Lucas 14
rki (RKI) vs ARA
1 ဥပုသ်နိ့တစ်နိ့၌ ယေသျှုသည် အစားအစာ သုံးဆောင်တော်မူရန် ဖာရိယှဲ အကြီးအကဲတစ်ဦး၏ အိမ်သို့ ဝင်တော်မူ၏။ ထိုအခါ လူအပေါင်းရို့သည် ယေသျှုကို အနီးကပ် စောင့်ကြည့်နိန်ကြ၏။
1 Aconteceu que, ao entrar ele num sábado na casa de um dos principais fariseus para comer pão, eis que o estavam observando.
2 လက်နှင့်ခြီတွင် ရီဖျဉ်းနာ စွဲနိန်သူတစ်ယောက်သည် ယေသျှု၏ရှိ့တော်၌ ဟိ၏။
2 Ora, diante dele se achava um homem hidrópico.
3 ထိုအခါ ယေသျှုကလည်း “ဥပုသ်နိ့၌ အနာပျောက်ကင်းခြင်းသည် တရားတော်နန့် ညီသလော၊ မညီသလော” ဟု ကျမ်းတတ်ဆရာရို့နှင့် ဖာရိယှဲရို့ကို မိန်းတော်မူ၏။
3 Então, Jesus, dirigindo-se aos intérpretes da Lei e aos fariseus, perguntou-lhes: É ou não é lícito curar no sábado?
4 သို့သော်လည်း သူရို့သည် တိတ်တိတ်နိန်ကြ၏။ ယေသျှုက လူနာကိုခေါ်လျက် ရောဂါကို ပျောက်စီပြီးလျှင် သူအား ပြန်လားစီတော်မူ၏။
4 Eles, porém, nada disseram. E, tomando-o, o curou e o despediu.
5 ထို့နောက် ကိုယ်တော်က “သင်ရို့အထဲက ဇာသူမဆို ကိုယ့်သားဖြစ်စီ၊ နွားဖြစ်စီ ဥပုသ်နိ့၌ ရီတွင်းထဲသို့ ကျလားခလျှင် ချက်ချင်းမဆွဲတင်ဘဲ နိန်ကြမည်လော့” ဟု မိန်းတော်မူ၏။
5 A seguir, lhes perguntou: Qual de vós, se o filho ou o boi cair num poço, não o tirará logo, mesmo em dia de sábado?
6 သို့သော်လည်း သူရို့သည် ဤအကြောင်းအရာနှင့်ပတ်သတ်၍ အဖြေမပီးနိုင်ကြပေ။
6 A isto nada puderam responder.
7 ခေါ်ဖိတ်ထားသော သူရို့သည် အကောင်းဆုံးသော နီရာများ ရွီးချယ်နိန်ကြကြောင်းကို ယေသျှုသည် သတိထားမိ့တော်မူသောအခါ၊ ထိုသူရို့အား ပုံဥပမာတစ်ခုဖြင့် မိန့်တော်မူသည်ကား၊
7 Reparando como os convidados escolhiam os primeiros lugares, propôs-lhes uma parábola:
8 “သင်သည် မင်္ဂလာဆောင်ပွဲ၌ ဖိတ်ခေါ်ခြင်းခံရသောအခါ အကောင်းဆုံးသောနီရာတွင် မထိုင်ကေ့။ မထင်မှတ်ဘဲ သင့်ထက် ဂုဏ်အသရေဟိသော လူတစ်ယောက်ကို ဖိတ်ခေါ်ထားလို့ဟိလျှင်၊
8 Quando por alguém fores convidado para um casamento, não procures o primeiro lugar; para não suceder que, havendo um convidado mais digno do que tu,
9 သင်ရို့နှစ်ဦးလုံးကို ဖိတ်ခေါ်ထားသော ပွဲသျှင်သည် သင်ရို့ပါးကိုလာပြီး ‘ဤသူ့ကို နီရာပီးလိုက်ပါ’ ဟု ပြောလိမ့်မည်။ ထိုအခါ သင်သည် အရှက်ရပြီး အနိမ့်ဆုံးနီရာတွင် ထိုင်ရလိမ့်မည်။
9 vindo aquele que te convidou e também a ele, te diga: Dá o lugar a este. Então, irás, envergonhado, ocupar o último lugar.
10 ထို့ကြောင့် သင်သည် ဖိတ်ခေါ်ခြင်းကို ခံရလျှင် လားပြီး အနိမ့်ဆုံးနီရာ၌ ထိုင်ပါ။ ထိုသို့ ထိုင်လို့ဟိလျှင် ပွဲသျှင်သည်လာ၍ ‘အဆွီ၊ ကောင်းသောနီရာသို့ ကြွပါ’ ဟု သင့်အား ဆိုလိမ့်မည်။ ထိုအခါ သင်သည် ဖိတ်ထားခံရသော လူတိရှိ့၌ ဂုဏ်သရေ ဟိလိမ့်မည်။
10 Pelo contrário, quando fores convidado, vai tomar o último lugar; para que, quando vier o que te convidou, te diga: Amigo, senta-te mais para cima. Ser-te-á isto uma honra diante de todos os mais convivas.
11 အကြောင်းမူကား ကိုယ့်ကိုကိုယ် ချီးမြှောက်သောသူရို့သည် နှိမ့်ချခြင်းကို ခံရပြီး ကိုယ့်ကိုကိုယ် နှိမ့်ချသောသူရို့သည် ချီးမြှောက်ခြင်း ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
11 Pois todo o que se exalta será humilhado; e o que se humilha será exaltado.
12 ထို့နောက် ယေသျှုက အိမ်သျှင်အား၊ “သင်သည် မိုးသောက်စာဖြစ်စီ၊ ညစာဖြစ်စီ ကျွေးမွေးဖို့လုပ်သောအခါ အဆွီခင်ပွန်း၊ ညီအစ်ကို၊ ဆွီမျိုးတိ၊ ချမ်းသာသော အိမ်နီးချင်းတိကို မဖိတ်ခေါ်ကေ့။ ဖိတ်ခေါ်ခကေကား သင့်ကို ပြန်ဖိတ်ခေါ်ပြီးလျှင် ကျေးဇူးဆပ်ကြလိမ့်မည်။
12 Disse também ao que o havia convidado: Quando deres um jantar ou uma ceia, não convides os teus amigos, nem teus irmãos, nem teus parentes, nem vizinhos ricos; para não suceder que eles, por sua vez, te convidem e sejas recompensado.
13 သို့သော် သင်သည် ဧည့်ခံပွဲ ပြုလုပ်သောအခါ၌ ဆင်းရဲသူ၊ မသန်စွမ်းသူ၊ ဒုက္ခိတ၊ မျက်ကန်းတိကို ဖိတ်ခေါ်လော့။
13 Antes, ao dares um banquete, convida os pobres, os aleijados, os coxos e os cegos;
14 ထိုသို့ ဖိတ်ခေါ်လျှင် သင်သည် မင်္ဂလာဟိလိမ့်မည်။ အကြောင်းမူကား သူရို့သည် သင့်ကို ပြန်ပြီး ကျေးဇူးမဆပ်နိုင်သဖြင့် ဖြောင့်မတ်သောသူရို့၏ ရှင်ပြန်ထမြောက်သော နိ့၌ သင်သည် ကျေးဇူးဆပ်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
14 e serás bem-aventurado, pelo fato de não terem eles com que recompensar-te; a tua recompensa, porém, tu a receberás na ressurreição dos justos.
15 ယေသျှုနှင့်အတူ စားပွဲ၌ထိုင်နိန်သော လူတစ်ယောက်သည် စကားတော်ကိုကြားလျှင် ယေသျှုအား၊ “ဘုရားသခင်၏ နိုင်ငံတော်၌ ပွဲဝင်ရသောသူသည် မင်္ဂလာဟိပါ၏” ဟု လျှောက်၏။
15 Ora, ouvindo tais palavras, um dos que estavam com ele à mesa, disse-lhe: Bem-aventurado aquele que comer pão no reino de Deus.
16 ယေသျှုကလည်း၊ “လူတစ်ယောက်သည် ကျွေးမွေးဧည့်ခံပွဲကြီးကို ကျင်းပရန် လူအများကြီးကို ခေါ်ဖိတ်ခလေ၏။
16 Ele, porém, respondeu: Certo homem deu uma grande ceia e convidou muitos.
17 ပွဲခံချိန်ရောက်သောအခါ ဖိတ်ခေါ်ထားသော လူတိပါးကို အခိုင်းအစီတစ်ယောက်အား ရွှတ်လိုက်ပြီးလျှင် ‘လာကတ်ပါ၊ အားလုံးအဆင်သင့် ဖြစ်နိန်ဗျာယ်’ ဟု ပြောကြားစီ၏။
17 À hora da ceia, enviou o seu servo para avisar aos convidados: Vinde, porque tudo já está preparado.
18 သို့သော်လည်း သူရို့အားလုံးက တစ်ယောက်ပြီးတစ်ယောက် ခွင့်တောင်းကြ၏။ ပထမလူက ‘အကျွန်သည် လယ်တစ်ကွက် ဝယ်ထားသည်ဖြစ်၍ ထိုလယ်ကို လား၍ ကြည့်ခြင်းငှာ အကျွန့်ကို ခွင့်ပီးဖို့ တောင်းပန်ပါ၏’ ဟု ဆို၏။
18 Não obstante, todos, à uma, começaram a escusar-se. Disse o primeiro: Comprei um campo e preciso ir vê-lo; rogo-te que me tenhas por escusado.
19 နောက်တစ်ယောက်က ‘အကျွန်က နွားငါးရှဉ်းကို ဝယ်ထားလို့ လားပြီး ကျင့်ခိုင်းရပါမည်၊ အကျွန့်ကို ခွင့်ပီးဖို့ တောင်းပန်ပါ၏’ ဟု ဆို၏။
19 Outro disse: Comprei cinco juntas de bois e vou experimentá-las; rogo-te que me tenhas por escusado.
20 အခြားတစ်ယောက်က ‘အကျွန်က အဂု အိမ်ထောင်ပြုခါစဖြစ်လို့ မလာနိုင်ပါ’ ဟု ဆို၏။
20 E outro disse: Casei-me e, por isso, não posso ir.
21 အခိုင်းအစီသည် မိမိသခင်ထံပါးသို့ ပြန်လာပြီးလျှင် ထိုအကြောင်းအရာတိကို လျှောက်လေ၏။ ထိုအခါ အိမ်သျှင်သည် စိတ်ဆိုးပြီးလျှင် ‘မြို့၏လမ်းမ၊ လမ်းကြားကို အယင်လား၍ ဆင်းရဲသူ၊ မသန်စွမ်းသူ၊ မျက်စိကန်းသူ၊ ဒုက္ခိတတိကို ခေါ်လာလော့’ ဟု အခိုင်းအစီအား စီခိုင်းလိုက်၏။
21 Voltando o servo, tudo contou ao seu senhor. Então, irado, o dono da casa disse ao seu servo: Sai depressa para as ruas e becos da cidade e traze para aqui os pobres, os aleijados, os cegos e os coxos.
22 မကြာခင် အခိုင်းအစီသည် ‘သခင် ခိုင်းလိုက်သည်အတိုင်း ဆောင်ရွက်ပြီးပါဗျာယ်။ ယေဒါလေ့ နီရာလပ်ဟိပါသိမ့်၏’ ဟု လျှောက်လေ၏။
22 Depois, lhe disse o servo: Senhor, feito está como mandaste, e ainda há lugar.
23 ထို့ကြောင့် သခင်က ‘တောလမ်း၊ လမ်းမတိကို လားပြီး အိမ်ပြည့်အောင် လူတိကို ရအောင် ခေါ်လာလော့။
23 Respondeu-lhe o senhor: Sai pelos caminhos e atalhos e obriga a todos a entrar, para que fique cheia a minha casa.
24 အထက်က ငါဖိတ်ခေါ်ထားသောလူ တစ်ယောက်မျှ ငါ၏ စားသောက်ပွဲကို မြည်းစမ်းရမည် မဟုတ်ဟု သင်ရို့အား ငါဆို၏’” ဟု မိန့်တော်မူ၏။
24 Porque vos declaro que nenhum daqueles homens que foram convidados provará a minha ceia.
25 များစွာသော လူထုပရိသတ်အပေါင်းရို့သည် ယေသျှုနှင့်အတူ လိုက်လားကြ၍ ကိုယ်တော်သည် ထိုသူရို့အား လှည့်ကြည့်တော်မူပြီးလျှင်၊
25 Grandes multidões o acompanhavam, e ele, voltando-se, lhes disse:
26 “ငါ့ထံသို့ လာသောသူသည် ငါ့ကို ချစ်သည်ထက် မိဖ၊ သားမယား၊ ညီအစ်ကိုမောင်နှမနှင့် ကိုယ့်ကိုကိုယ် ချစ်သောသူသည် ငါ့တပည့် မဖြစ်နိုင်။
26 Se alguém vem a mim e não aborrece a seu pai, e mãe, e mulher, e filhos, e irmãos, e irmãs e ainda a sua própria vida, não pode ser meu discípulo.
27 ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့် မဖြစ်နိုင်။
27 E qualquer que não tomar a sua cruz e vier após mim não pode ser meu discípulo.
28 သင်ရို့ထဲမှ လူတစ်ယောက်သည် တိုက်တစ်လုံးတည်ဆောက်ရန် အကြံဟိလျှင်၊ ပြီးစီးအောင် ဆောက်ဖို့အတွက် ငွီအလုံလောက်ဟိသည်၊ မဟိသည်ကိုသိဖို့ အယင်ထိုင်ပြီး မတွက်ချက်ဘဲ နိန်မည်လော။
28 Pois qual de vós, pretendendo construir uma torre, não se assenta primeiro para calcular a despesa e verificar se tem os meios para a concluir?
29 ထိုသို့ တွက်ချက်မကြည့်ဘဲ တိုက်မြစ်ချ၍ အဆုံးသတ်နိုင်စွမ်း မဟိလျှင် မြင်ကြသောလူတိက ထိုလူကို လှောင်ပြောင်ကြလိမ့်မည်။
29 Para não suceder que, tendo lançado os alicerces e não a podendo acabar, todos os que a virem zombem dele,
30 ‘ဤသူကား တည်ဆောက်မှုကို အစပြု၏။ သို့သော်လည်း အဆုံးသတ်နိုင်စွမ်း မဟိပါတကား’ ဟု ဆိုကြလိမ့်မည်။
30 dizendo: Este homem começou a construir e não pôde acabar.
31 တနည်းကား သျှင်ဘုရင်တစ်ပါးသည် အခြားဘုရင်တစ်ပါးနှင့် စစ်ပြိုင်ဖို့ အကြံဟိလျှင်၊ စစ်သည် ၂၀,၀၀၀ နှင့် ချီလာသောဘုရင်ကို စစ်သည် ၁၀,၀၀၀ နှင့် ခုခံ နိုင်မည်လော ဆိုသည်ကို အယင်ထိုင်၍ မစဉ်းစားဘဲ နိန်မည်လော။
31 Ou qual é o rei que, indo para combater outro rei, não se assenta primeiro para calcular se com dez mil homens poderá enfrentar o que vem contra ele com vinte mil?
32 အကယ်၍ မခုခံနိုင်လျှင် စစ်ချီလာသောဘုရင် အဝီး၌ဟိနိန်စဉ် တမန်တိကို ရွှတ်၍ စစ်ပြေငြိမ်းရေးစကားကို ကမ်းလှမ်းရလိမ့်မည်။
32 Caso contrário, estando o outro ainda longe, envia-lhe uma embaixada, pedindo condições de paz.
33 ထိုနည်းအတိုင်း၊ သင်ရို့ထဲက ဇာသူမဆို ကိုယ့်၌ဟိသမျှတိကို မစွန့်လျှင် ငါ့တပည့် မဖြစ်နိုင်။”
33 Assim, pois, todo aquele que dentre vós não renuncia a tudo quanto tem não pode ser meu discípulo.
34 “ဆားသည် ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကို ပြန်၍ မရနိုင်။
34 O sal é certamente bom; caso, porém, se torne insípido, como restaurar-lhe o sabor?
35 မြီဖို့ဖြစ်စီ၊ မြီသြဇာဖို့ဖြစ်စီ အသုံးမဝင်သဖြင့် အပြင်သို့ ဝေးပစ်လိုက်ကြ၏။
35 Nem presta para a terra, nem mesmo para o monturo; lançam-no fora. Quem tem ouvidos para ouvir, ouça.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.