João 3

rki (RKI) vs VC

Sair da comparação
VC Versão Católica
1 နိကောဒင်ဟု နာမည်ဟိသော ယုဒအမျိုးသား ခေါင်းဆောင်တစ်ယောက်ဟိ၏။ ထိုသူသည် ဖာရိယှဲရို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်၏။
1 Havia um homem entre os fariseus, chamado Nicodemos, príncipe dos judeus.
2 သူသည် ညဉ့်အခါ ကိုယ်တော့်ထံသို့ လာ၍ “ဆရာ၊ ကိုယ်တော်သည် ဘုရားသခင် စီရွှတ်တော်မူသော ဆရာတစ်ပါး ဖြစ်ကြောင်းကို အကျွန်ရို့ သိကြပါ၏။ ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာတိကို ဘုရားသခင်အတူ မပါဟိလျှင် မည်သူမျှ ပြနိုင်မည် မဟုတ်ပါ” ဟု လျှောက်လေ၏။
2 Este foi ter com Jesus, de noite, e disse-lhe: Rabi, sabemos que és um Mestre vindo de Deus. Ninguém pode fazer esses milagres que fazes, se Deus não estiver com ele.
3 ယေသျှုကလည်း “ငါအမှန်ဆိုသည်ကား၊ တဖန် မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ” ဟု မိန့်တော်မူ၏။
3 Jesus replicou-lhe: Em verdade, em verdade te digo: quem não nascer de novo não poderá ver o Reino de Deus.
4 နိကောဒင်ကလည်း “အသက်ကြီးသော သူသည် တဖန် မွီးဖွားခြင်းကို ဇာပိုင် ခံရမည်နည်း။ မိခင်ဝမ်းထဲသို့ တဖန် ဝင်ပြီးလျှင် ဒုတိယအကြိမ် မွီးဖွား၍ မရနိုင်သည်မှာ သေချာပါ၏” ဟု ဆို၏။
4 Nicodemos perguntou-lhe: Como pode um homem renascer, sendo velho? Porventura pode tornar a entrar no seio de sua mãe e nascer pela segunda vez?
5 ယေသျှုကလည်း “သင်ရို့အား ငါအမှန် ဆိုသည်ကား၊ ရီ၌ လည်းကောင်း၊ ဝိညာဉ်တော်၌ လည်းကောင်း မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ။
5 Respondeu Jesus: Em verdade, em verdade te digo: quem não renascer da água e do Espírito não poderá entrar no Reino de Deus.
6 အသွီးအသားအားဖြင့် မွီးဖွားသောသူသည် အသွီးအသားနှင့် ဆိုင်၏။ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသူသည် ဝိညာဉ်နှင့်သာ ဆိုင်၏။
6 O que nasceu da carne é carne, e o que nasceu do Espírito é espírito.
7 လူတိုင်း တဖန် မွီးဖွားခြင်းကို ခံရမည်ဟု ငါ ပြောသည်ကို မအံ့ဩကေ့။
7 Não te maravilhes de que eu te tenha dito: Necessário vos é nascer de novo.
8 လီသည် မိမိ တိုက်လိုရာသို့ တိုက်တတ်၏။ လီ၏အသံကို ကြားရသော်လည်း ဇာအရပ်မှ တိုက်လာသည်ကိုလည်းကောင်း၊ ဇာအရပ်သို့ တိုက်လိမ့်မည်ကိုလည်းကောင်း မသိနိုင်။ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသူသည်လည်း ဤကဲ့သို့ ဖြစ်၏” ဟု မိန့်တော်မူ၏။
8 O vento sopra onde quer; ouves-lhe o ruído, mas não sabes de onde vem, nem para onde vai. Assim acontece com aquele que nasceu do Espírito.
9 နိကောဒင်ကလည်း “ဤအမှုအရာကား ဇာပိုင် ဖြစ်နိုင်မည်နည်း” ဟု မိန်းလေ၏။
9 Replicou Nicodemos: Como se pode fazer isso?
10 ယေသျှုကလည်း “သင်သည် ဣသရေလအမျိုးသားရို့တွင် ဆရာတစ်ပါး ဖြစ်ပါလျက်၊ ဤအကြောင်းအရာကို နားမလည်သလော။
10 Disse Jesus: És doutor em Israel e ignoras estas coisas!...
11 ငါအမှန် ဆိုသည်ကား၊ ငါရို့သည် ကိုယ်တိုင် သိသောအရာများကိုသာ ပြောကြ၏။ ကိုယ်မြင်သော အရာကိုသာ သက်သီခံကြ၏။ သို့သော်လည်း ငါရို့၏ သက်သီခံချက်တိကို သင်ရို့ လက်မခံသိမ့်သလော။
11 Em verdade, em verdade te digo: dizemos o que sabemos e damos testemunho do que vimos, mas não recebeis o nosso testemunho.
12 လောကနှင့် ဆိုင်သောအရာတိကို ငါ ပြောပြသော်လည်း သင်ရို့မယုံ၊ အထက်ကောင်းကင်နှင့် ဆိုင်သောအရာကို ငါ ပြောသော် သင်ရို့ ဇာပိုင် ယုံကြည်နိုင်မည်နည်း။
12 Se vos tenho falado das coisas terrenas e não me credes, como crereis se vos falar das celestiais?
13 ကောင်းကင်ဘုံမှ ကြွဆင်းလာသော လူသားမှတစ်ပါး တစ်စုံတစ်ယောက်မျှ ကောင်းကင်ဘုံသို့ မရောက်ဖူးကြ” ဟု ဆို၏။
13 Ninguém subiu ao céu senão aquele que desceu do céu, o Filho do Homem que está no céu.
14 မောသျှေသည် တောကန္တာရ၌ ကြီးဝါမြွီရုပ်ကို တိုင်ထက်မှာ ဆွဲထားသကဲ့သို့ လူသားသည်လည်း ဆွဲထားခြင်းကို ခံရလိမ့်မည်။
14 Como Moisés levantou a serpente no deserto, assim deve ser levantado o Filho do Homem,
15 အကြောင်းမူကား၊ ထိုသူအား ယုံကြည်သောသူ အပေါင်းရို့သည် ထာဝရအသက်ကို ရစီရန် ဖြစ်၏။
15 para que todo homem que nele crer tenha a vida eterna.
16 ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
16 Com efeito, de tal modo Deus amou o mundo, que lhe deu seu Filho único, para que todo o que nele crer não pereça, mas tenha a vida eterna.
17 ဘုရားသခင်သည် မိမိ၏သားတော်အား လောကသို့ စီရွှတ်တော်မူသည်မှာ အပြစ်စီရင်ခြင်းငှာ မဟုတ်။ လောကသားရို့အား ကယ်တင်ခြင်းငှာ ဖြစ်သတည်း။
17 Pois Deus não enviou o Filho ao mundo para condená-lo, mas para que o mundo seja salvo por ele.
18 ထိုသားတော်ကို ယုံကြည်သောသူ အပေါင်းရို့သည် အပြစ်စီရင်ခြင်းကို မခံရ။ သို့သော်လည်း မယုံကြည်သော သူရို့မူကား ဘုရားသခင်၌ တစ်ပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် အဂုပင် အပြစ်စီရင်ခြင်းကို ခံရလျက်ဟိ၏။
18 Quem nele crê não é condenado, mas quem não crê já está condenado; por que não crê no nome do Filho único de Deus.
19 တရားစီရင်ခြင်းကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကထဲသို့ ကြွလာ၏။ သို့သော် လူတိကား အလင်းထက် အမှောင်ကို သာ၍ နှစ်သက်ကြ၏။ အကြောင်းမူကား သူရို့၏ အကျင့်သီလသည် ဆိုးယုတ်သောကြောင့်ဖြစ်၏။
19 Ora, este é o julgamento: a luz veio ao mundo, mas os homens amaram mais as trevas do que a luz, pois as suas obras eram más.
20 မကောင်းမှုကို ပြုသောသူအပေါင်းရို့သည် အလင်းကို မုန်းကြ၏။ ထိုသူရို့သည် အလင်းသို့ လာကြလိမ့်မည် မဟုတ်။ အကြောင်းမူကား သူရို့၏ မကောင်းသောအကျင့် ပေါ်လားမည်ကို အလိုမဟိကြ။
20 Porquanto todo aquele que faz o mal odeia a luz e não vem para a luz, para que as suas obras não sejam reprovadas.
21 သို့ပင်သျှောင်လည်း သမ္မာတရားကို ကျင့်သောသူရို့မူကား မိမိရို့ကျင့်သော တရားသည် ဘုရားသခင်၏အလိုတော်နှင့် ညီသည်ကို ထင်ရှားစီခြင်းငှာ အလင်းသို့ လာကြ၏ဟု မိန့်တော်မူ၏။
21 Mas aquele que pratica a verdade, vem para a luz. Torna-se assim claro que as suas obras são feitas em Deus.
22 ထိုသို့ မိန့်တော်မူပြီးနောက် ယေသျှုနှင့် တပည့်တော် ရို့သည် ယုဒအရပ်ဒေသသို့ ကြွတော်မူ၏။ ကိုယ်တော်သည် သူရို့နှင့်အတူ ထိုအရပ်၌ နီတော်မူပြီးလျှင် ဗတ္တိဇံမင်္ဂလာကို ပီးလေ၏။
22 Em seguida, foi Jesus com os seus discípulos para os campos da Judéia, e ali se deteve com eles, e batizava.
23 ယောဟန်သည်လည်း ယှာလိန်မြို့နှင့်မဝီးသော အဲနုန်အရပ်တွင် ဗတ္တိဇံပီးလျက် နိန်၏။ အကြောင်းမူကား ထိုအရပ်၌ ရီပေါသီစွာ ဟိသောကြောင့်ဖြစ်၏။ လူအပေါင်းရို့သည် ယောဟန်ပါးသို့ လာကြပြီးလျှင် ဗတ္တိဇံမင်္ဂလာကို ခံယူကြ၏။
23 Também João batizava em Enon, perto de Salim, porque havia ali muita água, e muitos vinham e eram batizados.
24 (ထိုအချိန်၌ ယောဟန်သည် အကျဉ်းမကျသိမ့်ပေ။)
24 Pois João ainda não tinha sido lançado no cárcere.
25 ယောဟန်၏ တပည့်တချို့နှင့် ယုဒလူမျိုးတစ်ယောက်သည် ဘာသာတရားနှင့်ဆိုင်သော သန့်ယှင်းခြင်းအကြောင်းကို ဆွေးနွေးငြင်းခုံနိန်ကြ၏။
25 Ora, surgiu uma discussão entre os discípulos de João e um judeu, a respeito da purificação.
26 ထို့ကြောင့် သူရို့သည် ယောဟန်ပါးသို့ လာ၍ “ဆရာ၊ ယော်ဒန်မြစ် အရှိ့ဖက်ကမ်းမှာ ဆရာနှင့်အတူ နီခဖူးသော သူတစ်ယောက်ကို မှတ်မိပါသလော။ ထိုသူ၏အကြောင်းကို ဆရာပြောပြခဖူး၏။ ထိုသူသည် အဂု လူတိကို ဗတ္တိဇံပီးနိန်ယာ။ လူတိလည်း ထိုသူ့ထံသို့ လားနိန်ကြယာ” ဟု လျှောက်ကြ၏။
26 Foram e disseram-lhe: Mestre, aquele que estava contigo além do Jordão, de quem tu deste testemunho, ei-lo que está batizando e todos vão ter com ele...
27 ယောဟန်ကလည်း “ဘုရားသခင် ပီးတော်မမူလျှင် လူသည် ဇာတစ်ခုကိုမျှ မခံမယူနိုင်။
27 João replicou: Ninguém pode atribuir-se a si mesmo senão o que lhe foi dado do céu.
28 ငါကား မေသျှိယ မဟုတ်။ သို့သော် ထိုအသျှင်၏ ရှိ့ဗြီးသာ ဖြစ်၏။ ထိုသို့ဖြစ်ကြောင်းကို ငါပြောသမျှဖြင့် သင်ရို့ကိုယ်တိုင် ငါ၏ သက်သီခံဖြစ်ကြ၏။
28 Vós mesmos me sois testemunhas de que disse: Eu não sou o Cristo, mas fui enviado diante dele.
29 မင်္ဂလာဆောင်သတို့သမီးကို ပိုင်ဆိုင်သည့်လူကား မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့သား၏ မိတ်ဆွီကား ရပ်လျက် နားထောင်ပြီး နိန်၏။ သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်သကဲ့သို့ ငါသည်လည်း ဝမ်းမြောက်ခြင်းနှင့် ပြည့်လေ၏။
29 Aquele que tem a esposa é o esposo. O amigo do esposo, porém, que está presente e o ouve, regozija-se sobremodo com a voz do esposo. Nisso consiste a minha alegria, que agora se completa.
30 ထိုအသျှင်သည် တိုးပွားခြင်း ဟိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်း ဟိရမည်” ဟု ဆို၏။
30 Importa que ele cresça e que eu diminua.
31 အထက်မှ ကြွလာသောသူကား အလုံးစုံတိထက် ကြီးမြတ်သောသူဖြစ်၏။ မြီကြီးမှ လာသောသူသည် မြီကြီးနှင့်သာဆိုင်၏။ ထိုသူသည်လည်း မြီကြီးအကြောင်းကိုသာ ပြောတတ်၏။ သို့သော်လည်း ကောင်းကင်မှ လာသောသူကား အရာအားလုံးထက် ကြီးမြတ်သောသူဖြစ်၏။
31 Aquele que vem de cima é superior a todos. Aquele que vem da terra é terreno e fala de coisas terrenas. Aquele que vem do céu é superior a todos.
32 ထိုသူသည် မိမိမြင်ခသမျှ၊ ကြားခသမျှကို ဟောပြော၏၊ သို့ရာတွင် ဇာသူမျှ ထိုသူ၏ သက်သီခံချက်တိကို လက်မခံကြ။
32 Ele testemunha as coisas que viu e ouviu, mas ninguém recebe o seu testemunho.
33 သို့သော် ထိုအသျှင်၏ သက်သီခံချက်များကို လက်ခံယုံကြည်သမျှသော သူရို့သည် ဘုရားသခင်သည် သစ္စာသျှင် ဖြစ်ကြောင်းကို သက်သီခံသောသူတိ ဖြစ်ကြ၏။
33 Aquele que recebe o seu testemunho confirma que Deus é verdadeiro.
34 ဘုရားသခင် စီရွှတ်တော်မူသောသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို ပြည့်ဝစွာ ပီးတော်မူသောကြောင့်ဖြစ်၏။
34 Com efeito, aquele que Deus enviou fala a linguagem de Deus, porque ele concede o Espírito sem medidas.
35 ခမည်းတော်သည် မိမိသားတော်ကို ချစ်တော်မူသောကြောင့် ခပ်သိမ်းသော တန်ခိုးအာဏာကို သားတော်၌ ပီးအပ်လေ၏။
35 O Pai ama o Filho e confiou-lhe todas as coisas.
36 ထိုသားတော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်အောက်၌ နိန်သောသူ ဖြစ်၏။
36 Aquele que crê no Filho tem a vida eterna; quem não crê no Filho não verá a vida, mas sobre ele pesa a ira de Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.