Lucas 18
rki (RKI) vs NVI
1 ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား စိတ်အားမလျော့ဘဲ အမြဲတမ်းဆုတောင်းပတ္ထနာ ပြုသင့်ကြောင်းကို ပုံဥပမာဆောင်၍ သွန်သင်တော်မူ၏။
1 Então Jesus contou aos seus discípulos uma parábola, para mostrar-lhes que eles deviam orar sempre e nunca desanimar.
2 “မြို့တစ်မြို့၌ ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကိုမထောက်သော တရားသူကြီးတစ်ယောက် ဟိ၏။
2 Ele disse: "Em certa cidade havia um juiz que não temia a Deus nem se importava com os homens.
3 ထိုမြို့၌ဟိသော မုဆိုးမတစ်ယောက်သည် တရားသူကြီးပါးသို့ အကြိမ်ကြိမ်လားပြီး ‘အကျွန့်ဖက်ကနိန်၍ အကျွန့်ကို တရားသဖြင့် စီရင်တော်မူပါ’ ဟု လျှောက်ထား၏။
3 E havia naquela cidade uma viúva que se dirigia continuamente a ele, suplicando-lhe: ‘Faze-me justiça contra o meu adversário’.
4 တရားသူကြီးသည် မုဆိုးမ၏လျှောက်ထားချက်ကို အချိန်ကြာကြာ ငြင်းဆန်နိန်ခ၏။ တရားသူကြီးက ‘ငါသည် ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကို မထောက်တတ်၊
4 "Por algum tempo ele se recusou. Mas finalmente disse a si mesmo: ‘Embora eu não tema a Deus e nem me importe com os homens,
5 သို့သော်လည်း ဤမုဆိုးမသည် ငါ့ကို နှောက်ယှက်နိန်သည်ဖြစ်၍ သူမအတွက် တရားမျှတမှုဟိစီရန် သူမ၏အမှုကို ငါစီရင်မည်။ သို့မဟုတ်လျှင် သူမသည် ငါ့အား ဆက်လက်နှောက်ယှက်လျှင် နောက်ဆုံး၌ ငါပင်ပန်းလိမ့်မည်’ ဟု စိတ်ထဲ၌ ရေရွတ်နိန်၏” ဟု မိန့်တော်မူ၏။
5 esta viúva está me aborrecendo; vou fazer-lhe justiça para que ela não venha me importunar’ ".
6 ထိုအခါ သခင်ဘုရားက၊ “အကျင့်ပျက်သော တရားသူကြီးပြောဆိုပုံကို နားထောင်ကြလော့။
6 E o Senhor continuou: "Ouçam o que diz o juiz injusto.
7 ရွီးကောက်တော်မူသည့် လူတိက တရားမျှတမှုအတွက် နိ့ညမပြတ် အော်ဟစ် တောင်းလျှောက်နိန်ကြလျှင် ဘုရားသခင်သည် သူရို့ကိုကူညီရန် နှောင့်နှေးတော်မူမည်လော။
7 Acaso Deus não fará justiça aos seus escolhidos, que clamam a ele dia e noite? Continuará fazendo-os esperar?
8 သင်ရို့အား ငါဆိုသည်ကား၊ သူရို့ဖက်၌ အလျင်အမြန် တရားစီရင်တော်မူလိမ့်မည်။ သို့သော်လည်း လူသားကြွလာတော်မူသောအခါ ယုံကြည်ခြင်းကို ဤလောက၌ တွိ့နိုင်မည်လော” ဟု မိန့်တော်မူ၏။
8 Eu lhes digo: ele lhes fará justiça, e depressa. Contudo, quando o Filho do homem vier, encontrará fé na terra? "
9 ကိုယ့်ကိုကိုယ်ကောင်းမြတ်သည်ဟု ထင်မှတ်လျက် သူတစ်ပါးကို မထီလေးစားပြုတတ်သော လူတချို့အား ယေသျှုသည် ပုံဥပမာကိုဆောင်၍၊
9 A alguns que confiavam em sua própria justiça e desprezavam os outros, Jesus contou esta parábola:
10 “တစ်ခါက လူနှစ်ယောက်သည် ဆုတောင်းရန် ဗိမာန်တော်သို့ လားကြ၏။ တစ်ယောက်က ဖာရိယှဲဖြစ်ပြီး အခြားတစ်ယောက်က အခွန်ခံဖြစ်၏။
10 "Dois homens subiram ao templo para orar; um era fariseu e o outro, publicano.
11 ဖာရိယှဲသည် တစ်ယောက်တည်းရပ်၍ ဆုတောင်း သည်မှာ ‘အိုဘုရားသခင် အကျွန်သည် အခြားတိလူကဲ့သို့ လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့မယားကို ပြစ်မှားသူနှင့် ဤအခွန်ခံကဲ့သို့ မဟုတ်၍ ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏။
11 O fariseu, em pé, orava no íntimo: ‘Deus, eu te agradeço porque não sou como os outros homens: ladrões, corruptos, adúlteros; nem mesmo como este publicano.
12 အကျွန်သည် တစ်ပတ်တွင် နှစ်ရက် အစာယှောင်ပါ၏။ အကျွန်၏ ဝင် ငွီအားလုံးထဲက ဆယ်ဖို့တစ်ဖို့ကို ပီးလှူပါ၏’ ဟူ၍ ဖြစ်၏။
12 Jejuo duas vezes por semana e dou o dízimo de tudo quanto ganho’.
13 သို့သော်လည်း အခွန်ခံမူကား အဝီးကရပ်လျက် ကောင်းကင်ကို မော်မကြည့်ဝံ့ဘဲ ‘အို ဘုရားသခင်၊ အပြစ်သားဖြစ်သော အကျွန့်ကို သနားတော်မူပါ’ ဟု ရင်ဖတ်တီးပြီးလျှင် ဆုတောင်းလေ၏။”
13 "Mas o publicano ficou à distância. Ele nem ousava olhar para o céu, mas batendo no peito, dizia: ‘Deus, tem misericórdia de mim, que sou pecador’.
14 “သင်ရို့ကို ငါဆိုသည်ကား၊ အခွန်ခံသည် ဘုရားသခင်၏ အပြစ်လွှတ်ခြင်းကို ခံရပြီးလျှင် အိမ်ကိုပြန်လေ၏။ ဖာရိယှဲက အပြစ်လွှတ်ခြင်းမခံရ။ အကြောင်းမူကား ကိုယ့်ကိုကိုယ်ချီးမြောက်သောသူသည် နှိမ့်ချခြင်းခံရပြီးလျှင်၊ ကိုယ့်ကိုကိုယ် နှိမ့်ချသောသူကား ချီးမြောက်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
14 "Eu lhes digo que este homem, e não o outro, foi para casa justificado diante de Deus. Pois quem se exalta será humilhado, e quem se humilha será exaltado".
15 လူတချို့သည် မိမိရို့၏ အချေတိကို ယေသျှု၏လက်တော်နှင့် တို့ထိနိုင်စီရန်အတွက် ကိုယ်တော့်ထံပါးသို့ ခေါ်ဆောင်လာကြသည်ကို တပည့်တော်ရို့မြင်လျှင် ထိုသူရို့အား အပြစ်တင်ကြ၏။
15 O povo também estava trazendo criancinhas para que Jesus tocasse nelas. Ao verem isto, os discípulos repreendiam os que as tinham trazido.
16 သို့ရာတွင် ယေသျှုသည် အချေတိကို အထံတော်သို့ ခေါ်လျက် “အချေတိ ငါ့ပါးကို လာကတ်ပါစီ။ မတားဆီးကတ်ကေ့။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူရို့၏ နိုင်ငံဖြစ်၏။
16 Mas Jesus chamou a si as crianças e disse: "Deixem vir a mim as crianças e não as impeçam; pois o Reino de Deus pertence aos que são semelhantes a elas.
17 ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို အချေကဲ့သို့ မခံယူလျှင် နိုင်ငံတော်ကို ဝင်ရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
17 Digo-lhes a verdade: Quem não receber o Reino de Deus como uma criança, nunca entrará nele".
18 ယုဒအမျိုးသား ခေါင်းဆောင်တစ်ယောက်က “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုရဖို့ အကျွန်သည် ဇာချင့်ကို လုပ်ရပါမည်နည်း” ဟု ယေသျှုအား မိန်းလျှောက်၏။
18 Certo homem importante lhe perguntou: "Bom Mestre, que farei para herdar a vida eterna? "
19 ယေသျှုကလည်း “သင်သည် ငါ့ကိုဇာကြောင့် ကောင်းမြတ်သောသူဟု ခေါ်သနည်း။ ဘုရားသခင်မှတစ်ပါး ကောင်းမြတ်သောသူ တစ်ယောက်လေ့ မဟိ။
19 "Por que você me chama bom? ", respondeu Jesus. "Não há ninguém que seja bom, a não ser somente Deus.
20 သင်သည် ပညတ်တော်တိကို သိသည် မဟုတ်လော။ ‘သူ့မယားကို မပြစ်မှားကေ့။ လူ့အသက်ကို မသတ်ကေ့။ သူ့ဥစ္စာကို မခိုးကေ့။ မမှန်သောသက်သီကို မခံကေ့။ မိဖကို ရိုသီစွာပြုလော့’” ဟု မိန့်တော်မူ၏။
20 Você conhece os mandamentos: ‘Não adulterarás, não matarás, não furtarás, não darás falso testemunho, honra teu pai e tua mãe’".
21 ထိုသူက “ဤပညတ်တိကို အကျွန်သည် ငယ်ရွယ်စဉ်ကတည်းက စောင့်ထိန်းခပါ၏” ဟု ပြန်လျှောက်လေ၏။
21 "A tudo isso tenho obedecido desde a adolescência", disse ele.
22 ထိုစကားကို ကြားတော်မူလျှင် ယေသျှုက “သင်၌ တစ်ခုလိုသိမ့်၏။ သင်၌ ဥစ္စာဟိသမျှကို ရောင်းပြီး ဆင်းရဲသားတိကို ပီးကမ်းစွန့်ကြဲလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ထို့နောက်မှ လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
22 Ao ouvir isso, disse-lhe Jesus: "Falta-lhe ainda uma coisa. Venda tudo o que você possui e dê o dinheiro aos pobres, e você terá um tesouro nos céus. Depois venha e siga-me".
23 သို့သော် ထိုသူသည် အလွန်ဥစ္စာကြွယ်ဝသူ ဖြစ်သောကြောင့် ကိုယ်တော်၏ စကားတော်ကို ကြားသောအခါ အလွန်ပင် စိတ်မချမ်းသာဖြစ်လေ၏။
23 Ouvindo isso, ele ficou triste, porque era muito rico.
24 ထိုအခြင်းအရာကို ယေသျှုမြင်သောအခါ “ဥစ္စာရတတ်သူရို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ခက်ခဲ၏။
24 Vendo-o entristecido, Jesus disse: "Como é difícil aos ricos entrar no Reino de Deus!
25 ဥစ္စာရတတ်သူက ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရမည်ထက် ကုလားအုတ်သည် အပ်နဖားကို လျှိုဝင်ရန် ပိုလွယ်၏” ဟု မိန့်တော်မူ၏။
25 De fato, é mais fácil passar um camelo pelo fundo de uma agulha do que um rico entrar no Reino de Deus".
26 စကားတော်ကို ကြားသောလူတိကလည်း “သို့ဖြစ်လျှင် ဇာသူက ကယ်တင်ခြင်းကို ရနိုင်ပါမည်နည်း” ဟု မိန်းလျှောက်ကြ၏။
26 Os que ouviram isso perguntaram: "Então, quem pode ser salvo? "
27 ယေသျှုက “လူမတတ်နိုင်သော အရာကို ဘုရားသခင် တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
27 Jesus respondeu: "O que é impossível para os homens é possível para Deus".
28 ထိုအခါ ပေတရုသည်၊ “ကြည့်ပါ၊ အကျွန်ရို့သည် ကိုယ့်အိမ်ကို စွန့်ပြီးလျှင် ကိုယ်တော်၏ နောက်တော်သို့ လိုက်လာကြပါသည်” ဟု လျှောက်၏။
28 Pedro lhe disse: "Nós deixamos tudo o que tínhamos para seguir-te! "
29 ကိုယ်တော်က “ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်အတွက် မိမိအိမ်၊ မယား၊ ညီအစ်ကိုမောင်နှမ၊ မိဖ၊ သားသမီးတိကို စွန့်သောသူသည်၊
29 Respondeu Jesus: "Digo-lhes a verdade: Ninguém que tenha deixado casa, mulher, irmãos, pai ou filhos por causa do Reino de Deus
30 ဤဘဝ၌ အဆပေါင်းများစွာ အကျိုးကို ခံစားရပြီးလျှင် နောင်ဘဝ၌လည်း ထာဝရအသက်ကို ရလိမ့်မည်” ဟု မိန့်တော်မူ၏။
30 deixará de receber, na presente era, muitas vezes mais, e, na era futura, a vida eterna".
31 ယေသျှုသည် တပည့်တော်တစ်ကျိပ်နှစ်ပါးကို ခေါ်ပြီးလျှင် “နားထောင်ကြလော့၊ ငါရို့သည် ယေရုဆလင်မြို့သို့ လားကြမည်။ လူသားအကြောင်းနှင့်ပတ်သတ်ပြီးလျှင် ပရောဖက်တိ ရီးသားထားသောအရာအားလုံး ထိုနီရာ၌ ပြည့်စုံလိမ့်မည်။
31 Jesus chamou à parte os Doze e lhes disse: "Estamos subindo para Jerusalém, e tudo o que está escrito pelos profetas acerca do Filho do homem se cumprirá.
32 လူသားကို လူမျိုးခြားလက်ထဲသို့ အပ်နှံလိမ့်မည်။ သူ့ကို လှောင်ပြောင်စော်ကားပြီးလျှင် တံထွီးနှင့် ထွီးကြလိမ့်မည်။
32 Ele será entregue aos gentios que zombarão dele, o insultarão, cuspirão nele, o açoitarão e o matarão.
33 လူသားကို ကြာပွတ်နန့်ရိုက်၍ အသီသတ်ကြလိမ့်မည်။ သို့သော်လည်း သုံးရက်မြောက်သောနိ့၌ ရှင်ပြန်ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
33 No terceiro dia ele ressuscitará".
34 သို့ရာတွင် တပည့်တော်ရို့သည် ကိုယ်တော်၏ စကားတော်တစ်ခွန်းကိုမျှ နားမလည်ခကြ။ ထိုစကား၏ အနက်အဓိပ္ပာယ်သည် ကွယ်ဝှက်ထားခြင်း ခံရသည်ဖြစ်၍ ကိုယ်တော်၏ မိန့်တော်မူချက်ကို သူရို့နားမလည်ခကြ။
34 Os discípulos não entenderam nada dessas coisas. O significado dessas palavras lhes estava oculto, e eles não sabiam do que ele estava falando.
35 ယေသျှုသည် ယေရိခေါမြို့နားသို့ ရောက်တော်မူစဉ် မျက်မမြင်တစ်ဦးသည် လမ်းဘေးနားတွင်ထိုင်၍ တောင်းစားလျက် နိန်၏။
35 Ao aproximar-se Jesus de Jericó, um homem cego estava sentado à beira do caminho, pedindo esmola.
36 သူသည် လူထုပရိသတ်ကြီး လားကြသံကို ကြား၍ အကြောင်းကို စုံစမ်းမိန်းမြန်း၏။
36 Quando ouviu a multidão passando, ele perguntou o que estava acontecendo.
37 လူတိက “နာဇရက်မြို့သား ယေသျှု ကြွလာတော်မူလျက်ဟိကြောင်း” ကို ပြောကြ၏။
37 Disseram-lhe: "Jesus de Nazaré está passando".
38 ထိုသူက “ဒါဝိဒ်၏ သားတော် ယေသျှု၊ အကျွန့်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
38 Então ele se pôs a gritar: "Jesus, filho de Davi, tem misericórdia de mim! "
39 ရှိ့တွင် ဟိနိန်သည့် လူတိက သူ့အား တိတ်တိတ်နီရန် ငေါက်ငန်းပြောဆိုကြ၏။ သို့သော်လည်း သူသည် “ဒါဝိဒ်၏ သားတော်၊ အကျွန့်ကို သနားတော်မူပါ” ဟု ပို၍ပင် ကျယ်လောင်စွာ ဟစ်အော်လေ၏။
39 Os que iam adiante o repreendiam para que ficasse quieto, mas ele gritava ainda mais: "Filho de Davi, tem misericórdia de mim! "
40 သို့ဖြစ်၍ ယေသျှုသည် တန့်တော်မူလျက် မျက်မမြင်အား ခေါ်ခပါဟု မိန့်တော်မူ၏။ ထိုသူသည် အနားသို့ရောက်လျှင်၊ ယေသျှုက၊
40 Jesus parou e ordenou que o homem lhe fosse trazido. Quando ele chegou perto, Jesus perguntou-lhe:
41 “သင်သည် ငါ့အား ဇာအမှုကို ပြုစီလိုသနည်း” ဟု မိန်းတော်မူလျှင်၊
41 "O que você quer que eu lhe faça? " "Senhor, eu quero ver", respondeu ele.
42 ယေသျှုကလည်း၊ “သင်၏ မျက်စိမြင်စီ၊ သင်၏ ယုံကြည်ခြင်းသည် သင့်မျက်စိကို မြင်စီ ဗျာယ်” ဟု မိန့်တော်မူ၏။
42 Jesus lhe disse: "Recupere a visão! A sua fé o curou".
43 ထိုခဏအတွင်း သူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလျက် ကိုယ်တော်၏နောက်သို့ လိုက်လေ၏။ လူထုပရိသတ်ရို့သည် ထိုအခြင်းအရာကို မြင်လျှင် ဘုရားသခင်ကို ချီးမွမ်းကြကုန်၏။
43 Imediatamente ele recuperou a visão; e seguia a Jesus glorificando a Deus. Quando todo o povo viu isso, deu louvores a Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.