Lucas 1
rki (RKI) vs NAA
1 မြတ်သော သော်ဖိလု၊
1 Visto que muitos já empreenderam uma narração coordenada dos fatos que entre nós se realizaram,
2 အစအဦးမှ မျက်မြင်သက်သီများနှင့် အမှုတော်ကို ဆောင်ရွက်သောသူရို့က ငါရို့အား ပြောကြားသည့်အတိုင်း သူရို့သည် ရီးသားပြုစုခပါသည်။
2 conforme nos transmitiram os que desde o princípio foram deles testemunhas oculares e ministros da palavra,
3 ထို့ကြောင့် အကျွန်ကလည်း ထိုအကြောင်းအရာအားလုံးကို အစဦးမှ သေသေချာချာဂရုစိုက် လေ့လာခသူဖြစ်သည့်အလျောက်၊ သင် ဖတ်ရှု နိုင်ခြင်းငှာ စနစ်တစ်ကျ ပြုစုရသော် ကောင်းမည်ဟု ယူဆရပါသည်။
3 igualmente a mim pareceu bem, depois de cuidadosa investigação de tudo desde a sua origem, dar-lhe por escrito, excelentíssimo Teófilo, uma exposição em ordem,
4 သင်အား သင်ကြားပီးခသော အကြောင်းအရာများသည် ဧကန်အမှန်ဖြစ်ကြောင်းကို သင်သည် သိစီခြင်းငှာ ဤအရာများကို ရီးလိုက်ပါ၏။
4 para que você tenha plena certeza das verdades em que foi instruído.
5 ယုဒသျှင်ဘုရင် ဟေရုဒ်လက်ထက်၌ ဇာခရိဟု နာမည်ဟိသော ယဇ်ပုရောဟိတ်တစ်ပါးဟိ၏။ ထိုသူသည် အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်ပြီး သူ၏မယားက ဧလိဇဗက်ဟု နာမည်ဟိ၏။ ဧလိဇဗက်ကလည်း ယဇ်ပရောဟိတ်အာရုန် အနွယ်ဝင်ဖြစ်၏။
5 Nos dias de Herodes, rei da Judeia, houve um sacerdote chamado Zacarias, do turno de Abias. A mulher dele era das filhas de Arão e se chamava Isabel.
6 ထိုသူနှစ်ဦးမှာ ဘုရားသခင်၏ ရှိ့တော်မှောက်တွင် သူတော်ကောင်းဖြစ်ပြီးလျှင် သခင်ဘုရား၏ ပညတ်တော်ဟိသမျှနှင့် မိန့်တော်မူချက်အားလုံးကို လိုက်နာကြ၏။
6 Ambos eram justos diante de Deus, vivendo de forma irrepreensível em todos os preceitos e mandamentos do Senhor.
7 သို့ရာတွင် ဧလိဇဗက်သည် အမြုံမဖြစ်သည့်အတွက် သူရို့မှာ အချေ မဟိပါ၊ သူရို့နှစ်ဦးလုံးသည် အသက်အိုမင်း နိန်ပြီဖြစ်၏။
7 Eles não tinham filhos, porque Isabel era estéril, e os dois já tinham idade avançada.
8 တစ်နိ့၌ ဇာခရိသည် မိမိ၏အလှည့်ကျလာသည့်အတွက် ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ဝတ္တရားကို ဆောင်ရွက်နိန်၏။
8 E aconteceu que, enquanto Zacarias exercia o sacerdócio diante de Deus na ordem do seu turno, coube-lhe por sorteio,
9 ယဇ်ပုရောဟိတ်ရို့၏ ထုံးတမ်းစဉ်လာအရ ယဇ်ပလ္လင်၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် စာရီးတံချ၍ ရွီးခြယ်ခြင်းခံရလေ၏။ ထို့ကြောင့် သခင်ဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင်ပြီးလျှင်၊
9 segundo o costume sacerdotal, entrar no santuário do Senhor para queimar o incenso.
10 မီးယှို့ပူဇော်နိန်သည့် အချိန်တွင် လူစုလူဝေးရို့သည် အပြင်ဖက်တွင် ဆုတောင်းနိန်ကြ၏။
10 Durante esse tempo, toda a multidão do povo permanecia na parte de fora, orando.
11 ထိုအချိန်၌ သခင်ဘုရား၏ ကောင်းကင်တမန်သည် ဇာခရိ ရှိ့တွင် ပေါ်လာပြီးလျှင် နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်၏ လက်ယာဖက်တွင် ရပ်နိန်၏။
11 E eis que apareceu a Zacarias um anjo do Senhor, em pé, à direita do altar do incenso.
12 ဇာခရိကလည်း ကောင်းကင်တမန်ကို မြင်သောအခါ စိုးရိမ်၍ ကြောက်ရွံ့တုန်လှုပ်လေ၏။
12 Ao vê-lo, Zacarias ficou assustado, e o temor se apoderou dele.
13 သို့သော်လည်း ကောင်းကင်တမန်က “ဇာခရိ၊ မကြောက်ကေ့၊ ဘုရားသခင်သည်၊ သင်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူဗျာယ်၊ သင်၏မယား ဧလိဇဗက်သည်လည်း သားရတနာကို ဖွားမြင်လိမ့်မည်။ သင်သည် ထိုသားကို ယောဟန်ဟု နာမည်ပီးရမည်။
13 O anjo, porém, lhe disse: — Não tenha medo, Zacarias, porque a sua oração foi ouvida. Isabel, sua esposa, dará à luz um filho, a quem você dará o nome de João.
14 သင်လည်း ဝမ်းမြောက်ပျော်ရွှင် ရလိမ့်မည်၊ ထိုသို့ သားမွီးဖွားလာသည့်အတွက် အခြားသော လူအပေါင်းရို့လည်း ပျော်ရွှင်ကြလိမ့်မည်။
14 Você ficará alegre e feliz, e muitos ficarão contentes com o nascimento dele.
15 သူသည် သခင်ဘုရား၏ ရှိ့တော်မှောက်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ ထိုသူသည် စပျစ်ရည်နှင့် သီရည်သီရက်ကို သောက်လိမ့်မည် မဟုတ်။ အမိဝမ်းထဲကပင် သူသည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
15 Pois ele será grande diante do Senhor, não beberá vinho nem bebida forte, e será cheio do Espírito Santo, já desde o ventre materno.
16 များစွာသော ဣသရေလလူမျိုးတိကိုလည်း မိမိရို့ အသျှင် ဘုရားသခင် အထံတော်ပါးသို့ ပြန်လည်ပို့ဆောင်ပီးလိမ့်မည်။
16 Ele converterá muitos dos filhos de Israel ao Senhor, seu Deus.
17 သူသည် သခင်ဘုရား၏ ရှိ့တော်ဗြီးဖြစ်ပြီးလျှင် ပရောဖက်ဧလိယကဲ့သို့ ခွန်အားတန်ခိုး ကြီးလိမ့်မည်။ ထိုသူသည် အဖတိနှင့် သားသမီးတိကို ပြန်လည်သင့်မြတ်စီလိမ့်မည်၊ နားမထောင်သောသူရို့အား ဖြောင့်မတ်ခြင်းတရားကို ပြန်လည်ရစီလိမ့်မည်၊ ကိုယ်တော်အတွက် အဆင်သင့်ဖြစ်စီခြင်းငှာ သခင်ဘုရား၏ လူစုကို ပျင်ဆင်ပီးလိမ့်မည်” ဟု ဇာခရိအား မိန့်တော်မူ၏။
17 E irá adiante do Senhor no espírito e poder de Elias, para converter o coração dos pais aos filhos, converter os desobedientes à prudência dos justos e habilitar para o Senhor um povo preparado.
18 ဇာခရိက “ဤပိုင်ဖြစ်လာဖို့ကို ဇာပိုင် အကျွန် သိရပါမည်နည်း။ အကျွန်ကလည်း အိုဗျာယ်၊ အကျွန်၏မယားလဲ အိုဗျာယ်” ဟု ကောင်းကင်တမန်အား ပြန်ပြော၏။
18 Então Zacarias perguntou ao anjo: — Como terei certeza disso? Pois eu sou velho, e a minha mulher também já tem idade avançada.
19 ကောင်းကင်တမန်ကလည်း “ငါကား ဘုရားသခင်၏ မျက်မှောက်တော်၌ ခစားနိန်သော ဂါဗြေလဖြစ်၏။ သင့်အား ဤသတင်းကောင်းကို ပြောကြားဖို့ ငါ့ကို ရွှတ်လိုက်တော်မူ၏။
19 O anjo respondeu: — Eu sou Gabriel, que estou a serviço de Deus, e fui enviado para falar com você e lhe trazer esta boa notícia.
20 သင်သည် ငါ့ပြောသောစကားကို မယုံကြည်သော်လည်း အချိန်တန်သောအခါ ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် ငါ့စကားကို မယုံကြည်သောကြောင့်၊ သင်၌ ငါ၏ကတိတော် ပြည့်စုံလာသည့်နိ့ တိုင်အောင် စကားမပြောနိုင်ဘဲ တိတ်ဆိတ်စွာ နိန်ရလိမ့်မည်” ဟုဆို၏။
20 Todavia, você ficará mudo e não poderá falar até o dia em que estas coisas vierem a acontecer, porque você não acreditou nas minhas palavras, as quais, no devido tempo, se cumprirão.
21 လူတိက ဇာခရိကို စောင့် နိန်ကြသော်လည်း ဗိမာန်တော်ထဲ၌ ကြန့်ကြာနိန်သည်ကို အံ့သြနိန်ကြ၏။
21 O povo estava esperando Zacarias e admirava-se com a demora dele no santuário.
22 ဇာခရိသည် ဗိမာန်တော်မှ ထွက်လာသောအခါ သူရို့ကို စကားမပြောနိုင် ဖြစ်နိန်သောကြောင့် ဗိမာန်တော်ထဲ၌ ဗျာဒိတ်ရူပါရုံ မြင်ခရကြောင်းကို သူရို့ ရိပ်မိကြ၏။ ဇာခရိကလည်း စကားမပြောနိုင်သောကြောင့် ကိုယ်လက်အမူအရာဖြင့် ပြ၍သာ နိန်၏။
22 Quando Zacarias saiu, não lhes podia falar. Então entenderam que ele havia tido uma visão no santuário. E expressava-se por sinais e permanecia mudo.
23 ဇာခရိလည်း ဗိမာန်တော်ထဲ၌ အမှုပြီးဆုံးသောအချိန်တွင် အိမ်သို့ ပြန်လားလေ၏။
23 Aconteceu que, terminados os dias do seu ministério, Zacarias voltou para casa.
24 ကာလအတန်ကြာသောအခါ သူ၏မယား ဧလိဇဗက်က ပဋိသန္ဓေတည်၍ သူသည် ငါးလပတ်လုံး အိမ်ထဲ၌ အောင်းနိန်၏။
24 Passados esses dias, Isabel, a mulher de Zacarias, ficou grávida. E ela não saiu de casa durante cinco meses, dizendo:
25 သူမကလည်း “ယခုတွင် ငါ့ကို သခင်ဘုရား ကျေးဇူးပြုတော်မူဗျာယ်၊ ငါ့ကို လူတိက ကဲ့ရဲ့ကြသည်ကိုလည်း ကိုယ်တော်က ဖယ်ယှားစီဗျာယ်” ဟု ဆို၏။
25 — Foi isto o que o Senhor me fez, ao contemplar-me, para acabar com a minha vergonha diante das pessoas.
26 ဧလိဇဗက်၏ကိုယ်ဝန် ခြောက်လသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန် ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့သို့ ရွှတ်လိုက်တော်မူ၏။
26 No sexto mês, o anjo Gabriel foi enviado por Deus a uma cidade da Galileia, chamada Nazaré,
27 ထိုကောင်းကင်တမန်၏ သတင်းစကားသည် ဒါဝိဒ်အမျိုးဖြစ်သော ယောသပ်နှင့် စိ့စပ်ထားသူ သတို့သမီးကညာအဖို့ ဖြစ်၏။ သူမ၏နာမည်မှာ မာရိဖြစ်၏။
27 a uma virgem que estava comprometida a casar com um homem da casa de Davi, cujo nome era José. A virgem se chamava Maria.
28 ကောင်းကင်တမန်က သူမပါးသို့ လာပြီးလျှင် “သင်သည် ကြီးစွာသောမင်္ဂလာကို ခံစားရသူဖြစ်၏။ သင်၌ ငြိမ်သက်ခြင်း ဟိပါစီ။ သခင်ဘုရားသည် သင်နှင့်အတူ ဟိ၏” ဟု ဆို၏။
28 E, aproximando-se dela, o anjo disse: — Salve, agraciada! O Senhor está com você.
29 ကောင်းကင်တမန် စကားကို ကြားသောအခါ မာရိသည် လွန်စွာပူပင်သောက ရောက်လျက်၊ ဤနှုတ်ဆက်စကားက ဇာပိုင်ဖြစ်မည်နည်းဟု အံ့သြနိန်၏။
29 Ela, porém, ao ouvir esta palavra, perturbou-se muito e pôs-se a pensar no que poderia significar esta saudação.
30 ကောင်းကင်တမန်က “မာရိ၊ မကြောက်ကေ့၊ သင်သည် ဘုရားသခင်ရှိ့တော်မှာ မျက်နှာရဗျာယ်။
30 Mas o anjo lhe disse: — Não tenha medo, Maria; porque você foi abençoada por Deus.
31 သင်သည် ပဋိသန္ဓေယူပြီးလျှင် သားရတနာကို မွီးဖွားလိမ့်မည်။ ထိုသားကို ယေသျှုဟု နာမည်မှည့်ခေါ်ရမည်။
31 Você ficará grávida e dará à luz um filho, a quem chamará pelo nome de Jesus.
32 ထိုသားသည် ကြီးမြတ်သောသူ ဖြစ်ပြီးလျှင် အမြင့်မြတ်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ထာဝရအသျှင် ဘုရားသခင်သည် သူ၏အဖဒါဝိဒ်၏ ရာဇပလ္လင်ကို သူ့အား ပီးတော်မူလိမ့်မည်။
32 Este será grande e será chamado Filho do Altíssimo. Deus, o Senhor, lhe dará o trono de Davi, seu pai.
33 ထိုသူသည် ယာကုပ်၏အမျိုးအနွယ်ရို့ကို အစဉ်အမြဲအုပ်စိုးပြီးလျှင် သူ၏ နိုင်ငံတော်လည်း အဆုံး ဟိလိမ့်မည် မဟုတ်” ဟု ဆို၏။
33 Ele reinará para sempre sobre a casa de Jacó, e o seu reinado não terá fim.
34 မာရိကလည်း “အကျွန်သည် ယောက်ျားနှင့် မဆက်ဆံဖူး၍ ဤအမှုအရာသည် ဇာပိုင်ဖြစ်နိုင်ပါမည်နည်း” ဟု ကောင်းကင်တမန်အား ဆို၏။
34 Então Maria disse ao anjo: — Como será isto, se eu nunca tive relações com homem algum?
35 ကောင်းကင်တမန်ကလည်း “သန့်ယှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်ပြီးလျှင် ဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွမ်းခြုံလိမ့်မည်။ ထို့ကြောင့် သန့်ယှင်းမြင့်မြတ်သောသူငယ်ကို ဖွားမြင်လာပြီးလျှင် သူ့ကို ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်။
35 O anjo respondeu: — O Espírito Santo virá sobre você, e o poder do Altíssimo a envolverá com a sua sombra; por isso, também o ente santo que há de nascer será chamado Filho de Deus.
36 သင်၏ ဆွီမျိုးဖြစ်သော ဧလိဇဗက်ကိုလည်း သတိရပါ။ သူမသည် အသက်ကြီးခါမှ ပဋိသန္ဓေလွယ်နိန်ရဗျာယ်။ အမြုံမဟု အခေါ်ခံနိန်ရသောသူသည် အဂုဆိုကေ ပဋိသန္ဓေခြောက်လ ဟိနိန်ဗျာယ်။
36 E Isabel, sua parenta, igualmente está grávida, apesar de sua idade avançada, sendo este já o sexto mês de gestação para aquela que diziam ser estéril.
37 ဘုရားသခင် မတတ်နိုင်သောအရာ တခုလည်းမဟိ” ဟု ဆို၏။
37 Porque para Deus não há nada impossível.
38 မာရိကလည်း “အကျွန်သည် ဘုရားသခင်၏ အခိုင်းအစီဖြစ်၏။ အသျှင် ဖော်ပြသည်အတိုင်း ဖြစ်ပါစီ” ဟု ပြန်ပြော၏။ ထိုအခါ ကောင်းကင်တမန်ကလည်း သူမပါးမှ ထွက်လားလေ၏။
38 Então Maria disse: — Aqui está a serva do Senhor; que aconteça comigo o que você falou. Então o anjo foi embora.
39 များမကြာခင် မာရိသည် အသင့်ပျင်ဆင်ပြီးလျှင် ယုဒပြည် တောင်ပေါ်ဒေသ၌ဟိသော မြို့တစ်မြို့သို့ အယင်လားလေ၏။
39 Naqueles dias, Maria se aprontou e foi depressa à região montanhosa, a uma cidade de Judá.
40 သူမသည် ဇာခရိအိမ်သို့ ဝင်ပြီးလျှင် ဧလိဇဗက်ကို နှုတ်ဆက်လေ၏။
40 Entrou na casa de Zacarias e saudou Isabel.
41 မာရိ၏ နှုတ်ဆက်စကားကို ဧလိဇဗက်သည် ကြားသောအခါ သူမ၏ဝမ်းထဲက အချေကလည်း လှုပ်လေ၏။ ဧလိဇဗက်ကလည်း သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင်၊
41 Quando Isabel ouviu a saudação de Maria, a criança lhe estremeceu no ventre. Então Isabel ficou cheia do Espírito Santo.
42 ကျယ်သောအသံဖြင့် “သင်သည် ဟိသမျှသော မိန်းမတိထက် မင်္ဂလာဟိ၏။ သင်မွီးဖွားလာမည့်သားလည်း မင်္ဂလာဟိ၏။
42 E exclamou em alta voz: — Bendita é você entre as mulheres, e bendito o fruto do seu ventre!
43 အကျွန့်သခင်၏မိခင်သည် အကျွန့်ပါးကို လာရသော အခွင့်ထူးကို ဇာကြောင့် ခံစားရပါမည်နည်း။
43 E que grande honra é para mim receber a visita da mãe do meu Senhor!
44 သင်၏ နှုတ်ဆက်စကားကို အကျွန် ကြားသောအခါ အကျွန့်ဝမ်းထဲက အချေလည်း ဝမ်းမြောက်လို့ ခုန်ပါ၏။
44 Pois, logo que me chegou aos ouvidos a voz da saudação que você fez, a criança estremeceu de alegria dentro de mim.
45 သခင်ဘုရားပီးတော်မူသော ဗျာဒိတ်တော်အတိုင်း ဖြစ်လိမ့်မည်ဟု သင်ယုံကြည်သည့်အတွက် ဇာလောက် ဝမ်းမြောက်လိမ့်မည်နည်း” ဟု ပြောလေ၏။
45 Bem-aventurada a que creu, porque serão cumpridas as palavras que lhe foram ditas da parte do Senhor.
46 မာရိက၊
46 Então Maria disse: “A minha alma engrandece ao Senhor,
47 ငါ၏ကယ်တင်သျှင် ဘုရားသခင်ကြောင့် ငါ၏စိတ်ဝိညာဉ်သည် ဝမ်းမြောက်ရွှင်လန်းပါ၏။
47 e o meu espírito se alegrou em Deus, meu Salvador,
48 ကိုယ်တော်သည် မိမိအခိုင်းအစီ၏ နိမ့်ကျသောအဖြစ်ကို အောက်မိ့သတိရပြီးလျှင်၊
48 porque ele atentou para a humildade da sua serva. Pois, desde agora, todas as gerações me considerarão bem-aventurada,
49 အကြောင်းမူကား အနန္တတန်ခိုးသျှင် ဘုရားသခင်သည် ငါ့အတွက် ကြီးမြတ်တော်မူသော အကြောင်းအရာတိကို ပြုတော်မူခ၍ ဖြစ်၏။
49 porque o Poderoso me fez grandes coisas. Santo é o seu nome.
50 ကိုယ်တော့်ကို ကြောက်ရွံ့ရိုသီကြသောသူရို့ကို
50 A sua misericórdia vai de geração em geração sobre os que o temem.
51 တန်ခိုးကြီးသော လက်ရုံးတော်နှင့် တားဆီးပြီးလျှင်
51 Agiu com o seu braço valorosamente; dispersou os que, no coração, alimentavam pensamentos soberbos.
52 တန်ခိုးကြီးသော ဘုရင်တိကို ရာဇပလ္လင်ထက်မှ ဆွဲချပြီးလျှင်
52 Derrubou dos seus tronos os poderosos e exaltou os humildes.
53 ငတ်မွတ်သောသူရို့ကို ကောင်းသောအရာတိနှင့် ပြည့်ဝစီပြီး၊
53 Encheu de bens os famintos e despediu vazios os ricos.
54 အကျွန်ရို့ အဖိုးအဖီးတိကို ကိုယ်တော်ပီးခသည့် ကတိတော်နှင့်အညီ
54 Amparou Israel, seu servo, a fim de lembrar-se da sua misericórdia
55 အာဗြဟံနှင့် သူ၏မျိုးနွယ်များအတွက် ထားတော်မူခသော ကရုဏာတော်နှင့်အညီ
55 a favor de Abraão e de sua descendência, para sempre, como havia prometido aos nossos pais.”
56 ထို့နောက် မာရိသည် ဧလိဇဗက်ပါးတွင် သုံးလလောက်နီပြီးလျှင် အိမ်သို့ ပြန်လားလေ၏။
56 Maria permaneceu cerca de três meses com Isabel e voltou para casa.
57 ဧလိဇဗက်သည် အချိန်စိ့သောအခါ သားရတနာကို ဖွားမြင်လေ၏။
57 Quando chegou o tempo de Isabel dar à luz, ela teve um filho.
58 ထိုကဲ့သို့ သူမအား သခင်ဘုရားသည် အံ့သြရလောက်အောင် ကျေးဇူးပြုသည်အကြောင်းကို ကြားကြသောအခါ အိမ်နီးချင်းနှင့် ဆွီမျိုးသားချင်းတိကလည်း သူမနှင့်အတူ ဝမ်းမြောက်ကြ၏။
58 Os vizinhos e parentes ouviram que o Senhor tinha usado de grande misericórdia para com Isabel e se alegraram com ela.
59 ထို့နောက် သျှစ်ရက်မြောက်သော နိ့တွင် သူရို့သည် သူငယ်အား အရီဖျားလှီးရန် လာကြပြီး သူငယ်ကို အဖနာမည်ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်ကြ၏။
59 Aconteceu que, no oitavo dia, foram circuncidar o menino e queriam dar-lhe o nome de seu pai, Zacarias.
60 သို့သော် သူငယ်၏ မိခင်က၊ “ယင်းနာမည်ကို မမှည့်ပါကေ့၊ ယောဟန်ဟု နာမည်မှည့်ခေါ်ရမည်” ဟု ဆိုလျှင်၊
60 Mas a mãe do menino disse: — De modo nenhum! Ele será chamado João.
61 သူရို့ကလည်း၊ “သင်ရို့အမျိုး၌ ထိုနာမည် တစ်ယောက်လေ့ မဟိ” ဟု သူမကို ပြန်ပြောကြ၏။
61 Disseram-lhe: — Mas você não tem nenhum parente com esse nome!
62 ထို့နောက် သူငယ်ကို နာမည်ပီးရန် သူ၏ဖခင်အား လက်ဟန်အမူအရာဖြင့် မိန်းကြ၏။
62 Fizeram sinais, perguntando ao pai do menino que nome queria que lhe dessem.
63 ဇာခရိကလည်း သင်းပုန်းတစ်ချပ်ကို တောင်းယူပြီးလျှင် “သူငယ်၏နာမည်က ယောဟန်ဖြစ်သည်” ဟု ရီးလိုက်သောအခါ သူရို့အားလုံး အလွန်အံ့သြကြ၏။
63 Então, pedindo uma tabuinha, ele escreveu: — O nome dele é João. E todos se admiraram.
64 ထိုခဏချင်းတွင် ဇာခရိကလည်း စကားပြန်ပြောနိုင်သဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
64 Imediatamente a boca de Zacarias se abriu e a língua se soltou. Então começou a falar, louvando a Deus.
65 အိမ်နီးချင်းတိကလည်း ကြောက်ရွံ့ကြပြီး၊ ထိုသတင်းသည်လည်း ယုဒပြည် တောင်တန်းဒေသ တလျှောက်လုံးကို ပြန့်နှံ့လေ၏။
65 Todos os vizinhos deles ficaram possuídos de temor, e essas coisas foram divulgadas por toda a região montanhosa da Judeia.
66 ဤသတင်းကို ကြားသောသူအပေါင်းရို့သည် စဉ်းစားလျက် “ဤသူငယ်ကား ဇာပိုင်ဖြစ်လာမည်နည်း” ဟု ဆိုကြ၏။ အကြောင်းမူကား သခင်ဘုရား၏ တန်ခိုးတော်သည် သူငယ်အထက်၌ သက်ရောက်လျက် ဟိလေ၏။
66 Todos os que as ouviram guardavam-nas no coração, dizendo: — O que virá a ser este menino? E a mão do Senhor estava com ele.
67 ယောဟန်၏အဖ ဇာခရိသည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင် ဘုရားသခင်၏ သတင်းစကားတော်ကို ဟောပြောသည်မှာ၊
67 Zacarias, o pai de João, cheio do Espírito Santo, profetizou, dizendo:
68 “ဣသရေလအမျိုးသားရို့၏အသျှင် ဘုရားသခင်သည် မင်္ဂလာဟိစီသတည်း။
68 “Bendito seja o Senhor, Deus de Israel, porque visitou e redimiu o seu povo,
69 ကိုယ်တော်သည် အကျွန်ရို့အဖို့ တန်ခိုးကြီးမားသော ကယ်တင်သျှင်ကို
69 e nos suscitou plena e poderosa salvação na casa de Davi, seu servo,
70 ရှီးသန့်ယှင်းသူ ပရောဖက်တိမှတဆင့် ကတိတော် ထားခသည်နှင့်အညီ၊
70 como havia prometido, desde a antiguidade, por boca dos seus santos profetas,
71 ကိုယ်တော်က အကျွန်ရို့ကို အကျွန်ရို့၏ ရန်သူတိနှင့်၊
71 para nos libertar dos nossos inimigos e das mãos de todos os que nos odeiam;
72 အကျွန်ရို့ အဖိုးအဖီးတိကို ကရုဏာထားတော်မူကြောင်းနှင့်၊
72 para usar de misericórdia com os nossos pais e lembrar-se da sua santa aliança
73 — ausente —
73 e do juramento que fez a nosso pai Abraão,
74 — ausente —
74 de conceder-nos que, livres das mãos de inimigos, o adorássemos sem temor,
75 ယင်းအတွက်ကြောင့် အကျွန်ရို့လည်း ကိုယ်တော်၏ မျက်မှောက်တော်၌ သန့်ယှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်
75 em santidade e justiça diante dele, todos os nossos dias.
76 “ငါ့သား၊ သင်သည် အမြင့်ဆုံးသော ဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်၊
76 E você, menino, será chamado profeta do Altíssimo, porque precederá o Senhor, preparando-lhe os caminhos,
77 ကိုယ်တော်၏ လူတိကိုလည်း သူရို့၏ အပြစ်မှ ခွင့်ရွှတ်ပြီးလျှင်
77 para dar ao seu povo conhecimento da salvação, por meio da remissão dos seus pecados,
78 အကျွန်ရို့ ဘုရားသခင်သည် သနားခြင်းကရုဏာနှင့် ပြည့်ဝတော်မူ၏။
78 graças à profunda misericórdia de nosso Deus, pela qual nos visitará o sol nascente das alturas,
79 သီမင်းအရိပ်၏ မှောင်မိုက်ထဲ၌ နီထိုင်သူရို့၌ အလင်းသည် ပေါ်ထွန်းလျက်၊
79 para iluminar os que jazem nas trevas e na sombra da morte, e dirigir os nossos pés pelo caminho da paz.”
80 သူငယ်သည် ကြီးပြင်းလာပြီးလျှင် ဝိညာဉ်အရာ၌ တိုးပွါးလေ၏။ သူသည် ဣသရေလလူမျိုးတိရှိ့တွင် ထင်ရှားမည့် နိ့ရက်တိုင်အောင် တောကန္တာရ၌ နီထိုင်လေ၏။
80 O menino crescia e se fortalecia em espírito. E viveu nos desertos até o dia em que havia de manifestar-se a Israel.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.