Lucas 22
rki (RKI) vs NVI
1 ပသခါပွဲဟု ခေါ်သော တဆီးမဲ့မုန့် ပွဲတော်အချိန် နီးလာလေ၏။
1 Estava se aproximando a festa dos pães sem fermento, chamada Páscoa,
2 ယဇ်ပုရောဟိတ်ကြီးရို့နှင့် ကျမ်းတတ်ဆရာရို့သည် လူတိကို ကြောက်သောကြောင့် ကိုယ်တော့်ကို လျှို့ဝှက်စွာသတ်ရန် နည်းလမ်း ရှာဖွီလျက်နိန်ကြ၏။
2 e os chefes dos sacerdotes e os mestres da lei estavam procurando um meio de matar Jesus, mas tinham medo do povo.
3 ထိုအခါ စာတန်သည် တပည့်တော်တစ်ဆယ့်နှစ်ပါး အပါဝင်ဖြစ်သော ယုဒသျှကာရုတ်ထဲသို့ ဝင်လေ၏။
3 Então Satanás entrou em Judas, chamado Iscariotes, um dos Doze.
4 ထို့ကြောင့် ယုဒသည် ယဇ်ပုရောဟိတ်ကြီးရို့နှင့် ဗိမာန်တော်မှူးရို့ပါးသို့ လား၍ ကိုယ်တော့်ကို မည်သည့်နည်းဖြင့် အပ်ရန် ဆွေးနွေးတိုင်ပင်ကြ၏။
4 Judas dirigiu-se aos chefes dos sacerdotes e aos oficiais da guarda do templo e tratou com eles como lhes poderia entregar Jesus.
5 သူရို့သည် ဝမ်းမြောက်ကြ၍ ဖဲသာပီးမည်ဟု ဝန်ခံကြ၏။
5 A proposta muito os alegrou, e lhe prometeram dinheiro.
6 ယုဒသည် သဘောတူညီလျက် လူများမသိအောင် ယေသျှုအား သူရို့လက်သို့ အပ်ရန် အချိန်ကောင်းကို ရှာကြံလျက် နိန်၏။
6 Ele consentiu e ficou esperando uma oportunidade para lhes entregar Jesus quando a multidão não estivesse presente.
7 တဆီးမဲ့မုန့် ပွဲတော်တွင် ပသခါသိုးသူငယ်ကိုသတ်၍ ပူဇော်ရာနိ့ရက် ကျရောက်လာ၏။
7 Finalmente, chegou o dia dos pães sem fermento, no qual devia ser sacrificado o cordeiro pascal.
8 ယေသျှုက ပေတရုနှင့် ယောဟန်ရို့အား “ငါရို့စားရန် ပသခါပွဲညစာကို လားပြီး ပျင်ဆင်ကြလော” ဟု ဆို၍ စီရွှတ်တော်မူ၏။
8 Jesus enviou Pedro e João, dizendo: "Vão preparar a refeição da Páscoa".
9 သူရို့က “ဇာအရပ်တွင် ပျင်ဆင်ရပါမည်နည်း” ဟု မိန်းလျှောက်ကြ၏။
9 "Onde queres que a preparemos? ", perguntaram eles.
10 ကိုယ်တော်က “သင်ရို့သည် မြို့တွင်းကို ဝင်သောအခါ ရီအိုးကို ထမ်းလာသော လူတစ်ယောက်က သင်ရို့ကို ကြိုဆိုလိမ့်မည်။ သူ့နောက်ကိုလိုက်ပြီး သူဝင်လားသော အိမ်ထဲသို့ ဝင်ကြလော့။
10 Ele respondeu: "Ao entrarem na cidade, vocês encontrarão um homem carregando um pote de água. Sigam-no até a casa em que ele entrar
11 အိမ်သျှင်အား ‘ငါနန့် ငါ့တပည့်တော်တိ ပသခါပွဲညစာကိုစားဖို့ အခန်းကား ဇာမာလဲ၊ ဆရာက မိန်းသည်’ ဟု ပြောပါ။
11 e digam ao dono da casa: ‘O Mestre pergunta: Onde é o salão de hóspedes no qual poderei comer a Páscoa com os meus discípulos? ’
12 ထိုသူက ပျင်ဆင်ထားသော ကျယ်ဝန်းသော အထက်ခန်းကို ပြလိမ့်မည်။ ထိုအခန်း၌ အသင့် ပျင်ဆင်ကြလော” ဟု မိန့်တော်မူ၏။
12 Ele lhes mostrará uma ampla sala no andar superior, toda mobiliada. Façam ali os preparativos".
13 သူရို့သည် ထွက်လားပြီးနောက် ကိုယ်တော် မိန့်မှာတော်မူသည့်အတိုင်း တွိ့ရကြသဖြင့် ပသခါပွဲတော်ကို အသင့်ပျင်ဆင်ကြ၏။
13 Eles saíram e encontraram tudo como Jesus lhes tinha dito. Então, prepararam a Páscoa.
14 ထိုအချိန် ရောက်လာသောအခါ ယေသျှုသည် တမန်တော်ရို့နှင့်အတူ စားပွဲတွင် ထိုင်တော်မူ၏။
14 Quando chegou a hora, Jesus e os seus apóstolos reclinaram-se à mesa.
15 ကိုယ်တော်က၊ “ငါသည် အသီမခံရခင် ဤပသခါပွဲညစာကို သင်ရို့နှင့်အတူစားဖို့ အလွန်အလိုဟိ၏။
15 E disse-lhes: "Desejei ansiosamente comer esta Páscoa com vocês antes de sofrer.
16 ငါဆိုသည်ကား၊ ပသခါပွဲ၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏ နိုင်ငံတော်၌ ပြည့်စုံခြင်းသို့ မရောက်ခင်အထိ နောက်တဖန် ငါစားလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
16 Pois eu lhes digo: Não comerei dela novamente até que se cumpra no Reino de Deus".
17 ထို့နောက် ယေသျှုသည် ခွက်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းတော်မူပြီးလျှင် “ဤခွက်ကိုယူပြီး အချင်းချင်း မျှဝီကြလော့။
17 Recebendo um cálice, ele deu graças e disse: "Tomem isto e partilhem uns com os outros.
18 သင်ရို့အား ငါဆိုသည်ကား၊ အဂုမှစ၍ ဘုရားသခင်၏ နိုင်ငံတော်မတည်မချင်း ဤစပျစ်ရည်ကို နောက်တဖန် ငါသောက်လိမ့်မည် မဟုတ်” ဟု မိန့်တော်မူလျက်၊
18 Pois eu lhes digo que não beberei outra vez do fruto da videira até que venha o Reino de Deus".
19 ကိုယ်တော်သည် မုန့်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ တပည့်တော်ရို့အား ပီးတော်မူပြီးလျှင် “ဤမုန့်ကား သင်ရို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မိ့ဖို့ ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
19 Tomando o pão, deu graças, partiu-o e o deu aos discípulos, dizendo: "Isto é o meu corpo dado em favor de vocês; façam isto em memória de mim".
20 ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကို ယူတော်မူလျက် “ဤခွက်ကား သင်ရို့အဖို့ သွန်းသော ငါ၏အသွီးနှင့်ပြုသည့် ပဋိညာဉ်တရားသစ်ဖြစ်၏။
20 Da mesma forma, depois da ceia, tomou o cálice, dizendo: "Este cálice é a nova aliança no meu sangue, derramado em favor de vocês.
21 “သို့သော်လည်း ကြည့်ရှုကြလော့။ ငါ့ကို ရန်သူလက်သို့ အပ်မည့်သူသည် ငါနန့်အတူ စားပွဲ၍ ဟိ၏။
21 "Mas eis que a mão daquele que vai me trair está com a minha sobre a mesa.
22 လူသားသည် ဘုရားသခင် ခန့်ခွဲမှတ်သားတော်မူသည်အတိုင်း အသီခံရန် အမှန်ပင်လားရမည်။ သို့သော်လည်း လူသားကို ရန်သူလက်သို့ အပ်နှံသူသည် အမင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။
22 O Filho do homem vai, como foi determinado; mas ai daquele que o trai! "
23 တပည့်တော်ရို့သည် မိမိရို့အထဲမှ ဇာသူက ဤအမှုကို ပြုလိမ့်မည်နည်းဟု အချင်းချင်း မိန်းမြန်းကြ၏။
23 Eles começaram a perguntar entre si qual deles iria fazer aquilo.
24 တပည့်တော်ရို့သည် မိမိရို့ထဲတွင် ဇာသူက အကြီးမြတ်ဆုံးဖြစ်သနည်းဟု ငြင်းခုံကြ၏။
24 Surgiu também uma discussão entre eles, acerca de qual deles era considerado o maior.
25 ယေသျှုက၊ “လောကီမင်းရို့သည် တိုင်းသူပြည်သားတိအထက်၌ သြဇာအာဏာဟိကြ၏။ အာဏာပိုင်တိကလည်း မိမိရို့ကို ‘ကျေးဇူးသျှင်များ’ ဟု အခေါ်ခံတတ်ကြ၏။”
25 Jesus lhes disse: "Os reis das nações dominam sobre elas; e os que exercem autoridade sobre elas são chamados benfeitores.
26 သင်ရို့သည် ထိုသို့ မဖြစ်သင့်။ သင်ရို့ထဲ၌ အကြီးမြတ်ဆုံး ဖြစ်သောသူက အငယ်ဆုံးသောသူကဲ့သို့ ဖြစ်ရလိမ့်မည်။ ခေါင်းဆောင်ဖြစ်သောသူက အစီခံကဲ့သို့ ဖြစ်ရမည်။
26 Mas, vocês não serão assim. Pelo contrário, o maior entre vocês deverá ser como o mais jovem, e aquele que governa como o que serve.
27 စားပွဲ၌ထိုင်နိန်သူနှင့် လုပ်ကျွေးသောသူထဲက ဇာသူက သာ၍ ကြီးမြတ်သူ ဖြစ်သနည်း။ စားပွဲ၌ ထိုင်သူ မဟုတ်လော။ သို့သော်လည်း ငါက သင်ရို့ထဲ၌ လုပ်ကျွေးသူပိုင်ဖြစ်၏။
27 Pois quem é maior: o que está à mesa, ou o que serve? Não é o que está à mesa? Mas eu estou entre vocês como quem serve.
28 “သင်ရို့သည် ငါနန့်အတူ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ခသူတိ ဖြစ်ကြ၏။
28 Vocês são os que têm permanecido ao meu lado durante as minhas provações.
29 ခမည်းတော်က ငါ့အား အုပ်စိုးခွင့်ကို ပီးအပ်တော်မူသကဲ့သို့ ငါသည်လည်း သင်ရို့အား အုပ်စိုးခွင့်ကို ပီး၏။
29 E eu lhes designo um Reino, assim como meu Pai o designou a mim,
30 သင်ရို့သည် နိုင်ငံတော်ထဲတွင် ငါ့စားပွဲဝိုင်း၌ စားသောက်ရကြလိမ့်မည်။ ပြီးလျှင် ပလ္လင်ထက်၌ ထိုင်၍ ဣသရေလလူမျိုး တစ်ဆယ့်နှစ်မျိုးကို အုပ်စိုးရကြလိမ့်မည် ဟု မိန့်တော်မူ၏။”
30 para que vocês possam comer e beber à minha mesa no meu Reino e sentar-se em tronos, julgando as doze tribos de Israel.
31 ယေသျှုကလည်း၊ “သျှိမုန်၊ သျှိမုန်၊ နားထောင်လော့။ လယ်သမားသည် ကောင်းသောဂျုံစပါးမှ မကောင်းသော ဂျုံစပါးကို ဆန်ခါနှင့် ချသကဲ့သို့ သင်ရို့အားလုံးကို စုံစမ်းရန် စာတန်က အခွင့်ရလီဗျာယ်။
31 "Simão, Simão, Satanás pediu vocês para peneirá-los como trigo.
32 ယေကေလေ့ သျှိမုန်၊ သင်၏ ယုံကြည်ခြင်း မပျက်စီးစီရန် ငါဆုတောင်းနိန်၏။ သင်သည် သတိပြန်ရကြသောအခါ သင်၏ ညီအစ်ကိုတိကို ခိုင်ခန့်စီလော” ဟု မိန့်တော်မူ၏။
32 Mas eu orei por você, para que a sua fé não desfaleça. E quando você se converter, fortaleça os seus irmãos".
33 ပေတရုက၊ “သခင်ဘုရား၊ အကျွန်သည် ထောင်ထဲ၌ဖြစ်စီ၊ သီရဖို့ပင်ဖြစ်စီ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ဟိပါ၏” ဟု လျှောက်၏။
33 Mas ele respondeu: "Estou pronto para ir contigo para a prisão e para a morte".
34 ကိုယ်တော်က၊ “ပေတရု၊ ငါပြောမည်၊ ဤနိ့ည ကြက်မတွန်ခင် သင်သည် ငါ့ကို မသိဟု ဆိုပြီး သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
34 Respondeu Jesus: "Eu lhe digo, Pedro, que antes que o galo cante hoje, três vezes você negará que me conhece".
35 ထို့နောက် ယေသျှုက “ငါသည် သင်ရို့အား ဖဲသာအိတ်၊ လွယ်အိတ်နှင့် ဖိနပ်ကိုမယူဘဲ စီရွှတ်ခသောအခါ တခုခုလိုသိမ့်လား” ဟု မိန်းလျှင်၊
35 Então Jesus lhes perguntou: "Quando eu os enviei sem bolsa, saco de viagem ou sandálias, faltou-lhes alguma coisa? " "Nada", responderam eles.
36 ယေသျှုက “အဂုကား ဖဲသာအိတ်၊ လွယ်အိတ်ဟိလျှင် ယူလာလိုက်။ ဒါးမဟိလျှင် အဝတ်ကိုရောင်း၍ ဒါးကိုဝယ်ကတ်။
36 Ele lhes disse: "Mas agora, se vocês têm bolsa, levem-na, e também o saco de viagem; e se não têm espada, vendam a sua capa e comprem uma.
37 သင်ရို့အား ငါဆိုသည်ကား၊ ‘ထိုသူသည် ပြစ်မှုကျူးလွန်သူများနှင့် ရီတွက်ခြင်းခံရ၏’ ဟု ကျမ်းစာက ပြောသည်အတိုင်း ငါခံရမည်။ ဇာကြောင့်ဆိုသော် ငါ့အကြောင်းကို ရီးသားထားသော ကျမ်းစာအတိုင်း ဖြစ်ပျက်နိန်သောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
37 Está escrito: ‘E ele foi contado com os transgressores’; e eu lhes digo que isto precisa cumprir-se em mim. Sim, o que está escrito a meu respeito está para se cumprir".
38 တပည့်တော်ရို့က “သခင်ဘုရား၊ ကြည့်တော်မူပါ၊ ဤမှာ ဒါးနှစ်လက် ဟိပါ၏” ဟု လျှောက်သော်၊
38 Os discípulos disseram: "Vê, Senhor, aqui estão duas espadas". "É o suficiente! ", respondeu ele.
39 ယေသျှုသည် မြို့မှထွက်လာပြီးနောက် ပြုလေ့ဟိသည်အတိုင်း သံလွင်တောင်သို့ ကြွတော်မူ၏။ တပည့်တော်ရို့သည်လည်း နောက်တော်သို့ လိုက်ကြ၏။
39 Como de costume, Jesus foii para o monte das Oliveiras, e os seus discípulos o seguiram.
40 ထိုအရပ်သို့ ရောက်တော်မူလျှင် ကိုယ်တော်က “သင်ရို့သည် စုံစမ်းသွီးဆောင်ရာသို့ မကျရောက်စီရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
40 Chegando ao lugar, ele lhes disse: "Orem para que vocês não caiam em tentação".
41 ထို့နောက် တပည့်တော်ရို့နှင့် ကျောက်ခဲ တစ်ပစ်စာလောက် ဝီးသောအရပ်သို့ ကြွတော်မူပြီး ဒူးထောက်လျက်၊
41 Ele se afastou deles a uma pequena distância, ajoelhou-se e começou a orar:
42 “အိုအဖ၊ အလိုတော်ဟိလျှင် ဤဒုက္ခဝေဒနာခွက်ကို အကျွန်နှင့် ဝီးစီတော်မူပါ။ သို့သော်လည်း အကျွန့်အလိုတိုင်း မဖြစ်ပါစီကေ့။ အဖ၏အလိုတော်တိုင်းသာ ဖြစ်စီတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
42 "Pai, se queres, afasta de mim este cálice; contudo, não seja feita a minha vontade, mas a tua".
43 ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော့်ကို အားပီးလေ၏။
43 Apareceu-lhe então um anjo do céu que o fortalecia.
44 ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကို ခံစားပြီး အထူးကြိုးစား၍ ဆုတောင်းတော်မူသောကြောင့် ကိုယ်တော်၏ချွေးပေါက်များသည် မြီကြီးတွင်ကျသော သွီးစက်ကဲ့သို့ဖြစ်၏။
44 Estando angustiado, ele orou ainda mais intensamente; e o seu suor era como gotas de sangue que caíam no chão.
45 ကိုယ်တော်သည် ဆုတောင်းရာမှ ထတော်မူပြီးလျှင် တပည့်တော်ရို့ဟိရာသို့ ပြန်ကြွတော်မူသောအခါ သူရို့သည် ညှိုးငယ်သောစိတ်နှင့် အိပ်ပျော် နိန်ကြသည်ကို မြင်တော်မူ၏။
45 Quando se levantou da oração e voltou aos discípulos, encontrou-os dormindo, dominados pela tristeza.
46 ကိုယ်တော်က၊ “သင်ရို့ဇာကြောင့် အိပ်ပျော် နိန်ကြသနည်း။ ထကြလော့။ စုံစမ်းသွီးဆောင်ခြင်းသို့ မကျရောက်စီရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
46 "Por que estão dormindo? ", perguntou-lhes. "Levantem-se e orem para que vocês não caiam em tentação! "
47 ထိုသို့ ယေသျှုသည် မိန့်တော်မူစဉ် တပည့်တော် တစ်ဆယ့်နှစ်ပါး အပါဝင်ဖြစ်သော ယုဒသျှကာရုတ်သည် လူထုကြီးကို ဦးဆောင်၍ ရောက်လာပြီး၊ ယေသျှုအား နမ်းခြင်းငှာ ချဉ်းကပ်လာ၏။
47 Enquanto ele ainda falava, apareceu uma multidão conduzida por Judas, um dos Doze. Este se aproximou de Jesus para saudá-lo com um beijo.
48 ယေသျှုက “ယုဒ၊ သင်သည် နမ်းခြင်းကိုပြု၍ လူသားအား ရန်သူလက်သို့ အပ်သလော” ဟု မိန်းတော်မူ၏။
48 Mas Jesus lhe perguntou: "Judas, com um beijo você está traindo o Filho do homem? "
49 တပည့်တော်ရို့သည် အခြေအနေကို မြင်သောအခါ ယေသျှုအား “သခင်ဘုရား၊ အကျွန်ရို့ဓါးနှင့် ခွတ်ရပါမည်လော” ဟု မိန်းတော်မူ၏။
49 Ao verem o que ia acontecer, os que estavam com Jesus lhe disseram: "Senhor, atacaremos com espadas? "
50 တပည့်တော်တစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခွတ်လိုက်လျှင် ထိုသူ၏ ညာဖက်နားရွက် ပြတ်လေ၏။
50 E um deles feriu o servo do sumo sacerdote, decepando-lhe a orelha direita.
51 ထိုအခါ ယေသျှုက “တန်ဖိ” ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် ထိုသူ၏နားရွက်ကို လက်တော်နှင့် တို့တော်မူ၍ အနာကို ပျောက်စီတော်မူ၏။
51 Jesus, porém, respondeu: "Basta! " E tocando na orelha do homem, ele o curou.
52 ထို့နောက် ယေသျှုက မိမိအားဖမ်းဆီးရန် ရောက်လာကြသည့် ယဇ်ပုရောဟိတ်အကြီးအကဲတိ၊ ဗိမာန်တော်စောင့်တပ်မှူးတိ၊ လူအကြီးအကဲတိအား “သင်ရို့သည် ဒါးပြကို ဖမ်းစွာပိုင် ငါ့ကိုဖမ်းဖို့ ဒါးတိ၊ တုတ်တိနှင့် လာကြသလော။
52 Então Jesus disse aos chefes dos sacerdotes, aos oficiais da guarda do templo e aos líderes religiosos que tinham vindo procurá-lo: "Estou eu chefiando alguma rebelião, para que vocês tenham vindo com espadas e varas?
53 ငါသည် ဗိမာန်တော်ထဲ၌ နိ့တိုင်းဟိသောအခါ သင်ရို့သည် ငါ့ကို မဖမ်းဆီးကတ်။ ယေဒါလည်း ဤအချိန်ကား သင်ရို့၏ အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုး ကြီးစိုးရာ အချိန်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။
53 Todos os dias eu estava com vocês no templo e vocês não levantaram a mão contra mim. Mas esta é a hora de vocês — quando as trevas reinam".
54 ထိုသူရို့သည် ယေသျှုကို ဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ ခေါ်ဆောင်လားကြ၏။ ပေတရုသည် မနီးမဝီးမှနိန်၍ လိုက်လာ၏။
54 Então, prendendo-o, levaram-no para a casa do sumo sacerdote. Pedro os seguia à distância.
55 အိမ်တော်ဝင်းအလယ်၌ လူအပေါင်းရို့သည် မီးဖို၍ ထိုင်နိန်ကြ၍ ပေတရုကလည်း သူရို့အထဲ၌ ထိုင်နိန်၏။
55 Mas, quando acenderam um fogo no meio do pátio e se sentaram ao redor dele, Pedro sentou-se com eles.
56 ထိုသို့ ပေတရုထိုင်နိန်သည်ကို မြင်သော အစီခံမိန်းမတစ်ယောက်သည် စိ့စိ့ကြည့်၍ “ဤသူသည် ယေသျှု၏ အပေါင်းအပါဖြစ်သည်” ဟု ဆို၏။
56 Uma criada o viu sentado ali à luz do fogo. Olhou fixamente para ele e disse: "Este homem estava com ele".
57 သို့ရာတွင် ပေတရုက “အချင်းမိန်းမ ထိုသူကိုငါမသိ” ဟု ငြင်းဆို၏။
57 Mas ele negou: "Mulher, não o conheço".
58 ထို့နောက် တအောင့်ကြာပြီးမှ လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် “သင်လည်း ထိုသူရို့ထဲက တစ်ယောက်ဖြစ်၏” ဟု ဆိုသော်၊
58 Pouco depois, um homem o viu e disse: "Você também é um deles". "Homem, não sou! ", respondeu Pedro.
59 ထို့နောက် တစ်နာရီလောက် ကြာပြီးသောအခါ အခြားသော လူတစ်ယောက်က “ဤသူသည် ဂါလိလဲလူဖြစ်ပြီး ယေသျှု၏ အပေါင်းအပါဖြစ်သည်ကို ယုံမှားစရာမဟိ” ဟု အခိုင်အမာဆို၏။
59 Cerca de uma hora mais tarde, outro afirmou: "Certamente este homem estava com ele, pois é galileu".
60 သို့သော်လည်း ပေတရုက “အချင်းလူ၊ သင်ပြောသည့်အကြောင်းကို ငါမသိ” ဟု ဆို၏။ ဤသို့ ပေတရုပြောနိန်စဉ် ကြက်တွန်လေ၏။
60 Pedro respondeu: "Homem, não sei do que você está falando! " Falava ele ainda, quando o galo cantou.
61 သခင်ဘုရားသည်လည်း လှည့်၍ ပေတရုကို စိ့စိ့ကြည့်တော်မူ၏။ ထိုအခါ ပေတရုသည် “ဤနိ့ည ကြက်မတွန်ခင် သင်သည် ငါ့ကိုမသိဟု သုံးကြိမ်တိုင်အောင် ဆိုလိမ့်မည်” ဟူသော သခင်ဘုရား ပြောခသည်ကို ပြန်၍ သတိရသဖြင့်၊
61 O Senhor voltou-se e olhou diretamente para Pedro. Então Pedro se lembrou da palavra que o Senhor lhe tinha dito: "Antes que o galo cante hoje, você me negará três vezes".
62 ပေတရုသည် ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွီးလေ၏။
62 Saindo dali, chorou amargamente.
63 ယေသျှုကို စောင့်ကြပ်နိန်သူရို့က လှောင်ပြောင်၍ ရိုက်ပုတ်ကြ၏။
63 Os homens que estavam detendo Jesus começaram a zombar dele e a bater nele.
64 သူရို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖုံးပြီးလျှင် “သင့်အား ဇာသူ ရိုက်ပုတ်ကြောင်းကို ပြောပါ” ဟု ဆိုကြ၏။
64 Cobriam seus olhos e perguntavam: "Profetize! Quem foi que lhe bateu? "
65 သူရို့သည် ကိုယ်တော့်ကို အခြားသော စကားများဖြင့်လည်း စော်ကားကြ၏။
65 E lhe dirigiam muitas outras palavras de insulto.
66 မိုးလင်းသောအခါ ယုဒခေါင်းဆောင်တိ၊ ယဇ်ပုရောဟိတ်ကြီးတိနှင့် ကျမ်းတတ်ဆရာရို့သည် စုဝေးကြ၍ ကိုယ်တော့်ကို တရားလွှတ်တော်သို့ ခေါ်ဆောင်လားကြ၏။
66 Ao romper do dia, reuniu-se o Sinédrio, tanto os chefes dos sacerdotes quanto os mestres da lei, e Jesus foi levado perante eles.
67 သူရို့က “သင်သည် မေသျှိယဖြစ်သလော၊ ငါရို့ကိုပြောပါ” ဟု ဆိုကြ၏။
67 "Se você é o Cristo, diga-nos", disseram eles. Jesus respondeu: "Se eu vos disser, não crereis em mim
68 သင်ရို့အား ငါ မိန်းသော်လည်း သင်ရို့ဖြေမည် မဟုတ်။
68 e, se eu vos perguntar, não me respondereis.
69 အဂုကစပြီး လူသားသည် အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာဖက်၌ ထိုင်တော်မူလတ္တံ” ဟု မိန့်တော်မူ၏။
69 Mas de agora em diante o Filho do homem estará assentado à direita do Deus Todo-poderoso".
70 ထိုသူရို့ကလည်း “ထိုသို့ဆိုသော် သင်သည် ဘုရားသခင်၏ သားတော်ဖြစ်ပါသလော” ဟု မိန်းကြလျှင်၊
70 Perguntaram-lhe todos: "Então, você é o Filho de Deus? " "Vós estais dizendo que eu sou", respondeu ele.
71 ထိုအခါ သူရို့က၊ “ဇာသက်သီ လိုသိမ့်လဲ၊ ငါရို့ကိုယ်တိုင် သူ၏စကားကို ကြားရဗျာယ်” ဟု ဆိုကြ၏။
71 Eles disseram: "Por que precisamos de mais testemunhas? Acabamos de ouvir dos próprios lábios dele".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.