Lucas 19

rki (RKI) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ယေသျှုသည် ယေရိခေါမြို့ကို ဖြတ်၍ ကြွတော်မူ၏။
1 E, tendo Jesus entrado em Jericó, ia passando.
2 ထိုအရပ်တွင် ဇက္ခဲဟု နာမည်ဟိသော ချမ်းသာကြွယ်ဝသူ အခွန်ခေါင်းတစ်ယောက်ဟိ၏။
2 E eis que havia ali um homem chamado Zaqueu; e era este um chefe dos publicanos, e era rico.
3 သူက ယေသျှုသည် ဇာသူဖြစ်ကြောင်းကို တွိ့မြင်လိုသဖြင့် ကြိုးစား၍ ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သဖြင့် လူထုပရိသတ်ကြောင့် ကိုယ်တော့်ကို မမြင်နိုင်။
3 E procurava ver quem era Jesus, e não podia, por causa da multidão, pois era de pequena estatura.
4 ထို့ကြောင့် ယေသျှုကို တွိ့မြင်နိုင်ရန် ကြွတော်မူမည့်လမ်းအတိုင်း ရှိ့သို့ ဗြီး၍ သဖန်းပင်တစ်ပင်ထက်သို့ တက်လေ၏။
4 E, correndo adiante, subiu a uma figueira brava para o ver; porque havia de passar por ali.
5 ယေသျှုသည် ထိုနီရာသို့ ရောက်သောအခါ မော်၍ ကြည့်တော်မူပြီးလျှင်၊ “ဇက္ခဲ၊ အယင် ဆင်းလာ၊ ဤနိ့ သင့်အိမ်၌ ငါတည်းခိုမည်” ဟု မိန့်တော်မူ၏။
5 E quando Jesus chegou àquele lugar, olhando para cima, viu-o e disse-lhe: Zaqueu, desce depressa, porque hoje me convém pousar em tua casa.
6 ဇက္ခဲသည် အယင်ဆင်းလာပြီးလျှင် ကိုယ်တော့်ကို ဝမ်းမြောက်စွာဖြင့် ကြိုဆိုလေ၏။
6 E, apressando-se, desceu, e recebeu-o alegremente.
7 ဤအခြင်းအရာကို လူတိက မြင်သောအခါ “ဤသူသည် အပြစ်သားတစ်ယောက်၏အိမ်၌ တည်းခိုရန် လားပါသည်တကား” ဟု စတင်၍ ကဲ့ရဲ့ပြစ်တင်ကြ၏။
7 E, vendo todos isto, murmuravam, dizendo que entrara para ser hóspede de um homem pecador.
8 ဇက္ခဲသည်ရပ်လျက် သခင်ဘုရားအား၊ “အသျှင်၊ နားထောင်ပါ၊ အကျွန်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသားရို့အား ပီးကမ်းပါမည်။ တဦးတစ်ယောက်ပါးက မတရား တောင်းယူထားမိ့သော ငွီ ဟိပါလျှင် ထို ငွီ၏ လေးဆကို ပြန်ပီးပါမည်” ဟု လျှောက်လေ၏။
8 E, levantando-se Zaqueu, disse ao Senhor: Senhor, eis que eu dou aos pobres metade dos meus bens; e, se nalguma coisa tenho defraudado alguém, o restituo quadruplicado.
9 ယေသျှုကလည်း၊ “အာဗြဟံ၏ သားဖြစ်ခြင်းကို သူ၏ အပြုအမူအားဖြင့် ပြသောကြောင့် ကယ်တင်ခြင်းသည် ဤနိ့ပင် ဤအိမ်ထက်သို့ သက်ရောက်လီဗျာယ်။
9 E disse-lhe Jesus: Hoje veio a salvação a esta casa, pois também este é filho de Abraão.
10 လူသားသည် ပျောက်ဆုံးသူတိကို ရှာဖို့နန့် ကယ်တင်ဖို့ရန် ကြွလာခြင်းဖြစ်သည်” ဟု ဇက္ခဲအား မိန့်တော်မူ၏။
10 Porque o Filho do homem veio buscar e salvar o que se havia perdido.
11 ကိုယ်တော်သည် ဤအကြောင်းအရာတိကို နားထောင်နိန်ကြသော သူရို့အား ပုံဥပမာတစ်ခုကို ထပ်၍ မိန့်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ယေရုဆလင်မြို့အနားသို့ ရောက်လာတော်မူသဖြင့် ဘုရားသခင်၏ နိုင်ငံတော် ချက်ချင်းပေါ်ထွန်းမည်ဟု ထင်မှတ်ကြသောကြောင့် ဖြစ်၏။
11 E, ouvindo eles estas coisas, ele prosseguiu, e contou uma parábola; porquanto estava perto de Jerusalém, e cuidavam que logo se havia de manifestar o reino de Deus.
12 ထို့ကြောင့် ကိုယ်တော်က “အမတ်တစ်ယောက်သည် ဝီးသောတိုင်းပြည်တစ်ခုကို ထွက်လားပြီးလျှင် ဘုရင်အရာကိုခံယူပြီး ကိုယ့်တိုင်းပြည်ကို ပြန်လာရန် အကြံဟိ၏။
12 Disse pois: Certo homem nobre partiu para uma terra remota, a fim de tomar para si um reino e voltar depois.
13 ခရီးမထွက်ခင် မိမိ၏အခိုင်းအစီ ဆယ်ယောက်ကိုခေါ်ပြီး ‘ငါပြန်လာသည့်အချိန်ထိ ကုန်သွယ်မှုကို ပြုပြီးနီကြလော့’ ဟု ဆို၍ ရွှီဒင်္ဂါးတစ်ပြားစီ ပီးလိုက်၏။
13 E, chamando dez servos seus, deu-lhes dez minas, e disse-lhes: Negociai até que eu venha.
14 သို့သော် သူ၏ ပြည်သူပြည်သားရို့သည် သူ့ကို မုန်းကြသဖြင့်၊ ‘ထိုသူသည် ဘုရင်အဖြစ် အုပ်ချုပ်မှုကို ငါရို့မခံလို’ ဟု တမန်တစ်ယောက်ကို ထိုသူနောက်သို့ စီရွှတ်ပြီးလျှင် လျှောက်ထားစီ၏။
14 Mas os seus concidadãos odiavam-no, e mandaram após ele embaixadores, dizendo: Não queremos que este reine sobre nós.
15 “ထိုအမတ်သည် ဘုရင်အရာကို ခံယူပြီး ပြန်လာ၏။ သူသည် ချက်ချင်းပင် စီးပွါးရှာရန် ပီးထားခသော ရွှီဒင်္ဂါးဖြင့် ဇာလောက် အမြတ်ရထားသည်ကို သိချင်၍ အခိုင်းအစီတိကို ခေါ်စီ၏။
15 E aconteceu que, voltando ele, depois de ter tomado o reino, disse que lhe chamassem aqueles servos, a quem tinha dado o dinheiro, para saber o que cada um tinha ganhado, negociando.
16 ပထမတစ်ဦးသည် လာ၍ ‘ဆရာ၊ ဆရာပီးခသော ရွှီဒင်္ဂါးတစ်ပြားနှင့် အမြတ်ဆယ်ပြားရပါ၏’ ဟု လျှောက်လေ၏။
16 E veio o primeiro, dizendo: Senhor, a tua mina rendeu dez minas.
17 သခင်က ‘သာဓု၊ သင်သည် ငယ်သားကောင်းဖြစ်၏။ ငယ်သောအမှု၌ သစ္စာဟိသူဖြစ်၍ သင်သည် မြို့ကြီးဆယ်မြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
17 E ele lhe disse: Bem está, servo bom, porque no mínimo foste fiel, sobre dez cidades terás autoridade.
18 ဒုတိယ အခိုင်းအစီကလည်း လာပြီးလျှင် ‘အသျှင်၊ အသျှင်ပီးခသော ရွှီဒင်္ဂါးတစ်ပြားနှင့် အမြတ် ငါးပြားရပါ၏’ ဟု လျှောက်လေ၏။
18 E veio o segundo, dizendo: Senhor, a tua mina rendeu cinco minas.
19 အသျှင်က ‘သင်သည်လည်း မြို့ကြီးငါးမြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
19 E a este disse também: Sê tu também sobre cinco cidades.
20 အခြားသော အခိုင်းအစီသည် လာပြီးလျှင် ‘အသျှင်၊ အသျှင်ပီးခသော ရွှီဒင်္ဂါး ဤမှာဟိပါ၏။ ထို ရွှီဒင်္ဂါးကို အကျွန်သည် ပုဝါနှင့်ထုပ်၍ သိမ်းထားပါ၏။
20 E veio outro, dizendo: Senhor, aqui está a tua mina, que guardei num lenço;
21 အသျှင်သည် ပြတ်သားသောသူ ဖြစ်သောကြောင့် အကျွန်ကြောက်ပါ၏။ အသျှင်သည် မိမိမပိုင်သောအရာတိကို သိမ်းယူတတ်ပြီးလျှင်၊ မိမိမစိုက်မပျိုးသော သီးနှံတိကိုလည်း ရိတ်သိမ်းတတ်ပါ၏’ ဟု လျှောက်လေ၏။
21 Porque tive medo de ti, que és homem rigoroso, que tomas o que não puseste, e segas o que não semeaste.
22 မင်းကြီးက ‘အခိုင်းအစီဆိုး၊ သင်၏ နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် ပြတ်သားသောသူဖြစ်ပြီး ကိုယ်မပိုင်သောအရာတိကို သိမ်းယူတတ်၍ ကိုယ်မစိုက်မပျိုးသော အသီးအနှံတိကို ရိတ်သိမ်းတတ်သည်ကို သိပါလျက်နှင့်၊
22 Porém, ele lhe disse: Mau servo, pela tua boca te julgarei. Sabias que eu sou homem rigoroso, que tomo o que não pus, e sego o que não semeei;
23 ငါပီးထားသော ငွီကို ငါပြန်လာသော အချိန်တွင် အတိုးနှင့်တကွ ပြန်ပီးနိုင်ဖို့ ဇာကြောင့် ဘဏ်၌ အပ်မထားသနည်း’ ဟု မိန်း၏။
23 Por que não puseste, pois, o meu dinheiro no banco, para que eu, vindo, o exigisse com os juros?
24 ထို့နောက် မင်းကြီးက အနားတွင် ရပ်နိန်သောသူရို့အား ‘ထိုသူပါးက ရွှီဒင်္ဂါးကိုယူ၍ ရွှီဒင်္ဂါးဆယ်ပြားဟိသူကို ပီးလိုက်လော့’ ဟု မိန့်တော်မူ၏။
24 E disse aos que estavam com ele: Tirai-lhe a mina, e dai-a ao que tem dez minas.
25 ယေဒါလည်း လူတိက ‘အသျှင်၊ ထိုသူ၌ ရွှီဒင်္ဂါးဆယ်ပြား ဟိပြီးဖြစ်ပါ၏’ ဟု လျှောက်ကြ၏။
25 (E disseram-lhe eles: Senhor, ele tem dez minas. )
26 မင်းကြီးက ‘သင်ရို့အား ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏။ သူအား သာ၍ ပီးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ သူ့ပါးမှ ဟိသမျှကိုပင် သိမ်းယူခြင်းခံရမည်။
26 Pois eu vos digo que a qualquer que tiver ser-lhe-á dado, mas ao que não tiver, até o que tem lhe será tirado.
27 ထိုမှတစ်ပါး ဘုရင်အဖြစ် ငါ၏ အုပ်ချုပ်မှုကို မခံလိုသော ငါ၏ရန်သူတိကို ငါ့ရှိ့တွင် ယူလာ၍ အသီသတ်လိုက်ကြလော့’ ဟု စီရင်တော်မူသည်” ဟု မိန့်တော်မူ၏။
27 E quanto àqueles meus inimigos que não quiseram que eu reinasse sobre eles, trazei-os aqui, e matai-os diante de mim.
28 ထိုသို့ မိန့်တော်မူပြီးနောက် ယေသျှုသည် တပည့်တော်တိရှိ့က ကြွတော်မူ၍ ယေရုဆလင်မြို့သို့ တက်ကြွတော်မူ၏။
28 E, dito isto, ia caminhando adiante, subindo para Jerusalém.
29 သံလွင်တောင်၌ဟိသော ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနားသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ်ယောက်ကို အယင် ရွှတ်လိုက်၍၊
29 E aconteceu que, chegando perto de Betfagé, e de Betânia, ao monte chamado das Oliveiras, mandou dois dos seus discípulos,
30 “သင်ရို့ရှိ့၌ဟိသောရွာသို့ လားကြလော့။ ထိုရွာကို ဝင်သောအခါ တစ်ယောက်လေ့ မစီးဖူးသော မြည်းပေါက်ချေတစ်ကောင် ချည်ထားသည်ကို တွိ့လိမ့်မည်။ မြည်းကြိုးကိုဖြီ၍ ဆွဲလာကြလော့။
30 Dizendo: Ide à aldeia que está defronte, e aí, ao entrar, achareis preso um jumentinho em que nenhum homem ainda montou; soltai-o e trazei-o.
31 လူတစ်ယောက်က ‘ဇာဖြစ်လို့ ကြိုးကို ဖြီသနည်း’ ဟု သင်ရို့အား မိန်းလျှင် ‘အသျှင် အလိုဟိသည်’ ဟု ပြန်ပြောကြလော့” ဟူ၍ မှာကြား၍ ရွှတ်လိုက်တော်မူ၏။
31 E, se alguém vos perguntar: Por que o soltais? assim lhe direis: Porque o Senhor o há de mister.
32 ရွှတ်လိုက်ခြင်းခံရသော သူရို့သည်လည်း ထွက်လားကြသောအခါ ယေသျှု မိန့်တော်မူသည့်အတိုင်း အားလုံးကို တွိ့မြင်ကြ၏။
32 E, indo os que haviam sido mandados, acharam como lhes dissera.
33 သူရို့သည် မြည်းကြိုးကို ဖြီနိန်စဉ် မြည်းပိုင်သျှင်က “သင်ရို့ဇာကြောင့် မြည်းကြိုးကို ဖြီသနည်း” ဟု မိန်း၏။
33 E, quando soltaram o jumentinho, seus donos lhes disseram: Por que soltais o jumentinho?
34 သူရို့ကလည်း “အသျှင် အလိုဟိသည်” ဟု ပြန်ပြောကြ၏။
34 E eles responderam: O Senhor o há de mister.
35 ထို့နောက် သူရို့သည် မြည်းကို ယေသျှုထံပါးသို့ ယူလာကြ၏။ မြည်း၏နောက်ကုန်းထက်တွင် မိမိရို့၏အဝတ်များကို တင်ပြီး ကိုယ်တော့်ကို စီးစီကြ၏။
35 E trouxeram-no a Jesus; e, lançando sobre o jumentinho as suas vestes, puseram Jesus em cima.
36 ကိုယ်တော် မြည်းစီး၍ ကြွတော်မူစဉ် လူအပေါင်းရို့သည် မိမိရို့၏အဝတ်ကို လမ်းထက်၌ ဖြန့်ခင်းကြ၏။
36 E, indo ele, estendiam no caminho as suas vestes.
37 ယေရုဆလင်မြို့အနားသို့ ရောက်လာစဉ် သံလွင်တောင်အဆင်းလမ်းတွင် သူ၏တပည့်တော် လူအပေါင်းရို့သည် မိမိရို့ တွိ့မြင်ခရသည့် အံ့သြဖွယ်အမှုအရာများအတွက် ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင်အား ကျယ်သောအသံနှင့် ချီးမွမ်းကြ၏။
37 E, quando já chegava perto da descida do Monte das Oliveiras, toda a multidão dos discípulos, regozijando-se, começou a dar louvores a Deus em alta voz, por todas as maravilhas que tinham visto,
38 “ထာဝရဘုရား၏ နာမတော်နှင့် ကြွလာတော်မူသော ဘုရင်သည် မင်္ဂလာဟိစီသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်း ဟိစီသတည်း။ ဘုရားသခင်သည် ဘုန်းကြီးတော်မူစီသတည်း” ဟု ကြွေးကြော်ကြ၏။
38 Dizendo: Bendito o Rei que vem em nome do Senhor; paz no céu, e glória nas alturas.
39 ထိုအခါ လူပရိသတ်ထဲမှ ဖာရိယှဲတချို့က “ဆရာ၊ ဆရာ၏တပည့်တော်တိကို တိတ်ဆိတ်စွာနိန်ဖို့ အမိန့်ပီးပါ” ဟု ကိုယ်တော့်ကို လျှောက်ထားကြ၏။
39 E disseram-lhe de entre a multidão alguns dos fariseus: Mestre, repreende os teus discípulos.
40 ယေသျှုက “သင်ရို့အား ငါဆိုသည်ကား၊ ဤသူရို့သည် တိတ်တိတ်နိန်ကြလျှင် ကျောက်ခဲတိက ကြွေးကြော်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
40 E, respondendo ele, disse-lhes: Digo-vos que, se estes se calarem, as próprias pedras clamarão.
41 ကိုယ်တော်သည် ယေရုဆလင်မြို့အနားသို့ ရောက်တော်မူ၍ ကြည့်တော်မူလျှင် ထိုမြို့အတွက် ငိုကြွီးလျက်၊
41 E, quando ia chegando, vendo a cidade, chorou sobre ela,
42 “သင်သည် ငြိမ်သက်ခြင်းအတွက် လိုအပ်သည့်အရာကို ဤနိ့ သိမြင်စီခြင်းငှာ ငါအလိုဟိ၏။ သို့သော်လည်း သင်သည် ထိုအရာကို မသိမမြင်နိုင်။
42 Dizendo: Ah! se tu conhecesses também, ao menos neste teu dia, o que à tua paz pertence! Mas agora isto está encoberto aos teus olhos.
43 ရန်သူရို့သည် သင့်ပတ်လည်၌ တပ်ချ၍ အဖက်ဖက်မှ ဝန်းရံပိတ်ဆို့နိန်သည့် အချိန်ရောက်လာလိမ့်မည်။
43 Porque dias virão sobre ti, em que os teus inimigos te cercarão de trincheiras, e te sitiarão, e te estreitarão de todos os lados;
44 သူရို့သည် သင်နှင့် သင်၏မြို့ရိုးအတွင်း၌ဟိသော လူတိကို ဖျက်ဆီးကြလိမ့်မည်။ ကျောက်တစ်တုံးအထက်မှာ တစ်တုံး တင်ကျန်ရလိမ့်မည် မဟုတ်။ အကြောင်းမူကား သင်ရို့ကို ကယ်တင်ဖို့ ဘုရားသခင်ကြွလာသော အချိန်ကာလကို မသိမမြင်လို့ ဖြစ်၏” ဟု မိန့်တော်မူ၏။
44 E te derrubarão, a ti e aos teus filhos que dentro de ti estiverem, e não deixarão em ti pedra sobre pedra, pois que não conheceste o tempo da tua visitação.
45 ထို့နောက် ယေသျှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင် ရောင်းဝယ်သောသူရို့ကို နှင်ထုတ်တော်မူပြီး၊
45 E, entrando no templo, começou a expulsar todos os que nele vendiam e compravam,
46 ထိုသူရို့အား “ဘုရားသခင်က၊ ‘ငါ၏ဗိမာန်တော်သည် ဆုတောင်းရာအိမ် ဖြစ်၏’ ဟု ကျမ်းစာ၌ ရီးထားသည်ဟု မိန့်တော်မူထားသော်လည်း သင်ရို့က ငါ၏ဗိမာန်တော်ကို သူခိုးတွင်း ဖြစ်စီဗျာယ်” ဟု မိန့်တော်မူ၏။
46 Dizendo-lhes: Está escrito: A minha casa é casa de oração; mas vós fizestes dela covil de salteadores.
47 ကိုယ်တော်သည် နိ့တိုင်း ဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူ၏။ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနှင့် လူအကြီးအကဲရို့သည် ကိုယ်တော့်ကို အသီသတ်ရန် အခွင့်ရှာကြသော်လည်း၊
47 E todos os dias ensinava no templo; mas os principais dos sacerdotes, e os escribas, e os principais do povo procuravam matá-lo.
48 လူအပေါင်းရို့သည် တရားစကားများကို အာရုံစိုက်၍ နာယူနိန်ကြသောကြောင့် သူရို့သည် ကိုယ်တော်အား သတ်ရမည့်အခွင့်ကို ရှာ၍ မရနိုင်ကြ။
48 E não achavam meio de o fazer, porque todo o povo pendia para ele, escutando-o.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.