Lucas 10

rki (RKI) vs BKJ

Sair da comparação
1 ထို့နောက် သခင်ဘုရားသည် အခြားသောတပည့်တော် ၇၂ ဦး ကို ရွီးခြယ်၍ နှစ်ယောက်တစ်တွဲစီတွဲလျက် ကိုယ်တော် ကြွတော်မူမည့် မြို့ရွာအသီးသီးသို့ မိမိ ရှိ့က စီရွှတ်လိုက်တော်မူ၏။
1 Depois dessas coisas, o Senhor nomeou também outros setenta, e os enviou de dois em dois adiante de si, a todas as cidades e lugares aonde ele havia de ir.
2 ကိုယ်တော်က သူရို့အား “ရိတ်စရာစပါး များစွာဟိ၏။ သို့သော် ရိတ်သိမ်းသောသူ နည်း၏။ စပါးရိတ်သူတိကို စပါးခင်းထဲသို့ စီရွှတ်နိုင်ရန် စပါးပိုင်သျှင်ထံ ဆုတောင်းကြလော့။
2 Portanto, lhes dizia: A colheita verdadeiramente é grande, mas poucos são os trabalhadores; orai, pois, ao Senhor da colheita que envie trabalhadores para a sua colheita.
3 လားကတ်၊ တောခွီးစုထဲသို့ သိုးသငယ်များကို စီရွှတ်သည့်နည်းတူ သင်ရို့ကို ငါ ရွှတ်လိုက်၏။
3 Ide pelo caminho; eis que eu vos envio como cordeiros ao meio de lobos.
4 ဖဲသာအိတ်၊ လွယ်အိတ်၊ ခြီနင်းတိကို ယူမလားကတ်ကေ့။ လမ်းမာရပ်ပြီး တစ်ယောက်ကိုလေ့ နှုတ်မဆက်ကတ်ကေ့။
4 Não carregueis bolsa, nem alforje, nem calçados; e não saudeis a nenhum homem pelo caminho.
5 သင်ရို့သည် အိမ်တစ်အိမ်သို့ ဝင်သောအခါ၌ ‘ဤအိမ်၌ ငြိမ်သက်ခြင်းဟိပါစီ’ ဟု ဦးစွာ မေတ္တာပို့ကြလော့။
5 E, em qualquer casa em que entrardes, dizei primeiro: Paz seja a esta casa.
6 ထိုအိမ်၌ ငြိမ်သက်ခြင်းကို လိုလားသူဟိလျှင်၊ သင်ရို့ ပို့သသည့် မေတ္တာကို ခံစားရလိမ့်မည်။ ထိုကဲ့သို့သောသူ တစ်ယောက်မှ မဟိလျှင် သင်ရို့ပို့သသော မေတ္တာသည် ပြန်လာလိမ့်မည်။
6 E, se houver ali um filho de paz, repousará sobre ele a vossa paz; e, se não, ela retornará para vós.
7 သင်ရို့သည် သူရို့ကျွေးမွေးသော အစာကို စားသောက်လျက် ထိုအိမ်၌ တည်းခိုနိန်ကြလော့၊ ဇာကြောင့်ဆိုသော် အလုပ်သမားများသည် မိမိရို့၏လုပ်ခကို ခံစားထိုက်၏။ တစ်အိမ်မှ အခြားတစ်အိမ်သို့ လှည့်လည်၍ မလားကတ်ကေ့။
7 E permanecei na mesma casa, comendo e bebendo das coisas que eles derem, porque digno é o trabalhador de seu salário. Não andeis de casa em casa.
8 မြို့တစ်မြို့သို့ ဝင်သောအခါ သင်ရို့အား ကြိုဆိုပြီး ကျွေးမွေးသောအရာတိကို စားကြလော့။
8 E, em qualquer cidade em que entrardes e eles vos receberem, comei das coisas que eles colocarem diante de vós;
9 ထိုမြို့၌ဟိသော လူမမာတိကို ကျန်းမာစီပြီးလျှင် ထိုအရပ်၌ဟိသော လူရို့အား ဘုရားသခင်၏ နိုင်ငံတော်တည်ချိန် နီးပြီဖြစ်ကြောင်း ဟောပြောကြလော့။
9 e curai os enfermos que houver nela, e dizei-lhes: É chegado a vós o reino de Deus.
10 သို့သော် သင်ရို့သည် မြို့တစ်မြို့သို့ ဝင်၍ ကြိုဆို လက်ခံခြင်းမဟိလျှင် လမ်းတိ၌ ထွက်ပြီးလျှင် ဤသို့ ပြောလော့။
10 Mas, em qualquer cidade em que entrardes, e eles não vos receberem, saiam pelas suas ruas, e dizei:
11 ‘ငါရို့သည် သင်ရို့ကို ဆန့်ကျင်သည့်အနေဖြင့် ငါရို့ခြီမှာ ကပ်ပါလာသော သင်ရို့မြို့က မြီမှုန့်ကို ငါရို့ ခါချလိုက်ဗျာယ်။ ယေဒါလေ့ ဘုရားသခင်၏ နိုင်ငံတော်သည် သင်ရို့အနားတွင် ရောက်နိန်ပြီးဖြစ်ကြောင်းကို သိမှတ်ကြလော့။’
11 Até a muita poeira da vossa cidade, que grudou em nós, sacudimos contra vós; contudo sabei disto, que o reino de Deus é chegado a vós.
12 သင်ရို့အား ငါ အမှန်ဆိုသည်ကား၊ တရားစီရင်တော်မူရာနိ့၌ ဘုရားသခင်သည် ထိုမြို့ထက် သောဒုံမြို့ကို ပို၍ ကရုဏာထားတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
12 Mas eu vos digo que mais tolerância haverá naquele dia para Sodoma do que para aquela cidade.
13 “အို၊ ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာဟိ၏။ အို၊ ဗက်ဇဲဒမြို့၊ သင်သည်လည်း အမင်္ဂလာဟိ၏။ သင်ရို့ထံ၌ ပြုခသော အံ့ဖွယ်အမှုအရာတိကို တုရုမြို့နှင့် ဇိဒုန်မြို့၌သာ ပြုခပါမူ သူရို့သည် ရှီးပဝေသဏီကပင် လျှော်တေအဝတ်ကို ဝတ်ပြီး ပြာပုံ၌ ထိုင်၍ နောင်တရကြလိမ့်မည်။
13 Ai de ti, Corazim! Ai de ti, Betsaida! Porque se em Tiro e em Sidom se fizessem as poderosas obras que em vós foram feitas, há muito teriam se arrependido, assentados em pano de saco e cinzas.
14 ဘုရားသခင်သည် တရားစီရင်တော်မူရာကာလ၌ သင်ရို့ထက် တုရုမြို့နှင့် ဇိဒုန်မြို့ကို ပို၍ ကရုဏာထားတော်မူလိမ့်မည်။
14 Mas haverá mais tolerância para Tiro e Sidom no dia do julgamento do que para vós.
15 အို၊ ကပေရနောင်မြို့၊ သင်သည် ကိုယ့်ကိုကိုယ် ကောင်းကင်ဘုံထိ ချီးမြှောက်ခြင်းကို ခံလိုသလော။ မရဏာနိုင်ငံထိ နှိမ့်ချခြင်းကို ခံရလိမ့်မည်။”
15 E tu, Cafarnaum, exaltada até ao céu, serás derrubada até ao inferno.
16 ယေသျှုသည် တပည့်တော်ရို့အား၊ “သင်ရို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်သူဖြစ်၏။ သင်ရို့ကို ငြင်းပယ်သူသည် ငါ့ကို ငြင်းပယ်သူဖြစ်၏။ ငါ့ကို ငြင်းပယ်သောသူသည်လည်း ငါ့ကို ရွှတ်လိုက်တော်မူသောသူကို ငြင်းပယ်သူဖြစ်၏” ဟု မိန့်တော်မူ၏။
16 Quem vos ouve, ouve a mim; e quem vos despreza, despreza a mim; e quem me despreza, despreza àquele que me enviou.
17 တပည့်တော် ၇၂ ဦးရို့သည် အလွန်ဝမ်းမြောက်စွာ ပြန်လာပြီးလျှင် “အသျှင်၊ ကိုယ်တော်၏ နာမတော်၌ နတ်ဆိုးတိပင် အကျွန်ရို့ကို နာခံကြပါ၏” ဟု လျှောက်ကြ၏။
17 E os setenta retornaram com alegria, dizendo: Senhor, até os demônios se sujeitam a nós pelo teu nome.
18 ယေသျှုကလည်း “ကောင်းကင်က လျှပ်စစ်ကျသကဲ့သို့ စာတန် ကျလာစွာကို ငါ မြင်ရ၏။
18 E ele disse-lhes: Eu vi Satanás cair como um relâmpago do céu.
19 နားထောင်ကတ်၊ မြွီဆိုးတိ၊ ကင်းမီးကောက်တိကို နင်းလားနိုင်ခြင်းငှာ လည်းကောင်း၊ ရန်သူ၏တန်ခိုးအားလုံးကို အောင်နိုင်ခြင်းငှာလည်းကောင်း အခွင့်အာဏာကို သင်ရို့အား ငါ ပီးအပ်ထားပြီးဖြစ်၏။ သို့ဖြစ်၍ သင်ရို့အား ဇာအရာကလည်း နာကြင်အောင် မလုပ်နိုင်။
19 Eis que eu vos dou poder para pisar em serpentes e escorpiões, e sobre todo o poder do inimigo; e nada, de forma alguma, vos fará dano.
20 သို့သော် ဝိညာဉ်ဆိုးရို့သည် သင်ရို့ကို နာခံကြသောကြောင့် ဝမ်းမသာကတ်ကေ့။ သင်ရို့နာမည်များသည် ကောင်းကင်၌ စာရင်းဝင်ရသည်ကို ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
20 Mas não vos alegreis por isto, de que os espíritos se sujeitam a vós, mas alegrai-vos, antes, porque vossos nomes estão escritos no céu.
21 ထိုအချိန်၌ ယေသျှုသည် သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် ရွှင်လန်းဝမ်းမြောက်တော်မူသည်ဖြစ်၍ “ကောင်းကင် မြီကြီး၏အသျှင် ဖြစ်တော်မူသော အဖ၊ ကိုယ်တော်သည် ပညာဟိသူနှင့် ပညာတတ်သူတိကို ထိမ်ဝှက်ထားသော အရာတိကို ပညာမဲ့သူရို့အား ဖော်ပြပီးသည့်အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏။ မှန်ပါ၏၊ အဖ၊ ဤအရာသည်ကား ကိုယ်တော်၏ ကောင်းမြတ်သော အလိုတော် ဖြစ်ပါ၏” ဟု ဆို၏။
21 Naquela hora Jesus alegrou-se no espírito, e disse: Eu te agradeço, ó Pai, Senhor do céu e da terra, porque tu ocultaste essas coisas aos sábios e prudentes, e as revelaste aos bebês; sim, Pai, porque assim pareceu bom à tua vista.
22 “ငါ၏အဖသည် အရာအားလုံးကို ငါ့အား ပီးအပ်တော်မူပြီ။ သားတော်သည် ဇာသူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး တစ်ယောက်လေ့ မသိ။ ခမည်းတော်သည် ဇာသူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော် ဖော်ပြလိုသောသူမှလွဲ၍ တစ်ယောက်လေ့ မသိ” ဟု မြွက်ဆိုတော်မူ၏။
22 Todas as coisas me foram entregues por meu Pai; e nenhum homem sabe quem é o Filho, senão o Pai, nem quem é o Pai, senão o Filho, e aquele a quem o Filho o quiser revelar.
23 ထို့နောက် ကိုယ်တော်သည် တပည့်တော်တိဖက်သို့ လှည့်၍ “အဂု မြင်သမျှသောအရာများကို မြင်ရသော သင်ရို့၏ မျက်စိများသည် မင်္ဂလာဟိ၏။
23 E, ele retornando aos seus discípulos, disse-lhes em particular: Abençoados são os olhos que veem as coisas que vós vedes,
24 အကြောင်းမူကား ပရောဖက်တိနှင့် သျှင်ဘုရင်တိက သင်ရို့ မြင်သောအရာတိကို မြင်ချင်ခသော်လည်း၊ မမြင်ခရ။ သင်ရို့ ကြားရသည့်အရာတိကို ကြားချင်ခသော်လည်း မကြားခရဟု သင်ရို့ကို ငါ ဆို၏။” ဟု မိန့်တော်မူ၏။
24 porque eu vos digo que muitos profetas e reis desejaram ver as coisas que vós vedes, e não as viram, e ouvir as coisas que ouvis, e não as ouviram.
25 ကျမ်းတတ်ဆရာတစ်ယောက်သည် ရောက်လာပြီးလျှင် ယေသျှုကို စုံစမ်းခြင်းငှာ ကြိုးစားလေ၏။ သူက “ဆရာ၊ ထာဝရအသက်ကို ရရန်အတွက် အကျွန် ဇာလုပ်ရပါဖို့လဲ” ဟု မိန်း၏။
25 E, eis que se levantou certo doutor da lei, tentando-o e dizendo: Mestre, o que eu farei para herdar a vida eterna?
26 ယေသျှုက “မောသျှေ၏ ပညတ္တိကျမ်း၌ ဇာပိုင် ဖော်ပြထားသလဲ၊ သင်သည် ထိုကျမ်းစာတိကို ဇာပိုင် အဓိပ္ပာယ်ကောက်ယူလဲ” ဟု သူ့အား မိန့်တော်မူ၏။
26 E ele lhe disse: O que está escrito na lei? Como lês?
27 ထိုသူက “‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ဟိသမျှ၊ အစွမ်းသတ္တိဟိသမျှ၊ ဉာဏ်ဟိသမျှနှင့် ချစ်လော့၊’ ပြီးလျှင် ‘ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့’ ” ဟု လျှောက်၏။
27 E, ele respondendo, disse: Amarás o ­Senhor teu Deus com todo o teu coração, e com toda a tua alma, e com todas as tuas forças, e com toda a tua mente; e o teu próximo como a ti mesmo.
28 ယေသျှုကလည်း “သင်၏ အဖြေမှန်၏။ ထိုသို့ပြုလျှင် သင်သည် အသက်ရှင်လိမ့်မည်” ဟု ပြန်ပြောတော်မူ၏။
28 E ele disse-lhe: Tu respondestes corretamente; faze isso e viverás.
29 သို့သော် ကျမ်းတတ်ဆရာသည် မိမိကိုယ်ကို သူတော်ကောင်းဖြစ်ကြောင်း ဖော်ပြလိုသဖြင့် “ဇာသူသည် ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ ဖြစ်ပါသလဲ” ဟု မိန်းတော်မူ၏။
29 Mas ele, querendo justificar-se a si mesmo, disse a Jesus: E quem é o meu próximo?
30 ယေသျှုက “လူတစ်ယောက်သည် ယေရုဆလင်မြို့မှ ယေရခေါမြို့သို့ လားသည့်လမ်း၌ ဒါးပြတိုက်ခံရ၏။ ထိုဓါးပြတိက သူ၏အဝတ်အစားများကို ချွတ်ယူ၍ သူ့ကို သတ်ပုတ်ပြီးလျှင် သီခါနီးမှ ပစ်ထားခ၏။
30 E, respondendo Jesus, disse: Um certo homem descia de Jerusalém para Jericó, e caiu entre ladrões, os quais o despojaram, e o feriram, e partiram, deixando-o quase morto.
31 ယဇ်ပုရောဟိတ်တစ်ဦးသည် ထိုလမ်းအတိုင်း လာသောအခါ ထိုသူကို မြင်သော်လည်း အခြားတစ်ဖက်မှ လားလေ၏။
31 E, por acaso, descia pelo mesmo caminho um certo sacerdote; e quando ele o viu, passou pelo outro lado.
32 ထိုနည်းတူ လေဝိအမျိုးသားတစ်ယောက်သည်လည်း ယင်းလမ်းအတိုင်းလာ၍ ထိုသူကို မြင်သောအခါ အခြားတစ်ဖက်မှ ကျော်လားခပြန်၏။
32 E assim também um levita, quando chegou ao lugar e o viu, ele passou pelo outro lado.
33 သို့သော်လည်း ခရီးလားသော ယှာမာရိ အမျိုးသားတစ်ယောက်သည် ထိုသူအနားသို့ ရောက်သောအခါ ထိုသူကို ကြည့်၍ ကရုဏာစိတ်ဟိသဖြင့်၊
33 Mas um certo samaritano, estando de viagem, veio até ele; e, vendo-o, teve compaixão dele.
34 ထိုသူအနားသို့ တိုးလာပြီးလျှင် သူ၏ဒဏ်ရာတိကို ဆီနှင့် စပျစ်ရည်ဖြင့် လိမ်းပြီး အဝတ်စနှင့် ပတ်စည်းပီးလေ၏။ ထို့နောက် မြည်းထက်၌ လူနာကို တင်၍ တည်းခိုခန်းတစ်ခုသို့ သယ်ဆောင်လားကာ ပြုစုလေ၏။
34 E, aproximando-se dele, atou-lhe as feridas, derramando nelas azeite e vinho, e, pondo-o sobre seu próprio animal, levou-o para uma hospedaria e cuidou dele.
35 နောက်တစ်နိ့၌ သူသည် ငွီဒင်္ဂါးနှစ်ပြားကို တည်းခိုခန်း ပိုင်သျှင်အား ပီးပြီးလျှင် ‘ဤသူ့ကို စောင့်ရှောက်ပြုစုပီးပါ၊ နောက်ထပ် ကုန်ကျသမျှကို အကျွန်ပြန်လာသောအခါ ပီးပါမည်’” ဟု ဆို၏။
35 E, no dia seguinte, partindo, ele tirou dois denários, e deu-os ao hospedeiro, e disse-lhe: Cuida dele, e tudo o que de mais gastares, na minha volta eu te pagarei.
36 ယေသျှုက “ယင်းသူရို့သုံးဦးထဲက ဇာသူက ဒါးပြတိုက်ခံရသူနှင့် စပ်ဆိုင်သောသူ ဟု သင် ထင်လဲ” ဟု မိန်းတော်မူ၏။
36 Ora, qual destes três te parece que se tornou o próximo daquele que caiu entre os ladrões?
37 ကျမ်းတတ်ဆရာကလည်း “သူ့ကို သနားကြင်နာစွာ ပြုစုသောသူဖြစ်ပါ၏” ဟု လျှောက်လျှင်၊
37 E ele disse: O que mostrou misericórdia para com ele. Então, disse Jesus: Vai, e faze tu do mesmo modo.
38 ယေသျှုနှင့် တပည့်တော်ရို့သည် ခရီးလားကြစဉ် ရွာတစ်ရွာသို့ ဝင်တော်မူသောအခါ မာသအမည်ဟိသောမိန်းမသည် မိမိ၏အိမ်တွင် ကိုယ်တော့်ကို ကြိုဆို၍ အာဂန္တုဝတ်ကို ပြုလေ၏။
38 Ora, aconteceu que, indo eles, entraram em uma aldeia; e uma certa mulher, por nome Marta, o recebeu em sua casa.
39 သူမ၌ မာရိဟုခေါ်သော ညီမတစ်ယောက်ဟိ၏။ သူမသည် ယေသျှု၏ ခြီတော်ရင်းတွင်ထိုင်ပြီး ကိုယ်တော်၏ တရားစကားကို နားထောင်လျက်နိန်၏။
39 E ela tinha uma irmã, chamada Maria, a qual, assentando-se também aos pés de Jesus, ouvia a sua palavra.
40 မာသမူကား အာဂန္တုဝတ်ဖြင့် ပျာယာခတ်နိန်၍ ကိုယ်တော်ထံသို့ ချဉ်းကပ်ပြီးလျှင်၊ “သူမသည် အကျွန့်ကို တစ်ယောက်တည်း အလုပ်လုပ်ခြင်းငှာ ချန်ထားခသည်ကို အသျှင်က လစ်လျူယှုနိန်သလား၊ အကျွန့်ကို ကူညီပီးဖို့ သူမကို ပြောပီးတော်မူပါ” ဟု လျှောက်လေ၏။
40 Marta, porém, estava atarefada com muito serviço, e, vindo até ele, disse: Senhor, não te importas que minha irmã me deixe servir sozinha? Ordena, portanto, que ela me ajude.
41 သခင်ဘုရားကလည်း “မာသ၊ မာသ၊ သင်သည် များစွာသော အမှုကိစ္စကြောင့် စိတ်ပူပန်သောက ရောက်နိန်၏။
41 E, Jesus respondendo, disse-lhe: Marta, Marta, tu estás preocupada e perturbada com muitas coisas;
42 သို့ရာတွင် လိုအပ်ချက်တစ်ခုသာ ဟိ၏။ မာရိက ကောင်းမြတ်သောအရာကို ရွီးချယ်လီဗျာယ်။ ထိုအရာတိကို သူမပါးမှ နုတ်ယူလို့မရ” ဟု မိန့်တော်မူ၏။
42 mas uma coisa só é necessária; e Maria escolheu a boa parte, a qual não lhe será tomada.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.