alistar-se com Maria, sua esposa, que estava grávida.
6 သူရို့သည် ဗက်လင်မြို့တွင် ဟိနိန်စဉ် အချေ မွီးဖွားချိန် ရောက်လာ၍၊
6 E aconteceu que, estando eles ali, se cumpriram os dias em que ela havia de dar à luz.
7 သူမသည် မိမိ၏သားဦးကို ဖွားမြင်လေ၏။ တည်းခိုသည့်အိမ်တွင် သူရို့အတွက် နီရာမဟိသောကြောင့် သူမသည် သူငယ်ကို အဝတ်စနှင့်ပတ်ကာ နွားစာခွက်တွင် သိပ်ထားလေ၏။
7 E deu à luz a seu filho primogênito, e envolveu-o em panos, e deitou-o numa manjedoura, porque não havia lugar para eles na estalagem.
8 ထိုအခါ ထိုပြည်၌ သိုးထိန်းရို့သည် ညဉ့်အခါ ကွင်းပြင်၌ မိမိရို့၏သိုးအုပ်ကို စောင့်ရှောက်နိန်ကြ၏။
8 Ora, havia naquela mesma comarca pastores que estavam no campo, e guardavam, durante as vigílias da noite, o seu rebanho.
9 သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် သူရို့၌ ပေါ်လာပြီး၊ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်သည် သူရို့ပတ်လည်တွင် ထွန်းလင်းတောက်ပလေ၏။ ထိုသူရို့သည် အလွန် ကြောက်လန့်ကြလေ၏။
9 E eis que o anjo do Senhor veio sobre eles, e a glória do Senhor os cercou de resplendor, e tiveram grande temor.
10 သို့ရာတွင် ကောင်းကင်တမန်က “မကြောက်ကတ်ကေ့၊ ငါသည် လူတိအားလုံးအတွက် အလွန်ဝမ်းမြောက်စရာ သတင်းကောင်းကို သင်ရို့ပါးသို့ ယူလာ၏။
10 E o anjo lhes disse: Não temais, porque eis aqui vos trago novas de grande alegria, que será para todo o povo:
11 ဤနိ့တွင် ဒါဝိဒ်မြို့၌ အသျှင်ခရစ်တော်တည်းဟူသော ကယ်တင်သျှင်သည် သင်ရို့အဖို့အလို့ငှာ ဖွားမြင်ခြင်းကို ခံတော်မူဗျာယ်။
11 Pois, na cidade de Davi, vos nasceu hoje o Salvador, que é Cristo, o Senhor.
12 သင်ရို့အတွက် ဤအကြောင်းအရာ၏ နိမိတ်လက္ခဏာဟူမူကား၊ မွီးကင်းစအချေ တစ်ယောက်ကို အဝတ်စနှင့် ရစ်ပတ်ပြီးလျှင် နွားစာခွက်၌ သိပ်ထားသည်ကို တွိ့မြင်ရလိမ့်မည်” ဟု မြွက်ဆို၏။
12 E isto vos será por sinal: Achareis o menino envolto em panos, e deitado numa manjedoura.
13 ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအပေါင်းရို့သည် ရုတ်တရက်ပေါ်လာကြပြီးလျှင်၊
13 E, no mesmo instante, apareceu com o anjo uma multidão dos exércitos celestiais, louvando a Deus, e dizendo:
14 “အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဟိတော်မူသော ဘုရားသခင်သည် ဘုန်းကြီးတော်မူပါစီသောဝ်။
14 Glória a Deus nas alturas, Paz na terra, boa vontade para com os homens.
15 ကောင်းကင်တမန်ရို့သည် သူရို့ပါးမှ ထွက်ခွါ၍ ကောင်းကင်ဘုံသို့ ပြန်ကြသောအခါ သိုးထိန်းရို့က “ထာဝရဘုရားသည် ငါရို့အား ပြောကြားတော်မူသော ဤအမှုအရာများကို ဗက်လင်မြို့သို့ လား၍ ကြည့်ကြကုန်အံ့” ဟု အချင်းချင်း ပြောဆိုကြ၏။
15 E aconteceu que, ausentando-se deles os anjos para o céu, disseram os pastores uns aos outros: Vamos, pois, até Belém, e vejamos isso que aconteceu, e que o Senhor nos fez saber.
16 ထို့ကြောင့် သူရို့သည် အယင်လားကြပြီးလျှင် မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစာခွက်၌ သိပ်ထားလျက်ဟိသော သူငယ်တော်ကိုလည်းကောင်း မြင်တွိ့ကြလေ၏။
16 E foram apressadamente, e acharam Maria, e José, e o menino deitado na manjedoura.
17 သူငယ်ကို မြင်တွိ့သောအခါ သူရို့သည် သူငယ်တော်နှင့်ပတ်သက်၍ ကောင်းကင်တမန် ပြောပြသော အကြောင်းအရာများကို ပြောပြကြ၏။
17 E, vendo-o, divulgaram a palavra que acerca do menino lhes fora dita;
18 သိုးထိန်းတိပြောသော စကားကို ကြားရသောသူ အပေါင်းရို့သည် အလွန်အံ့သြကြ၏။
18 E todos os que a ouviram se maravilharam do que os pastores lhes diziam.
19 မာရိကလည်း ထိုအကြောင်းအရာအားလုံးကို မှတ်ထားပြီးလျှင် အလေးအနက် စဉ်းစားဆင်ခြင်လျက် နိန်၏။
19 Mas Maria guardava todas estas coisas, conferindo-as em seu coração.
20 သိုးထိန်းရို့က ကောင်းကင်တမန် ဖော်ပြသည့်အတိုင်း ကြားရ၊ မြင်ရသဖြင့် ဘုရားသခင်ကို ချီးမွမ်းမြွက်ဆိုလျက် ပြန်လားကြလေ၏။
20 E voltaram os pastores, glorificando e louvando a Deus por tudo o que tinham ouvido e visto, como lhes havia sido dito.
21 သျှစ်ရက်မြောက်သောနိ့တွင် သူငယ်အား အရီဖျားလှီးခြင်းမင်္ဂလာကို ပီးသောအခါ၊ သူငယ်ပဋိသန္ဓေမယူခင် ကောင်းကင်တမန်ကပီးသော နာမည်ဖြစ်သည့် ယေသျှုဟူသောနာမည်ဖြင့် မှည့်ကြလေ၏။
21 E, quando os oito dias foram cumpridos, para circuncidar o menino, foi-lhe dado o nome de Jesus, que pelo anjo lhe fora posto antes de ser concebido.
22 မောသျှေ၏ ပညတ်တရားအရ ယောသပ်နှင့်မာရိသည် စင်ကြယ်ခြင်းဝတ်ကို ပြုရမည့် အချိန်ရောက်သောအခါ ဘုရားသခင် ရှိ့တော်၌ ဆက်ကပ်ရန် သူငယ်ကို ယေရုဆလင်မြို့သို့ ခေါ်ဆောင်လား၏။
22 E, cumprindo-se os dias da purificação dela, segundo a lei de Moisés, o levaram a Jerusalém, para o apresentarem ao Senhor
23 “သားဦးယောက်ျားမှန်သမျှကို ဘုရားသခင်အား ဆက်ကပ်ရမည်” ဟူ၍ ဘုရားသခင်၏ ပညတ္တိကျမ်း၌ ဖော်ပြထား၏။
23 (Segundo o que está escrito na lei do Senhor: Todo o macho primogênito será consagrado ao Senhor);
24 သူရို့သည်လည်း “ဂြိုးချေ နှစ်ကောင်ကို ဖြစ်စီ၊ ခိုနှစ်ကောင်ကို ဖြစ်စီ ပူဇော်ရမည်” ဟူ၍ လည်းကောင်း ဘုရားသခင်၏ ပညတ္တိကျမ်းတွင် ဖော်ပြပါဟိသည့်အတိုင်း ဆက်ကပ်ပူဇော်ကြ၏။
24 E para darem a oferta segundo o disposto na lei do Senhor: Um par de rolas ou dois pombinhos.
25 ထိုအချိန်၌ သျှုမောင်ဟု ခေါ်သော လူတစ်ယောက်သည် ယေရုဆလင်မြို့တွင် နီထိုင်လျက်ဟိ၏။ သူသည် ဖြောင့်မတ်သောသူဖြစ်၍ ဘာသာတရားကိုင်းယှိုင်းသောသူဖြစ်၏။ သူသည် ဣသရေလလူမျိုးတိ ကယ်တင်ခြင်းရဖို့ရန် စောင့်မျှော်နိန်သောသူလည်း ဖြစ်ပြီး သန့်ယှင်းသောဝိညာဉ်တော်သည် သူ၌ တည်တော်မူ၏။
25 Havia em Jerusalém um homem cujo nome era Simeão; e este homem era justo e temente a Deus, esperando a consolação de Israel; e o Espírito Santo estava sobre ele.
26 သူသည် ဘုရားသခင်၏ မေသျှိယကို မဖူးရခင်မသီရဟု သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဗျာဒိတ်တော်ကို ရထားသူလည်းဖြစ်၏။
26 E fora-lhe revelado, pelo Espírito Santo, que ele não morreria antes de ter visto o Cristo do Senhor.
27 ထိုအခါ သျှုမောင်သည် ဝိညာဉ်တော်၏ ဦးဆောင်မှုအားဖြင့် ဗိမာန်တော်ထဲသို့ ဝင်လေ၏။ ပညတ်တရားအတိုင်း ဆောင်ရွက်ရန် မိဖနှစ်ပါးရို့သည် သူငယ် ယေသျှုကို ဗိမာန်တော်ထဲသို့ ခေါ်လာကြသောအခါ၊
27 E pelo Espírito foi ao templo e, quando os pais trouxeram o menino Jesus, para com ele procederem segundo o uso da lei,
28 သျှုမောင်သည် သူငယ်ကို သူ့လက်ဖြင့် ပွိ့ချီ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလေသည်မှာ၊
28 Ele, então, o tomou em seus braços, e louvou a Deus, e disse:
29 “ဘုရားသခင်၊ ကိုယ်တော်၏ ကတိတော်သည် အဂု ပြည့်စုံ နိန်ပြီ ဖြစ်သည့်အတွက်၊
29 Agora, Senhor, despedes em paz o teu servo, Segundo a tua palavra;
30 — ausente —
30 Pois já os meus olhos viram a tua salvação,
31 — ausente —
31 A qual tu preparaste perante a face de todos os povos;
32 — ausente —
32 Luz para iluminar as nações, E para glória de teu povo Israel.
33 သူငယ်၏မိဖရို့သည် သူငယ်နှင့်ပတ်သက်၍ သျှုမောင် ပြောဆိုသောစကားကို ကြားသောအခါ အံ့သြကြ၏။
33 E José, e sua mãe, se maravilharam das coisas que dele se diziam.
34 သျှုမောင်သည် သူရို့ကို ကောင်းကြီးပီး၍ သူ၏မိခင် မာရိအား၊ “များစွာသော ဣသရေလလူမျိုး၌ ဖျက်ဆီးခံရသူများနှင့် ကယ်တင်ခြင်းခံရသူများ အတွက် ဤသူငယ်ကို ဘုရားသခင်သည် ရွီးခြယ်ခန့်ထားတော်မူဗျာယ်။ ဤသူသည် ဘုရားသခင်ထံပါးမှ အမှတ်လက္ခဏာဖြစ်ပြီးလျှင် သူ့ကို လူတိက ဆန့်ကျင်ပြောဆိုခြင်းဖြင့်၊
34 E Simeão os abençoou, e disse a Maria, sua mãe: Eis que este é posto para queda e elevação de muitos em Israel, e para sinal que é contraditado
35 သူရို့၏ စိတ်နှလုံးအကြံအစီတိကို ပေါ်လွင်စီကြလိမ့်မည်။ သင်၏နှလုံးကို သံလျက်ဓါးနန့် ထိုးဖေါက်ခံရသကဲ့သို့ နာကြင်စွာခံစားရလိမ့်မည်” ဟု ပြောဆို၏။
35 (E uma espada traspassará também a tua própria alma); para que se manifestem os pensamentos de muitos corações.
36 အာသျှာအမျိုးအနွယ်ဝင်၊ ဖနွေလ၏သမီး၊ အန္နအမည်ဟိသည့် အသက်ကြီးရင့်သော ပရောဖက်မတစ်ယောက် ဟိ၏။ သူမသည် အိမ်ထောင်ပြု၍ ခုနစ်နှစ်သာ ပေါင်းသင်းခရပြီး၊
36 E estava ali a profetisa Ana, filha de Fanuel, da tribo de Aser. Esta era já avançada em idade, e tinha vivido com o marido sete anos, desde a sua virgindade;
37 အဂု အသက် ၈၄ နှစ်တိုင်တိုင် မုဆိုးမဘဝနှင့် နီထိုင်ရ၏။ သူမသည် အစာယှောင်၍ ဆုတောင်းလျက် နိ့ညမလပ် ဘုရားဝတ်ပြုကာ ဗိမာန်တော်မှမခွါဘဲ နိန်၏။
37 E era viúva, de quase oitenta e quatro anos, e não se afastava do templo, servindo a Deus em jejuns e orações, de noite e de dia.
38 သူမသည်လည်း ထိုအချိန်၌ ရောက်လာပြီးလျှင် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် ယေရုဆလင်မြို့ ရွီးနုတ်ကယ်တင်ခံရမည့်အကြောင်းကို စောင့်မျှော်နိန်သော လူအပေါင်းရို့အား သူငယ်အကြောင်းကို ပြောဆို၏။
38 E sobrevindo na mesma hora, ela dava graças a Deus, e falava dele a todos os que esperavam a redenção em Jerusalém.
39 ယောသပ်နှင့် မာရိရို့သည် ဘုရားသခင်၏ ပညတ်တော်ဟိသမျှကို ဆောင်ရွက်ပြီးလျှင် သူရို့၏ မြို့ဖြစ်သော ဂါလိလဲပြည်၊ နာဇရက်မြို့သို့ ပြန်လာကြ၏။
39 E, quando acabaram de cumprir tudo segundo a lei do Senhor, voltaram à Galiléia, para a sua cidade de Nazaré.
40 သူငယ်သည် ကြီးထွားသန်မာလာပြီး ဉာဏ်ပညာနှင့် ပြည့်စုံကာ ဘုရားသခင်၏ ကျေးဇူးတော်သည် သူ့အထက်၌ တည်လျက်ဟိ၏။
40 E o menino crescia, e se fortalecia em espírito, cheio de sabedoria; e a graça de Deus estava sobre ele.
41 ယေသျှု၏မိဖရို့သည် နှစ်စဉ်နှစ်တိုင်း ပသခါပွဲတော်ကိုခံယူရန် ယေရုဆလင်မြို့သို့ လားကြလေ၏။
41 Ora, todos os anos iam seus pais a Jerusalém à festa da páscoa;
42 ယေသျှုသည် အသက်တစ်ဆယ့်နှစ်နှစ် ဟိသောအခါ သူရို့သည် ထုံးစံဟိသည်အတိုင်း ပွဲတော်သို့ လားကြ၏။
42 E, tendo ele já doze anos, subiram a Jerusalém, segundo o costume do dia da festa.
43 သူ၏မိဖရို့သည် ပွဲတော်ပြီးဆုံးချိန်၌ အိမ်သို့ပြန်ကြသော်လည်း သူငယ်ယေသျှုသည် ယေရုဆလင်မြို့တွင် ကျန်ခလေ၏။ ထိုသို့ ကျန်ခသည်ကို သူ၏မိဖရို့သည် မသိကြ။
43 E, regressando eles, terminados aqueles dias, ficou o menino Jesus em Jerusalém, e não o soube José, nem sua mãe.
44 ထို့ကြောင့် သူ၏မိဖရို့က သူသည် သူရို့၏ အပေါင်းအဖော်များထဲတွင် ဟိလိမ့်မည်ဟု ထင်မှတ်လျက် တစ်နိ့တာခရီး လားပြီးမှ မိမိရို့၏ မိတ်ဆွီတိနှင့် ဆွီမျိုးသားချင်းတိကြားတွင် သူ့ကို ရှာကြ၏။
44 Pensando, porém, eles que viria de companhia pelo caminho, andaram caminho de um dia, e procuravam-no entre os parentes e conhecidos;
45 သူရို့သည် သူ့ကို မတွိ့သောအခါ ယေရုဆလင်မြို့သို့ ပြန်လား၍ ရှာကြ၏။
45 E, como o não encontrassem, voltaram a Jerusalém em busca dele.
46 တတိယမြောက်နိ့တွင် သူရို့သည် သူငယ်ကို ဗိမာန်တော်ထဲတွင် တွိ့ကြ၏။ သူသည် ယုဒဆရာများနှင့် အတူထိုင်ကာ သူရို့၏တရားစကားများကို ကြားနာလျက် သူရို့နှင့် ဆွေးနွေး မိန်းမြန်းလျက် နိန်၏။
46 E aconteceu que, passados três dias, o acharam no templo, assentado no meio dos doutores, ouvindo-os, e interrogando-os.
47 သူ၏စကားကို ကြားသောသူတိုင်းကလည်း သူ၏ဉာဏ်စွမ်းနန့် ဖြေကြားချက်ကို အံ့သြကြ၏။
47 E todos os que o ouviam admiravam a sua inteligência e respostas.
48 သူ၏မိဖရို့သည် သူ့ကို တွိ့သောအခါ အံ့မောကျ၍၊ သူ၏ မိခင်က “ငါ့သား၊ ဇာဖြစ်လို့ ငါရို့ကို ဤသို့ ပြုသနည်း၊ မေမေနှင့်ဘာဘာကလည်း ကောင်းကောင်း စိတ်ပူပြီးလျှင် သားချေကို ရှာခရသည်” ဟု ပြော၏။
48 E quando o viram, maravilharam-se, e disse-lhe sua mãe: Filho, por que fizeste assim para conosco? Eis que teu pai e eu ansiosos te procurávamos.
49 သူက၊ “ဇာဖြစ်လို့ အကျွန့်ကို ရှာကြပါသနည်း။ အကျွန့်အဖအိမ်တော်၌ ဟိ နိန်ရမည် ဆိုသည်ကို မသိကြသလား” ဟု မိဖရို့အား ပြန်ပြော၏။
49 E ele lhes disse: Por que é que me procuráveis? Não sabeis que me convém tratar dos negócios de meu Pai?
50 သို့ရာတွင် သူရို့က သူသည် မိမိရို့အား ဇာကို ပြောနိန်သည်ကို နားမလည်ကြ။
50 E eles não compreenderam as palavras que lhes dizia.
51 ထို့ကြောင့် ယေသျှုသည် မိဖရို့နှင့်အတူ နာဇရက်မြို့သို့ လိုက်လာပြီး မိဖရို့၏စကားကို နာခံလျက်နိန်၏။ သူ၏မိခင်သည်ကား ဖြစ်ပျက်ခသမျှကို မိမိစိတ်နှလုံးထဲတွင် မှတ်သားထားလေ၏။
51 E desceu com eles, e foi para Nazaré, e era-lhes sujeito. E sua mãe guardava no seu coração todas estas coisas.
52 ယေသျှုသည်လည်း ခန္ဓာနှင့် ဉာဏ်ပညာပိုင်းတွင် တိုးတက်ကြီးထွားလျက် ဘုရားသခင်နှင့် လူရှိ့၌ မျက်နှာပွင့်လန်းလျက် ဟိလေ၏။
52 E crescia Jesus em sabedoria, e em estatura, e em graça para com Deus e os homens.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.