Lucas 20

rki (RKI) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 တစ်နိ့၌ ယေသျှုသည် ဗိမာန်တော်တွင် လူတိအား ဆုံးမသြဝါဒပီး၍ သတင်းကောင်းကို ဟောပြောလျက်နိန်စဉ် ယဇ်ပုရောဟိတ် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် လူအကြီးအကဲရို့သည် ကိုယ်တော်ထံသို့ လာကြ၏။
1 Certo dia, Jesus estava no pátio do Templo ensinando o povo e anunciando o evangelho . Então chegaram ali alguns chefes dos sacerdotes e alguns mestres da Lei, junto com alguns líderes do povo,
2 သူရို့က “ကိုယ်တော်သည် ဤအမှုအရာများကို ဇာအခွင့်နှင့် ပြုတော်မူသနည်း။ ဤအခွင့်ကို ဇာသူက ပီးတော်မူသနည်း။ အကျွန်ရို့ကို ပြောပြပါ” ဟု မိန်းမြန်းကြ၏။
2 e perguntaram: — Diga para nós: com que autoridade você faz essas coisas? Quem lhe deu essa autoridade?
3 ယေသျှုက “ငါလည်း သင်ရို့အား မိန်းခွန်းတစ်ခုကို မိန်းဦးမည်။
3 Jesus respondeu:
4 ယောဟန်၏ဗတ္တိဇံသည် ဘုရားသခင်ထံမှ လာသလော။ သို့မဟုတ် လူတိပါးမှ လာသလော ငါ့ကိုပြောလော” ဟု မိန်းတော်မူ၏။
4 Quem deu autoridade a João para batizar? Foi Deus ou foram pessoas?
5 သူရို့သည် “‘ဘုရားသခင်ထံမှ လာသည်’ ဟု ငါရို့ဆိုကေ ‘ယောဟန်အား သင်ရို့ဇာကြောင့် မယုံကြည်ကြသနည်း’ ဟု မိန်းလာလိမ့်မည်။
5 Aí eles começaram a dizer uns aos outros: — O que é que vamos dizer? Se dissermos que foi Deus, ele vai perguntar: “Então por que vocês não creram em João?”
6 သို့သော်လည်း ‘လူတိပါးမှ လာသည်’ ဟု ဆိုလျှင် လူတိက ယောဟန်အား ပရောဖက်တစ်ပါး ဖြစ်ကြောင်းကို အမှန်ယုံကြည်ကြ၍ ငါရို့ကို ကျောက်ခဲနန့် ပစ်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ကြ၏။
6 Mas, se dissermos que foram pessoas, esta multidão vai nos apedrejar, pois eles acham que João era profeta .
7 ထို့ကြောင့် သူရို့က၊ “ဇာသူ့ပါးက လာသည်ကို အကျွန်ရို့မသိပါ” ဟု ဖြေကြားကြ၏။
7 Por isso responderam: — Nós não sabemos quem deu autoridade a João para batizar.
8 ထိုအခါ ယေသျှုကလည်း၊ “ငါသည်လည်း ဇာအခွင့်အာဏာနန့် ဤအရာများကို ပြုနိန်သည်ကို သင်ရို့အား ပြောလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
8 Jesus disse:
9 ထို့နောက် ယေသျှုက လူတိအား မိန့်တော်မူခသော ပုံဥပမာကား၊ “လူတစ်ယောက်သည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီး သီးစားချထားကာ အခြားပြည်သို့ လား၍ ကာလအတန်ကြာ နီထိုင်လေ၏။
9 Depois Jesus contou esta parábola para o povo:
10 အသီးပေါ်ချိန် ရောက်သောအခါ ကျွန်တစ်ယောက်ကို ခြံသမားထံပါးသို့ စီရွှတ်ပြီးလျှင် သီးစားခကို တောင်းစီ၏။ သို့သော်လည်း ခြံသမားတိက ထိုကျွန်ကို သတ်ပုတ်၍ လက်ခစီး ပြန်ရွှတ်လိုက်ကြ၏။
10 Quando chegou o tempo da colheita, ele mandou um empregado para receber a sua parte. Mas os lavradores bateram nele e o mandaram de volta sem nada.
11 ထို့ကြောင့် ဥယျာဉ်သျှင်သည် အခြားကျွန်တစ်ယောက်ကို စီရွှတ်ပြန်၏။ သို့သော်လည်း ခြံသမားရို့သည် သူ့ကိုလည်း သတ်ပုတ်ပြီးလျှင် အရှက်ခွဲ၍ လက်ခစီး ပြန်ရွှတ်လိုက်ပြန်၏။
11 O dono mandou outro empregado, mas eles também bateram nele, depois o trataram de modo vergonhoso e o mandaram de volta sem nada.
12 ထို့နောက် ဥယျာဉ်သျှင်သည် တတိယကျွန်ကို စီရွှတ်လိုက်သော်လည်း ခြံသမားတိက ထိုကျွန်အား ရိုက်ပုတ်လျက် ဒဏ်ရာရစီပြီးလျှင် အပြင်ဖက်သို့ နှင်ထုတ်လိုက်ကြ၏။
12 Então ele enviou um terceiro empregado, mas os lavradores também bateram nele e o expulsaram.
13 စပျစ်ဥယျာဉ်ပိုင်သျှင်က ‘ငါ ဇာပိုင် လုပ်ရမည်နည်း၊ ငါ၏ ချစ်သောသားကို ရွှတ်လိုက်လျှင် သူရို့က ရိုသီလေးစားလောက်သည်’ ဟု ဆို၏။
13 Aí o dono da plantação pensou: “O que vou fazer? Já sei: vou mandar o meu filho querido. Tenho certeza de que vão respeitá-lo.”
14 သို့သော်လည်း ခြံသမားရို့သည် ဥယျာဉ်သျှင်၏သားကို မြင်သောခါ ‘ဤသူသည် အမွီခံဖြစ်၏။ ငါရို့သည် ထိုသူ့အမွီကိုရအောင် သူ့ကို အသီသတ်ပစ်လိုက်ကြမည်’ ဟု အချင်းချင်း တိုင်ပင်ပြီးလျှင်၊
14 — Mas, quando os lavradores viram o filho, disseram: “Este é o filho do dono; ele vai herdar a plantação. Vamos matá-lo, e a plantação será nossa.”
15 စပျစ်ဥယျာဉ်ပိုင်သျှင်၏သားကို ဥယျာဉ်၏ အပြင်ကိုထုတ်၍ အသီသတ်ပစ်ကြ၏။
15 — Então eles jogaram o filho para fora da plantação e o mataram. Aí Jesus perguntou:
16 ထိုအခါ ယေသျှုက “စပျစ်ဥယျာဉ်သျှင်သည် လာပြီးလျှင် သူ့ရို့ကို အသီသတ်ပြီး ဥယျာဉ်ကို အခြားသော သီးစားခြံသမားတိပါးသို့ အပ်လိမ့်မည်” ဟု မိန့်တော်မူ၏။
16 Ele virá, matará aqueles homens e dará a plantação a outros lavradores. Então as pessoas que estavam ouvindo disseram: — Que Deus não permita que isso aconteça!
17 ယေသျှုက လူတိအား ကြည့်ရှုတော်မူပြီးလျှင်၊ “သို့ဖြစ်၍ ကျမ်းစာ၌ ဖော်ပြသည်ကား မည်သို့နည်း။
17 Mas Jesus olhou bem para eles e disse:
18 ထိုကျောက်ထက်၌ ကျသောသူသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက် ကျခြင်းခံရသည့် သူသည်လည်း အမှုန့်ကြိတ်ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
18 Quem cair em cima dessa pedra ficará em pedaços. E, se a pedra cair sobre alguém, essa pessoa vai virar pó.
19 ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့သည် မိမိရို့အား ရည်ညွှန်း၍ ဤပုံဥပမာဖြင့် မိန့်တော်မူကြောင်းကို သိကြသဖြင့် ယေသျှုကို ဖမ်းဆီးကြရန် ရှာကြံလေ၏။ သို့သော်လည်း လူတိကို ကြောက်ကြ၏။
19 Os mestres da Lei e os chefes dos sacerdotes sabiam que era contra eles que Jesus havia contado essa parábola e queriam prendê-lo ali mesmo, porém tinham medo do povo.
20 ထို့ကြောင့် အခွင့်ကောင်းကို စောင့်ကြည့်လျက် ယေသျှုစကားတွင် အမှားကိုရှာပြီးလျှင် ကိုယ်တော်အား ရောမဘုရင်ခံ၏လက်သို့ အပ်နိုင်ရန် လူတချို့ကို အခငွီပီးပြီး သူတော်ကောင်းယောင်ဆောင်စီကာ သူလျှိုအဖြစ် ကိုယ်တော်ထံသို့ စီရွှတ်ကြ၏။
20 Então começaram a vigiar Jesus. Pagaram alguns homens para fazerem perguntas a ele. Eles deviam fingir que eram sinceros e procurar conseguir alguma prova contra Jesus. Assim os mestres da Lei e os chefes dos sacerdotes teriam uma desculpa para o prender e entregar nas mãos do Governador romano.
21 သူလျှိုတိက၊ “ဆရာ၊ ဆရာ ဟောပြောသွန်သင်တော်မူသော အရာအားလုံး မှန်ကန်ကြောင်းကို အကျွန်ရို့သိပါ၏။ ဆရာသည် လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းကို ဖြောင့်မတ်စွာ သွန်သင်တတ်ပါ၏။
21 Esses homens perguntaram: — Mestre, sabemos que aquilo que o senhor diz e ensina é certo. Sabemos também que o senhor não julga pela aparência e ensina a verdade sobre a maneira de viver que Deus exige.
22 အကျွန်ရို့သည် ကဲသာဘုရင်ကို အခွန်ဆက်သခြင်းသည် ပညတ္တိကျမ်းနှင့် ညီပါသလား၊ မညီသလား” ဟု မိန်းလျှောက်ကြ၏။
22 Diga: é ou não é contra a nossa Lei pagar impostos ao Imperador romano?
23 ယေသျှုသည် သူရို့၏ ပရိယာယ်ကို သိတော်မူသဖြင့်၊ သူရို့အား
23 Mas Jesus percebeu a má intenção deles e disse:
24 “ငွီဒင်္ဂါးတစ်ပြားကို ငါ့အားပြလော၊ ဤ ငွီဒင်္ဂါး၌ ဇာသူ့ပုံ၊ ဇာသူ့နာမည် ပါသနည်း” ဟု မိန်းတော်မူ၏။
24 — Tragam aqui uma moeda. De quem são o nome e a cara que estão gravados nela? — São do Imperador! — responderam eles.
25 ထို့ကြောင့် ယေသျှုက “ကဲသာဘုရင်ပိုင်သည့်အရာကို ကဲသာဘုရင်အား ဆက်သကြလော၊ ဘုရားသခင်ပိုင်သည့်အရာကို ဘုရားသခင်အား ဆက်သကြလော” ဟု မိန့်တော်မူ၏။
25 Então Jesus disse:
26 သူရို့သည် လူတိရှိ့တွင် ကိုယ်တော်၏စကား၌ အပြစ်မတွိ့သဖြင့် ကိုယ်တော်၏ ဖြေကြားတော်မူပုံကို အံ့သြလျက် တိတ်ဆိတ်နိန်ကြ၏။
26 Eles não puderam conseguir nenhuma prova contra Jesus diante do povo. Por isso ficaram calados, admirados com a resposta dele.
27 ထို့နောက် လူသည် သီခြင်းမှ ရှင်ပြန်ထမြောက်ခြင်းမဟိဟု ယုံကြည်ကြသော ဇဒ္ဒုကဲတချို့သည် ယေသျှုထံသို့ ချဉ်းကပ်၍၊
27 Alguns saduceus , os quais afirmam que ninguém ressuscita, chegaram perto de Jesus
28 “ဆရာ၊ ‘မယားဟိသောသူ တစ်ယောက်သည် သားသမီးမထွန်းကားဘဲ သီဆုံးလားလျှင် ကျန်ခသည့် မုဆိုးမကို ညီဖြစ်သောသူက လက်ထပ်ယူ၍ အစ်ကိုမျိုးဆက်ကို တိုးပွားစီရမည်’ ဟု အကျွန်ရို့ကို မောသျှေ စီရင်ခပါ၏။
28 e disseram: — Mestre, Moisés escreveu para nós a seguinte
29 တစ်ခါက ညီအစ်ကိုခုနစ်ယောက် ဟိပါ၏။ အစ်ကိုကြီးသည် အိမ်ထောင်ကျသော်လည်း သားသမီးမထွန်းကားဘဲ သီဆုံးလေ၏။
29 Acontece que havia sete irmãos. O mais velho casou e morreu sem deixar filhos.
30 ပြီးလျှင် ဒုတိယညီသည် သူ့မရီးအား လက်ထပ်လိုက်သော်လည်း သားသမီးမထွန်းကားဘဲ သီဆုံးလားပြန်၏။
30 Então o segundo casou com a viúva,
31 တတိယညီကလည်း လက်ထပ်ပြန်၏။ ထိုနည်းတူ ညီအစ်ကိုခုနစ်ယောက်စလုံးသည် သားသမီးမထွန်းကားဘဲ သီဆုံးလားလေ၏။
31 e depois, o terceiro. E assim a mesma coisa aconteceu com os sete irmãos, isto é, todos morreram sem deixar filhos.
32 နောက်ဆုံး၌ မိန်းမကြီးလည်း သီဆုံးလားလေ၏။
32 Depois a mulher também morreu.
33 ထို့ကြောင့် ရှင်ပြန်ထမြောက်သောနိ့၌ ထိုမိန်းမသည် ဇာသူမယား ဖြစ်မည်နည်း။ ထိုသူ ခုနစ်ယောက်စလုံးသည် သူမနှင့် လက်ထပ်ထားသူများ ဖြစ်ကြ၏” ဟု မိန်းလျှောက်ကြ၏။
33 Portanto, no dia da ressurreição, de qual dos sete a mulher vai ser esposa? Pois todos eles casaram com ela!
34 ယေသျှုကလည်း “ဤဘဝ၌ လူသည် အိမ်ထောင်ပြုကြ၏။
34 Jesus respondeu:
35 သို့သော်လည်း သီခြင်းမှ ရှင်ပြန်ထမြောက်ပြီး နောင်ဘဝကို ဝင်ရသည့် လူတိမှာကား အိမ်ထောင်ပြုခြင်းမဟိ။
35 Mas as pessoas que merecem alcançar a ressurreição e a vida futura não vão casar lá,
36 ထိုသူရို့သည် သီဆုံးခြင်းမဟိဘဲ ကောင်းကင်တမန်ပိုင် ဖြစ်ကြလိမ့်မည်။ သူရို့သည် သီဆုံးခြင်းမှ ရှင်ပြန်ထမြောက်သောသူများဖြစ်၍ ဘုရားသခင်၏သား ဖြစ်ကြ၏။
36 pois serão como os anjos e não poderão morrer. Serão filhos de Deus porque ressuscitaram.
37 မီးလောင်နိန်သော ခြုံပုတ်အကြောင်း ဖော်ပြရာ၌ မောသျှေက သခင်ဘုရားသည် ‘အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားဖြစ်သည်’ ဟုဆိုရာ၌ သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ကြောင်းကို ယှင်းလင်းစွာ ဖော်ပြခြင်းပင်ဖြစ်၏။
37 E Moisés mostra claramente que os mortos serão ressuscitados. Quando fala do espinheiro que estava em fogo, ele escreve que o Senhor é “o Deus de Abraão, o Deus de Isaque e o Deus de Jacó.”
38 ထိုသူရို့သည် ဘုရားသခင်၏ရှိ့၌ အသက်ရှင်သော သူတိဖြစ်သည့်အတွက် ဘုရားသခင်သည် သီသောလူတိ ဘုရား မဟုတ်။ အသက်ရှင်သော သူရို့၏ ဘုရားဖြစ်တော်မူ၏” ဟု မိန့်တော်မူ၏။
38 Isso mostra que Deus é Deus dos vivos e não dos mortos, pois para ele todos estão vivos.
39 ကျမ်းတတ်ဆရာတချို့က၊ “ဆရာ၊ ဆရာ၏စကားသည် အလွန်လျှောက်ပတ်ပါ၏” ဟု လျှောက်ကြ၏။
39 Aí alguns mestres da Lei disseram: — Boa resposta, Mestre!
40 သူရို့က နောက်ထပ် မိန်းခွန်းများကို ကိုယ်တော့်အား မမိန်းလျှောက်ဝံ့ကြ။
40 E não tinham coragem de lhe fazer mais perguntas.
41 ယေသျှုက ထိုသူရို့အား၊ “မေသျှိယသည် ဒါဝိဒ်၏သားမြီးဖြစ်သည်ဟု ဇာကြောင့်ပြောကြသနည်း။
41 Em seguida Jesus perguntou a eles:
42 ဒါဝိဒ်ကိုယ်တိုင် ဆာလံကျမ်း၌
42 Pois o próprio Davi diz assim no livro de Salmos:
43 ရန်သူတိကို သင်သည် ခြီတင်ရန် သင်၏ခြီ အောက်၌ ငါ မချထားခင်တိုင်အောင်၊
43 até que eu ponha os seus inimigos
44 ဒါဝိဒ်သည် မေသျှိယအား၊ ‘အသျှင်’ ဟုခေါ်လျှင် ဇာကြောင့် မေသျှိယသည် ဒါဝိဒ်၏သား ဖြစ်နိုင်မည်နည်း” ဟု မိန်းတော်မူ၏။
44 Se Davi chama o Messias de Senhor, como é que o Messias pode ser descendente de Davi?
45 လူအပေါင်းရို့သည် နားထောင်လျက် နိန်ကြစဉ် ကိုယ်တော်သည် တပည့်တော်ရို့အား၊
45 O povo todo estava escutando, e Jesus disse aos discípulos:
46 “ကျမ်းတတ်ဆရာတိကို သတိနန့်ယှောင်ကြလော့။ သူရို့သည် ဝတ်ရုံရှည်ကို ဝတ်၍ လမ်းလျှောက်ခြင်းကို နှစ်သက်ကြ၏။ စျီးနီရာတိ၌ ရိုသီစွာ နှုတ်ဆက်ခြင်းနှင့် တရားဇရပ်၊ ပွဲသဘင်များတွင် မြင့်မြတ်သောနီရာ၌ ထိုင်ခြင်းငှာ နှစ်သက်ကြ၏။
46 — Cuidado com os
47 မုဆိုးမအိမ်တိကို လိမ်လည်လှည့်ဖြားကာ သိမ်းယူပြီးလျှင် လူအထင်ကြီးအောင် အကြာကြီး ဆုတောင်းတတ်ကြ၏။ သူရို့သည် မှားယွင်းမှုကြောင့် ပို၍ ကြီးမားသောအပြစ်ကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
47 Exploram as viúvas e roubam os seus bens; e, para disfarçar, fazem orações compridas. Portanto, o castigo que eles vão sofrer será pior ainda!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.