Lucas 21
rki (RKI) vs ARC
1 ယေသျှုသည် မျှော်ကြည့်သောအခါ ချမ်းသာသောသူများသည် ဗိမာန်တော်၏ ဘဏ္ဍာတိုက်ထဲသို့ ထည့်ဝင်နိန်ကြသည်ကို မြင်တော်မူ၏။
1 E, olhando ele, viu os ricos lançarem as suas ofertas na arca do tesouro;
2 ဆင်းရဲသော မုဆိုးမတစ်ယောက်သည်လည်း သေးငယ်သော ကြေးဒင်္ဂါးနှစ်ပြား လှူဒါန်းနိန်သည်ကို မြင်တော်မူ၏။
2 e viu também uma pobre viúva lançar ali duas pequenas moedas;
3 ကိုယ်တော်ကလည်း၊ “သင်ရို့အား ငါဆိုသည်ကား၊ ဆင်းရဲသော မုဆိုးမသည် အခြားသော လူတိထက် ပို၍ ထည့်ဝင်လှူဒါန်းလေ၏။
3 e disse: Em verdade vos digo que lançou mais do que todos esta pobre viúva,
4 ချမ်းသာသောလူတိက သူရို့၏ ငွီပိုငွီလျှံထဲက ထည့်ဝင်လှူဒါန်းကြ၏။ ဤဆင်းရဲသော မုဆိုးမသည် ဆင်းရဲသော်လည်း သူမ၌ဟိသော ဝမ်းစာအားလုံးကိုပင် ပီးလှူ ဗျာယ်” ဟု မိန့်တော်မူ၏။
4 porque todos aqueles deram como ofertas de Deus do que lhes sobeja; mas esta, da sua pobreza, deu todo o sustento que tinha.
5 တပည့်တော်တချို့က ဗိမာန်တော်သည် လှပသောကျောက်တုံးများ၊ ဘုရားသခင်အား ပူဇော်လှူဒါန်းထားသော ဝတ္ထုပစ္စည်းများနှင့် အလွန်တင့်တယ်လျက်ဟိကြောင်းကို ပြောဆိုကြ၏။
5 E, dizendo alguns a respeito do templo, que estava ornado de formosas pedras e dádivas, disse:
6 ယေသျှုက “သင်ရို့မြင်ရသော အရာများသည် ကျောက်ခဲတစ်တုံးတောင်မှ မူလနီရာ၌ တင်၍ မဟိအောင် ပြိုပျက်သည့်အချိန် ရောက်လာလိမ့်မည်” ဟု မိန့်တော်မူ၏။
6 Quanto a estas que se não deixará pedra sobre pedra que não seja derribada.
7 ထိုသူရို့က “ဆရာ၊ ဤအမှုအရာများသည် ဇာအချိန်၌ ဖြစ်ပျက်ပါမည်နည်း။ ထိုအမှုအရာများ ဖြစ်ပျက်ချိန်၌ ဇာနိမိတ်လက္ခဏာတိ ပေါ်ထွန်းလာမည်နည်း” ဟု မိန်းလျှောက်ကြ၏။
7 E perguntaram-lhe, dizendo: Mestre, quando serão, pois, essas coisas? E que sinal haverá quando isso estiver para acontecer?
8 ယေသျှုကလည်း၊ “သင်ရို့သည် လှည့်စားခြင်း မခံရစီခြင်းငှာ သတိထားကြလော့။ လူတိက ငါ့အယောင်ဆောင်၍ ‘ငါသည် မေသျှိယဖြစ်သည်’ ဟု ဆို၍ လည်းကောင်း၊ ‘အချိန်ရောက်လာဗျာယ်’ ဟု ဆို၍ လည်းကောင်း၊ သင်ရို့ပါးကို ရောက်လာကြလိမ့်မည်။ ထိုသူရို့နောက်ကို မလိုက်ကတ်ကေ့။
8 Disse, então, ele: Vede que não vos enganem, porque virão muitos em meu nome, dizendo: Sou eu, e o tempo está próximo; não vades, portanto, após eles.
9 သင်ရို့သည် စစ်တိုက်ခြင်းအကြောင်းနှင့် တော်လှန်ပုန်ကန်ခြင်းအကြောင်း သတင်းကို ကြားကြသောအခါ ကြောက်ရွံ့စိုးရိမ်ခြင်း မဟိကတ်ကေ့။ ဤအမှုအရာတိသည် အယင်ဦးစွာ ဖြစ်ပျက်ရမည်။ သို့သော်လည်း နောက်ဆုံးသော အချိန်ကား မရောက်သိမ့်” ဟု မိန့်တော်မူ၏။
9 E, quando ouvirdes de guerras e sedições, não vos assusteis. Porque é necessário que isso aconteça primeiro, mas o fim não
10 ထို့ပြင် ကိုယ်တော်က၊ “လူတစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်ကြလိမ့်မည်။
10 Então, lhes disse: Levantar-se-á nação contra nação, e reino, contra reino;
11 နီရာအနှံ့တွင် မြီငလျင် ပြင်းထန်စွာလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကပ်ရောဂါ ကျရောက်ခြင်းများ ဖြစ်လိမ့်မည်။ ကောင်းကင်မှလည်း ကြောက်မက်ဖွယ်သော အရာများနှင့် ပုဗ္ဗနိမိတ်များ ဖြစ်ပေါ်လာကြလိမ့်မည်။
11 e haverá, em vários lugares, grandes terremotos, e fomes, e pestilências; haverá também coisas espantosas e grandes sinais do céu.
12 ဤအမှုအရာတိ မဖြစ်ခင် ငါ၏နာမကြောင့် သင်ရို့ကို လူတိက ဖမ်းဆီးညှဉ်းဆဲပြီးလျှင် တရားဇရပ်များတွင် လည်းကောင်း၊ အကျဉ်းထောင်များတွင် လည်းကောင်း အပ်နှံကြလိမ့်မည်။ သျှင်ဘုရင်၊ အုပ်ချုပ်သူတိပါးသို့ ပို့ဆောင်ကြလိမ့်မည်။
12 Mas, antes de todas essas coisas, lançarão mão de vós e às prisões e conduzindo-vos à presença de reis e governadores, por amor do meu nome.
13 ဤသို့အားဖြင့် သင်ရို့သည် သတင်းကောင်းကို ပြောရသောအခွင့် ရကြလိမ့်မည်။
13 E vos acontecerá
14 ထို့ကြောင့် သင်ရို့ကိုယ်တိုင် ဇာပိုင် ပြန်ပြောရမည်ကို ကြိုတင်၍ မစိုးရိမ်ကြစီခြင်းငှာ စိတ်ကိုခိုင်ခန့်စီကြလော့။
14 Proponde, pois, em vosso coração não premeditar como haveis de responder,
15 အကြောင်းမူကား သင်ရို့၏ ရန်သူတစ်ဦးတစ်ယောက်မျှ မငြင်းခုံ၊ မဟန့်တားနိုင်အောင် သင်ရို့အား နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပီးမည်။
15 porque eu vos darei boca e sabedoria a que não poderão resistir, nem contradizer todos quantos se vos opuserem.
16 သင်ရို့ကို မိဖ၊ ညီအစ်ကို၊ ဆွီမျိုးသားချင်း၊ အဆွီခင်ပွန်းတိက ရန်သူ့လက်ကို အပ်နှံကြပြီးလျှင် တချို့ကို အသီသတ်ကြလိမ့်မည်။
16 E até pelos pais, e irmãos, e parentes, e amigos sereis entregues; e matarão
17 လူတိုင်းက ငါ၏နာမကြောင့် သင်ရို့ကို မုန်းတီးကြလိမ့်မည်။
17 E de todos sereis odiados por causa do meu nome.
18 သို့သော်လည်း သင်ရို့၏ဂေါင်းမှ ဆံချည်တစ်မျှင်တောင်မျှ ပျက်စီးလိမ့်မည် မဟုတ်။
18 Mas não perecerá um único cabelo da vossa cabeça.
19 သင်ရို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့” ဟု မိန့်တော်မူ၏။
19 Na vossa paciência, possuí a vossa alma.
20 “ယေရုဆလင်မြို့ကို စစ်တပ်များ ပတ်လည်ဝိုင်းရံထားသည်ကို သင်ရို့မြင်သောအချိန်ကား ထိုမြို့သည် မကြာမီ ပျက်စီးလိမ့်မည်ကို သင်ရို့သိထား၏။
20 Mas, quando virdes Jerusalém cercada de exércitos, sabei, então, que é chegada a sua desolação.
21 ထိုအချိန်၌ ယုဒပြည်၌ဟိသော လူတိက တောင်ထက်သို့ ဗြီးကြစီ။ မြို့ထဲ၌ ဟိနိန်သော လူရို့သည် မြို့ပြင်ကို ထွက်လားစီ။ တောရွာ၌ ဟိနိန်ကြသောသူသည် မြို့ထဲကို မဝင်စီကတ်ကေ့။
21 Então, os que estiverem na Judeia, que fujam para os montes; os que estiverem no meio da
22 အကြောင်းမူကား၊ ထိုနိ့ရက်ကာလများသည် ကျမ်းစာ၌ ဖော်ပြထားသောအရာအားလုံး ပြည့်စုံမည့် ‘ပြစ်ဒဏ်စီရင်သော နိ့ရက်ကာလ’ ပင် ဖြစ်၏။
22 Porque dias de vingança são estes, para que se cumpram todas as
23 ထိုနိ့ရက်ကာလ၌ ကိုယ်ဝန်လွယ်ထားသော မိန်းမတိနှင့် နို့စို့ချေဟိသော မိခင်တိအတွက် အလွန်ခက်ခဲလိမ့်မည်။ ယုဒပြည်သည် အတိဒုက္ခရောက်ပြီးလျှင် တိုင်းသူပြည်သားရို့သည် အမျက်တော် သင့်ကြလိမ့်မည်။
23 Mas ai das grávidas e das que criarem naqueles dias! Porque haverá grande aflição na terra e ira sobre este povo.
24 လူတချို့သည် ဒါးဖီးနှင့် သီရပြီးလျှင် တချို့က သုံးပန်းအဖြစ် အတိုင်းတိုင်းအပြည်ပြည်သို့ ဖမ်းလားခြင်း ခံရလိမ့်မည်။ တစ်ပါးအမျိုးသားရို့သည် မိမိရို့အချိန်ကာလ ပြည်စုံသည်အထိ ယေရုဆလင်မြို့ကို နင်းခြီကြလိမ့်မည်။
24 E cairão a fio de espada e para todas as nações serão levados cativos; e Jerusalém será pisada pelos gentios, até que os tempos dos gentios se completem.
25 “နီ၊ လ၊ ကြယ်နက္ခတ်များ၌ ပုဗ္ဗနိမိတ်တိ ထင်ရှားလိမ့်မည်။ မြီကြီးထက်၌လည်း လူမျိုးအသီးသီးရို့သည် သမုဒ္ဒရာလှိုင်းတံပိုး ကြီးခြင်းကြောင့် မငြိမ်မသက်ဖြစ်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း ဖြစ်ကြလိမ့်မည်။
25 E haverá sinais no sol, e
26 လူတိက ကမ္ဘာမြီကြီး၌ ကျရောက်လတ္တံ့သော ကပ်ဖီးများကို မျှော်ကြည့်၍ ကြောက်လန့်ကာ မိ့မောကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်တန်ခိုးများ တုန်လှုပ်ကြသောကြောင့် ဖြစ်၏။
26 homens desmaiando de terror, na expectação das coisas que sobrevirão ao mundo, porquanto os poderes do céu serão abalados.
27 ထိုအချိန်၌ လူသားသည် တိမ်ကိုစီးပြီး ကြီးစွာသော ဘုန်းတန်ခိုးကိုဆောင်၍ ကြွလာတော်မူသည်ကို သူရို့သည် မြင်ကြလိမ့်မည်။
27 E, então, verão vir o Filho do Homem numa nuvem, com poder e grande glória.
28 ဤအမှုအရာများ ဖြစ်ပျက်လာသောအခါ သင်ရို့အား ရွီးနုတ်ကယ်တင်တော်မူခြင်းငှာ အချိန်နီးကပ် နိန်ပြီဖြစ်၍ သင်ရို့၏ဂေါင်းကို မော့၍ အထက်ကို မျှော်ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
28 Ora, quando essas porque a vossa redenção está próxima.
29 ထို့နောက် ကိုယ်တော်သည် သူရို့အား ပုံဥပမာဆောင်၍၊ “သင်္ဘောသဖန်းပင်နှင့် အခြားသော သစ်ပင်တိကို မှတ်ကြလော့။
29 E disse-lhes uma parábola: Olhai para a figueira e para todas as árvores.
30 ထိုအပင်များ ရွက်နုထွက်သည်ကို သင်ရို့မြင်သောအခါ နွီကာလ နီးပြီဖြစ်ကြောင်း သိကြ၏။
30 Quando já começam a brotar, vós sabeis por vós mesmos, vendo-as, que perto está já o verão.
31 ထိုနည်းတူ ဖော်ပြခသော အမှုအရာများ ဖြစ်ပျက်နိန်သည်ကို မြင်ရလျှင် ဘုရားသခင်၏ နိုင်ငံတော်တည်ချိန် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။
31 Assim também vós, quando virdes acontecer essas
32 “ငါအမှန်ကန်ဆိုသည်ကား၊ အဂု အသက်ရှင်နိန်သော လူများမသီဆုံးခင် ဤအကြောင်းအရာအားလုံး ဖြစ်ပျက်ရလိမ့်မည်။
32 Em verdade vos digo que não passará esta geração até que tudo aconteça.
33 ကောင်းကင်နှင့်မြီကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။
33 Passará o céu e a terra, mas as minhas palavras não hão de passar.
34 “သင်ရို့သည် သောက်စားမူးယစ်ခြင်း၊ လောကီမှုအတွက် စိုးရိမ်ပူပန်ခြင်းများနှင့် အချိန်မကုန်စီရန် သတိနန့် နိန်ကြလော့။ သို့မဟုတ် ငါပြန်ကြွလာမည့် ထိုနိ့ရက်သည် ထောင်ချောက်ပိုင် သင်ရို့ပါးသို့ ရုတ်တရက် ရောက်လာလိမ့်မည်။
34 E olhai por vós, para que não aconteça que o vosso coração se carregue de glutonaria, de embriaguez, e dos cuidados da vida, e venha sobre vós de improviso aquele dia.
35 အကြောင်းမူကား ထိုနိ့ရက်သည် လောက၌ဟိသော လူသားအားလုံးကို အုပ်မိလိမ့်မည်။
35 Porque virá como um laço sobre todos os que habitam na face de toda a terra.
36 နိုးနိုးကြားကြားနီ၍ အစဉ်မပြတ် ဆုတောင်းကြလော့။ အကြောင်းမူကား ကျရောက်လာမည့်ဖီးနှင့် ကင်းလွတ်ပြီး လူသား၏ရှိ့တော်မှောက်၌ မတ်မတ်ရပ်နိုင်မည် အကြောင်းတည်း” ဟု မိန့်တော်မူ၏။
36 Vigiai, pois, em todo o tempo, orando, para que sejais havidos por dignos de evitar todas essas pé diante do Filho do Homem.
37 ကိုယ်တော်သည် နိ့အခါ၌ ဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူပြီးလျှင် ညအခါ၌ သံလွင်တောင်သို့လား၍ ညဉ့်ကို လွန်စီတော်မူ၏။
37 E, de dia, ensinava no templo e, à noite, saindo, ficava no monte chamado das Oliveiras.
38 လူအပေါင်းရို့သည် ဗိမာန်တော်၌ တရားတော်နားထောင်ကြရန် နံနက်စောစောထ၍ ကိုယ်တော့်ထံသို့လာကြ၏။
38 E todo o povo ia ter com ele ao templo, de manhã cedo, para o ouvir.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.