João 12
rki (RKI) vs VC
1 ယေသျှုသည် ပသခါပွဲတော် အခါမကျမီ ခြောက်ရက်အလို၌ သီပြီးမှပြန်၍ အသက်ရှင်လာသူ၊ ဗေသနိရွာ၌ဟိသော လာဇရုနီထိုင်ရာ အိမ်သို့ ကြွတော်မူ၏။
1 Seis dias antes da Páscoa, foi Jesus a Betânia, onde vivia Lázaro, que ele ressuscitara.
2 ကိုယ်တော့်ကို ညစာဖြင့် ဧည့်ခံရာ၌ မာသသည် အာဂန္တုဝတ်ကို ပြုလေ၏။ ယေသျှုနှင့်အတူ စားပွဲ၌ လျောင်းနိန်သော သူရို့ထဲတွင် လာဇရုလည်းပါ၏။
2 Deram ali uma ceia em sua honra. Marta servia e Lázaro era um dos convivas.
3 ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှီးစစ်စစ် နှစ်ဆယ်ကျပ်သားကို ယူ၍ ယေသျှု၏ ခြီတော်ကို လောင်းချပြီးနောက် မိမိဆံပင်ဖြင့် သုတ်လေ၏။ ဆီမွှီး၏အနံ့သည် တစ်အိမ်လုံးကို မွှီးကြိုင်လေ၏။
3 Tomando Maria uma libra de bálsamo de nardo puro, de grande preço, ungiu os pés de Jesus e enxugou-os com seus cabelos. A casa encheu-se do perfume do bálsamo.
4 ယေသျှု၏ တပည့်တော်တစ်ဦးဖြစ်ပြီး ကိုယ်တော့်ကို အပ်နှံမည့်သူ ယုဒသျှာကာရုတ်က၊
4 Mas Judas Iscariotes, um dos seus discípulos, aquele que o havia de trair, disse:
5 “ဤဆီမွှီးကို ငွီဒင်္ဂါး ၃၀၀ နှင့်ရောင်း၍ ဆင်းရဲသားရို့အား ဇာကြောင့် မပီးသနည်း” ဟု ဆို၏။ ထိုငွီဒင်္ဂါး ၃၀၀ သည် လူတစ်ယောက်၏ တစ်နှစ်စာ လုပ်အားခနှင့် ညီမျှ၏။
5 Por que não se vendeu este bálsamo por trezentos denários e não se deu aos pobres?
6 ဤသို့ ပြောဆိုရာ၌ သူသည် ဆင်းရဲသားရို့အား ကြင်နာထောက်ထား၍ မဟုတ်၊ သူသည် ခိုးတတ်သောသူ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဖဲသာအိတ်ကို လွယ်ရသူဖြစ်ပြီး ဖဲသာများကို ကိုယ့်အဖို့ နှိုက်ယူ သုံးစွဲလေ့ ဟိ၏။
6 Dizia isso não porque ele se interessasse pelos pobres, mas porque era ladrão e, tendo a bolsa, furtava o que nela lançavam.
7 ယေသျှုကလည်း “ထိုမိန်းမကို မနှောက်ယှက်ကေ့။ သူမသည် ငါ့အလောင်းကို သင်္ဂြိုဟ်ခြင်းငှာ ပျင်ဆင်ရသော နိ့အတွက် ဤဆီမွှီးကို သိမ်းထားပါစီ။
7 Jesus disse: Deixai-a; ela guardou este perfume para o dia da minha sepultura.
8 ဆင်းရဲသားရို့ကား သင်ရို့နှင့်အတူ အစဉ်အမြဲ ဟိနိန်ကြ၏။ သို့သော်လည်း သင်ရို့မူကား ငါနှင့် အစဉ်အမြဲ ဟိလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
8 Pois sempre tereis convosco os pobres, mas a mim nem sempre me tereis.
9 ဗေသနိရွာ၌ ယေသျှု ဟိတော်မူကြောင်းကို ကြားလျှင် များစွာသော ယုဒလူရို့သည် ထိုရွာသို့ ရောက်လာကြ၏။ သူရို့သည် ယေသျှုကြောင့်သာ လာကြခြင်း မဟုတ်ဘဲ၊ ကိုယ်တော်က သီခြင်းမှ အသက်ပြန်ရှင်စီသူ လာဇရုကိုလည်း တွိ့မြင်လို၍ လာကြခြင်းဖြစ်၏။
9 Uma grande multidão de judeus veio a saber que Jesus lá estava; e chegou, não somente por causa de Jesus, mas ainda para ver Lázaro, que ele ressuscitara.
10 ထို့ကြောင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့က လာဇရုကိုလည်း သတ်ရန် ကြံစည်ခြင်း ဖြစ်ကြ၏။
10 Mas os príncipes dos sacerdotes resolveram tirar a vida também a Lázaro,
11 အကြောင်းမူကား လာဇရုကြောင့် များစွာသော ယုဒလူရို့သည် ထိုသူရို့ကို စွန့်ခွာ၍ ယေသျှုကို ယုံကြည်သောကြောင့် ဖြစ်၏။
11 porque muitos judeus, por causa dele, se afastavam e acreditavam em Jesus.
12 နောက်တစ်နိ့၌ ပသခါပွဲတော်သို့ လာကြသော လူစုလူဝေးကြီးသည် ယေရုဆလင်မြို့သို့ ယေသျှု ကြွလာတော်မူမည့် အကြောင်းကို ကြားသိကြလေ၏။
12 No dia seguinte, uma grande multidão que tinha vindo à festa em Jerusalém ouviu dizer que Jesus se ia aproximando.
13 ထို့ကြောင့် သူရို့သည် စွန်ပလွံခက်များကို ယူ၍ “ဘုရားသခင်ကို ချီးမွမ်းကြလော့။ သခင်ဘုရား၏ နာမတော်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာဟိစီသတည်း။ ဣသရေလ သျှင်ဘုရင်သည် မင်္ဂလာဟိစီသတည်း” ဟု ကြွေးကြော်လျက် ကိုယ်တော့်ကို ကြိုဆိုရန် ထွက်လာကြ၏။
13 Saíram-lhe ao encontro com ramos de palmas, exclamando: Hosana! Bendito o que vem em nome do Senhor, o rei de Israel!
14 ယေသျှုသည် မြည်းသျှေတစ်ကောင်ကို တွိ့၍ စီးတော်မူ၏။ ကျမ်းစာတော်မြတ်တွင်၊
14 Tendo Jesus encontrado um jumentinho, montou nele, segundo o que está escrito:
15 “အို ဇိအုန်မြို့၊ မကြောက်ကေ့။
15 Não temas, filha de Sião, eis que vem o teu rei montado num filho de jumenta {Zc 9,9}.
16 ထိုအချိန်ခါက တပည့်တော်ရို့သည် ဤကျမ်းစာကို နားမလည်ကြ။ ယေသျှုသည် ဘုန်းတော်နှင့် ထမြောက်တော်မူသောအခါမှ ဤကျမ်းစာချက်ကား ကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ သူရို့သည် ကိုယ်တော်အတွက် ထိုသို့ပြုခသည်ကိုလည်းကောင်း မှတ်မိကြ၏။
16 Os seus discípulos a princípio não compreendiam essas coisas, mas, quando Jesus foi glorificado, então se lembraram de que isto estava escrito a seu respeito e de que assim lho fizeram.
17 ယေသျှုသည် လာဇရုအား သင်္ချိုင်းတွင်းထဲမှ ခေါ်ထုတ်၍ အသက်ပြန်ရှင်လာသောအခါက ကိုယ်တော်နှင့်အတူ လိုက်ကြသော သူရို့သည် ထိုအဖြစ်ပျက်ကို သက်သီခံကြ၏။
17 A multidão, pois, que se achava com ele, quando chamara Lázaro do sepulcro e o ressuscitara, aclamava-o.
18 ကိုယ်တော်ပြုခသော အံ့ဖွယ်နိမိတ်လက္ခဏာအကြောင်းကို ကြားရသောကြောင့် များစွာသော လူရို့သည် ကိုယ်တော့်ကို ကြိုဆိုရန် လာကြ၏။
18 Por isso o povo lhe saía ao encontro, porque tinha ouvido que Jesus fizera aquele milagre.
19 ဖာရိယှဲရို့ကလည်း “ငါရို့သည် အောင်မြင်ခြင်း မဟိသည်ကို မြင်သလော။ ကြည့်ကတ်၊ လောကကြီးတစ်ခုလုံးက သူ့နောက်သို့ လိုက်ပါလားကြပြီတကား” ဟု အချင်းချင်း ပြောဆိုကြ၏။
19 Mas os fariseus disseram entre si: Vede! Nada adiantamos! Reparai que todo mundo corre após ele!
20 ပွဲတော်အတွင်း ဝတ်ပြုကိုးကွယ်ရန် ယေရုဆလင်မြို့သို့ လာကြသော လူထဲတွင် ဟေလသအမျိုးသား တချို့ပါ၏။
20 Havia alguns gregos entre os que subiram para adorar durante a festa.
21 သူရို့သည် ဂါလိလဲပြည် ဗက်ဇဲဒမြို့သားဖြစ်သူ ဖိလိပ္ပုပါးသို့ လားကြ၍ “ဆရာ၊ အကျွန်ရို့သည် ယေသျှုကို မြင်ချင်ပါ၏” ဟု တောင်းဆိုကြ၏။
21 Estes se aproximaram de Filipe {aquele de Betsaida da Galiléia} e rogaram-lhe: Senhor, quiséramos ver Jesus.
22 ဖိလိပ္ပုသည် ထိုအကြောင်းကို အန္ဒြေအား ပြောပြပြီးလျှင် သူရို့နှစ်ယောက်သည် ယေသျှုထံသို့ အတူတကွလား၍ လျှောက်ကြ၏။
22 Filipe foi e falou com André. Então André e Filipe o disseram ao Senhor.
23 ယေသျှုက သူရို့အား “လူသားသည် ကြီးမြတ်သော ဘုန်းပွင့်တော်မူရန် အချိန် အဂုပင် ရောက်လာပြီ။
23 Respondeu-lhes Jesus: É chegada a hora para o Filho do Homem ser glorificado.
24 မှန်သောစကားကို ငါပြောမည်၊ ဂျုံစိ့သည် မြီကြီးသို့မကျ၊ မပျက်စီးလျှင် အစိ့တစ်စိ့ထက် တိုးပွါးလိမ့်မည် မဟုတ်။ ပျက်စီးလျှင်မူကား အသီးအနှံများစွာ တိုးပွါးလိမ့်မည်။
24 Em verdade, em verdade vos digo: se o grão de trigo, caído na terra, não morrer, fica só; se morrer, produz muito fruto.
25 ကိုယ့်အသက်ကို ချစ်သောသူသည် အသက်ဆုံးယှုံးလိမ့်မည်။ ဤလောက၌ မိမိအလိုသို့ မလိုက်သောသူသာလျှင် ထာဝရအသက်ကို စောင့်ရှောက်သူဖြစ်၏။
25 Quem ama a sua vida, perdê-la-á; mas quem odeia a sua vida neste mundo, conservá-la-á para a vida eterna.
26 ငါ့အမှုကို ဆောင်ရွက်သောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုကို ဆောင်ရွက်သောသူဖြစ်သောကြောင့် ငါဟိသည့်အရပ်၌ ဟိလိမ့်မည်။ ငါ့အမှုကို ဆောင်ရွက်သူကို ခမည်းတော်သည် ချီးမြောက်တော်မူလိမ့်မည်။
26 Se alguém me quer servir, siga-me; e, onde eu estiver, estará ali também o meu servo. Se alguém me serve, meu Pai o honrará.
27 “အဂုတွင် ငါသည် စိတ်နှလုံး ပူပန်ခြင်းဟိ၏။ ဇာသို့ လျှောက်ရအံ့နည်း။ ‘အဖ အကျွန့်ကို စိတ်ပူပန်ခြင်းမှ ကင်းလွတ်စီတော်မူပါ’ ဟု မြွက်ဆိုရမည်လော။ ယေဒါလည်း ငါသည် ဤဒုက္ခဝေဒနာကို ခံစားရန် ယခုအချိန်နာရီသို့ ရောက်လာခြင်းဖြစ်၏။
27 Presentemente, a minha alma está perturbada. Mas que direi?... Pai, salva-me desta hora... Mas é exatamente para isso que vim a esta hora.
28 အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းထင်ရှားစီတော်မူပါ” ဟု မြွက်ဆိုတော်မူ၏။
28 Pai, glorifica o teu nome! Nisto veio do céu uma voz: Já o glorifiquei e tornarei a glorificá-lo.
29 ထိုနီရာတွင် ရပ်နိန်ကြသော လူအစုအဝေးရို့သည် ထိုအသံကိုကြား၍ လူတချို့က မိုးကြိမ်းသည်ဟု ဆိုကြ၏။ တချို့က “ကိုယ်တော့်ကို ကောင်းကင်တမန်က စကားပြောသည်” ဟု ဆိုကြ၏။
29 Ora, a multidão que ali estava, ao ouvir isso, dizia ter havido um trovão. Outros replicavam: Um anjo falou-lhe.
30 သို့သော် ယေသျှုက ထိုသူရို့အား “ဤအသံတော် ထွက်ပေါ်လာခြင်းက ငါ့အကျိုးတွက် မဟုတ်။ သင်ရို့အကျိုးတွက် ဖြစ်၏။
30 Jesus disse: Essa voz não veio por mim, mas sim por vossa causa.
31 ဤလောကသည် အဂုပင် တရားစီရင်ခြင်းကို ခံရမည့်အချိန် ဖြစ်၏။ ဤလောကကို အုပ်ချုပ်သူကလည်း အဂုပင် အပြင်သို့ နှင်ထုတ်ခြင်းကို ခံရ၏။
31 Agora é o juízo deste mundo; agora será lançado fora o príncipe deste mundo.
32 ငါသည် မြီကြီးမှခွါ၍ မြှောက်ထားခြင်းကို ခံရသည့်အခါ လူတိုင်းကို ငါ့ထံသို့ ငါဆွဲမည်” ဟု မိန့်တော်မူ၏။
32 E quando eu for levantado da terra, atrairei todos os homens a mim.
33 ဤသို့ မိန့်တော်မူရသည်မှာ မိမိသည် ဒုက္ခဝေဒနာကိုခံရ၍ မည်သို့ အသီခံရမည်ကို အရိပ်အမြွက်အားဖြင့် ဖော်ပြတော်မူခြင်းဖြစ်၏။
33 Dizia, porém, isto, significando de que morte havia de morrer.
34 လူအစုဝေးကလည်း၊ “မေသျှိယသည် အစဉ်အမြဲ အသက်ရှင်သည်ဟု အကျွန်ရို့ ပညတ္တိကျမ်း၌ ဆို၏။ သို့ဖြစ်လျှင် လူသားသည် မြီကြီးကခွါ၍ မြှောက်ထားခြင်းကို ခံရမည်ဟု ဇာပိုင် ပြောနိုင်သနည်း။ လူသားကား ဇာသူနည်း” ဟု မိန်းမြန်းကြ၏။
34 A multidão respondeu-lhe: Nós temos ouvido da lei que o Cristo permanece para sempre. Como dizes tu: Importa que o Filho do Homem seja levantado? Quem é esse Filho do Homem?
35 ယေသျှုကလည်း၊ “အလင်းသည် သင်ရို့၌ ခဏသာ ဟိလိမ့်မည်။ သင်ရို့အား အမှောင် မဖုံးလွှမ်းစီရန် အလင်းဟိစဉ်၌ လားလာကြလော့။ အမှောင်၌ လားလာနိန်သူသည် ဇာအရပ်သို့ လားလာသည်ကိုမသိ။
35 Respondeu-lhes Jesus: Ainda por pouco tempo a luz estará em vosso meio. Andai enquanto tendes a luz, para que as trevas não vos surpreendam; e quem caminha nas trevas não sabe para onde vai.
36 ထို့ကြောင့် အလင်းဟိနိန်ခိုက်တွင် ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာ သင်ရို့သည် အလင်း၏သားသမီးတိ ဖြစ်လာကြလိမ့်မည်” ဟု မိန့်တော်မူ၏။
36 Enquanto tendes a luz, crede na luz, e assim vos tornareis filhos da luz. Jesus disse essas coisas, retirou-se e ocultou-se longe deles.
37 သူရို့မျက်မှောက်တွင် နိမိတ်လက္ခဏာများစွာကို ပြခသော်လည်း ကိုယ်တော့်ကို မယုံကြည်ကြ။
37 Embora tivesse feito tantos milagres na presença deles, não acreditavam nele.
38 ပရောဖက်ဟေသျှာယ ဟောဖူးသည်ကား၊
38 Assim se cumpria o oráculo do profeta Isaías: Senhor, quem creu em nossa pregação? E a quem foi revelado o braço do Senhor {Is 53,1}?
39 ထိုစကားကြောင့် သူရို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။ အကြောင်းမှာ ဟေသျှာယက၊
39 Aliás, não podiam crer, porque outra vez disse Isaías:
40 “ဘုရားသခင်သည် သူရို့မျက်စိကို ကွယ်စီတော်မူ၏၊
40 Ele cegou-lhes os olhos, endureceu-lhes o coração, para que não vejam com os olhos nem entendam com o coração e se convertam e eu os sare {Is 6,10}.
41 ဟေသျှာယသည် ယေသျှု၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရသဖြင့် ကိုယ်တော်၏ အကြောင်းကို ဤသို့ မြွက်ဆိုခြင်းဖြစ်၏။
41 Assim se exprimiu Isaías, quando teve a visão de sua glória e dele falou.
42 သို့စေကာမူ များစွာသော ယုဒအာဏာပိုင်ရို့ကလည်း ယေသျှုကို ယုံကြည်ကြ၏။ သို့သော်လည်း ဖာရိယှဲရို့ကြောင့် တရားဇရပ်မှ နှင်ထုတ်ခံရမည်ကို ကြောက်၍ မိမိရို့ ယုံကြည်ကြကြောင်းကို ပွင့်လင်းစွာ ဝန်မခံကြပေ။
42 Não obstante, também muitos dos chefes creram nele, mas por causa dos fariseus não o manifestavam, para não serem expulsos da sinagoga.
43 ထိုသူရို့က ဘုရားသခင်၏ ချီးမွမ်းခြင်းထက် လူရို့၏ ချီးမွမ်းခြင်းကို ပို၍ နှစ်သက်ကြသူများ ဖြစ်ကြ၏။
43 Assim preferiram a glória dos homens àquela que vem de Deus.
44 ယေသျှုက အော်ဟစ်၍ “ငါ့ကို ယုံကြည်သူသည် ငါ့ကိုသာ မဟုတ် ငါ့ကို စီရွှတ်တော်မူသည့် သူကိုပင်လျှင် ယုံကြည်၏။
44 Entretanto, Jesus exclamou em voz alta: Aquele que crê em mim, crê não em mim, mas naquele que me enviou;
45 ငါ့ကို မြင်သောသူသည်လည်း ငါ့ကို စီရွှတ်တော်မူသော သူကိုလည်း မြင်၏။
45 e aquele que me vê, vê aquele que me enviou.
46 ငါ့ကို ယုံကြည်သောသူတိုင်းကို မှောင်မိုက်ထဲ၌ မကျန်ခစီရန်အတွက် ငါသည် အလင်းအဖြစ်ဖြင့် လောကကို ကြွလာပြီ။
46 Eu vim como luz ao mundo; assim, todo aquele que crer em mim não ficará nas trevas.
47 ငါ၏ သတင်းစကားကို ကြားလျက်နှင့် မနာခံသောသူကို ငါသည် တရားမစီရင်။ လောကသားတိကို အပြစ်စီရင်ရန် ငါလာသည် မဟုတ်၊ ကယ်တင်ဖို့ရန် လာခြင်းဖြစ်၏။
47 Se alguém ouve as minhas palavras e não as guarda, eu não o condenarei, porque não vim para condenar o mundo, mas para salvá-lo.
48 ငါ့ကိုပယ်၍ ငါဟောပြောသော သတင်းစကားကို နာမခံသောသူအား တရားစီရင်မည့်သူ ဟိသိမ့်၏။ ငါဟောပြောသည့်စကားပင် နောက်ဆုံးသောနိ့၌ ထိုသူရို့ကို တရားစီရင်လိမ့်မည်။
48 Quem me despreza e não recebe as minhas palavras, tem quem o julgue; a palavra que anunciei julgá-lo-á no último dia.
49 ဇာကြောင့်ဆိုသော် ငါသည် ကိုယ့်အခွင့်အာဏာနှင့် ဟောပြောသည် မဟုတ်။ သို့ရာတွင် ငါဟောပြောသော အရာအားလုံးသည် ငါ့ကို စီရွှတ်တော်မူသော ခမည်းတော်က ဟောပြောခိုင်းသည့်အတိုင်း ငါဟောပြောခြင်း ဖြစ်၏။
49 Em verdade, não falei por mim mesmo, mas o Pai, que me enviou, ele mesmo me prescreveu o que devo dizer e o que devo ensinar.
50 ခမည်းတော်၏ ပညတ်တော်သည် ထာဝရအသက် ယူဆောင်လာသည်ကို ငါသိ၏။ ထို့ကြောင့် ငါဟောပြောသောအရာသည်ကား ခမည်းတော်သည် ငါ့အား ဟောပြောခိုင်းသည့်အတိုင်း ငါဟောပြောခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
50 E sei que o seu mandamento é vida eterna. Portanto, o que digo, digo-o segundo me falou o Pai.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.