João 17

rki (RKI) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ယေသျှုသည် ဤသို့ ဆုံးမသြဝါဒ ပီးတော်မူပြီးနောက် ကောင်းကင်သို့ မျှော်ကြည့်လျက် ဆုတောင်းပတ္ထနာ ပြုတော်မူသည်မှာ “အို အဖ၊ အချိန်ရောက်ပါပြီ၊ သားတော်သည် ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစီခြင်းငှာ သားတော်အား ဘုန်းတန်ခိုးတော်ကို ပီးသနားတော်မူပါ။
1 Depois de assim falar, Jesus, levantando os olhos ao céu, disse: Pai, é chegada a hora; glorifica a teu Filho, para que também o Filho te glorifique;
2 အကြောင်းမူကား ကိုယ်တော်သည် သားတော်ကို ပီးအပ်ထားသော သူရို့အား ထာဝရအသက်ကို ရစီခြင်းငှာ လူသားအားလုံးကို အစိုးရသောအခွင့်အာဏာကို သားတော်အား ပီးအပ်ထားပြီးဖြစ်ပါ၏။
2 assim como lhe deste autoridade sobre toda a carne, para que dê a vida eterna a todos aqueles que lhe tens dado.
3 ထာဝရအသက်ဟူသည်ကား စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော် စီရွှတ်လိုက်သော ယေသျှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းဖြစ်၏။
3 E a vida eterna é esta: que te conheçam a ti, como o único Deus verdadeiro, e a Jesus Cristo, aquele que tu enviaste.
4 ကိုယ်တော်သည် အကျွန့်အား လုပ်ဆောင်စီသောအမှုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းအားဖြင့် အကျွန်သည် မြီကြီးထက်မှာ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို ထင်ရှားစီပြီးယာ။
4 Eu te glorifiquei na terra, completando a obra que me deste para fazer.
5 အို အဖ၊ ဤကမ္ဘာ မတည်ခင်ကပင် ကိုယ်တော်နှင့်အတူ ဟိခဖူးသော ဘုန်းတော်ကို အဂု ကိုယ်တော်၏ မျက်မှောက်တော်၌ အကျွန်အား ထင်ရှားစီတော်မူပါ။
5 Agora, pois, glorifica-me tu, ó Pai, junto de ti mesmo, com aquela glória que eu tinha contigo antes que o mundo existisse.
6 “ဤလောကထဲမှ အကျွန်အား ပီးတော်မူသောသူရို့အား ကိုယ်တော့်ကို သိမြင်စီခြင်းငှာ အကျွန်သည် ဖော်ပြပြီးဖြစ်ပါ၏။ ကိုယ်တော် ပိုင်တော်မူသော သူရို့ကို အကျွန်အား ပီးထားသည်ဖြစ်၍ သူရို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နာခံကြပြီးဖြစ်ပါ၏။
6 Manifestei o teu nome aos homens que do mundo me deste. Eram teus, e tu mos deste; e guardaram a tua palavra.
7 အကျွန်အား ပီးသနားတော်မူသော ခပ်သိမ်းသောအရာအားလုံးသည် ကိုယ်တော်ထံပါးက လာသည်ကို သူရို့သည် အဂု သိကြပြီးဖြစ်ပါ၏။
7 Agora sabem que tudo quanto me deste provém de ti;
8 အကြောင်းမူကား ကိုယ်တော်သည် အကျွန်အား ပီးတော်မူသော နှုတ်ကပတ်တော်ကို သူရို့အား အကျွန် ဟောပြောပြီးဖြစ်၍ သူရို့သည်လည်း လက်ခံကြပါ၏။ အကျွန်သည် ကိုယ်တော်ထံမှ လာသူဖြစ်ကြောင်းကို သူရို့သည် အမှန်သိကြပါ၏။ အကျွန်သည် ကိုယ်တော်စီရွှတ်သူဖြစ်ကြောင်းကို သူရို့သည် ယုံကြည်ကြပါ၏။
8 porque eu lhes dei as palavras que tu me deste, e eles as receberam, e verdadeiramente conheceram que saí de ti, e creram que tu me enviaste.
9 “သူရို့အတွက် အကျွန် ဆုတောင်းပါ၏။ လောကသားတိအတွက် ဆုတောင်းသည် မဟုတ်။ ကိုယ်တော်က အကျွန်အား ပီးအပ်ထားသော ကိုယ်တော်ပိုင်သောသူရို့အတွက် အကျွန် ဆုတောင်းပါ၏။
9 Eu rogo por eles; não rogo pelo mundo, mas por aqueles que me tens dado, porque são teus;
10 အကျွန်၌ ဟိသမျှသောအရာအားလုံးသည် ကိုယ်တော် ပိုင်တော်မူသောအရာများ ဖြစ်ကြသည်နှင့်အညီ ကိုယ်တော်၌ ဟိသမျှသော အရာအားလုံးသည်လည်း အကျွန်ပိုင်သောအရာများ ဖြစ်ကြသည်ဖြစ်၍ ထိုသူရို့အားဖြင့် အကျွန်၏ဘုန်းတော်ကို ထင်ရှားလျက် ဟိပါ၏။
10 todas as minhas coisas são tuas, e as tuas coisas são minhas; e neles sou glorificado.
11 အကျွန်သည် ကိုယ်တော်ထံသို့ လာနိန်ပြီဖြစ်သဖြင့် လောကထဲ၌ မဟိယာ။ သို့ရာတွင် သူရို့မူကား လောက၌ ကျန်နိန်ခကြ၏။ မြင့်မြတ်သန့်ယှင်းတော်မူသောအဖ၊ ကိုယ်တော်နှင့် အကျွန်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့ကိုလည်း တစ်လုံးတစ်ဝတည်း ဖြစ်စီခြင်းငှာ အကျွန်အား စောင့်ရှောက်တော်မူသော ကိုယ်တော်၏နာမတော် တန်ခိုးဖြင့် သူရို့ကို စောင့်ရှောက်တော်မူပါ။
11 Eu não estou mais no mundo; mas eles estão no mundo, e eu vou para ti. Pai santo, guarda-os no teu nome, o qual me deste, para que eles sejam um, assim como nós.
12 အကျွန်သည် သူရို့နှင့်အတူ ဟိနိန်သောအချိန်မှာ ကိုယ်တော်၏နာမတော်တန်ခိုးဖြင့် အကျွန်အား ပီးထားသော သူရို့ကို အကျွန်သည် စောင့်ရှောက်ထားပါ၏။ ကျမ်းစာ ပြည့်စုံစီမည့်အကြောင်း တစ်ယောက်သောသူမှ လွဲ၍ သူရို့အားလုံးကို မပျက်စီးစီရန် အကျွန်စောင့်ရှောက်ထားပါ၏။
12 Enquanto eu estava com eles, eu os guardava no teu nome que me deste; e os conservei, e nenhum deles se perdeu, senão o filho da perdição, para que se cumprisse a Escritura.
13 အဂုအချိန်၌ အကျွန်သည် ကိုယ်တော်ထံပါးသို့ လာနိန်ပြီဖြစ်၍ အကျွန်၏ဝမ်းမြောက်မှုသည် သူရို့၏ နှလုံးသားထဲ၌ အပြည့်အဝခံစားကြစီရန် အကျွန်သည် ဤလောက၌ ဟိနိန်စဉ် ဤအရာတိကို အကျွန် ပြောဆိုခပါ၏။
13 Mas agora vou para ti; e isto falo no mundo, para que eles tenham a minha alegria completa em si mesmos.
14 အကျွန်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သူရို့အား ဟောထားပြီးဖြစ်ပါ၏။ အကျွန်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ သူရို့သည်လည်း မဆက်ဆံကြသောကြောင့် လောကသားတိက သူရို့ကို မုန်းကြပါ၏။
14 Eu lhes dei a tua palavra; e o mundo os odiou, porque não são do mundo, assim como eu não sou do mundo.
15 အကျွန်သည် သူရို့ကို ဤလောကမှ နုတ်ယူပါစီကြောင်း တောင်းလျှောက်နိန်ခြင်း မဟုတ်ပါ၊ ဒုစရိုက်အပြစ်မှ ကင်းဝီးပါစီကြောင်း အကျွန် ဆုတောင်းပါ၏။
15 Não rogo que os tires do mundo, mas que os guardes do Maligno.
16 အကျွန်သည် လောကနှင့် မဆက်ဆံသကဲ့သို့ သူရို့လည်း မဆက်ဆံကြပါ။
16 Eles não são do mundo, assim como eu não sou do mundo.
17 သမ္မာတရားအားဖြင့် သူရို့ကို သန့်ယှင်းစီတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
17 Santifica-os na verdade, a tua palavra é a verdade.
18 ကိုယ်တော်သည် အကျွန်အား လောကထဲသို့ စီရွှတ်လိုက်သကဲ့သို့ သူရို့ကိုလည်း အကျွန်သည် ဤလောကထဲသို့ စီရွှတ်လိုက်ပါ၏။
18 Assim como tu me enviaste ao mundo, também eu os enviarei ao mundo.
19 သူရို့သည် အမှန် သန့်ယှင်းစင်ကြယ်စီခြင်းအလို့ငှာ အကျွန်သည် သူရို့အတွက် ကိုယ့်ကိုယ်ကို သန့်ယှင်းစင်ကြယ်ပါ၏။
19 E por eles eu me santifico, para que também eles sejam santificados na verdade.
20 “အကျွန်သည် သူရို့အတွက်သာ ဆုတောင်းသည် မဟုတ်ပါ၊ သူရို့၏ နှုတ်ကပတ်တော်အားဖြင့် အကျွန့်ကို ယုံကြည်လာကြမည့် သူရို့အတွက်လည်း ဆုတောင်းပါ၏။
20 E rogo não somente por estes, mas também por aqueles que pela sua palavra hão de crer em mim;
21 အို အဖ၊ ကိုယ်တော်သည် အကျွန်၌ လည်းကောင်း၊ အကျွန်သည် ကိုယ်တော်၌ လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့အားလုံးသည်လည်း အကျွန်ရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ပါစီအကြောင်း အကျွန် ဆုတောင်းပါ၏။ အကျွန့်အား ကိုယ်တော်စီရွှတ်လိုက်ကြောင်းကို လောကသားတိ ယုံကြည်ကြစီရန် ထိုသူရို့ကို တစ်လုံးတစ်ဝတည်း ဖြစ်စီတော်မူပါ။
21 para que todos sejam um; assim como tu, ó Pai, és em mim, e eu em ti, que também eles sejam um em nós; para que o mundo creia que tu me enviaste.
22 ကိုယ်တော်နှင့် အကျွန်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ သူရို့သည်လည်း တစ်လုံးတစ်ဝတည်း ဖြစ်ကြစီခြင်းငှာ အကျွန်သည် ကိုယ်တော်ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့အား ပီးထားပြီးဖြစ်ပါ၏။
22 E eu lhes dei a glória que a mim me deste, para que sejam um, como nós somos um;
23 သူရို့သည် တစ်လုံးတစ်ဝတည်း၌ စုံလင်ကြစီရန် ကိုယ်တော်သည် အကျွန်၌ ဟိတော်မူ၍ အကျွန်သည်လည်း သူရို့၌ ဟိတော်မူပါ၏။ ထိုသို့အားဖြင့် ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသကဲ့သို့ သူရို့ကိုလည်း ချစ်တော်မူကြောင်းကိုလည်းကောင်း ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကိုလည်းကောင်း လောကသားတိ သိကြပါလိမ့်မည်။
23 eu neles, e tu em mim, para que eles sejam perfeitos em unidade, a fim de que o mundo conheça que tu me enviaste, e que os amaste a eles, assim como me amaste a mim.
24 “အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။
24 Pai, desejo que onde eu estou, estejam comigo também aqueles que me tens dado, para verem a minha glória, a qual me deste; pois que me amaste antes da fundação do mundo.
25 ဖြောင့်မတ်တော်မူသောအဖ၊ လောကီသားရို့သည် ကိုယ်တော့်ကို မသိကြသော်လည်း အကျွန်သည် သိပါ၏။ ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကို ဤသူရို့သည် သိကြပါ၏။
25 Pai justo, o mundo não te conheceu, mas eu te conheço; conheceram que tu me enviaste;
26 အကျွန့်ကို ချစ်တော်မူသော ကိုယ်တော်၏ မေတ္တာတော်သည် သူရို့၌ တည်၍ အကျွန်ကိုယ်တိုင်လည်း သူရို့၌ တည်စီခြင်းငှာ ကိုယ်တော်၏နာမတော်ကို သူရို့အား ညွှန်ပြပြီးဖြစ်၏။ အစဉ်အမြဲ ညွှန်ပြပါဦးမည်” ဟု ဆုတောင်းတော်မူ၏။
26 e eu lhes fiz conhecer o teu nome, e lho farei conhecer ainda; para que haja neles aquele amor com que me amaste, e também eu neles esteja.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.