João 6

rki (RKI) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထိုသို့ မိန့်တော်မူပြီးနောက် ယေသျှုကလည်း ဂါလိလဲအိုင် (တိဗေရိအိုင်ဟု လည်းခေါ်ကြ၏) ကို ဖြတ်ကူးတော်မူ၏။
1 Depois disso, Jesus atravessou o lago da Galileia, que também é chamado de Tiberíades.
2 ကြီးစွာသော လူအစုအဝေးရို့သည် နောက်တော်သို့ လိုက်လာကြ၏။ အကြောင်းမူကား သူရို့သည် မကျန်းမာသောသူရို့၌ ကျန်းမာစီခြင်းငှာ ကိုယ်တော်ပြုခသော နိမိတ်လက္ခဏာများကို တွိ့မြင်ခသောကြောင့်ဖြစ်၏။
2 Uma grande multidão o seguia porque eles tinham visto os milagres que Jesus tinha feito, curando os doentes.
3 ယေသျှုသည် တောင်ကုန်းတစ်ခုထက်သို့ တက်၍ တပည့်တော်ရို့နှင့်အတူ ထိုင်တော်မူ၏။
3 Ele subiu um monte e sentou-se ali com os seus discípulos.
4 ထိုအချိန်ကား ယုဒလူမျိုးရို့၏ ပသခါပွဲတော် ကျရောက်မည့်အချိန် ရောက်လုနီးသတည်း။
4 A Páscoa , a festa principal dos judeus, estava perto.
5 ယေသျှုသည် လှည့်ပတ်ကြည့်ပြီး များစွာသော လူပရိသတ်ရို့သည် မိမိထံသို့ လာနိန်ကြသည်ကို မြင်လေ၏။ ထိုအခါ ယေသျှုသည် ဖိလိပ္ပုအား “ဤလူတိအားလုံးအဖို့ လုံလောက်အောင် ကျွေးခြင်းငှာ အစားအစာများကို ဇာမှာ ဝယ်လို့ ရပါဖို့လဲ” ဟု မိန်းတော်မူ၏။
5 Jesus olhou em volta de si e viu que uma grande multidão estava chegando perto dele. Então disse a Filipe:
6 ဤသို့ မိန်းရခြင်းမှာ ဖိလိပ္ပုအား အကဲခက်လိုသောကြောင့်ဖြစ်၏။ ယေသျှုက မိမိမည်သို့ ပြုရမည်ကို သိထားပြီး ဖြစ်၏။
6 Ele sabia muito bem o que ia fazer, mas disse isso para ver qual seria a resposta de Filipe.
7 ဖိလိပ္ပုကလည်း “လူတစ်ယောက်စီကို အစားအစာ တစိကေချေလောက်သာ ပီးမည်ဆိုလျှင်ပင် ငွီဒင်္ဂါးပြား ၂၀၀ အဖိုးနှင့် မလောက်ပါ” ဟု လျှောက်လေ၏။
7 Filipe respondeu assim: — Para cada pessoa poder receber um pouco de pão, nós precisaríamos gastar mais de duzentas moedas de prata .
8 ကိုယ်တော်၏ တပည့်တော်ထဲမှ တစ်ယောက်ဖြစ်သော သျှိမုန်ပေတရု၏ညီ အန္ဒြေကလည်း၊
8 Então um dos discípulos, André, irmão de Simão Pedro, disse:
9 “မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဟိသော အသျှေတစ်ယောက် ဤမှာ ဟိပါ၏။ သို့ရာတွင် ထိုမုန့်နှင့် ငါးများသည် ဤလူအားလုံးအတွက်မူ မလုံလောက်ပါ” ဟု လျှောက်လေ၏။
9 — Está aqui um menino que tem cinco pães de cevada e dois peixinhos. Mas o que é isso para tanta gente?
10 ယေသျှုကလည်း “လူတိကို ထိုင်ခိုင်းကြလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။ ထိုနီရာ၌ မြက်ပင်ထူထပ်လျက်ဟိ၏။ ထို့ကြောင့် ၅,၀၀၀ လောက်ဟိသော ယောက်ျားရို့သည် ထိုနီရာ၌ ထိုင်ကြ၏။
10 Jesus disse: Então todos se sentaram. (Havia muita grama naquele lugar.) Estavam ali quase cinco mil homens.
11 ထို့နောက် ယေသျှုသည် မုန့်ကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ ထိုင်နိန်သော လူအပေါင်းရို့အား ဝီငှပီးတော်မူ၏။ ထိုနည်းတူ ကိုယ်တော်သည် ငါးကိုယူ၍ ဝီငှပီးပြီးလျှင် လူအပေါင်းရို့သည် ဝလင့်စွာစားကြ၏။
11 Em seguida Jesus pegou os pães, deu graças a Deus e os repartiu com todos; e fez o mesmo com os peixes. E todos comeram à vontade.
12 ထိုသို့ လူရို့သည် ဝလင့်စွာစားကြပြီးနောက် ကိုယ်တော်သည် တပည့်တော်ရို့အား “စားကြွင်းစားကျန်များ အလေအလွင့် မဖြစ်စီခြင်းငှာ စုသိမ်းကြလော့” ဟု မိန့်တော်မူ၏။
12 Quando já estavam satisfeitos, ele disse aos discípulos:
13 ထို့ကြောင့် လူအပေါင်းရို့က ဝလင့်စွာစားကြပြီး တပည့်တော်ရို့သည် မုယောမုန့်ငါးလုံးမှ စားကြွင်းစားကျန်တိကို စုသိမ်းကြရာတွင် တောင်းဖြင့် ဆယ့်နှစ်တောင်း အပြည့်ရလေ၏။
13 Eles ajuntaram os pedaços e encheram doze cestos com o que sobrou dos cinco pães.
14 ယေသျှုပြုတော်မူသော နိမိတ်လက္ခဏာကို မြင်သောသူအပေါင်းရို့က “ဤသူသည် ဤလောကသို့ ကြွလာသော စစ်မှန်သော ပရောဖက်ဖြစ်၏” ဟု ဆိုကြ၏။
14 Os que viram esse milagre de Jesus disseram: — De fato, este é o
15 ယေသျှုက လူအပေါင်းရို့သည် လာ၍ မိမိအား အတင်းခေါ်ဆောင်ကာ သျှင်ဘုရင် မြှောက်ကြလိမ့်မည်ကို သိတော်မူသဖြင့် တစ်ကိုယ်တည်း တောင်ထက်သို့ ကြွတော်မူ။
15 Jesus ficou sabendo que queriam levá-lo à força para o fazerem rei; então voltou sozinho para o monte.
16 ညချမ်းချိန် ရောက်သောအခါ ယေသျှု၏ တပည့်တော်ရို့သည် ဂါလိလဲအိုင်သို့ ဆင်းလားတော်မူ၏။
16 De tardinha, os discípulos de Jesus desceram até o lago.
17 လောင်းထက်သို့ တက်ကြပြီးလျှင် အိုင်ကိုဖြတ်၍ ကပေရနောင်မြို့သို့ ပြန်လားကြ၏။ ညအချိန် ရောက်လာသော်လည်း ယေသျှုသည် တပည့်တော်ရို့ပါးသို့ မကြွလာသိမ့်။
17 Subiram num barco e começaram a atravessar o lago na direção da cidade de Cafarnaum. Quando já estava escuro, Jesus ainda não tinha vindo se encontrar com eles.
18 ထိုအချိန်၌ လီပြင်းတိုက်သောကြောင့် အိုင်တွင် လှိုင်းထလာ၏။
18 De repente, um vento forte começou a soprar e a levantar as ondas.
19 တပည့်တော်ရို့သည် သုံး၊ လေးမိုင်ခန့် လှော်ခတ်ပြီးသောအခါ ယေသျှုသည် ရီထက်တွင် စက်တော်ဖြန့်၍ လောင်းအနားသို့ ကြွလာသည်ကို မြင်ကြသောကြောင့် သူရို့သည် ကြောက်လန့်ကြ၏။
19 Os discípulos já tinham remado uns cinco ou seis quilômetros, quando viram Jesus andando em cima da água e chegando perto do barco. E ficaram com muito medo.
20 ထိုအခါ ယေသျှုက “မကြောက်ကတ်ကေ့၊ ငါပင်ဖြစ်၏” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
20 Mas Jesus disse:
21 ထိုအခါ သူရို့သည် ဝမ်းမြောက်စွာဖြင့် ကိုယ်တော့်ကို လောင်းထက်သို့ တက်စီကြပြီးနောက် တစ်ခဏချင်းတွင် လောင်းသည် မိမိရို့ ခရီးဦးတည်ရာ ကမ်းခြီသို့ ရောက်လေ၏။
21 Então eles o receberam com prazer no barco e logo chegaram ao lugar para onde estavam indo.
22 နောက်တစ်နိ့တွင် အိုင်တစ်ဖက်ကမ်း၌ ကျန်ခသော လူပရိသတ်ရို့သည် ထိုအရပ်၌ လောင်းတစ်စီးသာ ဟိခသည်ကို သတိရကြ၏။ ယေသျှုသည် ထိုလောင်း၌ လိုက်ပါတော်မမူဘဲ တပည့်တော်ရို့သာ လားကြကြောင်းကို သိကြ၏။
22 No dia seguinte a multidão que estava no lado leste do lago viu que ali só havia um barco pequeno. Sabiam que Jesus não tinha embarcado com os discípulos, pois estes haviam saído sozinhos.
23 သို့ရာတွင် တိဗေရိမြို့မှလာသော လောင်းအချို့ကား သခင်ဘုရားသည် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူအပေါင်းရို့ကို ကျွေးခသော အရပ်နားသို့ ရောက်လာကြ၏။
23 Enquanto isso, outros barcos chegaram da cidade de Tiberíades e encostaram perto do lugar onde a multidão tinha comido pão depois de o Senhor Jesus ter dado graças.
24 လူအစုအဝေးရို့သည် ထိုအရပ်၌ ယေသျှုနှင့် တပည့်တော်တိကို မတွိ့ကြသောအခါ ထိုလောင်းများထက်၌ တက်၍ ကိုယ်တော့်ကို ရှာခြင်းငှာ ကပေရနောင်မြို့သို့ လားကြ၏။
24 Quando viram que Jesus e os seus discípulos não estavam ali, subiram nos barcos e saíram para Cafarnaum a fim de procurá-lo.
25 လူအပေါင်းရို့သည် အိုင်တစ်ဖက် ကမ်း၌ ယေသျှုကို တွိ့မြင်ကြသောအခါ သူရို့က “ဆရာ၊ ဇာအချိန်ကပင် ဤအရပ်သို့ ကြွလာတော်မူသနည်း” ဟု မိန်းလျှောက်ကြ၏။
25 A multidão encontrou Jesus no lado oeste do lago, e perguntaram a ele: — Mestre, quando foi que o senhor chegou aqui?
26 ယေသျှုလည်း “သင်ရို့အား ငါအမှန်ဆိုသည်ကား၊ သင်ရို့သည် ငါ့ကို ရှာကြသည်မှာ ငါပြသော နိမိတ်လက္ခဏာများကို နားလည်၍ မဟုတ်ဘဲ သင်ရို့လိုသမျှသော အစားအစာကို ဝစွာစားရသောကြောင့်ဖြစ်၏။
26 Jesus respondeu:
27 ပုပ်ပျက်တတ်သော အစားအစာဖို့ မလုပ်ဆောင်ကတ်ကေ့။ သို့သော် လူသားသည် သင်ရို့အား ပီးတော်မူမည့် ထာဝရအသက်ကို ရစီနိုင်ခြင်းငှာ မပုပ်ပျက်တတ်သော အစာအဖို့သာ လုပ်ဆောင်ကြလော့။ အကြောင်းမူကား အဖဘုရားသခင်သည် လူသားအား တံဆိပ်ခတ်ထားသောသူဖြစ်၏” ဟု မိန့်တော်မူ၏။
27 Não trabalhem a fim de conseguir a comida que se estraga, mas a fim de conseguir a comida que dura para a vida eterna. O
28 ထို့ကြောင့် သူရို့ကလည်း ကိုယ်တော့်ကို “အကျွန်ရို့သည် ဘုရားသခင် အလိုတော်ဟိသော အရာကို ဆောင်ရွက်နိုင်စီခြင်းငှာ ဇာပိုင် ပြုရပါမည်နည်း” ဟု မိန်းလျှောက်ကြ၏။
28 — O que é que Deus quer que a gente faça? — perguntaram eles.
29 ယေသျှုကလည်း “ဘုရားသခင် အလိုဟိတော်မူသည့် အရာကား ထိုအသျှင် စီရွှတ်တော်မူသောသူကို ယုံကြည်ရန်ဖြစ်၏” ဟု မိန့်တော်မူ၏။
29 — Ele quer que vocês creiam naquele que ele enviou! — respondeu Jesus.
30 သူရို့ကလည်း “အကျွန်ရို့သည် ကိုယ့်မျက်စိနှင့် မြင်၍ ကိုယ်တော့်ကို ယုံကြည်နိုင်စီခြင်းငှာ ဇာနိမိတ်လက္ခဏာကို ပြပါမည်နည်း။ ဇာအမှုကို ကိုယ်တော်သည် ပြုပါမည်နည်း။
30 Eles disseram: — Que milagre o senhor vai fazer para a gente ver e crer no senhor? O que é que o senhor pode fazer?
31 ကျမ်းစာလာသည်ကား၊ ‘ကိုယ်တော်သည် ထိုသူရို့၏ စားစာရာအဖို့ ကောင်းကင်မှ မုန့်ကို ချပီးတော်မူ၏’ ဟု ဆိုသည့်အတိုင်း အကျွန်ရို့၏ အဖိုးအဖီးများသည် တောကန္တာရ၌ မန္နမုန့်ကို စားကြရပါ၏” ဟု လျှောက်ကြ၏။
31 Os nossos antepassados comeram o maná no deserto, como dizem as Escrituras Sagradas : “Do céu ele deu pão para eles comerem.”
32 ယေသျှုကလည်း၊ “ငါအမှန်ဆိုသည်ကား၊ သင်ရို့အား မောသျှေ ပီးသောမုန့်သည် ကောင်းကင်မှ လာသည် မဟုတ်။ ငါ၏ခမည်းတော်သည် သင်ရို့အား ကောင်းကင်မှ စစ်မှန်သောမုန့်ကို ပီးတော်မူ၏။
32 Jesus disse:
33 ဘုရားသခင် ပီးတော်မူသော ထိုမုန့်ကား ကောင်းကင်ဘုံမှ ဆင်းသက်၍ ဤလောကီသားအား အသက်ကို ပီးသောသူဖြစ်၏” ဟု မိန့်တော်မူ၏။
33 Porque o pão que Deus dá é aquele que desce do céu e dá vida ao mundo.
34 ထိုသူရို့ကလည်း “ဆရာ၊ ထိုမုန့်ကို အကျွန်ရို့အား အစဉ်အမြဲ ပီးတော်မူပါ” ဟု ကိုယ်တော်ထံ တောင်းကြ၏။
34 — Queremos que o senhor nos dê sempre desse pão! — pediram eles.
35 ယေသျှုကလည်း ထိုသူရို့အား “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် ဇာခါမျှ ဆာမွတ်လိမ့်မည် မဟုတ်။ ငါ့ကို ယုံကြည်သောသူသည် တဖန် ဇာခါမျှ ရီငတ်လိမ့်မည် မဟုတ်။
35 Jesus respondeu:
36 သင်ရို့ကို ငါပြောနိန်စဉ် သင်ရို့သည် ငါ့ကိုမြင်၏။ သို့သော် ငါ့ကို ယုံကြည်လိမ့်မည် မဟုတ်။
36 Mas eu já disse que vocês não creem em mim, embora estejam me vendo.
37 ငါ၏ခမည်းတော်က ငါ့အား ပီးတော်မူသော သူတိုင်းသည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါသည်လည်း ငါ့ပါးသို့ လာသောသူကို ကြောခိုင်း၍မထား။
37 Todos aqueles que o Pai me dá virão a mim; e de modo nenhum jogarei fora aqueles que vierem a mim.
38 အကြောင်းမူကား၊ ကောင်းကင်မှ ငါ ကြွလာခြင်းသည် ကိုယ့်အလိုအတိုင်း လုပ်ဆောင်ခြင်းငှာ ငါ ကြွလာသည် မဟုတ်။ သို့သော် ငါ့ကို စီရွှတ်တော်မူသော သူ၏အလိုအတိုင်း လုပ်ဆောင်ခြင်းငှာ ကြွလာခြင်းဖြစ်၏။
38 Pois eu desci do céu para fazer a vontade daquele que me enviou e não para fazer a minha própria vontade.
39 ငါ့ကို စီရွှတ်တော်မူသော သူ၏အလိုတော်ကား၊ ငါ့အား ထိုအသျှင် ပီးအပ်ထားသော သူအပေါင်းရို့သည် ဆုံးယှုံးခြင်းသို့ မရောက်စီဘဲ နောက်ဆုံးသောနိ့၌ ရှင်ပြန်ထမြောက်စီခြင်းငှာ ဖြစ်၏။
39 E a vontade de quem me enviou é esta: que nenhum daqueles que o Pai me deu se perca, mas que eu ressuscite todos no último dia.
40 သားတော်ကို မြင်တွိ့၍ ယုံကြည်သောသူ အပေါင်းရို့သည် ထာဝရအသက်ကို ရစီခြင်းငှာ ခမည်းတော်သည် အလိုဟိ၏။ ငါသည်လည်း နောက်ဆုံးသောနိ့၌ ထိုသူရို့အား သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်” ဟု မိန့်တော်မူ၏။
40 Pois a vontade do meu Pai é que todos os que veem o Filho e creem nele tenham a vida eterna; e no último dia eu os ressuscitarei.
41 ထိုအခါ ယုဒလူရို့သည် ကိုယ်တော့်ကို ညည်းညူကြ၏။ အကြောင်းမူကား ကိုယ်တော်က၊ “ငါသည် ကောင်းကင်မှ ဆင်းကြွလာသော မုန့်ဖြစ်သည်” ဟု ဆိုသောကြောင့်ဖြစ်၏။
41 Eles começaram a criticar Jesus porque ele tinha dito: “Eu sou o pão que desceu do céu.”
42 ထိုသူရို့က၊ “ဤသူသည် ယောသပ်၏သား ယေသျှုဖြစ်သည် မဟုတ်လော၊ သူ့အမိနှင့်အဖကို ငါရို့သိကြ၏။ သို့ဖြစ်ပါလျက် ‘ငါသည် ကောင်းကင်ဘုံမှ ဆင်းကြွလာသည်’ ဟု ဆိုရသလော” ဟု ပြောဆိုကြ၏။
42 E diziam: — Este não é Jesus, filho de José? Por acaso nós não conhecemos o pai e a mãe dele? Como é que agora ele diz que desceu do céu?
43 ထိုအခါ ယေသျှုက “သင်ရို့ အချင်းချင်း ညည်းညူမနိန်ကတ်ကေ့။
43 Jesus respondeu:
44 ခမည်းတော်သည် လူတိကို ငါ့ထံသို့ မပို့ဆောင်လျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်။ ငါသည်လည်း ထိုသူရို့အား နောက်ဆုံးသောနိ့၌ ရှင်ပြန်ထမြောက်စီမည်။
44 Só poderão vir a mim aqueles que forem trazidos pelo Pai, que me enviou, e eu os ressuscitarei no último dia.
45 ပရောဖက်ကျမ်းများ၌ လာသည်ကား၊ ‘ထိုသူအပေါင်းရို့သည် ဘုရားသခင်၏ သွန်သင်တော်မူချက်ကို ခံရလိမ့်မည်’ ဟူ၍ ဖြစ်၏။ ထို့ကြောင့် ခမည်းတော်၏ မိန့်တော်မူသောစကားကို ကြား၍ သင်ယူသောသူ အပေါင်းရို့သည် ငါ့ထံသို့ လာကြ၏။
45 Nos
46 ဤသို့ဆိုရာတွင် ဘုရားသခင်ထံမှ ကြွလာသောသူမှတစ်ပါး ခမည်းတော်ကို မြင်ဖူးသောသူ တစ်စုံတစ်ယောက်ဟိသည်ဟု ငါမဆို။ ဘုရားသခင်ထံမှ ကြွလာသောသူသာလျှင် ခမည်းတော်ကို မြင်ဖူးသောသူ ဖြစ်၏။
46 Isso não quer dizer que alguém já tenha visto o Pai, a não ser aquele que vem de Deus; ele já viu o Pai.
47 သင်ရို့အား ငါအမှန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။
47 — Eu afirmo a vocês que isto é verdade: quem crê tem a vida eterna.
48 ငါသည် အသက်မုန့်ဖြစ်၏။
48 Eu sou o pão da vida.
49 သင်ရို့၏ အဖိုးအဖီးရို့သည် တောကန္တာရ၌ မန္နမုန့်ကို စားခကြ၏။ သို့သော်လည်း သူရို့သည် သီဆုံးလားခရ၏။
49 Os antepassados de vocês comeram o maná no deserto, mas morreram.
50 သို့သော် ကောင်းကင်ဘုံမှ ဆင်းသက်လာသောမုန့်ကို စားသောသူမည်သည်ကား သီဆုံးရလိမ့်မည် မဟုတ်။
50 Aqui está o pão que desce do céu; e quem comer desse pão nunca morrerá.
51 ငါသည် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူသော အသက်ရှင်သော မုန့်ဖြစ်၏။ သင်ရို့သည် ထိုမုန့်ကို စားလျှင် ထာဝရ အသက်ရှင်လိမ့်မည်။ လောကသားရို့သည် အသက်ရှင်နိုင်မည့်အကြောင်း ငါပီးသောမုန့် ဟူမူကား ငါ၏အသွီးအသားပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
51 Eu sou o pão vivo que desceu do céu. Se alguém comer desse pão, viverá para sempre. E o pão que eu darei para que o mundo tenha vida é a minha carne.
52 ထို့နောက် ယုဒလူရို့က “ဤသူသည် ငါရို့စားဖို့ သူ၏အသားကို ဇာပိုင် ပီးနိုင်ပါမည်နည်း” ဟု အချင်းချင်း ပြင်းစွာ စတင်ငြင်းခုံကြ၏။
52 Aí eles começaram a discutir entre si. E perguntavam: — Como é que este homem pode dar a sua própria carne para a gente comer?
53 ယေသျှုသည်လည်း ထိုသူရို့အား “ငါအမှန်ဆိုသည်ကား၊ သင်ရို့သည် လူသား၏ အသားကို မစား၊ အသွီးကို မသောက်ကြလျှင် သင်ရို့၌ အသက်မဟိ။
53 Então Jesus disse:
54 ငါ့အသားကိုစား၍ ငါ့အသွီးကို သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း ထိုသူရို့ကို နောက်ဆုံးသောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်။
54 Quem come a minha carne e bebe o meu sangue tem a vida eterna, e eu o ressuscitarei no último dia.
55 ငါ့အသားသည် စစ်မှန်သောစားစရာ ဖြစ်၏။ ငါ၏အသွီးသည်လည်း စစ်မှန်သော သောက်စာရာ ဖြစ်ပေ၏။
55 Pois a minha carne é a comida verdadeira, e o meu sangue é a bebida verdadeira.
56 ငါ့အသားကို စား၍၊ ငါ့အသွီးကို သောက်သောသူသည် ငါ၌ တည်၏။ ငါသည်လည်း ထိုသူ၌ တည်၏။
56 Quem come a minha carne e bebe o meu sangue vive em mim, e eu vivo nele.
57 အသက်ရှင်သော ခမည်းတော်သည် ငါ့အား စီရွှတ်တော်မူ၏။ ငါသည်လည်း ခမည်းတော်အားဖြင့် အသက်ရှင်၏။ ထိုနည်းတူ ငါ၏အသွီးကို သောက်၍ အသားကို စားသောသူရို့သည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
57 O Pai, que tem a vida, foi quem me enviou, e por causa dele eu tenho a vida. Assim, também, quem se alimenta de mim terá vida por minha causa.
58 ထို့ကြောင့် ဤမုန့်သည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏။ သင်ရို့၏ အဖိုးအဖီးရို့သည် စားပြီး သီဆုံးလားသော မုန့်မျိုး မဟုတ်။ သို့သော် ဤမုန့်ကို စားသောသူသည် ထာဝရ အသက်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။
58 Este é o pão que desceu do céu. Não é como o pão que os antepassados de vocês comeram e mesmo assim morreram. Quem come deste pão viverá para sempre.
59 ယေသျှုသည် ကပေရနောင်မြို့၌ဟိသော တရားဇရပ်တွင် ဟောပြောသွန်သင်စဉ် ဤဩဝါဒများကို ပီးတော်မူ၏။
59 Jesus disse isso quando estava ensinando na sinagoga de Cafarnaum.
60 ထိုသွန်သင်ချက်များကို ကိုယ်တော်၏ တပည့်တော်ရို့သည် ကြားကြလျှင် “ဤသွန်သင်ချက်ရို့သည် ခက်ခဲလွန်းသောကြောင့် ဇာသူ လိုက်နာနိုင်ပါမည်နည်း” ဟု ပြောဆိုကြ၏။
60 Muitos seguidores de Jesus ouviram isso e reclamaram: — O que ele ensina é muito difícil! Quem pode aceitar esses ensinamentos?
61 ထိုသို့ တပည့်တော်တိ ပြောဆိုကြသည်ကို ယေသျှုသည် သိတော်မူသဖြင့် “ဤစကားကြောင့် သင်ရို့ ညည်းညူလျက် နိန်ကြသလော။
61 Não disseram nada a Jesus, mas ele sabia que eles estavam resmungando contra ele. Por isso perguntou:
62 လူသားသည် မိမိ၏ အယင်နီရာသို့ တက်ကြွလားသည်ကို သင်ရို့မြင်တွိ့လျှင် ဇာပိုင် ထင်မှတ်ကြမည်နည်း။
62 E o que aconteceria se vocês vissem o
63 ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် အသက်ကို ပီးနိုင်၏။ လူသားရို့၏ အစွမ်းတန်ခိုးမူကား အသက်ကို မပီးနိုင်။ သင်ရို့အား ငါပြောသောစကားသည် အသက်ရှင်စီသော ထိုဝိညာဉ်တော်နှင့်သာ သက်ဆိုင်၏။
63 O Espírito de Deus é quem dá a vida, mas o ser humano não pode fazer isso. As palavras que eu lhes disse são espírito e vida,
64 သို့သော် သင်ရို့အထဲမှ တချို့သည် မယုံကြည်ကြ” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည်မှာ ယေသျှုသည် မိမိအား မယုံကြည်သော သူများကိုလည်းကောင်း၊ သစ္စာဖောက်မည့်သူကိုလည်းကောင်း အစကတည်းကပင် သိတော်မူပြီးဖြစ်၏။
64 mas mesmo assim alguns de vocês não creem. Jesus disse isso porque já sabia desde o começo quem eram os que não iam crer nele e sabia também quem ia traí-lo.
65 တဖန် ကိုယ်တော်ကလည်း “ဤအကြောင်းကြောင့် သင်ရို့အား ငါဆိုခသည့်အတိုင်း ခမည်းတော်သည် အခွင့်ပီးတော်မမူလျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်” ဟု မိန့်တော်မူ၏။
65 Jesus continuou:
66 ထိုအချိန်မှ စ၍ များစွာသော ယေသျှု၏ နောက်လိုက်ရို့သည် အထံတော်ပါးမှ ဆုတ်ခွါလားကြပြီး ထပ်၍တစ်ကြိမ်တစ်ခါမျှ မလိုက်ကတ်လီယာ။
66 Por causa disso muitos seguidores de Jesus o abandonaram e não o acompanhavam mais.
67 ထို့ကြောင့် ကိုယ်တော်သည် တပည့်တော် တစ်ဆယ့်နှစ်ပါးအား၊ “သင်ရို့သည်လည်း ငါ့ထံမှ ထွက်လားလိုကြသလော” ဟု မိန်းလေ၏။
67 Então ele perguntou aos doze discípulos:
68 ထိုအခါ သျှိမုန်ပေတရု ကလည်း “အသျှင်၊ အကျွန်ရို့ ဇာသူ့ပါးသို့ လားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သော တရားကို ကိုယ်တော် ဟောပါ၏။
68 Simão Pedro respondeu: — Quem é que nós vamos seguir? O senhor tem as palavras que dão vida eterna!
69 ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသော သန့်ယှင်းသောသူ ဖြစ်ကြောင်းကို အကျွန်ရို့သည် ယုံကြည်သောကြောင့် သိကြပါ၏” ဟု လျှောက်လေ၏။
69 E nós cremos e sabemos que o senhor é o Santo que Deus enviou.
70 ထိုအခါ ယေသျှုက၊ “သင်ရို့ တစ်ဆယ့်နှစ်ပါးကို ငါ ရွီးချယ်သည် မဟုတ်သလော။ သို့သော် သင်ရို့၌ မာရ်နတ်တစ်ဦး ဟိ၏” ဟု မိန့်တော်မူ၏။
70 Jesus disse:
71 ကိုယ်တော်သည် သျှိမုန်သျှာကာရုတ်၏သား ယုဒကို ရည်မှတ်၍ ပြောဆိုခြင်းဖြစ်၏။ အကြောင်းမူကား ယုဒသည် တစ်ကျိပ်နှစ်ပါးသော တပည့်တော်တိ အဝင်ဖြစ်သော်လည်း မိမိအား ရန်သူ့လက်သို့ အပ်မည့်အကြောင်းကို သိတော်မူသောကြောင့်ဖြစ်၏။
71 Ele estava falando de Judas, filho de Simão Iscariotes. Pois Judas, embora fosse um dos doze discípulos, ia trair Jesus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.