João 13

rki (RKI) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 အဂုအခါကား ပသခါပွဲတော်မတိုင်ခင် တစ်ရက်ဖြစ်၏။ ယေသျှုသည် ဤလောကမှ ထွက်ခွါ၍ ခမည်းတော်ထံပါးသို့ ကြွတော်မူရမည့် အချိန်ကို သိတော်မူ၏။ ကိုယ်တော်သည် ဤလောက၌ဟိသော မိမိလူတိကို အစဉ်အမြဲ ချစ်သောကြောင့် အဆုံးတိုင်အောင် သူရို့ကို ချစ်တော်မူ၏။
1 Faltava somente um dia para a Festa da Páscoa . Jesus sabia que tinha chegado a hora de deixar este mundo e ir para o Pai. Ele sempre havia amado os seus que estavam neste mundo e os amou até o fim.
2 ယေသျှုနှင့် တပည့်တော်ရို့သည် ညစာစားလျက်နိန်ကြ၏။ ယေသျှုကို ရန်သူ့လက်သို့ အပ်နှံရန် မာရ်နတ်သည်သျှိမုန်သျှာကာရုတ်၏သား ယုဒ၏ စိတ်နှလုံးထဲ၌ အကြံအစည်ကို ထည့်ထားပြီး ဖြစ်သတည်း။
2 Jesus e os seus discípulos estavam jantando. O Diabo já havia posto na cabeça de Judas, filho de Simão Iscariotes, a ideia de trair Jesus.
3 ခမည်းတော်သည် မိမိအား အလုံးစုံသောတန်ခိုး အပ်တော်မူထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံပါးမှ ကြွလာ၍ ဘုရားသခင်ထံတော်ပါးသို့ ပြန်ကြွလားမည်ကိုလည်းကောင်း သိတော်မူ၏။
3 Jesus sabia que o Pai lhe tinha dado todo o poder. E sabia também que tinha vindo de Deus e ia para Deus.
4 ထို့ကြောင့် ကိုယ်တော်သည် စားပွဲမှထ၍ ဝတ်ရုံတော်ကို ချွတ်တော်မူပြီးလျှင် ပုဝါပိုင်းကိုယူ၍ ခါး၌ ချိုင်ထား၏။
4 Então se levantou, tirou a sua capa , pegou uma toalha e amarrou na cintura.
5 ထို့နောက် ကိုယ်တော်သည် ရီအချို့ကို အင်ဒုံ၌ လောင်းထည့်၍ တပည့်တော်ရို့၏ ခြီကို ဆီးတော်မူပြီးလျှင် ခါး၌ ပတ်ထားသော ပုဝါပိုင်းနှင့် သုတ်တော်မူ၏။
5 Em seguida pôs água numa bacia e começou a lavar os pés dos discípulos e a enxugá-los com a toalha.
6 သျှိမုန်ပေတရုပါးသို့ ရောက်တော်မူလျှင်၊ ပေတရုက “အသျှင်၊ အကျွန့်ခြီကို ဆီးတော်မူပါမည်လော” ဟု မိန်းလျှောက်၏။
6 Quando chegou perto de Simão Pedro, este lhe perguntou: — Vai lavar os meus pés, Senhor?
7 ယေသျှုကလည်း၊ “ငါပြုသောအမှုကို သင်သည် အဂု နားမလည်သိမ့်။ သို့ရာတွင် သင်ရို့သည် နောက်မှ နားလည်လာလိမ့်မည်” ဟု မိန့်တော်မူ၏။
7 Jesus respondeu:
8 ပေတရုက “ကိုယ်တော်သည် အကျွန်၏ခြီကို မည်သည့်အခါမှ မဆီးရပါ” ဟု လျှောက်ဆို၏။
8 — O senhor nunca lavará os meus pés! — disse Pedro.
9 သျှိမုန်ပေတရုက၊ “အသျှင်၊ အကျွန်၏ ခြီကို မဆီးဘဲ လက်နှင့် ဦးဂေါင်းကိုသာ ဆီးပီးပါ” ဟု လျှောက်လေ၏။
9 — Então, Senhor, não lave somente os meus pés; lave também as minhas mãos e a minha cabeça! — pediu Simão Pedro.
10 ယေသျှုကလည်း၊ “ရီချိုးပြီးသောသူသည် တစ်ကိုယ်လုံး စင်ကြယ်သည်ဖြစ်၍ ခြီကိုဆီးကြောခြင်းမှလွဲ၍ တစ်ကိုယ်လုံး ဆီးကြောစရာမလို။ တစ်ယောက်သောသူမှတစ်ပါး သင်ရို့အားလုံးသည် စင်ကြယ်ကြ၏” ဟု မိန့်တော်မူ၏။
10 Aí Jesus disse:
11 ယေသျှုသည် မိမိအား သစ္စာဖောက်မည်ကို သိသောကြောင့် ကိုယ်တော်က၊ “တစ်ယောက်သောသူမှတစ်ပါး သင်ရို့အားလုံးသည် စင်ကြယ်ကြ၏” ဟု မိန့်တော်မူခြင်းဖြစ်၏။
11 Jesus sabia quem era o traidor. Foi por isso que disse: “Todos menos um.”
12 ကိုယ်တော်သည် တပည့်တော်ရို့၏ခြီကို ဆီးတော်မူပြီးမှ ဝတ်ရုံကို ပြန်၍ဝတ်ပြီး စားပွဲ၌ ထိုင်တော်မူ၏။ ကိုယ်တော်က၊ “သင်ရို့အတွက် ငါပြုခသည့်အမှုကို နားလည်ကြသလော။
12 Depois de lavar os pés dos seus discípulos, Jesus vestiu de novo a capa, sentou-se outra vez à mesa e perguntou:
13 သင်ရို့က ငါ့ကို ဆရာ ဟူ၍လည်းကောင်း၊ အသျှင် ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ အကြောင်းမူကား၊ သင်ရို့ ခေါ်သည်မှာ ဟုတ်မှန်သည်ဖြစ်၍ လျောက်ပတ်ပေ၏။
13 Vocês me chamam de “Mestre” e de “Senhor” e têm razão, pois eu sou mesmo.
14 ငါကား သင်ရို့၏ ဆရာဖြစ်သကဲ့သို့ သင်ရို့၏သခင်ဘုရားလည်း ဖြစ်လျက်နှင့်ပင် သင်ရို့ခြီကို ဆီးပီး၏။ ထို့ကြောင့် သင်ရို့လည်း အချင်းချင်းခြီကို ဆီးပီးကြလော။
14 Se eu, o Senhor e o Mestre, lavei os pés de vocês, então vocês devem lavar os pés uns dos outros.
15 သင်ရို့၌ ငါပြုသကဲ့သို့ သင်ရို့ အချင်းချင်းလည်း ပြုကြစီရန် စံနမူနာကို ငါပြခယာ။
15 Pois eu dei o exemplo para que vocês façam o que eu fiz.
16 ငါအမှန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက် မကြီးမြတ်နိုင်သကဲ့သို့ စီရွှတ်ခြင်းခံရသူတိလည်း စီရွှတ်သူထက် မကြီးမြတ်နိုင်။
16 Eu afirmo a vocês que isto é verdade: o empregado não é mais importante do que o patrão, e o mensageiro não é mais importante do que aquele que o enviou.
17 ဤစကားကို သင်ရို့ အဂု သိကြပြီ။ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာ ဟိကြလိမ့်မည်။
17 Já que vocês conhecem esta verdade, serão felizes se a praticarem.
18 “သင်ရို့အားလုံးကို ရည်မှတ်ပြီး ငါပြောသည် မဟုတ်၊ ငါရွီးချယ်ထားသော သူတိကို ငါသိ၏။ ယေဒါလည်း ကျမ်းစာတော်မြတ်၌ ‘ငါ့ထမင်းကို စားသောသူသည် ငါ့ကို ခြီနှင့် ပြန်ကျောက်သတည်း’ ဟု ဖော်ပြထားသည်အတိုင်း ပြည့်စုံလာရမည်။
18 — Não estou falando de vocês todos; eu conheço aqueles que escolhi. Pois tem de se cumprir o que as
19 ထိုအဖြစ်ပျက်တိ မဖြစ်ပျက်ခင် ‘ငါဖြစ်သည်အတိုင်း၊ ငါဖြစ်သည်’ ကို သင်ရို့ ယုံကြည်လာကြစီရန် အဂုပင်လျှင် ကြိုတင်၍ သင်ရို့အား ငါပြောထားပြီ။
19 Digo isso a vocês agora, antes que aconteça, para que, quando acontecer, vocês creiam que “
20 ငါအမှန်ဆိုသည်ကား၊ ငါစီရွှတ်သောသူကို လက်ခံသောသူသည် ငါ့ကို လက်ခံခြင်းဖြစ်၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကို စီရွှတ်သော အသျှင်ကိုလက်ခံ၏” ဟု မိန့်တော်မူ၏။
20 Eu afirmo a vocês que isto é verdade: quem receber aquele que eu enviar estará também me recebendo; e quem me recebe recebe aquele que me enviou.
21 ဤသို့ မိန့်တော်မူပြီးသောအခါ ယေသျှုသည် အလွန်စိတ်သောက ရောက်တော်မူ၍ “ငါအမှန် ဆိုသည်ကား၊ သင်ရို့အထဲက တစ်ယောက်သည် ငါ့အား ရန်သူ့လက်သို့ အပ်နှံလိမ့်မည်” ဟု ပွင့်လင်းစွာ မိန့်တော်မူ၏။
21 Depois de dizer isso, Jesus ficou muito aflito e declarou abertamente aos discípulos:
22 ဇာသူ့ကို ရည်စူး၍ မိန့်တော်မူသည်ကို တပည့်တော်ရို့သည် စဉ်းစားမရနိုင်သဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြ၏။
22 Então eles olharam uns para os outros, sem saber de quem ele estava falando.
23 ထိုသူရို့ထဲမှ ယေသျှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော့်နားကပ်၍ ထိုင်နိန်တော်မူ၏။
23 Ao lado de Jesus estava sentado um deles, a quem Jesus amava.
24 သျှိမုန်ပေတရုကလည်း “ကိုယ်တော်က ဇာသူ့ကို ရည်ရွယ်၍ မိန့်တော်မူပါသနည်း” ဟု မိန်းလျှောက်ရန် ထိုတပည့်တော်အား မျက်ရိပ်ပြ၍ မိန်းစီ၏။
24 Simão Pedro fez um sinal para ele e disse: — Pergunte de quem o Mestre está falando.
25 ထို့ကြောင့် ထိုတပည့်တော်သည် ယေသျှုအနားသို့ ချဉ်းကပ်၍ “အသျှင်၊ ထိုသူကား ဇာသူဖြစ်သနည်း” ဟု လျှောက်၏။
25 Então aquele discípulo chegou mais perto de Jesus e perguntou: — Senhor, quem é ele?
26 ယေသျှုက “ဤမုန့်တစ်ဖဲ့ကို အချဉ်ရည်၌ တို့၍ ငါပီးသောသူဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့နောက် မုန့်တစ်ဖဲ့ကို အချဉ်ရည်ခွက်ထဲ၌ တို့ပြီးလျှင် သျှိမုန်သျှာကာရုတ်၏သား ယုဒကို ပီးလေ၏။
26 — É aquele a quem vou dar um pedaço de pão passado no molho! — respondeu Jesus. Em seguida pegou um pedaço de pão, passou no molho e deu a Judas, filho de Simão Iscariotes.
27 ယုဒသည် ထိုမုန့်ကို ခံယူလိုက်သည်နှင့်တပြိုင်နက် စာတန်မာရ်နတ်သည် သူအထဲသို့ ဝင်လေ၏။ ယေသျှုကလည်း၊ “သင် ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့” ဟု မိန့်တော်မူ၏။
27 E assim que Judas recebeu o pão, Satanás entrou nele. Então Jesus disse a Judas:
28 သို့ရာတွင် စားပွဲ၌ လျောင်းနိန်သောသူရို့က ယေသျှုသည် ဇာဖြစ်၍ ထိုသို့ မိန့်တော်မူကြောင်းကို နားမလည်ကြပေ။
28 Nenhum dos que estavam à mesa entendeu por que Jesus disse isso.
29 ယုဒသည် ဖဲသာအိတ်ကို ကိုင်ဆောင်ရသူဖြစ်၍ ပွဲတော်အတွက် လိုအပ်သည်များကို ဝယ်ယူရန် သော်လည်းကောင်း၊ ဆင်းရဲသားရို့အား ပီးကမ်းရန် သော်လည်းကောင်း ယေသျှုမှာထားသည်ဟု တပည့်တော်တချို့က ထင်မှတ်ကြ၏။
29 Como era Judas que tomava conta da bolsa do dinheiro, alguns pensaram que Jesus tinha mandado que ele comprasse alguma coisa para a festa ou desse alguma ajuda aos pobres.
30 ယုဒသည် မုန့်တစ်ဖဲ့ကို ခံယူပြီးလျှင် ချက်ချင်း ထွက်လားလေ၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
30 Judas recebeu o pão e saiu logo. E era noite.
31 ယုဒ ထွက်လားပြီးနောက် ယေသျှုက၊ “အဂုတွင် လူသားသည် ဘုန်းတော်ထင်ရှားလျက် ဟိသည်ဖြစ်၍၊ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်လည်း လူသားအားဖြင့် ထင်ရှားခြင်းဟိ၏။
31 Quando Judas saiu, Jesus disse:
32 ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတန်ခိုးတော် ထင်ရှားတော်မူလျှင်၊ ဘုရားသခင်သည် မိမိကိုယ်တိုင်အားဖြင့် သားတော်အား ဘုန်းထင်ရှားစီတော်မူ၍ သူ၏ဘုန်းတော်ကို ချက်ချင်း ထင်ရှားစီတော်မူလိမ့်မည်။
32 E, se por meio dele a natureza gloriosa de Deus for revelada, então Deus revelará em si mesmo a natureza divina do Filho do Homem. E Deus fará isso agora mesmo.
33 ချစ်သားရို့၊ ငါသည် သင်ရို့နှင့်အတူ ခဏသာ နီရ၏။ သင်ရို့ ငါ့ကို ရှာကြလိမ့်မည်။ ‘ငါလားမည့် နီရာသို့ သင်ရို့ မလိုက်နိုင်ကြ’ ဟု ယုဒအာဏာပိုင်တိကို ပြောခသည်အတိုင်း သင်ရို့ကိုလည်း အဂု ငါပြော၏။
33 Meus filhos, não vou ficar com vocês por muito tempo. Vocês vão me procurar, mas eu digo agora o que já disse aos líderes judeus: vocês não podem ir para onde eu vou.
34 ‘အချင်းချင်း ချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်ရို့အား အဂု ငါပီး၏။ ငါသည် သင်ရို့ကိုချစ်ခသကဲ့သို့ သင်ရို့လည်း အချင်းချင်းချစ်ကြလော့။
34 Eu lhes dou este novo mandamento: amem uns aos outros. Assim como eu os amei, amem também uns aos outros.
35 သင်ရို့ အချင်းချင်းချစ်ကြလျှင် လူတိုင်းက သင်ရို့သည် ငါ့တပည့်တိဖြစ်ကြောင်း သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
35 Se tiverem amor uns pelos outros, todos saberão que vocês são meus discípulos.
36 သျှိမုန်ပေတရုက “အသျှင်၊ ဇာအရပ်သို့ ကြွတော်မူပါမည်နည်း” ဟု လျှောက်သော်၊ ယေသျှုကလည်း “ငါလားမည့်နီရာသို့ သင်သည် အဂု မလိုက်နိုင်၊ နောက်မှ လိုက်ရလိမ့်မည်” ဟု ဖြေကြားတော်မူ၏။
36 Simão Pedro perguntou a Jesus: — Senhor, para onde é que o senhor vai? Jesus respondeu:
37 ပေတရုက၊ “အသျှင်၊ အကျွန်သည် ဇာဖြစ်လို့ အဂု မလိုက်နိုင်ရသနည်း။ အကျွန်သည် ကိုယ်တော်အတွက် အသက်စွန့်ဖို့ အဆင်သင့်ဟိပါ၏” ဟု လျှောက်လေ၏။
37 Pedro tornou a perguntar: — Senhor, por que eu não posso segui-lo agora? Eu estou pronto para morrer pelo senhor!
38 ယေသျှုကလည်း၊ “သင်သည် ငါ့အတွက် အသက်စွန့်ရန် အဆင့်သင့်ဟိသည်ကား အမှန်လား။ ငါအမှန် ဆိုသည်ကား၊ သင်သည် ကြက်မတွန်ခင် ငါ့ကိုမသိဟု သုံးကြိမ်တိုင်အောင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
38 — Está mesmo? — perguntou Jesus. — Pois eu afirmo a você que isto é verdade: antes que o galo cante, você dirá três vezes que não me conhece.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.