João 4

rki (RKI) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ယေသျှုသည် ယောဟန်ထက် ပို၍များသောသူရို့ကို တပည့်တော်ဖြစ်စီပြီး ဗတ္တိဇံပီးကြောင်းကို ဖာရိယှဲရို့သည် ကြားသိကြ၏။
1 Os fariseus ouviram dizer que Jesus estava ganhando mais discípulos e batizava mais pessoas do que João.
2 သို့ရာတွင် ယေသျှုသည် မိမိကိုယ်တိုင် ဗတ္တိဇံကို ပီးသည် မဟုတ်။ တပည့်တော်တိကသာ လုပ်ဆောင်ကြခြင်းဖြစ်၏။
2 (De fato, não era Jesus quem batizava, e sim os seus discípulos.)
3 ယေသျှုသည် ကြားတော်မူလျှင် ယုဒပြည်မှထွက်၍ ဂါလိလဲပြည်သို့ ကြွတော်မူ၏၊
3 Quando Jesus ficou sabendo disso, saiu da Judeia e voltou para a Galileia.
4 လမ်းခရီး၌ ယှာမာရိပြည်ကို ဖြတ်၍လားရ၏။
4 No caminho, ele tinha de passar pela região da Samaria.
5 ထို့ကြောင့် ယှာမာရိပြည်၌ ယှုခါ အမည်ဟိသောမြို့သို့ ရောက်တော်မူ၏။ ထိုမြို့ကား ယာကုပ်သည် မိမိ၏သား ယောသပ်အား ပီးသော မြီကွက်အနားတွင် တည်ဟိ၏။
5 Ele chegou a uma cidade da Samaria, chamada Sicar, que ficava perto das terras que Jacó tinha dado ao seu filho José.
6 ယာကုပ်၏ ရီတွင်းလည်း ထိုအရပ်၌ဟိ၏။ ယေသျှုသည် ခရီးပန်းသောကြောင့် ရီတွင်းအနား၌ ထိုင်တော်မူ၏။ ထိုအချိန်ကား နီမွန်းတည့် အချိန်၌ဖြစ်၏။
6 Ali ficava o poço de Jacó. Era mais ou menos meio-dia quando Jesus, cansado da viagem, sentou-se perto do poço.
7 ယှာမာရိ မိန်းမတစ်ယောက်သည် ရီခပ်ခြင်းငှာ လာ၏။ ယေသျှုကလည်း ထိုမိန်းမအား “ငါ သောက်ဖို့ ရီတစ်ခွက် ပီးလော့” ဟု မိန့်တော်မူ၏။
7 Uma mulher samaritana veio tirar água, e Jesus lhe disse:
8 ကိုယ်တော်၏ တပည့်တော်တိကား စားစရာဝယ်ခြင်းငှာ မြို့ထဲသို့ လားနိန်ခိုက်ဖြစ်၏။
8 (Os discípulos de Jesus tinham ido até a cidade comprar comida.)
9 မိန်းမကလည်း “သင်ကား ယုဒလူမျိုးတစ်ယောက် ဖြစ်၏။ အကျွန်ကား ယှာမာရိ လူမျိုးတစ်ယောက်ဖြစ်၏။ သို့ပင်သျှောင် ဇာအတွက်နှင့် အကျွန့်ပါးမှာ သောက်ဖို့ရီကို တောင်းရသနည်း” ဟုဆို၏။ အကြောင်းမူကား ယုဒလူမျိုးသည် ယှာမာရိလူမျိုး သုံးသော ရီခွက်၊ ဇလုံများကို အတူတကွ အသုံးမပြုကြပေ။
9 A mulher respondeu: — O senhor é judeu, e eu sou samaritana. Então como é que o senhor me pede água? (Ela disse isso porque os judeus não se dão com os samaritanos.)
10 ယေသျှုကလည်း “ဘုရားသခင်ပီးသော အရာတိကိုလည်းကောင်း၊ သင့်ပါးမှ ရီသောက်ဖို့ တောင်းသောသူကိုလည်းကောင်း သိလျှင် သင်သည် ထိုသူပါးက တောင်းလိမ့်မည်၊ ထိုသူလည်း သင့်ကို အသက်ရီကို ပီးလိမ့်မည်” ဟု မိန့်တော်မူ၏။
10 Então Jesus disse:
11 မိန်းမက “ဆရာ၊ သင့်မှာ ရီဆွဲပုံးလည်း မဟိ။ ရီတွင်းကလည်း နက်၏။ သင်သည် အသက်ရီကို ဇာကနိန် ရနိုင်ပါမည်နည်း။
11 Ela respondeu: — O senhor não tem balde para tirar água, e o poço é fundo. Como é que vai conseguir essa água da vida?
12 ဤရီတွင်းကား အကျွန်ရို့ အဖိုးအဖီးဖြစ်သော ယာကုပ်က အကျွန်ရို့ကို ပီးထားခသည့် ရီတွင်းဖြစ်၏။ သူနှင့် သူ၏သားသမီးများနှင့် သိုးတိရစ္ဆာန်အားလုံးသည် ဤက ရီကိုသောက်ကြ၏။ သင်သည် အကျွန်ရို့အဖိုးအဖီးဖြစ်သူ ယာကုပ်ထက် ကြီးမြတ်ပါသလော” ဟု မိန်းလေ၏။
12 Nosso antepassado Jacó nos deu este poço. Ele, os seus filhos e os seus animais beberam água daqui. Será que o senhor é mais importante do que Jacó?
13 ယေသျှုကလည်း “ဤရီကို သောက်သောသူတိုင်း တဖန် ရီဆာဖို့သိမ့်။
13 Então Jesus disse:
14 သို့သော်လည်း ငါ ပီးသောရီကို သောက်သောသူကား နောက်တဖန် ရီမမွတ်ယာ။ ထိုရီသည် ထိုသူရို့၏ အထဲ၌ အသက်စမ်းရီဖြစ်စီပြီး ထာဝရအသက်ကိုလည်း ပီးလိမ့်မည်” ဟု မိန့်တော်မူ၏။
14 mas a pessoa que beber da água que eu lhe der nunca mais terá sede. Porque a água que eu lhe der se tornará nela uma fonte de água que dará vida eterna.
15 ထိုမိန်းမကလည်း “အသျှင်၊ ထိုရီကို အကျွန်အား ပီးပါ။ ထိုမှသာ အကျွန်သည် ရီမွတ်ခြင်းနှင့် ကင်းလွတ်လိမ့်မည်။ ထိုသို့ မဟုတ်လျှင် အကျွန်သည် ဤနီရာသို့ လာ၍ ရီခပ်နိန်ရမည်” ဟု ဆို၏။
15 Então a mulher pediu: — Por favor, me dê dessa água! Assim eu nunca mais terei sede e não precisarei mais vir aqui buscar água.
16 ယေသျှုသည် သူမအား “လား၍ သင်၏လင်ကို ခေါ်လာလော့” ဟု မိန့်တော်မူ၏။
16 — Vá chamar o seu marido e volte aqui! — ordenou Jesus.
17 ထိုမိန်းမကလည်း “အကျွန့်မှာ လင်မဟိပါ” ဟု လျှောက်လေ၏။
17 — Eu não tenho marido! — respondeu a mulher. Então Jesus disse:
18 သင်သည် ယောက်ျားငါးယောက်နှင့် အိမ်ထောင်ပြုခဖူးယာ။ အဂု သင်နှင့်နီသော သူလည်း သင်၏ လင် မဟုတ်။ သင်သည် မှန်သောစကားကို ငါ့အား ပြောယာ” ဟု မိန့်တော်မူ၏။
18 pois já teve cinco, e este que você tem agora não é, de fato, seu marido. Sim, você falou a verdade.
19 ထိုမိန်းမက “အသျှင်၊ သင်သည် ပရောဖက်တစ်ပါးဖြစ်သည်ကို အကျွန် သိမြင်ပါ၏။
19 A mulher respondeu: — Agora eu sei que o senhor é um
20 အကျွန်ရို့ အဖိုးအဖီးတိက ဘုရားသခင်ကို တောင်ထက်မှာသာ ကိုးကွယ်ကြ၏။ သို့ရာတွင် အသျှင်ရို့ ယုဒလူမျိုးတိက ‘ယေရုဆလင်မြို့၌သာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရမည်’ ဟူ၍ ဆိုကြပါ၏” ဟု ဆို၏။
20 Os nossos antepassados adoravam a Deus neste monte , mas vocês, judeus, dizem que Jerusalém é o lugar onde devemos adorá-lo.
21 ယေသျှုက “အသင် မိန်းမ၊ ငါ့ကို ယုံကြည်လော့။ ဤတောင်သို့မလာ၊ ယေရုဆလင်မြို့၌ မဟုတ်ဘဲ၊ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန် ရောက်လာလိမ့်မည်။
21 Jesus disse:
22 ယှာမာရိလူမျိုးဖြစ်သော သင်ရို့သည် မိမိရို့ မသိသောဘုရားကို ကိုးကွယ်ကြ၏။ သို့သော်လည်း ငါရို့ယုဒလူမျိုးတိက မိမိရို့ ကိုးကွယ်သောဘုရားကို သိကျွမ်းကြ၏။ အကြောင်းမူကား ကယ်တင်ခြင်းသည် ယုဒလူမျိုးပါးမှ ဆင်းသက်လာသောကြောင့် ဖြစ်၏။
22 Vocês, samaritanos, não sabem o que adoram, mas nós sabemos o que adoramos porque a salvação vem dos judeus.
23 သို့ပင်သျှောင် ခမည်းတော်ဘုရားအား ကိုးကွယ်သောသူ မှန်သမျှရို့သည် ဝိညာဉ်ဖြင့် လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။ အကြောင်းမူကား ထိုသို့ ကိုးကွယ်သောသူရို့ကို ခမည်းတော်သည် အလိုဟိတော်မူ၏။
23 Mas virá o tempo, e, de fato, já chegou, em que os verdadeiros adoradores vão adorar o Pai em espírito e em verdade. Pois são esses que o Pai quer que o adorem.
24 ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူသည်အတိုင်း ကိုးကွယ်သောသူ မှန်သမျှရို့သည်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်” ဟု ဆို၏။
24 Deus é Espírito, e por isso os que o adoram devem adorá-lo em espírito e em verdade.
25 ထိုမိန်းမကလည်း “မေသျှိယ ကြွလာမည်ကို အကျွန် သိပါ၏။ ထိုအသျှင်ကြွလာသောအခါ အရာခမ်းသိမ်းကို အကျွန်ရို့အား ဖွင့်ပြလိမ့်မည်” ဟု လျှောက်လေ၏။
25 A mulher respondeu: — Eu sei que o
26 ယေသျှုလည်း “ထိုအသျှင်ကား သင်နှင့်စကားပြောနိန်သော ငါပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
26 Então Jesus afirmou:
27 ထိုအချိန်၌ တပည့်တော်ရို့သည် ပြန်ရောက်လာကြရာ ကိုယ်တော်နှင့် ထိုမိန်းမသည် စကားပြောနိန်သည်ကို တွိ့လျှင် လွန်စွာအံ့ဩကြ၏။ သို့သော်လည်း ထိုမိန်းမအား “ဇာအလိုဟိသည်ကိုလည်းကောင်း၊” ကိုယ်တော့်ကို “ထိုမိန်းမနှင့် ဇာကြောင့် စကားပြောတော်မူသည် လည်းကောင်း” ဇာသူမျှ မမိန်းဝံ့ကြပေ။
27 Naquele momento chegaram os seus discípulos e ficaram admirados, pois ele estava conversando com uma mulher. Mas nenhum deles perguntou à mulher o que ela queria. E também não perguntaram a Jesus por que motivo ele estava falando com ela.
28 ထို့နောက် ထိုမိန်းမသည် သူမ၏ရီအိုးကို ထားခပြီးလျှင် မြို့ထဲသို့ ပြန်၍ လူအပေါင်းရို့အား၊
28 Em seguida, a mulher deixou ali o seu pote, voltou até a cidade e disse a todas as pessoas:
29 “အကျွန် ပြုလုပ်ခသောအရာများကို ပြန်ပြောပြနိန်သောသူအား လာ၍ ကြည့်ကြလော့။ ထိုသူသည် မေသျှိယ ဖြစ်နိုင်မည်လော” ဟု ပြောလေ၏။
29 — Venham ver o homem que disse tudo o que eu tenho feito. Será que ele é o Messias?
30 ထို့ကြောင့် လူရို့သည် မြို့မှ ထွက်လာကြကာ ယေသျှုထံပါးသို့ လာကြ၏။
30 Muitas pessoas saíram da cidade e foram para o lugar onde Jesus estava.
31 ထိုအချိန်အတောအတွင်း၌ တပည့်တော်ရို့က “ဆရာ၊ စားစရာတစ်ခုခုကို သုံးဆောင်ပါလော့” ဟု ယေသျှုအား တောင်းပန်လေ၏။
31 Enquanto isso, os discípulos pediam a Jesus: — Mestre, coma alguma coisa!
32 သို့ရာတွင် ကိုယ်တော်က “သင်ရို့ မသိသောအစာကို ငါသုံးဆောင်ပြီးယာ” ဟု မိန့်တော်မူ၏။
32 Jesus respondeu:
33 ထို့ကြောင့် တပည့်တော်ရို့သည် “တစ်စုံတစ်ယောက်က ကိုယ်တော့်အား အစားအစာကို ပီးလှူထားပြီလော” ဟု အချင်းချင်း မိန်းမြန်းကြ၏။
33 Então os discípulos começaram a perguntar uns aos outros: — Será que alguém já trouxe comida para ele?
34 ယေသျှုလည်း “ငါ၏ စားစရာကား၊ ငါ့ကို စီရွှတ်သော အသျှင်၏အလိုတော်ကို နာခံခြင်းနှင့် ထိုအသျှင်က ငါ့ကို ပီးအပ်ထားသော လုပ်ငန်းတာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ခြင်းပင် ဖြစ်၏။
34 — A minha comida — disse Jesus — é fazer a vontade daquele que me enviou e terminar o trabalho que ele me deu para fazer.
35 ‘တဖန်၊ လေးလလွန်လျှင် ကောက်ရိတ်သိမ်းချိန် ရောက်ယာ’ ဟု သင်ရို့က ပြောတတ်ကြ၏။ သို့သော်လည်း သင်ရို့ကို ငါပြောမည်၊ သင်ရို့မျက်စိဖွင့်ပြီး လယ်ပြင်တိကို ကြည့်လိုက်လော့။ ကောက်နှံတိ ဝင်းမှည့်ပြီး ရိတ်သိမ်းခြင်းငှာ အချိန်တန်နိန်ယာ။
35 Vocês costumam dizer: “Daqui a quatro meses teremos a colheita.” Mas olhem e vejam bem os campos: o que foi plantado já está maduro e pronto para a colheita.
36 ကောက်ရိတ်သောသူသည် ရိတ်သိမ်းခကို ယူ၍ ထာဝရအသက်နှင့်ဆိုင်သော သီးနှံများကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသောသူနှင့် ရိတ်သိမ်းသောသူရို့သည် အတူတကွ ဝမ်းမြောက်လိမ့်မည်။
36 Quem colhe recebe o seu salário, e o resultado do seu trabalho é a vida eterna para as pessoas. E assim tanto o que semeia como o que colhe se alegrarão juntos.
37 ‘တစ်ယောက်က စိုက်ပျိုး၍ နောက်တစ်ယောက်က ရိတ်သိမ်းရ၏’ ဟူသော ဆိုရိုးစကားသည် မှန်ကန်လျက်ဟိ၏။
37 Porque é verdade o que dizem: “Um semeia, e outro colhe.”
38 သင်ရို့ မစိုက်ပျိုးသောလယ်၌ ရိတ်သိမ်းခြင်းငှာ သင်ရို့အား ငါစီရွှတ်တော်မူ၏။ ထိုအရပ်၌ အခြားသောသူရို့သည် အလုပ်လုပ်ကြပြီး ထိုသူရို့၏အလုပ်မှ သင်ရို့သည် အကျိုးကို ရကြ၏” ဟု မိန့်တော်မူ၏။
38 Eu mandei vocês colherem onde não trabalharam; outros trabalharam ali, e vocês aproveitaram o trabalho deles.
39 ယှာမာရိမြို့သားအပေါင်းရို့သည် ယေသျှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ထိုယှာမာရိမိန်းမက “သူသည် အကျွန်ပြုခဖူးသမျှသော အမှုအရာများကို အကျွန်အား ပြောပြခပါ၏” ဟု ပြောဆိုသောကြောင့်ဖြစ်၏။
39 Muitos samaritanos daquela cidade creram em Jesus porque a mulher tinha dito: “Ele me disse tudo o que eu tenho feito.”
40 ထို့ကြောင့် ယှာမာရိ မြို့သားအပေါင်းရို့သည် ကိုယ်တော်ထံသို့ ရောက်လာကြသောအခါ မိမိရို့နှင့်အတူ တည်းခိုရန် တောင်းပန်သောကြောင့် ယေသျှုသည်လည်း နှစ်ရက် တည်းနိန်တော်မူလေ၏။
40 Quando os samaritanos chegaram ao lugar onde Jesus estava, pediram a ele que ficasse com eles, e Jesus ficou ali dois dias.
41 များစွာသောလူရို့သည်လည်း ကိုယ်တော်၏ တရားတော်ကြောင့် ယုံကြည်သူများ ဖြစ်လာကြ၏။
41 E muitos outros creram por causa da mensagem dele.
42 ထို့နောက် သူရို့က “အဂု အကျွန်ရို့ ယုံကြည်သည်မှာ သင်၏ ပြောပြခြင်းကြောင့် မဟုတ်၊ အကျွန်ရို့ကိုယ်တိုင် ကြားရပြီးလျှင် ထိုအသျှင်သည် လောက၏ စစ်မှန်သော ကယ်တင်သျှင်ဖြစ်ကြောင်းကို အကျွန်ရို့ သိသောကြောင့်ဖြစ်၏” ဟု ထိုမိန်းမအား ပြောဆိုကြ၏။
42 Eles diziam à mulher: — Agora não é mais por causa do que você disse que nós cremos, mas porque nós mesmos o ouvimos falar. E sabemos que ele é, de fato, o Salvador do mundo.
43 နှစ်ရက်လွန်ပြီးနောက် ယေသျှုသည် ထိုအရပ်မှ ထွက်၍ ဂါလိလဲပြည်သို့ လားလေ၏။
43 Depois de ficar dois dias ali, Jesus foi para a região da Galileia.
44 ယေသျှုကိုယ်တော်တိုင်၊ “ပရောဖက်မည်သည်ကား မိမိနီရင်းပြည်၌ ဂုဏ်အသရေမဟိ” ဟု မိန့်တော်မူ၏။
44 Pois, como ele mesmo disse: “Um profeta não é respeitado na sua própria terra.”
45 ကိုယ်တော်သည် ဂါလိလဲပြည်၌ ရောက်သောအခါ ထိုပြည်သားရို့သည် ကိုယ်တော့်ကို ကြိုဆိုကြ၏။ အကြောင်းမူကား သူရို့သည် ယေရုဆလင်မြို့၌ ပသခါပွဲတော်သို့ လားကြပြီး ထိုပွဲတော်အတွင်း ကိုယ်တော်ပြုခသော အရာခပ်သိမ်းကို တွိ့မြင်ခပြီးသောကြောင့် ဖြစ်၏။
45 Quando chegou à Galileia, os moradores dali o receberam bem. É que eles tinham ido à Festa da Páscoa , em Jerusalém, e tinham visto tudo o que Jesus havia feito lá.
46 ထို့နောက် ယေသျှုသည် ဂါလိလဲပြည် ကာနမြို့သို့ ပြန်ကြွလေ၏။ ထိုနီရာကား ရီကို စပျစ်ရည် ဖြစ်စီသောနီရာ ဖြစ်သတည်း။ ထိုမြို့၌အစိုးရသော အရာဟိတစ်ယောက်၏သားသည် ကပေရနောင်မြို့တွင် ဖျားနာလျက် ဟိ၏။
46 Jesus voltou a Caná da Galileia, onde havia transformado água em vinho. Estava ali um alto funcionário público que morava em Cafarnaum. Ele tinha em casa um filho doente.
47 ယေသျှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွလာတော်မူကြောင်းကို ထိုသူသည် ကြားသိကြသောအခါ ကိုယ်တော်ထံသို့ လာပြီးလျှင် ကပေရနောင်မြို့သို့ ကြွ၍ သီလုနီးပါးဖြစ်နိန်သော မိမိ၏သားကို ကျန်းမာစီခြင်းငှာ တောင်းလျှောက်လေ၏။
47 Quando ouviu dizer que Jesus tinha vindo da Judeia para a Galileia, foi pedir a ele que fosse a Cafarnaum e curasse o seu filho, que estava morrendo.
48 ယေသျှုကလည်း “သင်ရို့သည် နိမိတ်လက္ခဏာနှင့် အံ့ဩဖွယ်များကို မမြင်ရလျှင် ယုံကြည်ကြမည် မဟုတ်” ဟု ထိုသူအား မိန့်တော်မူ၏။
48 Jesus disse ao funcionário:
49 အရာဟိကလည်း “ဆရာ၊ အကျွန့်သား သီဆုံးမလားခင် အကျွန်နှင့်အတူ လိုက်ပါလော့” ဟု ပြန်၍ လျှောက်လေ၏။
49 Ele respondeu: — Senhor, venha depressa, antes que o meu filho morra!
50 ယေသျှုကလည်း “ပြန်လားလော၊ သင်၏သား သက်သာလိမ့်မည်” ဟု ထိုသူအား မိန့်တော်မူ၏။
50 — Volte para casa! O seu filho vai viver! — disse Jesus. Ele creu nas palavras de Jesus e foi embora.
51 ထိုသူသည် အိမ်သို့ ပြန်သောလမ်း၌ မိမိ၏အခိုင်းအစီများနှင့် တွိ့လျှင် “သင်၏သားသည် သက်သာလားယာ” ဟု ပြောကြ၏။
51 No caminho encontrou-se com os seus empregados, que disseram: — O seu filho está vivo!
52 ထိုသူကလည်း အခိုင်းအစီတိကို မိမိသားသည် မည်သည့်အချိန်၌ သက်သာလားသည်ကို မိန်းလေ၏။ ထိုသူရို့ကလည်း “ဖျားနာခြင်းမှ သက်သာလာသည်ကား ညက မွန်းလွဲ တစ်ချက်တီးအချိန်၌ ဖြစ်ပါ၏” ဟု ပြောလေ၏။
52 Então ele perguntou a que horas o filho havia começado a melhorar. Os empregados responderam: — Ontem, à uma da tarde, a febre passou.
53 ထိုအခါ သူငယ်၏ဖခင်သည် မိမိသား၌ ဖြစ်ပျက်သောအချိန်သည် ယေသျှုက “သင့်သားသည် သက်သာလိမ့်မည်” ဟု မိန့်တော်မူသော အချိန်ပင်ဖြစ်ကြောင်းကို သတိရလေ၏။ ထို့ကြောင့် သူနှင့် သူ၏ မိသားစုအားလုံးသည် ယုံကြည်ကြ၏။
53 Aí o pai lembrou que havia sido naquela mesma hora que Jesus tinha dito: “O seu filho vai viver.” Então ele e toda a família creram em Jesus.
54 ဤသည်ကား ယေသျှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွတော်မူပြီးနောက် ဒုတိယအကြိမ် ပြုသော အံ့ဖွယ်နိမိတ်လက္ခဏာပင် ဖြစ်သတည်း။
54 Esse foi o segundo milagre que Jesus fez depois de ter ido da Judeia para a Galileia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.