João 2
rki (RKI) vs VC
1 နောက်နှစ်ရက်ကြာသောအခါ ဂါလိလဲပြည်၊ ကာနမြို့၌ ထိမ်းမြားမင်္ဂလာပွဲ ကျင်းပရာ ယေသျှု၏မယ်တော်သည် ထိုနီရာ၌ ဟိတော်မူ၏။
1 Três dias depois, celebravam-se bodas em Caná da Galiléia, e achava-se ali a mãe de Jesus.
2 ယေသျှုနှင့် တပည့်တော်ရို့ကိုလည်း ဖိတ်ကြ၏။
2 Também foram convidados Jesus e os seus discípulos.
3 စပျစ်ရည်ကုန်လားသောအခါ ယေသျှု၏မယ်တော်က “သူရို့မှာ စပျစ်ရည် ကုန်လားယာ” ဟု ကိုယ်တော့်ကို ပြောလေ၏။
3 Como viesse a faltar vinho, a mãe de Jesus disse-lhe: Eles já não têm vinho.
4 ယေသျှုကလည်း “မယ်တော်၊ ဇာအမှုကို ပြုရမည်ကို ငါ့အား မပြောပါကေ့။ ငါ့အချိန်မရောက်သိမ့်” ဟု မိန့်တော်မူ၏။
4 Respondeu-lhe Jesus: Mulher, isso compete a nós? Minha hora ainda não chegou.
5 ထိုအခါ မယ်တော်ကလည်း “သူစီခိုင်းသမျှကို လုပ်ဆောင်ကြလော့” ဟု အခိုင်းအစီတိအား မှာထားလေ၏။
5 Disse, então, sua mãe aos serventes: Fazei o que ele vos disser.
6 ထိုနီရာ၌ ယုဒအမျိုးသားရို့၏ ဘာသာဓလေ့အရ စင်ကြယ်ခြင်းအဖို့အလို့ငှာ ရီနှစ်ထမ်း သုံးထမ်းခန့် ဝင်သောကျောက်ရီအိုး ခြောက်အိုးဟိ၏။
6 Ora, achavam-se ali seis talhas de pedra para as purificações dos judeus, que continham cada qual duas ou três medidas.
7 ယေသျှုက “ဤရီအိုးများတွင် ရီအပြည့်ဖြည့်လော့” ဟု အခိုင်းအစီရို့အား မိန့်တော်မူလျှင်၊ သူရို့သည် ရီအိုး နှုတ်ခမ်းအထိ ရီအပြည့်ဖြည့်ကြ၏။
7 Jesus ordena-lhes: Enchei as talhas de água. Eles encheram-nas até em cima.
8 ထို့နောက် ကိုယ်တော်သည် ထိုသူရို့အား “အဂု၊ ရီအချို့ကို ခပ်ပြီးလျှင် ပွဲအုပ်ပါးသို့ ယူလားကြလော့” ဟု မိန့်တော်မူသည့်အတိုင်း သူရို့သည်လည်း ပြုကြ၏။
8 Tirai agora , disse-lhes Jesus, e levai ao chefe dos serventes. E levaram.
9 ပွဲအုပ်သည် ရီမှ စပျစ်ရည်အဖြစ်သို့ ပြောင်းလဲလားသော ရီကို မြည်းကြည့်လေ၏။ ရီခပ်ယူလာသော အခိုင်းအစီရို့သည် ထိုစပျစ်ရည်ကို ဇာပိုင်ရကြသည်ကို သိသော်လည်း ပွဲအုပ်မူကား မသိပေ။ ထို့ကြောင့် သတို့သားအား ခေါ်ပြီးလျှင်၊
9 Logo que o chefe dos serventes provou da água tornada vinho, não sabendo de onde era {se bem que o soubessem os serventes, pois tinham tirado a água}, chamou o noivo
10 “လူတိုင်းက အကောင်းဆုံးသော စပျစ်ရည်နှင့် ဦးစွာ ဧည့်ခံကြ၏။ လူတိ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ဧည့်ခံလေ့ဟိကြ၏။ သို့သော်လည်း သင်မူကား အကောင်းဆုံးသော စပျစ်ရည်ကို အဂုထက်ထိ ထုတ်ပီးပါသည်တကား” ဟု ဆို၏။
10 e disse-lhe: É costume servir primeiro o vinho bom e, depois, quando os convidados já estão quase embriagados, servir o menos bom. Mas tu guardaste o vinho melhor até agora.
11 ယေသျှုသည် ဂါလိလဲပြည်၊ ကာနမြို့၌ ထိုသို့ ပထမဆုံးသော နိမိတ်လက္ခဏာကို ပြတော်မူလျက် မိမိ၏ဘုန်းတန်ခိုးတော်ကို ထွန်းတောက်စီ၏။ တပည့်တော်ရို့သည်လည်း ကိုယ်တော့်ကို ယုံကြည်ကြ၏။
11 Este foi o primeiro milagre de Jesus; realizou-o em Caná da Galiléia. Manifestou a sua glória, e os seus discípulos creram nele.
12 ဤအမှုအရာပြီးလျှင် ယေသျှုသည် မယ်တော်မှစ၍ ညီတော်၊ တပည့်တော်ရို့နှင့် ကပေရနောင်မြို့သို့ လားကြပြီး ရက်အနည်းချေ တည်းခိုကြ၏။
12 Depois disso, desceu para Cafarnaum, com sua mãe, seus irmãos e seus discípulos; e ali só demoraram poucos dias.
13 ယုဒအမျိုးသားရို့၏ ပသခါပွဲတော်နီးကပ်လာသောအခါ ယေသျှုသည် ယေရုဆလင်မြို့သို့ ကြွတော်မူ၏။
13 Estava próxima a Páscoa dos judeus, e Jesus subiu a Jerusalém.
14 ကိုယ်တော်သည် ဗိမာန်တော်အထဲတွင် နွားများ၊ သိုးများ၊ ဂြိုးငှက်များကို ရောင်းသောသူများထိုင်နိန်သည်ကိုလည်းကောင်း ငွီလဲလှယ်နိန်သော သူရို့သည် သူရို့၏စားပွဲများ၌ ထိုင်နိန်သည်ကိုလည်းကောင်း တွိ့တော်မူ၏။
14 Encontrou no templo os negociantes de bois, ovelhas e pombas, e mesas dos trocadores de moedas.
15 ထို့ကြောင့် ကိုယ်တော်သည် ကြိုးဖြင့် ကြာပွတ်ကိုလုပ်ပြီး သိုး၊ နွားမှစ၍ အားလုံးသောတိရစ္ဆာန်တိကို ဗိမာန်တော်ထဲမှ မောင်းထုတ်တော်မူ၏။ ငွီလဲလှယ်နိန်သောသူရို့၏ စားပွဲကိုလည်း မှောက်လှန်တော်မူ၍ သူရို့၏ ဒင်္ဂါးများသည် ပြန့်ကြဲလေ၏။
15 Fez ele um chicote de cordas, expulsou todos do templo, como também as ovelhas e os bois, espalhou pelo chão o dinheiro dos trocadores e derrubou as mesas.
16 ကိုယ်တော်သည် ဂြိုးငှက်ရောင်းသော သူတိကိုလည်း “ဤချင့်တိကို ဤနီရာမှ ယူလားကြလော့။ ငါ့အဖ၏အိမ်တော်ကို စျီးနီရာ မဖြစ်စီကတ်ကေ့” ဟု မိန့်တော်မူ၏။
16 Disse aos que vendiam as pombas: Tirai isto daqui e não façais da casa de meu Pai uma casa de negociantes.
17 ထိုအခါ တပည့်တော်ရို့သည် “အို၊ ဘုရားသခင်၊ ကိုယ်တော်၏အိမ်တော်အဖို့ ပြင်းပြသော ငါ၏စိတ်သည် ငါ့ကိုယ်၌ မီးတောက်သဖွယ် လောင်ကျွမ်းလျက် ဟိပါ၏” ဟူသော ကျမ်းစာလာသည်ကို သတိရကြ၏။
17 Lembraram-se então os seus discípulos do que está escrito: O zelo da tua casa me consome {Sl 68,10}.
18 ယုဒအာဏာပိုင်ရို့ကလည်း “သင်သည် ဤအမှုအရာတိအား လုပ်ပိုင်ခွင့်ဟိကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့အား ဇာနိမိတ်လက္ခဏာကို ပြမည်နည်း” ဟု ပြန်လျှောက်ကြလေ၏။
18 Perguntaram-lhe os judeus: Que sinal nos apresentas tu, para procederes deste modo?
19 ယေသျှုကလည်း “ဤဗိမာန်တော်ကို ဖြိုချလော့။ သုံးရက်အတွင်း၌ ပြန်၍ ငါတည်ဆောက်မည်” ဟု မိန့်တော်မူ၏။
19 Respondeu-lhes Jesus: Destruí vós este templo, e eu o reerguerei em três dias.
20 သူရို့ကလည်း “ဤဗိမာန်တော်ကို လေးဆယ်ခြောက်နှစ်တိုင်တိုင် တည်ဆောက်ခရ၏။ သင်မူကား သုံးရက်အတွင်း ပြန်တည်ဆောက်မည်လော” ဟု လျှောက်ကြလေ၏။
20 Os judeus replicaram: Em quarenta e seis anos foi edificado este templo, e tu hás de levantá-lo em três dias?!
21 သို့သော် ယေသျှု ထိုသို့ မိန့်တော်သည်မှာ မိမိ၏ကိုယ်ခန္ဓာတည်းဟူသော ဗိမာန်တော်အကြောင်းကို ပြောဆိုခြင်းဖြစ်၏။
21 Mas ele falava do templo do seu corpo.
22 ထို့ကြောင့် တပည့်တော်ရို့သည် သီခြင်းမှ ကိုယ်တော် ရှင်ပြန်ထမြောက်တော်မူသောအခါ ဤသို့ ကိုယ်တော် မိန့်တော်မူခသောစကားကို သတိရကြ၍ ကျမ်းစာတော်မြတ်ကိုလည်းကောင်း၊ ယေသျှု မိန့်တော်မူခသော စကားတော်ကိုလည်းကောင်း ယုံကြည်ကြ၏။
22 Depois que ressurgiu dos mortos, os seus discípulos lembraram-se destas palavras e creram na Escritura e na palavra de Jesus.
23 ယေသျှုသည် ယေရုဆလင်မြို့၌ ကျင်းပသည့် ပသခါပွဲတော်အတွင်း ဟိနိန်စဉ် ကိုယ်တော်ပြုတော်မူသော နိမိတ်လက္ခဏာကို တွိ့မြင်သောသူရို့သည် ကိုယ်တော့်ကို ယုံကြည်ကြ၏။
23 Enquanto Jesus celebrava em Jerusalém a festa da Páscoa, muitos creram no seu nome, à vista dos milagres que fazia.
24 သို့သော် ယေသျှုသည် ထိုသူရို့၏အကြောင်းကို သိတော်မူသောကြောင့် ထိုသူရို့အား မယုံပေ။
24 Mas Jesus mesmo não se fiava neles, porque os conhecia a todos.
25 ကိုယ်တော်သည် သူရို့၏ စိတ်နှလုံးထဲ၌ ဟိသောအရာများကို သိသောကြောင့် မည်သူမျှ သူရို့၏ အကြောင်းကို ကိုယ်တော့်ကို ပြောပြရန် မလိုပေ။
25 Ele não necessitava que alguém desse testemunho de nenhum homem, pois ele bem sabia o que havia no homem.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.