Lucas 16
rki (RKI) vs VC
1 ယေသျှုသည် တပည့်တော်ရို့အား၊ “တစ်ခါက သူဌေးတစ်ဦး၌ အခိုင်းအစီ ဘဏ္ဍာစိုး တစ်ယောက်ဟိ၏။ ထိုသူသည် သခင်၏ ဥစ္စာပစ္စည်းတိကို သုံးဖြုန်းနိန်ကြောင်းကို လူတိက သူဌေးအား တိုင်တန်းကြ၏။
1 Jesus disse também a seus discípulos: Havia um homem rico que tinha um administrador. Este lhe foi denunciado de ter dissipado os seus bens.
2 သူဌေးသည် သူ့ကို ခေါ်ပြီး ‘သင်၏အကြောင်းကို ငါကြားရသည်မှာ ဇာပိုင်လဲ။ သင့်လက်ထဲ၌ဟိသော ငါ့ဥစ္စာတိကို တင်ပြပါ။ သင်သည် ဆက်ပြီး ငါ၏ဘဏ္ဍာစိုး လုပ်ရလိမ့်မည် မဟုတ်’ ဟု ဆို၏။
2 Ele chamou o administrador e lhe disse: Que é que ouço dizer de ti? Presta contas da tua administração, pois já não poderás administrar meus bens.
3 ဘဏ္ဍာစိုးက၊ ‘ငါ ဇာပိုင် လုပ်ရမည်နည်း၊ ငါ့သူဌေးက ဘဏ္ဍာစိုးအရာကို နုတ်လားခဗျာယ်။ လယ်လုပ်ဖို့ ခွန်အားလည်း ငါ့မှာမဟိ၊ တောင်းစားဖို့လည်း ရှက်ဖို့ကောင်း၏။
3 O administrador refletiu então consigo: Que farei, visto que meu patrão me tira o emprego? Lavrar a terra? Não o posso. Mendigar? Tenho vergonha.
4 ရာထူးပြုတ်ပြီးနောက် မိတ်ဆွီတိက ငါ့ကို သူရို့အိမ်၌ လက်ခံစီခြင်းငှာ ဇာပိုင်လုပ်ရမည်ကို ငါသိ၏’ ဟူ၍ တကိုယ်တည်း ပြောဆိုကာ။
4 Já sei o que fazer, para que haja quem me receba em sua casa, quando eu for despedido do emprego.
5 သူ၏ သခင်ကို အကြွီးပီးရမည့်သူ အားလုံးကို ခေါ်၍ ပထမလူအား ‘ငါ့သူဌေးကို သင်ပီးဖို့ အကြွီး ဇာလောက်ဟိသနည်း၊’ ဟု မိန်း၏။
5 Chamou, pois, separadamente a cada um dos devedores de seu patrão e perguntou ao primeiro: Quanto deves a meu patrão?
6 ထိုသူက ‘သံလွင်ဆီ ဂါလံ ၈၀၀ ဟိပါ၏’ ဟု ပြန်ပြော၏။ ထိုအခါ ဘဏ္ဍာစိုးက၊ ‘သင်၏စာရင်းကို ယူလိုက်၊ ဂါလံ ၄၀၀ လို့ ထိုင်ပြီးလျှင် မှတ်လိုက်’ ဟု ဆို၏။
6 Ele respondeu: Cem medidas de azeite. Disse-lhe: Toma a tua conta, senta-te depressa e escreve: cinqüenta.
7 ထို့နောက် အခြားတစ်ယောက်အား ‘သင်သည်လည်း အကြွီးဆပ်ဖို့ ဇာလောက်ဟိသနည်း’ ဟု မိန်း၏။ ထိုသူက ‘ဂျုံစပါးတင်း ၁,၀၀၀ ဟိပါ၏’ ဟု ဆိုလျှင်၊ ‘သင်၏စာရင်းတွင် တင်း ၈၀၀ လို့ မှတ်လိုက်’ ဟု ဆို၏။
7 Depois perguntou ao outro: Tu, quanto deves? Respondeu: Cem medidas de trigo. Disse-lhe o administrador: Toma os teus papéis e escreve: oitenta.
8 ထိုအခါ သူဌေးသည် သစ္စာမဟိသော ဘဏ္ဍာစိုး၏ လိမ္မာပါးနပ်စွာပြုသော လုပ်ဆောင်ချက်အတွက် သူ့ကို ချီးမွမ်းလေ၏။ အကြောင်းမူကား ဤလောကသားတိသည် လောကီကိစ္စဆောင်ရွက်ရာ၌ အလင်း၏ သားသမီးတိထက် လိမ္မာပါးနပ်ကြ၏။”
8 E o proprietário admirou a astúcia do administrador, porque os filhos deste mundo são mais prudentes do que os filhos da luz no trato com seus semelhantes.
9 “တဖန် ငါဆိုသည်ကား၊ လောကီစည်းစိမ်ချမ်းသာအားဖြင့် အဆွီခင်ပွန်းရအောင် ပြုကြလော့။ သို့ပြုလျှင် စည်းစိမ်ချမ်းသာကုန်ဆုံးသောအခါ သင်ရို့ကို ထာဝရအိမ်တော်၌ ကြိုဆိုလက်ခံလိမ့်မည်။
9 Eu vos digo: fazei-vos amigos com a riqueza injusta, para que, no dia em que ela vos faltar, eles vos recebam nos tabernáculos eternos.
10 သေးငယ်သည့်အမှု၌ သစ္စာဟိသူသည် ကြီးသောအမှု၌လည်း သစ္စာဟိလိမ့်မည်။ သေးငယ်သောအမှု၌ သစ္စာမဟိသူကား ကြီးသောအမှု၌လည်း သစ္စာမဟိနိုင်။
10 Aquele que é fiel nas coisas pequenas será também fiel nas coisas grandes. E quem é injusto nas coisas pequenas, sê-lo-á também nas grandes.
11 သို့ဖြစ်၍ သင်ရို့သည် လောကီစည်းစိမ်ကို အသုံးပြုရာတွင် သစ္စာမဟိလျှင် သင်ရို့ကို မှန်သော စည်းစိမ်ချမ်းသာကို အပ်ဖို့ ဇာသူက ယုံနိုင်မည်နည်း။
11 Se, pois, não tiverdes sido fiéis nas riquezas injustas, quem vos confiará as verdadeiras?
12 သင်ရို့သည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့်ပတ်သတ်၍ သစ္စာမဟိလျှင် ဇာသူက သင်ရို့ကို အပိုင်ပီးမည်နည်း။
12 E se não fostes fiéis no alheio, quem vos dará o que é vosso?
13 “မည်သည့် အခိုင်းအစီတစ်ယောက်မျှ သခင်နှစ်ဦး၏ အခိုင်းအစီကို မခံနိုင်။ သခင်တစ်ဦးကို မုန်း၍ တစ်ဦးကို ချစ်လိမ့်မည်။ တစ်ဦးကို သစ္စာဟိပြီး တစ်ဦးကို မလိ့မခန့် ပြုလိမ့်မည်။ သင်ရို့သည် တစ်ချိန်တည်း၌ ဘုရားသခင်၏ အခိုင်းအစီနှင့် လောကစည်းစိမ်၏ အခိုင်းအစီကို မခံနိုင်ကတ်” ဟု မိန့်တော်မူ၏။
13 Nenhum servo pode servir a dois senhores: ou há de odiar a um e amar o outro, ou há de aderir a um e desprezar o outro. Não podeis servir a Deus e ao dinheiro.
14 ငွီကို တပ်မက်သော ဖာရိယှဲရို့သည် ထိုစကားကိုကြားလျှင် ယေသျှုကို ပြက်ရယ်ပြုကြ၏။
14 Ora, ouviam tudo isto os fariseus, que eram avarentos, e zombavam dele.
15 ယေသျှုက “သင်ရို့သည် လူတိရှိ့၌ မိမိကိုယ်ကို ဖြောင့်မတ်ယောင်ဆောင်သော်လည်း၊ ဘုရားသခင်က သင်ရို့စိတ်နှလုံးကို သိတော်မူ၏။ လူတိ အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ ရှိ့တော်၌ စက်ဆုပ်ဖွယ်ဖြစ်၏။
15 Jesus disse-lhes: Vós procurais parecer justos aos olhos dos homens, mas Deus vos conhece os corações; pois o que é elevado aos olhos dos homens é abominável aos olhos de Deus.
16 “ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများသည် ဗတ္တိဇံဆရာ ယောဟန်လက်ထက် တိုင်အောင် သက်ရောက်လျက် ဟိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဟောပြောလျက်ဟိ၏။ လူအပေါင်းရို့သည် နိုင်ငံတော်သို့ အနိုင်အထက် တိုးဝင်ကြ၏။
16 A lei e os profetas duraram até João. Desde então é anunciado o Reino de Deus, e cada um faz violência para aí entrar.
17 သို့ရာတွင် ပညတ္တိကျမ်း၌ ဗိန္ဓုတစ်လုံး ပျက်စီးမည်ထက် ကောင်းကင်နှင့် မြီကြီး ပျက်စီးရန် ပိုလွယ်၏။
17 Mais facilmente, porém, passará o céu e a terra do que se perderá uma só letra da lei.
18 “အကြင်သူသည် မိမိမယားနှင့် ကွာ၍ အခြားသောမိန်းမနှင့် လက်ထပ်လျှင် ကာမဖောက်ပြားသောသူ ဖြစ်၏။ ကွာယှင်းထားသော မိန်းမနှင့် လက်ထပ်သောသူကလည်း ကာမဖောက်ပြားသောသူ ဖြစ်၏။
18 Todo o que abandonar sua mulher e casar com outra, comete adultério; e quem se casar com a mulher rejeitada, comete adultério também.
19 “တစ်ခါက သူဌေးတစ်ဦးသည် ကမ္ဗလာနီနှင့် ပိတ်ချောကို နိ့တိုင်းဝတ်ဆင်၍ စည်းစိမ်ခံစားနိန်၏။
19 Havia um homem rico que se vestia de púrpura e linho finíssimo, e que todos os dias se banqueteava e se regalava.
20 လာဇရုနာမည်ဟိသော သူဆင်းရဲတစ်ယောက်သည် ခန္ဓာတစ်ခုလုံး သွီးစုနာပေါက်၍ သူဌေး၏ အိမ်တန်းခါးနား၌ တုံးလုံးလဲ နိန်၏။
20 Havia também um mendigo, por nome Lázaro, todo coberto de chagas, que estava deitado à porta do rico.
21 သူသည် သူဌေးစားပွဲမှကျသော စားကြွင်းစားကျန်တိကို စားရဖို့ တောင့်တနိန်၏။ ခွီးတိကလည်း သူ၏ သွီးစုနာတိကို လာ၍ လျက်နိန်ကြ၏။
21 Ele avidamente desejava matar a fome com as migalhas que caíam da mesa do rico... Até os cães iam lamber-lhe as chagas.
22 “ဆင်းရဲသားသည် သီလွန်၍ ကောင်းကင်တမန်ရို့သည် သူ့ကို အာဗြဟံ၏ ရင်ခွင်ပါးသို့ ယူဆောင်လားကြ၏။ သူဌေးကလည်း သီဆုံး၍ သင်္ဂြိုဟ်ခြင်းကို ခံရ၏။
22 Ora, aconteceu morrer o mendigo e ser levado pelos anjos ao seio de Abraão. Morreu também o rico e foi sepultado.
23 သူသည် မရဏာနိုင်ငံတွင် ဝေဒနာကို ပြင်းစွာ ခံစားနိန်သောကြောင့် အထက်သို့ မျှော်ကြည့်လိုက်သောအခါ အဗြဟံကိုလည်းကောင်း၊ အာဗြဟံရင်ခွင်၌ လာဇရုကိုလည်းကောင်း မြင်ရလေ၏။
23 E estando ele nos tormentos do inferno, levantou os olhos e viu, ao longe, Abraão e Lázaro no seu seio.
24 ထို့ကြောင့် သူဌေးကလည်း၊ ‘အဖအာဗြဟံ၊ အကျွန့်ကို သနားပါ။ အကျွန်သည် ဤမီးတောက်ထဲ၌ ဝေဒနာကို ပြင်းထန်စွာ ခံစားနိန်ရပါ၏။ လာဇရု၏ လက်ဖျားကို ရီမှာနှိုက်ပြီး အကျွန့်လျှာကို အီးစီဖို့ သူ့ကို အကျွန်ပါးသို့ ရွှတ်ပီးပါ’ ဟု အော်ဟစ် ပြောဆိုလေ၏။
24 Gritou, então: - Pai Abraão, compadece-te de mim e manda Lázaro que molhe em água a ponta de seu dedo, a fim de me refrescar a língua, pois sou cruelmente atormentado nestas chamas.
25 “သို့သော်လည်း အာဗြဟံက၊ ‘ငါ့သား၊ သင်သည် အသက်ရှင်နိန်စဉ်က သုခချမ်းသာ ခံစားရပြီး လာဇရုက ဆင်းရဲဒုက္ခ ခံခရသည်ကို အောက်မိ့ပါ။ အဂုမှာ သူသည် သက်သာခြင်းကို ခံစားရပြီး သင်ကား ဒုက္ခဝေဒနာ ခံစားနိန်ရ၏။
25 Abraão, porém, replicou: - Filho, lembra-te de que recebeste teus bens em vida, mas Lázaro, males; por isso ele agora aqui é consolado, mas tu estás em tormento.
26 ထိုမျှမက သင်နှင့် ငါရို့စပ်ကြားတွင် အသူရာချောက်ကြီးတစ်ခု ဟိသဖြင့် သင်ရို့ဖက်မှ ငါရို့ဖက်သို့ လည်းကောင်း၊ ငါရို့ဖက်မှ သင်ရို့ဖက်သို့ လည်းကောင်း ကူးချင်သော်လည်း မကူးနိုင်ကြ’ ဟု ပြန်ပြော၏။
26 Além de tudo, há entre nós e vós um grande abismo, de maneira que, os que querem passar daqui para vós, não o podem, nem os de lá passar para cá.
27 သူဌေးက၊ ‘အဖအာဗြဟံ၊ ဤသို့ဆိုလျှင် လာဇရုကို အကျွန့်အဖအိမ်သို့ ရွှတ်ပီးဖို့ တောင်းပန်ပါ၏။
27 O rico disse: - Rogo-te então, pai, que mandes Lázaro à casa de meu pai, pois tenho cinco irmãos,
28 အကြောင်းမူကား အကျွန့်မှာ ညီငါးယောက် ဟိပါ၏။ သူရို့သည်လည်း ဝေဒနာခံစားရသော ဤအရပ်သို့ မရောက်စီရန် သူ့ကို သတိပီးခိုင်းလိုက်ပါ’ ဟု တောင်းဆိုလေ၏။
28 para lhes testemunhar, que não aconteça virem também eles parar neste lugar de tormentos.
29 “အာဗြဟံကလည်း၊ ‘သင်၏ ညီအစ်ကိုတိကို သတိပီးရန် မောသျှေမှစ၍ ပရောဖက်တိ ဟိကြ၏။ ထိုသူရို့စကားကို နားထောင်ကတ်ပါစီ’ ဟု ဆို၏။
29 Abraão respondeu: - Eles lá têm Moisés e os profetas; ouçam-nos!
30 သူဌေးကလည်း၊ ‘အဖအာဗြဟံ၊ ထိုသို့ မဟုတ်ပါ။ သီလားခသောလူထဲက တစ်ယောက်သည် ထမြောက်၍ သူရို့ပါးသို့ လားလျှင် သူရို့သည် အပြစ်မှ နောင်တရကြပါလိမ့်မည်’ ဟု ပြောလေ၏။
30 O rico replicou: - Não, pai Abraão; mas se for a eles algum dos mortos, arrepender-se-ão.
31 အာဗြဟံကလည်း ‘သူရို့သည် မောသျှေနန့် ပရောဖက်စကားတိကို နားမထောင်လျှင်၊ တစ်ယောက်သောသူသည် သီဆုံးခြင်းမှ ထမြောက်သော်လည်း သူရို့ ယုံကြည်ကြလိမ့်မည် မဟုတ် ဟု ဆိုလေ၏’” ဟူ၍ မိန့်တော်မူလေ၏။
31 Abraão respondeu-lhe: - Se não ouvirem a Moisés e aos profetas, tampouco se deixarão convencer, ainda que ressuscite algum dos mortos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.