Lucas 24

rki (RKI) vs VC

Sair da comparação
VC Versão Católica
1 တလင်းဂနီနိ့ မိုးထက်စောစောအချိန်၌ မိန်းမရို့သည် အသင့်ပျင်ဆင်ထားသော ဆီမွှီးကိုယူ၍ သင်္ချိုင်းတော်သို့ လားကြ၏။
1 No primeiro dia da semana, muito cedo, dirigiram-se ao sepulcro com os aromas que haviam preparado.
2 သင်္ချိုင်းဂူဝမှ ကျောက်တုံးအား လှိမ့်ဖယ်ထားသည်ကို တွိ့မြင်သဖြင့်၊
2 Acharam a pedra removida longe da abertura do sepulcro.
3 သူရို့သည် အတွင်းသို့ ဝင်ကြသောအခါ အသျှင်ယေသျှု၏ အလောင်းတော်ကို မတွိ့ရပေ။
3 Entraram, mas não encontraram o corpo do Senhor Jesus.
4 ထိုအခြင်းအရာတိကို တွေးမရဖြစ်နိန်ကြစဉ် တောက်ပသည့်ဝတ်ရုံကို ဝတ်ထားသော လူနှစ်ယောက်သည် ရုတ်တရက်ပေါ်လာ သူရို့အနား၌ ရပ်နိန်၏။
4 Não sabiam elas o que pensar, quando apareceram em frente delas dois personagens com vestes resplandecentes.
5 မိန်းမရို့သည် ကြောက်လန့်၍ ပျပ်ဝပ်နိန်ကြစဉ် ထိုသူနှစ်ယောက်က “သင်ရို့သည် ဇာအတွက်ကြောင့် အသီကောင်ဟိသောအရပ်၌ အသက်ရှင်သူကို ရှာကြသနည်း။
5 Como estivessem amedrontadas e voltassem o rosto para o chão, disseram-lhes eles: Por que buscais entre os mortos aquele que está vivo?
6 ကိုယ်တော်သည် ဤအရပ်၌ မဟိဗျာယ်၊ ရှင်ပြန်ထမြောက်တော်မူလားခဗျာယ်။ ကိုယ်တော်က ဂါလိလဲပြည်၌ ဟိတော်မူခစဉ်က၊
6 Não está aqui, mas ressuscitou. Lembrai-vos de como ele vos disse, quando ainda estava na Galiléia:
7 ‘လူသားသည် အပြစ်သားတိလက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်။ အသီသတ်ခြင်းကို ခံရ ပြီးလျှင် သုံးရက်မြောက်သောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်လိမ့်မည်’ ဟု ပြောခသောစကားကို အောက်မိ့ကြပါ” ဟုဆို၏။
7 O Filho do Homem deve ser entregue nas mãos dos pecadores e crucificado, mas ressuscitará ao terceiro dia.
8 ထိုအခါ မိန်းမရို့သည် ကိုယ်တော်ပြောခသောစကားကို ပြန်သတိရ၍၊
8 Então elas se lembraram das palavras de Jesus.
9 သင်္ချိုင်းတော်မှ မိမိအိမ်သို့ ပြန်လာကြပြီးလျှင် တစ်ကျိပ်တစ်ပါးသောသူမှစ၍ တပည့်တော်အပေါင်းအား အကြောင်းစုံကို ပြောပြကြ၏။
9 Voltando do sepulcro, contaram tudo isso aos Onze e a todos os demais.
10 ထိုအကြောင်းအရာကို တမန်တော်တိအား ပြောပြသူရို့မှာ မာဂဒလရွာသူ မာရိ၊ ယောဟန္န၊ ယာကုပ်၏အမိ မာရိမှစသော အခြားသော မိန်းမတိ ဖြစ်ကြ၏။
10 Eram elas Maria Madalena, Joana e Maria, mãe de Tiago; as outras suas amigas relataram aos apóstolos a mesma coisa.
11 သို့ရာတွင် သူရို့ ပြောသောစကားများသည် တမန်တော်တိအတွက် ယုတ္တိမဟိသောကြောင့် သူရို့သည် မယုံကြပေ။
11 Mas essas notícias pareciam-lhes como um delírio, e não lhes deram crédito.
12 သို့သော်လည်း ပေတရုသည် သင်္ချိုင်းတော်သို့ဗြီးလား၍ ရောက်သောအခါ ငုံ့ကြည့်လိုက်ရာ ပိတ်စကိုသာ တွိ့ရလေ၏။ ထို့ကြောင့် ထိုအကြောင်းအရာကို အံ့သြလျက် မိမိအိမ်သို့ ပြန်လေ၏။
12 Contudo, Pedro correu ao sepulcro; inclinando-se para olhar, viu só os panos de linho na terra. Depois, retirou-se para a sua casa, admirado do que acontecera.
13 ထိုနိ့၌ပင် တပည့်တော်နှစ်ယောက်သည် ယေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ကွာဝီးသော ဧမောက်ရွာသို့ ခရီးလားကြ၏။
13 Nesse mesmo dia, dois discípulos caminhavam para uma aldeia chamada Emaús, distante de Jerusalém sessenta estádios.
14 ထိုသူနှစ်ဦးသည် ဖြစ်ပျက်ခသော အကြောင်းအရာအလုံးစုံတိကို ပြောဆိုနိန်ကြ၏။
14 Iam falando um com o outro de tudo o que se tinha passado.
15 ထိုသို့ ဆွေးနွေးပြောဆိုနိန်ကြစဉ် ယေသျှုကိုယ်တိုင် အနားသို့ကပ်လာပြီး သူရို့နှင့်အတူ ကြွတော်မူ၏။
15 Enquanto iam conversando e discorrendo entre si, o mesmo Jesus aproximou-se deles e caminhava com eles.
16 သို့သော်လည်း သူရို့သည် အကြောင်းတစ်စုံတခုကြောင့် မျက်စိမှောက်၍ ကိုယ်တော်ဖြစ်သည်ကို မမှတ်မိကြ။
16 Mas os olhos estavam-lhes como que vendados e não o reconheceram.
17 ယေသျှုက သူရို့အား “သင်ရို့ ခရီးလားယင်းနန့် ဇာအကြောင်းကို ပြောနိန်ကြသနည်း” ဟု မိန်းတော်မူ၏။
17 Perguntou-lhes, então: De que estais falando pelo caminho, e por que estais tristes?
18 သူရို့ထဲမှ ကလောဖဆိုသူက “ဤနိ့အတောအတွင်း ဖြစ်ပျက်ခသော အကြောင်းအရာတိကို ယေရုဆလင်မြို့၌ လာလည်သော အာဂန္တုထဲက သင်တစ်ယောက်တည်းသာ မသိဘဲနိန်သလော” ဟု ဆို၏။
18 Um deles, chamado Cléofas, respondeu-lhe: És tu acaso o único forasteiro em Jerusalém que não sabe o que nela aconteceu estes dias?
19 ကိုယ်တော်က “ဇာအမှုအရာတိလဲ” ဟု မိန်းတော်မူလျှင်၊
19 Perguntou-lhes ele: Que foi? Disseram: A respeito de Jesus de Nazaré... Era um profeta poderoso em obras e palavras, diante de Deus e de todo o povo.
20 ငါရို့၏ ယဇ်ပရောဟိတ်အကြီးတိနန့် အာဏာပိုင်တိက ထိုသူ့ကို သီဒဏ်စီရင်ဖို့ အပ်နှံ့ပြီးကေ လက်ဝါးကပ်တိုင်မှာ တင်သတ်လိုက်ကတ်ဗျာယ်။
20 Os nossos sumos sacerdotes e os nossos magistrados o entregaram para ser condenado à morte e o crucificaram.
21 ထိုအသျှင်က ဣသရေလလူမျိုးတိကို လွတ်မြောက်စီနိုင်သောအသျှင် ဖြစ်သည်ဟု ငါရို့ မျှော်လင့်ခပါ၏။ ထိုအကြောင်းအရာ ဖြစ်ပျက်ခစွာကား သုံးရက်ဟိပါဗျာယ်။
21 Nós esperávamos que fosse ele quem havia de restaurar Israel e agora, além de tudo isto, é hoje o terceiro dia que essas coisas sucederam.
22 ငါရို့အပေါင်းအဖော်ထဲက မိန်းမတချို့သည် မိုးထက်စောစော သင်္ချိုင်းတော်သို့ လားကြသောအခါ ငါရို့ကို အံ့သြစီပါ၏။
22 É verdade que algumas mulheres dentre nós nos alarmaram. Elas foram ao sepulcro, antes do nascer do sol;
23 အကြောင်းမှာ ကိုယ်တော်၏ အလောင်းတော်ကို မတွိ့ခသောကြောင့်ဖြစ်၏။ ယေသျှုက အသက်ရှင်လျက် ဟိတော်မူကြောင်း ပြောပြသော ကောင်းကင်တမန်တိကို ရူပါရုံ၌ မြင်တွိ့ခသည်ကို သူရို့ ပြန်လာပြီး အကျွန်ရို့အား ပြောပြကြ၏။
23 e não tendo achado o seu corpo, voltaram, dizendo que tiveram uma visão de anjos, os quais asseguravam que está vivo.
24 ငါရို့ထဲက လူတချို့ကလည်း သင်္ချိုင်းတော်သို့ လားကြသောအခါ ထိုမိန်းမတိပြောသည့်အတိုင်း ကိုယ်တော့်ကို မတွိ့ခပါ” ဟု ဆိုကြ၏။
24 Alguns dos nossos foram ao sepulcro e acharam assim como as mulheres tinham dito, mas a ele mesmo não viram.
25 ထိုအခါ ယေသျှုက သူရို့အား၊ “ပရောဖက်တိ ဟောကြားခသမျှကို ယုံကြည်ရန် အားနည်းနိန်သော အို... လူမိုက်တိ၊
25 Jesus lhes disse: Ó gente sem inteligência! Como sois tardos de coração para crerdes em tudo o que anunciaram os profetas!
26 မေသျှိယသည် ဘုန်းတန်ခိုးတော်ကို မခံယူခင် ဤကဲ့သို့ ဒုက္ခဝေဒနာတိကို ခံစားရန် လိုအပ်သည် မဟုတ်လော” ဟု မိန့်တော်မူ၏။
26 Porventura não era necessário que Cristo sofresse essas coisas e assim entrasse na sua glória?
27 ထို့နောက် ယေသျှုသည် မောသျှေ ကျမ်းမှစ၍ ပရောဖက်ကျမ်းအားလုံးတွင် မိမိအားရည်မှတ်၍ ရီးထားသမျှသော ကျမ်းချက် အနက်အဓိပ္ပာယ်တိကို ထိုသူရို့အား ယှင်းလင်းဖော်ပြတော်မူ၏။
27 E começando por Moisés, percorrendo todos os profetas, explicava-lhes o que dele se achava dito em todas as Escrituras.
28 ထိုသူရို့လားသည့် ရွာအနီးသို့ရောက်ကြလျှင် ယေသျှုသည် ရှိ့သို့ ဆက်လားမည့်ဟန်ပြု၏။
28 Aproximaram-se da aldeia para onde iam e ele fez como se quisesse passar adiante.
29 သို့သော် သူရို့က “တစ်နိ့တာကုန်၍ မှောင်စပြုနိန်လို့ အကျွန်ရို့နှင့်အတူ လာတည်းပါ” ဟု ကိုယ်တော့်ကို မရမက ဖိတ်ခေါ်၏။ ကိုယ်တော်ကလည်း သူရို့နှင့်အတူ တည်းခိုရန် လိုက်လားတော်မူ၏။
29 Mas eles forçaram-no a parar: Fica conosco, já é tarde e já declina o dia. Entrou então com eles.
30 စားပွဲတွင် သူရို့နှင့်အတူ ထိုင်တော်မူလျက် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် သူရို့အား ပီးတော်မူ၏။
30 Aconteceu que, estando sentado conjuntamente à mesa, ele tomou o pão, abençoou-o, partiu-o e serviu-lho.
31 ထိုအခါ သူရို့၏မျက်စိအမြင်သည် ပွင့်လာပြီးလျှင် ကိုယ်တော်မှန်းသိကြသော်လည်း ကိုယ်တော်သည် သူရို့ရှိ့မှ ကွယ်ပျောက်လေ၏။
31 Então se lhes abriram os olhos e o reconheceram... mas ele desapareceu.
32 သူရို့ကလည်း “ကိုယ်တော်သည် လမ်း၌ ငါရို့ကို စကားပြောသည့်အခါ၌ လည်းကောင်း၊ ကျမ်းစာ၏အနက်ကို ဖွင့်ပြတော်မူသောအခါ၌ လည်းကောင်း၊ ငါရို့၏ စိတ်နှလုံးထဲတွင် မီးထတောက်သကဲ့သို့ ဖြစ်နိန်ခသည် မဟုတ်ပါလော” ဟု အချင်းချင်း ပြောဆိုကြ၏။
32 Diziam então um para o outro: Não se nos abrasava o coração, quando ele nos falava pelo caminho e nos explicava as Escrituras?
33 သူရို့သည် ချက်ချင်းထ၍ ယေရုဆလင်မြို့သို့ ပြန်ကြ၏။ ထိုအရပ်၌ တစ်ကျိပ်တစ်ပါးသော တပည့်တော်ရို့နှင့် အခြားသောတပည့်တော်ရို့ အတူတကွ စုဝေးနိန်ကြသည်ကို တွိ့ရကြ၏။
33 Levantaram-se na mesma hora e voltaram a Jerusalém. Aí acharam reunidos os Onze e os que com eles estavam.
34 ထိုသူရို့ကလည်း “အမှန်ပင် သခင်ဘုရား ထမြောက်ဗျာယ်။ ကိုယ်တော်သည် သျှိမုန်အား ကိုယ်ထင်ပြဗျာယ်” ဟု ဆိုကြ၏။
34 Todos diziam: O Senhor ressuscitou verdadeiramente e apareceu a Simão.
35 ထို့နောက် ထိုသူနှစ်ယောက်သည် လမ်းတွင် ဖြစ်ပျက်ခသည့် အကြောင်းအရာကိုလည်းကောင်း၊ မုန့်ကိုဖဲ့ချိန်ကျမှ ကိုယ်တော်ဖြစ်မှန်း သိလာခြင်းကိုလည်းကောင်း ယှင်းပြကြ၏။
35 Eles, por sua parte, contaram o que lhes havia acontecido no caminho e como o tinham reconhecido ao partir o pão.
36 ထိုအကြောင်းအရာကို တပည့်တော်နှစ်ယောက်ရို့သည် ပြောပြနိန်စဉ် ယေသျှုသည် သူရို့အလယ်၌ ရုတ်တရက်ပေါ်လာပြီး ရပ်လျက် “သင်ရို့၌ ငြိမ်သက်ခြင်း ဟိစီသတည်း” ဟု မိန့်တော်မူ၏။
36 Enquanto ainda falavam dessas coisas, Jesus apresentou-se no meio deles e disse-lhes: A paz esteja convosco!
37 သူရို့သည် စစ္ဆီခြောက်သည်ဟု ထင်မှတ်သဖြင့် ကြောက်ရွံ့တုန်လှုပ်နိန်ကြ၏။
37 Perturbados e espantados, pensaram estar vendo um espírito.
38 ကိုယ်တော်ကလည်း “ဇာကြောင့် ကြောက်လန့် နိန်ကြသနည်း၊ ဇာကြောင့် ယုံမှားသံသယ ဟိကြသနည်း။
38 Mas ele lhes disse: Por que estais perturbados, e por que essas dúvidas nos vossos corações?
39 ငါ့လက်တိ၊ ခြီတိကိုကြည့်ပါ။ သင်ရို့မြင်ရသည့်အတိုင်း ငါပင်ဖြစ်၏။ ငါ့ကို စမ်းသပ်ကြည့်ကြလော့။ သင်ရို့မြင်ရသည်အတိုင်း ငါ့၌အရိုးအသားနှင့် ပြည့်စုံ၏။ စစ္ဆီ၌ကား အရိုးအသားမဟိ” ဟု မိန့်တော်မူ၏။
39 Vede minhas mãos e meus pés, sou eu mesmo; apalpai e vede: um espírito não tem carne nem ossos, como vedes que tenho.
40 ကိုယ်တော်သည် မိန့်တော်မူပြီးလျှင် မိမိ၏လက်တော်၊ ခြီတော်တိကို တပည့်တော်ရို့အား ပြတော်မူ၏။
40 E, dizendo isso, mostrou-lhes as mãos e os pés.
41 သူရို့သည် အလွန် ဝမ်းမြောက်အံ့သြလျက် ဟိကြသော်လည်း မယုံနိုင်ကြသဖြင့်၊ ကိုယ်တော်က “သင်ရို့၌ စားစရာတစ်ခုခု ဟိသလော” ဟု မိန်းတော်မူလျှင်၊
41 Mas, vacilando eles ainda e estando transportados de alegria, perguntou: Tendes aqui alguma coisa para comer?
42 သူရို့က ငါးကင်တစ်ပိုင်းကို ပီးကြ၏။
42 Então ofereceram-lhe um pedaço de peixe assado.
43 ကိုယ်တော်သည် ယူ၍ သူရို့ရှိ့တွင် သုံးဆောင်တော်မူ၏။
43 Ele tomou e comeu à vista deles.
44 ထို့နောက် ကိုယ်တော်ကလည်း သူရို့အား “မောသျှေ ပညတ္တိကျမ်း၊ ပရောဖက်ကျမ်းနှင့် ဆာလံကျမ်းတွင် ငါ့အကြောင်းကို ရီးသားထားသော အမှုအရာအားလုံးသည် ဖြစ်ပျက်ရမည်ဟု သင်ရို့နှင့်အတူ ဟိသောအခါက ငါပြောခသည့်အတိုင်း အဂု ဖြစ်ပျက်လျက်ဟိ၏” ဟု မိန့်တော်မူ၏။
44 Depois lhes disse: Isto é o que vos dizia quando ainda estava convosco: era necessário que se cumprisse tudo o que de mim está escrito na Lei de Moisés, nos profetas e nos Salmos.
45 ထို့နောက် တပည့်တော်ရို့သည် ကျမ်းစာကို နားလည်ကြစီရန် သူရို့၏ အသိဉာဏ်ကို ဖွင့်ပီးတော်မူ၏။
45 Abriu-lhes então o espírito, para que compreendessem as Escrituras, dizendo:
46 ကိုယ်တော်ကလည်း တပည့်တော်ရို့အား၊ “ကျမ်းစာတော်မြတ်၌ မေသျှိယသည် ဒုက္ခခံ၍ အသီခံတော်မူပြီးမှ သုံးရက်မြောက်သောနိ့၌ ထမြောက်တော်မူရမည်။
46 Assim é que está escrito, e assim era necessário que Cristo padecesse, mas que ressurgisse dos mortos ao terceiro dia.
47 နာမတော်ကိုအမှီပြု၍ နောင်တရခြင်းတရားနှင့် အပြစ်လွှတ်ခြင်းတရားတိကို ယေရုဆလင်မြို့မှစ၍ လူမျိုးတကာရို့ကို ဟောပြောရမည်။
47 E que em seu nome se pregasse a penitência e a remissão dos pecados a todas as nações, começando por Jerusalém.
48 သင်ရို့သည် ဤအကြောင်းအရာများ၏ သက်သီများ ဖြစ်ကြ၏။
48 Vós sois as testemunhas de tudo isso.
49 ငါ့ခမည်းတော် ကတိထားတော်မူသည့်အတိုင်း သင်ရို့အထက်သို့ ငါ စီရွှတ်လိုက်မည်။ သို့သော်လည်း သင်ရို့အထက်သို့ ကောင်းကင်ကတန်ခိုး ရောက်လာသည်အထိ ယေရုဆလင်မြို့၌ စောင့်နိန်ကြလော” ဟု မိန့်တော်မူ၏။
49 Eu vos mandarei o Prometido de meu Pai; entretanto, permanecei na cidade, até que sejais revestidos da força do alto.
50 ထို့နောက် ကိုယ်တော်သည် တပည့်တော်တိကို ဗေသနိရွာသို့ ခေါ်ဆောင်လားတော်မူပြီးလျှင် လက်တော်ကိုဆန့်၍ ကောင်းကြီးပီးတော်မူ၏။
50 Depois os levou para Betânia e, levantando as mãos, os abençoou.
51 ဤသို့ ကောင်းကြီးပီးတော်မူစဉ် ကိုယ်တော်သည် တပည့်တော်ရို့ပါးမှ ခွာလျက် ကောင်းကင်သို့ ချီဆောင်ခြင်းကို ခံတော်မူ၏။
51 Enquanto os abençoava, separou-se deles e foi arrebatado ao céu.
52 တပည့်တော်ရို့သည် ကိုယ်တော့်ကို ပြပ်ဝပ်ကိုးကွယ်ကြပြီးလျှင် အလွန်ဝမ်းမြောက်ရွှင်လန်းစွာဖြင့် ယေရုဆလင်မြို့သို့ ပြန်လာ၍၊
52 Depois de o terem adorado, voltaram para Jerusalém com grande júbilo.
53 ဘုရားသခင်၏ ဗိမာန်တော်၌ အမြဲမပြတ် ကျေးဇူးတော်ကို ချီးမွမ်းလျက်နိန်ကြ၏။
53 E permaneciam no templo, louvando e bendizendo a Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.