João 8

rki (RKI) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ယေသျှုက သံလွင်တောင်သို့ တက်ကြွတော်မူ၏။
1 Jesus, entretanto, foi para o monte das Oliveiras.
2 နောက်တစ်နိ့ မိုးထက်စောစော ဗိမာန်တော်သို့ ပြန်ကြွလာသောအခါ လူအပေါင်းရို့သည် အထံတော်သို့ စုရုံးလာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူ၍ လူအပေါင်းရို့အား ဟောပြောသွန်သင်တော်မူ၏။
2 De madrugada, voltou novamente para o templo, e todo o povo ia ter com ele; e, assentado, os ensinava.
3 ကျမ်းတတ်ဆရာရို့နှင့် ဖာရိယှဲရို့သည် ဖောက်ပြန်ခြင်းအမှုကို ပြုနိန်သော မိန်းမတစ်ယောက်ကို ဖမ်းဆီးကာ ကိုယ်တော်ထံသို့ ဆောင်ယူလာ၍ သူရို့ရှိ့တွင် ရပ်ခိုင်းထားပြီးလျှင်၊
3 Os escribas e fariseus trouxeram à sua presença uma mulher surpreendida em adultério e, fazendo-a ficar de pé no meio de todos,
4 ယေသျှုအား၊ “ဆရာ၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုနိန်စဉ် ငါရို့ တွိ့၍ ဖမ်းလာခ၏။
4 disseram a Jesus: Mestre, esta mulher foi apanhada em flagrante adultério.
5 မောသျှေစီရင်သော ငါရို့၏ ပညတ်တရား၌ ထိုသို့သော မိန်းမတိကို ကျောက်ခဲနှင့် ပစ်သတ်ရမည်ဟု အကျွန်ရို့အား ပညတ်ခပါ၏။ ကိုယ်တော်က အဂု မည်သို့ မိန့်တော်မူပါမည်နည်း” ဟု လျှောက်ကြ၏။
5 E na lei nos mandou Moisés que tais mulheres sejam apedrejadas; tu, pois, que dizes?
6 သူရို့သည် ယေသျှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့ အကွက်ဆင်၍ မိန်းကြခြင်းဖြစ်၏။
6 Isto diziam eles tentando-o, para terem de que o acusar. Mas Jesus, inclinando-se, escrevia na terra com o dedo.
7 ထိုသူရို့သည် ထပ်ကာထပ်ကာ မိန်းလျှောက်ကြသောအခါ ကိုယ်တော်က မော့ကြည့်တော်မူလျက် “သင်ရို့အထဲက အပြစ်ကင်းသူသည် အယင်ဆုံး ဤမိန်းမကို ကျောက်ခဲနှင့် ပစ်ပါ” ဟု မိန့်တော်မူ၏။
7 Como insistissem na pergunta, Jesus se levantou e lhes disse: Aquele que dentre vós estiver sem pecado seja o primeiro que lhe atire pedra.
8 ထို့နောက် တဖန် ငုံ့၍ မြီကြီးတွင် ရီးခြစ်လျက် နိန်တော်မူ၏။
8 E, tornando a inclinar-se, continuou a escrever no chão.
9 ထိုသူရို့သည် မိန့်တော်မူချက်ကို ကြားလျှင် အသက်ကြီးသောသူမှစ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်လားကြ၏။ ယေသျှုသည် တစ်ယောက်တည်း ကျန်ခတော်မူ၍၊ မိန်းမသည် ရပ်နိန်သိမ့်၏။
9 Mas, ouvindo eles esta resposta e acusados pela própria consciência, foram-se retirando um por um, a começar pelos mais velhos até aos últimos, ficando só Jesus e a mulher no meio onde estava.
10 ယေသျှုသည် မော်၍ ကြည့်တော်မူသောအခါ၊ “သူရို့ကား ဇာမာလဲ၊ သင့်ကို အပြစ်စီရင်မည့်သူ တစ်ယောက်လည်း မဟိကြသလော” ဟု သူမအား မိန်းတော်မူ၏။
10 Erguendo-se Jesus e não vendo a ninguém mais além da mulher, perguntou-lhe: Mulher, onde estão aqueles teus acusadores? Ninguém te condenou?
11 ထိုမိန်းမကလည်း “တစ်ယောက်လည်း မဟိယာ၊ ဆရာ” ဟု လျှောက်လေ၏။
11 Respondeu ela: Ninguém, Senhor! Então, lhe disse Jesus: Nem eu tampouco te condeno; vai e não peques mais.]
12 တဖန် ယေသျှုက ဖာရိယှဲရို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရကြပြီးလျှင် မှောင်မိုက်ထဲ၌ လုံးဝ လျှောက်လားရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
12 De novo, lhes falava Jesus, dizendo: Eu sou a luz do mundo; quem me segue não andará nas trevas; pelo contrário, terá a luz da vida.
13 ဖာရိယှဲရို့က “သင်သည် ကိုယ့်အကြောင်းကိုသာ သက်သီခံခြင်း ဖြစ်၏။ သင်၏ သက်သီခံခြင်းသည် အထောက်အထားမဟိ” ဟု ဆိုကြ၏။
13 Então, lhe objetaram os fariseus: Tu dás testemunho de ti mesmo; logo, o teu testemunho não é verdadeiro.
14 ယေသျှုက “ငါသည် ကိုယ့်အကြောင်းကိုသာ သက်သီခံသော်လည်း ငါ၏ သက်သီခံချက်သည် မှန်၏။ အကြောင်းမူကား ငါသည် မည်သည့်အရပ်က လာသည်ကိုလည်းကောင်း၊ မည်သည့်အရပ်သို့ လားရမည်ကိုလည်းကောင်း ငါသိ၏။ သင်ရို့သည် ငါ မည်သည့်အရပ်က လာသည်ကိုလည်းကောင်း၊ ငါ မည်သည့်အရပ်သို့ လားရမည်ကိုလည်းကောင်း မသိကြ။
14 Respondeu Jesus e disse-lhes: Posto que eu testifico de mim mesmo, o meu testemunho é verdadeiro, porque sei donde vim e para onde vou; mas vós não sabeis donde venho, nem para onde vou.
15 သင်ရို့သည် လူ့နည်းလမ်းအတိုင်းသာ တရားစီရင်တတ်ကြ၏။ ငါကား တစ်ယောက်ကိုလေ့ မစီရင်။
15 Vós julgais segundo a carne, eu a ninguém julgo.
16 ငါသည် တရားစီရင်သော်လည်း ငါ၏စီရင်ခြင်းသည် မှန်ကန်၏။ အကြောင်းမူကား ငါသည် တစ်ယောက်တည်း စီရင်သည် မဟုတ်။ ငါ့ကို စီရွှတ်တော်မူသော ဖခမည်းတော်က ငါနှင့်အတူ ဟိနိန်သောကြောင့်ဖြစ်၏။
16 Se eu julgo, o meu juízo é verdadeiro, porque não sou eu só, porém eu e aquele que me enviou.
17 သင်ရို့၏ ပညတ်တော်၌ သက်သီနှစ်ဦး ထွက်ဆိုလျှင် သင်ရို့ပြောသမျှ မှန်သည်ဟု ဖော်ပြထား၏။
17 Também na vossa lei está escrito que o testemunho de duas pessoas é verdadeiro.
18 ငါသည် ကိုယ့်အကြောင်းကိုသာ သက်သီခံသည့်အပြင် ငါ့ကို စီရွှတ်တော်မူသော ခမည်းတော်ကလည်း ငါ့အကြောင်းကို သက်သီခံတော်မူ၏” ဟု မိန့်တော်မူ၏။
18 Eu testifico de mim mesmo, e o Pai, que me enviou, também testifica de mim.
19 ထိုသူရို့ကလည်း “သင်၏ ခမည်းတော်က ဇာမာလဲ” ဟု မိန်းလျှောက်ကြ၏။
19 Então, eles lhe perguntaram: Onde está teu Pai? Respondeu Jesus: Não me conheceis a mim nem a meu Pai; se conhecêsseis a mim, também conheceríeis a meu Pai.
20 ကိုယ်တော်သည် ဤစကားတော်များကို ဗိမာန်တော်၏ အလှူခံသေတ္တာထားရာ အခန်း၌ ဟောပြောတော်မူ၏။ သို့သော် ကိုယ်တော်၏အချိန် မရောက်သိမ့်သောကြောင့် မည်သူမျှ ကိုယ်တော့်ကို မဖမ်းဆီးကြ။
20 Proferiu ele estas palavras no lugar do gazofilácio, quando ensinava no templo; e ninguém o prendeu, porque não era ainda chegada a sua hora.
21 တဖန် ယေသျှုက၊ “ငါသည် လားရမည်။ သင်ရို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့ရာတွင် သင်ရို့သည် ကိုယ့်အပြစ်များကြောင့် သီဆုံးကြလိမ့်မည်။ ငါလားမည့်အရပ်သို့ သင်ရို့မလားနိုင်ကြ” ဟု မိန့်တော်မူ၏။
21 De outra feita, lhes falou, dizendo: Vou retirar-me, e vós me procurareis, mas perecereis no vosso pecado; para onde eu vou vós não podeis ir.
22 ထို့ကြောင့် ယုဒအာဏာပိုင်များက “ငါလားမည့်အရပ်သို့ သင်ရို့ မလားနိုင်ကြဟု သူပြောယာ။ သူသည် သူ့ကိုယ်သူ သတ်သီလားမည်လော” ဟု ပြောဆိုကြ၏။
22 Então, diziam os judeus: Terá ele, acaso, a intenção de suicidar-se? Porque diz: Para onde eu vou vós não podeis ir.
23 ယေသျှုက “သင်ရို့သည် အောက်အရပ်က ဖြစ်ကြသော်လည်း ငါကား အထက်အရပ်က ဖြစ်၏။ သင်ရို့ကား လောကသားတိ ဖြစ်ကြသော်လည်း ငါကား လောကသား မဟုတ်။
23 E prosseguiu: Vós sois cá de baixo, eu sou lá de cima; vós sois deste mundo, eu deste mundo não sou.
24 ထို့အတွက်ကြောင့် သင်ရို့သည် သင်ရို့အပြစ်များကြောင့် သီဆုံးရလိမ့်မည်ဟု ငါဆို၏။ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်သည်’ ကို သင်ရို့ မယုံကြည်ကြလျှင် သင်ရို့သည် သင်ရို့အပြစ်များကြောင့် သီဆုံးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
24 Por isso, eu vos disse que morrereis nos vossos pecados; porque, se não crerdes que
25 ထိုသူရို့က “သင်ကား ဇာသူနည်း” ဟု မိန်းလျှင်၊
25 Então, lhe perguntaram: Quem és tu? Respondeu-lhes Jesus: Que é que desde o princípio vos tenho dito?
26 သင်ရို့အကြောင်းကို ငါပြောဆိုစရာ၊ အပြစ်စီရင်စရာများစွာ ဟိသိမ့်၏။ ငါ့ကို စီရွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ ငါသည် ထိုအသျှင်ထံပါးက ကြားရသောအရာများကို ဤလောက၌ ငါဟောပြော၏” ဟု မိန့်တော်မူ၏။
26 Muitas coisas tenho para dizer a vosso respeito e vos julgar; porém aquele que me enviou é verdadeiro, de modo que as coisas que dele tenho ouvido, essas digo ao mundo.
27 ယေသျှုသည် ခမည်းတော်၏အကြောင်းကို ရည်မှတ်၍ မိန့်တော်မူသည်ကို သူရို့သည် မရိပ်မိကြ။
27 Eles, porém, não atinaram que lhes falava do Pai.
28 ထို့နောက် ယေသျှုက “သင်ရို့သည် လူသားကို မြီကြီးမှ မြှောက်ထားသောအခါ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်သည်’ ကိုလည်းကောင်း၊ ငါသည် ကိုယ့်အခွင့်အာဏာနှင့် ဇာအမှုကိုမျှ မပြုဘဲ ခမည်းတော်က ငါ့ကို သွန်သင်တော်မူသည်အတိုင်း ငါဟောပြောသည်ကို သင်ရို့ သိကြလိမ့်မည်။
28 Disse-lhes, pois, Jesus: Quando levantardes o Filho do Homem, então, sabereis que
29 ငါ့ကို စီရွှတ်တော်မူသော အသျှင်သည် ငါနှင့်အတူ ဟိတော်မူ၏။ အကြောင်းမူကား ထိုအသျှင် နှစ်သက်သောအမှုကို ငါသည် အစဉ်မပြတ် လုပ်ဆောင်သည်ဖြစ်သောကြောင့် ငါ့အား တစ်ယောက်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
29 E aquele que me enviou está comigo, não me deixou só, porque eu faço sempre o que lhe agrada.
30 ဤသို့ မိန့်တော်မူချက်ကို ကြားရသောသူအပေါင်းရို့သည် ယေသျှုကို ယုံကြည်လာကြ၏။
30 Ditas estas coisas, muitos creram nele.
31 ယေသျှုသည် ယုဒ ယုံကြည်သူရို့အား “သင်ရို့သည် ငါဟောပြောသော သွန်သင်ချက်အတိုင်း နာခံလိုက်လျှောက်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။
31 Disse, pois, Jesus aos judeus que haviam crido nele: Se vós permanecerdes na minha palavra, sois verdadeiramente meus discípulos;
32 သင်ရို့သည် သမ္မာတရားကို သိပြီးလျှင် ထိုသမ္မာတရားက သင်ရို့အား လွတ်မြောက်စီလိမ့်မည်” ဟု မိန့်တော်မူ၏။
32 e conhecereis a verdade, e a verdade vos libertará.
33 သူရို့က “ငါရို့သည် အာဗြဟံ၏အမျိုး ဖြစ်ကြ၏။ တစ်ခါမျှ သူတစ်ပါး၏ကျွန် မဖြစ်ခဖူးပါ။ ‘သင်ရို့ လွတ်မြောက်လိမ့်မည်’ ဟု ဇာကြောင့် ပြောဆိုသနည်း” ဟု မိန်းလျှောက်ကြ၏။
33 Responderam-lhe: Somos descendência de Abraão e jamais fomos escravos de alguém; como dizes tu: Sereis livres?
34 ယေသျှုက “သင်ရို့အား ငါအမှန်ဆိုသည်ကား၊ အပြစ်ကို ကျူးလွန်သော သူတိုင်းသည် အပြစ်၏ ကျွန်ဖြစ်၏။
34 Replicou-lhes Jesus: Em verdade, em verdade vos digo: todo o que comete pecado é escravo do pecado.
35 ကျွန်သည် မိသားစုဝင် အစဉ်ဖြစ်သည် မဟုတ်၊ သားဖြစ်သူသာလျှင် အစဉ် ဖြစ်၏။
35 O escravo não fica sempre na casa; o filho, sim, para sempre.
36 အကယ်၍ သင်ရို့အား သားတော်က လွတ်မြောက်ခွင့်ပီးလျှင် သင်ရို့သည် အမှန်ပင် လွတ်မြောက်ခြင်း ရကြလိမ့်မည်။
36 Se, pois, o Filho vos libertar, verdadeiramente sereis livres.
37 သင်ရို့သည် အာဗြဟံ၏အမျိုးဖြစ်ကြောင်း ငါသိ၏။ သို့သော်လည်း သင်ရို့သည် ငါ၏သွန်သင်ချက်ကို လက်ခံလိမ့်မည် မဟုတ်သောကြောင့် ငါ့အား သတ်ရန် ကြိုးစားကြ၏။
37 Bem sei que sois descendência de Abraão; contudo, procurais matar-me, porque a minha palavra não está em vós.
38 ငါသည် ငါ့ခမည်းတော် ဖော်ပြသမျှကိုသာ ငါဟောပြော၏။ သင်ရို့ကား သင်ရို့အဖ ညွှန်ကြားသည့်အတိုင်း ပြုကြ၏” ဟု မိန့်တော်မူ၏။
38 Eu falo das coisas que vi junto de meu Pai; vós, porém, fazeis o que vistes em vosso pai.
39 ထိုသူရို့ကလည်း “အာဗြဟံသည် ငါရို့ အဖဖြစ်ပါသည်” ဟု ဆိုကြ၏။
39 Então, lhe responderam: Nosso pai é Abraão. Disse-lhes Jesus: Se sois filhos de Abraão, praticai as obras de Abraão.
40 ဘုရားသခင်ထံပါးက ကြားနာရသမျှသော သမ္မာတရားကို သင်ရို့အား ဟောပြောသော ငါ့ကို သတ်ရန် သင်ရို့က ကြံစည်နိန်ကြ၏။ အာဗြဟံကား ဤသို့ မကျင့်ခ။
40 Mas agora procurais matar-me, a mim que vos tenho falado a verdade que ouvi de Deus; assim não procedeu Abraão.
41 သင်ရို့သည် သင်ရို့အဖ ကျင့်ခသည်အတိုင်း ကျင့်တတ်ကြ၏” ဟု ပြန်၍ မိန့်တော်မူ၏။
41 Vós fazeis as obras de vosso pai. Disseram-lhe eles: Nós não somos bastardos; temos um pai, que é Deus.
42 ယေသျှုကလည်း “ဘုရားသခင်သည် သင်ရို့၏အဖ ဖြစ်သည်ဆိုလျှင် သင်ရို့သည် ငါ့အား ချစ်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် ဘုရားသခင်ထံတော်ပါးမှ လာပြီးလျှင် အဂု ဤနီရာ၌ ရောက်နိန်၏။ ငါသည် ကိုယ့်အခွင့်အာဏာနှင့် လာသည် မဟုတ်။ သို့သော် ဘုရာသခင်သည် ငါ့ကို စီရွှတ်တော်မူ၏။
42 Replicou-lhes Jesus: Se Deus fosse, de fato, vosso pai, certamente, me havíeis de amar; porque eu vim de Deus e aqui estou; pois não vim de mim mesmo, mas ele me enviou.
43 သင်ရို့သည် ငါ့စကားကို နားမလည်ကြခြင်းအကြောင်းမှာ ငါ၏တရားကို နာယူနိုင်စွမ်း မဟိသောကြောင့် ဖြစ်၏။
43 Qual a razão por que não compreendeis a minha linguagem? É porque sois incapazes de ouvir a minha palavra.
44 သင်ရို့သည် သင်ရို့၏အဖဖြစ်သော မာရ်နတ်၏ သားသမီးများ ဖြစ်ကြသောကြောင့် သင်ရို့အဖ၏ အလိုသို့လိုက်၍ လုပ်ဆောင်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမား ဖြစ်၏။ ထိုသူသည် သစ္စာတရားမဟိ၊ သမ္မာတရားဖက်၌လည်း မနီ။ ထိုသူသည် မုသာကိုပြောသောအခါ ပင်ကိုယ်ပကတိအတိုင်း မုသာကို ပြောဆိုတတ်၏။ အကြောင်းမူကား လိမ်လည် ပြောဆိုတတ်သူဖြစ်ပြီး မုသာ၏ ဖခင်လည်းဖြစ်၏။
44 Vós sois do diabo, que é vosso pai, e quereis satisfazer-lhe os desejos. Ele foi homicida desde o princípio e jamais se firmou na verdade, porque nele não há verdade. Quando ele profere mentira, fala do que lhe é próprio, porque é mentiroso e pai da mentira.
45 ငါသည် မှန်သောစကားကို ပြောသော်လည်း သင်ရို့သည် ငါ့အား မယုံကြည်ကြ။
45 Mas, porque eu digo a verdade, não me credes.
46 ငါသည် အပြစ်ဟိကြောင်း ဇာသူက သက်သီ ပြနိုင်မည်နည်း။ ငါသည် မှန်သောစကားကို ပြောသော်လည်း ဇာကြောင့် ငါ့ကို မယုံကြည်ကြသနည်း။
46 Quem dentre vós me convence de pecado? Se vos digo a verdade, por que razão não me credes?
47 ဘုရားသခင်နှင့် စပ်ဆိုင်သူသည် ဘုရားသခင်၏စကားကို နားထောင်တတ်ကြ၏။ သင်ရို့သည် ဘုရားသခင်နှင့် မစပ်ဆိုင်သည့်အတွက် နားမထောင်ကြ” ဟု မိန့်တော်မူ၏။
47 Quem é de Deus ouve as palavras de Deus; por isso, não me dais ouvidos, porque não sois de Deus.
48 ယုဒလူတိက ယေသျှုအား “သင်သည် ယှာမာရိလူဖြစ်ပြီး နတ်ဆိုး ဝင်ပူးခံရသူလည်း ဖြစ်သည်ဟု ငါရို့ ပြောသည်မှာ မှန်သလော” ဟု မိန်းကြ၏။
48 Responderam, pois, os judeus e lhe disseram: Porventura, não temos razão em dizer que és samaritano e tens demônio?
49 ယေသျှုကလည်း “ငါသည် နတ်ဆိုး ဝင်ပူးခံနိန်သူ မဟုတ်။ ငါသည် ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သို့သော်လည်း သင်ရို့က ငါ့ကို ရှုတ်ချကြ၏။
49 Replicou Jesus: Eu não tenho demônio; pelo contrário, honro a meu Pai, e vós me desonrais.
50 ငါသည် ကိုယ့်ဘုန်းကို မရှာ။ သို့ရာတွင် ငါ၏ဘုန်းကို ရှာ၍ စီရင်တော်မူသောသူ ဟိသိမ့်၏။
50 Eu não procuro a minha própria glória; há quem a busque e julgue.
51 ငါ အမှန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သီဆုံးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်” ဟု မိန့်တော်မူ၏။
51 Em verdade, em verdade vos digo: se alguém guardar a minha palavra, não verá a morte, eternamente.
52 ယုဒလူတိကလည်း၊ “သင်သည် နတ်ဆိုး ပူးနိန်သူဖြစ်ကြောင်း အဂု ငါရို့သိရယာ။ အာဗြဟံလည်း သီလားခယာ။ ပရောဖက်တိလည်း သီလားခယာ။ ယေဒါလည်း ‘ငါ့စကားကို နားထောင်သောသူသည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်’ ဟု ဆိုသည်တကား။
52 Disseram-lhe os judeus: Agora, estamos certos de que tens demônio. Abraão morreu, e também os profetas, e tu dizes: Se alguém guardar a minha palavra, não provará a morte, eternamente.
53 သင်သည် သီလွန်ခသူ ငါရို့အဖ အာဗြဟံထက် ကြီးမြတ်သလော။ ပရောဖက်တိလည်း သီလွန်လားခယာ။ သင့်ကိုယ်သင် ဇာသူဟု ထင်မှတ်နိန်သနည်း” ဟု မိန်းကြ၏။
53 És maior do que Abraão, o nosso pai, que morreu? Também os profetas morreram. Quem, pois, te fazes ser?
54 ယေသျှုကလည်း “ငါသည် ကိုယ့်ကိုကိုယ် ချီးမြှောက်သည်ဆိုလျှင် ငါ၏ဘုန်းသည် အလာကားပင်ဖြစ်၏။ ငါ့ကို ချီမြှောက်သူကား ငါ့ခမည်းတော်ဖြစ်၏။ ထိုအသျှင်ကို သင်ရို့သည် ငါရို့၏ ဘုရားသခင် ဟု ဆိုတတ်ကြ၏။
54 Respondeu Jesus: Se eu me glorifico a mim mesmo, a minha glória nada é; quem me glorifica é meu Pai, o qual vós dizeis que é vosso Deus.
55 ယေဒါလည်း ထိုဘုရားသခင်ကို သင်ရို့ လုံးဝ မသိကြသော်လည်း ငါမူကား သိ၏။ အကယ်၍ ငါမသိဟု ဆိုလျှင် ငါသည် သင်ရို့ကို လိမ်ပြောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားကိုလည်း နားထောင်၏။
55 Entretanto, vós não o tendes conhecido; eu, porém, o conheço. Se eu disser que não o conheço, serei como vós: mentiroso; mas eu o conheço e guardo a sua palavra.
56 သင်ရို့အဖ အဗြဟံသည် ငါကြွလာမည့် အချိန်ကာလကို မြင်ခြင်းငှာ အလိုဟိ၏။ မြင်ရသောခါ၌လည်း ဝမ်းမြောက်ဝမ်းသာ ဟိ၏” ဟု မိန့်တော်မူ၏။
56 Abraão, vosso pai, alegrou-se por ver o meu dia, viu-o e regozijou-se.
57 ယုဒလူရို့ကလည်း “သင်သည် အသက် ငါးဆယ်ပင် မဟိသိမ့်။ သို့ဖြစ်၍ သင်သည် အာဗြဟံကို မြင်ဖူးသလော” ဟု ဆိုကြ၏။
57 Perguntaram-lhe, pois, os judeus: Ainda não tens cinquenta anos e viste Abraão?
58 ယေသျှုက “ငါ အမှန်ဆိုသည်ကား၊ အာဗြဟံ မမွီးဖွားခင် ငါဟိ၏” ဟု မိန့်တော်မူ၏။
58 Respondeu-lhes Jesus: Em verdade, em verdade eu vos digo: antes que Abraão existisse,
59 ထိုအခါ သူရို့သည် ကိုယ်တော့်အား ပစ်ရန် ကျောက်ခဲများကို ကောက်ယူကြ၏။ သို့သော်လည်း ယေသျှုသည် တိမ်းယှောင်၍ ဗိမာန်တော်မှ ထွက်လားတော်မူ၏။
59 Então, pegaram em pedras para atirarem nele; mas Jesus se ocultou e saiu do templo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.