João 11

rki (RKI) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 မာရိနှင့် သူမ၏ ညီမဖြစ်သူ မာသရို့ နီထိုင်ကြသော ဗေသနိရွာတွင် လာဇရုဆိုသူ လူတစ်ယောက်သည် ဖျားနာလျက်ဟိ၏။
1 Um homem chamado Lázaro estava doente. Ele era de Betânia, da aldeia de Maria e de sua irmã Marta.
2 ထိုမာရိကား သခင်ဘုရား၏ ခြီတော်ထက်မာ ဆီမွှီးလောင်း၍ မိမိ၏ဆံပင်နှင့် သုတ်ပီးသူဖြစ်၏။ ဖျားနာနိန်သော လာဇရုသည် သူမ၏မောင် ဖြစ်၏။
2 Esta Maria, cujo irmão Lázaro estava doente, era a mesma que ungiu o Senhor com perfume e lhe enxugou os pés com os seus cabelos.
3 ညီအစ်မနှစ်ယောက်ရို့က “အသျှင်၊ အသျှင်ချစ်တော်မူသောသူသည် ဖျားနာနိန်ပါ၏” ဟု ယေသျှုထံတော်သို့ သတင်းပို့လိုက်ကြ၏။
3 Por isso, as irmãs de Lázaro mandaram dizer a Jesus: — Aquele que o Senhor ama está doente.
4 ထိုသတင်းကို ယေသျှုကြားတော်မူလျှင် “လာဇရု၏ ဖျားနာခြင်းသည် သီနာ မဟုတ်။ ဘုရားသခင်၏ဘုန်းတော် ထင်ရှားရန် ဖြစ်၏။ ထိုဖျားနာခြင်းကြောင့် ဘုရားသခင်၏ သားတော်သည် ဘုန်းတော်ထင်ရှား လိမ့်မည်” ဟု မိန့်တော်မူ၏။
4 Ao receber a notícia, Jesus disse:
5 ယေသျှုသည် မာသ၊ သူမ၏အစ်မနှင့် လာဇရုရို့ကို ချစ်တော်မူ၏။
5 Ora, Jesus amava Marta e a irmã dela, e também Lázaro.
6 လာဇရု ဖျားနာနိန်ကြောင်းကို ကိုယ်တော်သည် ကြားတော်မူလျှင်၊ ကိုယ်တော်သည် မိမိရောက်ရာ အရပ်တွင် နှစ်ရက် ဆက်၍ နီတော်မူ၏။
6 Quando soube que Lázaro estava doente, ainda se demorou dois dias no lugar onde estava.
7 ထို့နောက် တပည့်တော်ရို့အား “ယုဒပြည်သို့ ပြန်လားကြမည်” ဟု မိန့်တော်မူ၏။
7 Depois, disse aos seus discípulos:
8 တပည့်တော်ရို့ကလည်း “ဆရာ၊ ယုဒလူတိက ဆရာကို မကြာသိမ့်သောအချိန်က ကျောက်ခဲနှင့် ပစ်ခြင်းငှာ အကြံဟိကြသည်ဖြစ်၍ ထိုအရပ်သို့ ပြန်ကြွဦးမည်လော” ဟု မိန်းလျှောက်ကြလျှင်၊
8 Os discípulos disseram: — Mestre, ainda há pouco os judeus queriam apedrejá-lo! E o senhor quer voltar para lá?
9 ယေသျှုက “တစ်နိ့တွင် တစ်ဆယ့်နှစ်နာရီ ဟိသည် မဟုတ်လော၊ ဇာသူမဆို လောက၌ နိ့အချိန်တွင် အလင်းရောင်ကို မြင်ရသောကြောင့် ခလုတ်မတိုက်ဘဲ ကောင်းမွန်စွာ လားလာနိုင်ကြ၏။
9 Jesus respondeu:
10 သို့သော်လည်း ညအချိန်၌ကား အလင်းရောင် မဟိသောကြောင့် လားလာကြသော လူတိသည် ခလုတ်တိုက်ပြီး လဲတတ်ကြ၏” ဟု မိန့်တော်မူ၏။
10 Mas, se andar de noite, tropeça, porque nele não há luz.
11 ကိုယ်တော်သည် ထိုသို့ မိန့်တော်မူပြီးနောက် “ငါရို့အဆွီ လာဇရုသည် အိပ်နိန်ခြင်းသာဖြစ်၍ သူ့ကို နှိုးခြင်းငှာ လားကြမည်” ဟု ထပ်၍ မိန့်တော်မူ၏။
11 Tendo dito isso, acrescentou:
12 တပည့်တော်ရို့က “အသျှင်၊ သူသည် အိပ်ပျော်နိန်သည်ဆိုလျှင် ကျန်းမာလာပါလိမ့်မည်” ဟု လျှောက်ကြ၏။
12 Então os discípulos disseram: — Senhor, se dorme, estará salvo.
13 ယေသျှုကလည်း၊ လာဇရုသီဆုံးကြောင်းကို ရည်ရွယ်၍ မိန့်တော်မူသော်လည်း သာမန် အိပ်ပျော်ကြောင်းကို ဆိုလိုသည်ဟု တပည့်တော်ရို့က ထင်မှတ်ကြ၏။
13 Jesus falava da morte de Lázaro, mas eles pensavam que tivesse falado do repouso do sono.
14 ထို့ကြောင့် ယေသျှုသည်၊ “လာဇရုက သီလားခယာ။
14 Então Jesus lhes disse claramente:
15 ထိုအရပ်၌ ငါမဟိသည်ကို ထောက်၍ သင်ရို့အတွက် ငါ ဝမ်းမြောက်ခြင်း ဟိ၏။ ထို့ကြောင့် သူရို့ ယုံကြည်လာလိမ့်မည်။ သူ့ပါးသို့ လားကြကုန်အံ့” ဟု ပွင့်လင်းစွာ မိန့်တော်မူ၏။
15 Por causa de vocês me alegro de que não estivesse lá, para que vocês possam crer. Mas vamos até ele.
16 (အမြွှာပူးဟု ခေါ်သော) သောမက “အကျွန်ရို့လည်း ဆရာနှင့်အတူ အသီခံဖို့ လိုက်လားကြမည်” ဟု မိမိ၏ အပေါင်းအဖော်ဖြစ်သော တပည့်တော်ရို့အား ပြောဆို၏။
16 Então Tomé, chamado Dídimo, disse aos outros discípulos: — Vamos também nós para morrer com o Mestre!
17 ယေသျှုသည် ရောက်တော်မူသောအခါ လာဇရုအား သဂြိုဟ်ခသည်မှာ လေးရက် ကြာပြီဖြစ်၏။
17 Quando Jesus chegou, encontrou Lázaro já sepultado havia quatro dias.
18 ဗေသနိရွာသည် ယေရုဆလင်မြို့နှင့် နှစ်မိုင်ခန့်သာ ဝီးသည်ဖြစ်၍၊
18 Ora, Betânia ficava a mais ou menos três quilômetros de Jerusalém.
19 ယုဒလူရို့သည် မာရိနှင့် မာသရို့၏မောင် သီဆုံး၍ သူရို့ကို နှစ်သိမ့်ပီးရန် လာကြ၏။
19 Muitos dos judeus vieram visitar Marta e Maria, a fim de consolá-las por causa do irmão.
20 ယေသျှုလာသည်ကို မာသသည် ကြားလျှင် ကိုယ်တော့်ကို ခရီးဦးကြိုပြုရန် ထွက်လားသော်လည်း မာရိကား အိမ်တွင် ကျန်ခ၏။
20 Marta, quando soube que Jesus estava chegando, foi encontrar-se com ele; Maria, porém, ficou sentada em casa.
21 မာသက ယေသျှုအား၊ “အသျှင်၊ အသျှင်သာ ဤနီရာ၌ ဟိမည်ဆိုလျှင် အကျွန့်မောင် သီဆုံးလိမ့်မည် မဟုတ်ပါ။
21 Então Marta disse a Jesus: — Se o Senhor estivesse aqui, o meu irmão não teria morrido.
22 ယေဒါလည်း အဂုပင်လျှင် အသျှင် တောင်းသမျှအရာတိအား ဘုရားသခင်က ပီးမည်ဆိုသည်ကို အကျွန်သိပါ၏” ဟု လျှောက်လေ၏။
22 Mas também sei que, mesmo agora, tudo o que o senhor pedir a Deus, ele concederá.
23 ယေသျှုကလည်း “သင်၏မောင်သည် အသက်ပြန်ရှင်လိမ့်မည်” ဟု သူမအား မိန့်တော်မူ၏။
23 Jesus disse a ela:
24 မာသက “နောက်ဆုံးနိ့ဖြစ်သော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ဆိုသည်ကို အကျွန်သိပါ၏” ဟု ပြန်လျှောက်လေ၏။
24 Ao que Marta respondeu: — Eu sei que ele há de ressurgir na ressurreição, no último dia.
25 ယေသျှုကလည်း “ငါသည် ထမြောက်ခြင်းနှင့် အသက်ရှင်ခြင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သီလွန်သော်လည်း အသက်ရှင်လိမ့်မည်။
25 Então Jesus declarou:
26 ငါ့ကို ယုံကြည်ပြီး အသက်ရှင်နိန်သည့် လူတိလည်း သီခြင်းတရားနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါစကားကို ယုံသလော” ဟု မိန်းတော်မူ၏။
26 E todo o que vive e crê em mim não morrerá eternamente. Você crê nisto?
27 မာသက၊ “ယုံပါ၏ အသျှင်။ အသျှင်သည် ဤလောကသို့ ကြွလာသော ဘုရားသခင်၏သားတော် မေသျှိယ ဖြစ်တော်မူကြောင်းကို အကျွန် ယုံပါ၏” ဟု လျှောက်၏။
27 Marta respondeu: — Sim, Senhor! Eu creio que o senhor é o Cristo, o Filho de Deus que devia vir ao mundo.
28 ထိုသို့ လျှောက်ထားပြီးနောက် မာသသည် အိမ်သို့ပြန်၍ သူမ၏အစ်မ မာရိအား တိုးတိတ်စွာခေါ်၍ “ဆရာ ရောက်လာတော်မူယာ။ သင့်ကို မိန်းနိန်၏” ဟု ပြောလေ၏။
28 Depois de dizer isto, Marta foi chamar Maria, a sua irmã, e lhe disse em particular: — O Mestre chegou e está chamando você.
29 မာရိသည် ထိုစကားကြားလျှင် အယင် ထပြီးလျှင် ကိုယ်တော်ပါးသို့ လားလေ၏။
29 Quando Maria ouviu isso, levantou-se depressa e foi até ele,
30 ယေသျှုသည် ရွာထဲကို မဝင်ရသိမ့်။ မာသ ခရီးဦးကြိုပြုသော အရပ်တွင်သာ ဟိသိမ့်၏။
30 pois Jesus ainda não tinha entrado na aldeia, mas permanecia onde Marta o havia encontrado.
31 မာရိအား နှစ်သိမ့်ခြင်းငှာ အိမ်သို့ ရောက်နိန်ကြသော ယုဒလူရို့သည် မာရိ အလျင်အမြန် ထလားသည်ကို မြင်လျှင် ငိုကြွီးရန် သင်္ချိုင်းသို့ လားသည်ဟု ထင်မှတ်ကြ၏။ သူရို့သည်လည်း မာရိနောက်သို့ လိုက်လာကြ၏။
31 Os judeus que estavam com Maria em casa e a consolavam, vendo-a levantar-se depressa e sair, seguiram-na, pensando que ela ia ao túmulo para chorar.
32 မာရိသည် ယေသျှုဟိရာအရပ်သို့ ရောက်သောအခါ ကိုယ်တော့်ကို မြင်သဖြင့် ရှိ့တော်၌ ပျပ်ဝပ်လျက် “အသျှင်၊ အသျှင်သာ ဤအရပ်၌ ဟိတော်မူခလျှင် အကျွန့်မောင် သီရမည် မဟုတ်ပါ” ဟု လျှောက်လေ၏။
32 Quando Maria chegou ao lugar onde Jesus estava, ao vê-lo, lançou-se aos seus pés, dizendo: — Se o Senhor estivesse aqui, o meu irmão não teria morrido.
33 မာရိမှစ၍ သူမနှင့်အတူ လိုက်လာကြသော ယုဒလူအားလုံး ငိုကြွီးနိန်သည်ကို ယေသျှုသည် မြင်တော်မူလျှင် စိတ်တော်အလွန်ညှိုးငယ်၍ စိတ်မချမ်းမသာ ဖြစ်တော်မူ၏။
33 Quando Jesus viu que ela chorava, e que os judeus que a acompanhavam também choravam, agitou-se no espírito e se comoveu.
34 ကိုယ်တော်က “သူ့အလောင်းကို ဇာမှာ သင်္ဂြိုဟ်ကြသနည်း” ဟု မိန်းတော်မူလျှင်၊
34 E perguntou: Eles responderam: — Senhor, venha ver!
35 ယေသျှုသည် မျက်ရည်ကျတော်မူ၏။
35 Jesus chorou.
36 ယုဒလူအပေါင်းရို့က “ဤသူသည် လာဇရုကို ဇာလောက် ချစ်သည်ကို ကြည့်ကတ်ပါ” ဟု ဆိုကြ၏။
36 Então os judeus disseram: — Vejam o quanto ele o amava.
37 တချို့သော သူရို့က “မျက်ကန်းတိကို မျက်စိပြန်မြင်စီသောသူသည် လာဇရုကို မသီစီခြင်းငှာ မတတ်နိုင်လား” ဟု ဆိုကြ၏။
37 Mas alguns disseram: — Será que ele, que abriu os olhos ao cego, não podia fazer com que Lázaro não morresse?
38 ယေသျှုသည် စိတ်နှလုံး အလွန်ညှိုးငယ်၍ သင်္ချိုင်းဂူသို့ ကြွတော်မူ၏။ ထိုသင်္ချိုင်းဂူ အပေါက်ဝကိုလည်း ကျောက်တုံးဖြင့် ပိတ်ထား၏။
38 Jesus, agitando-se novamente em si mesmo, foi até o túmulo, que era uma gruta em cuja entrada tinham colocado uma pedra.
39 ယေသျှုကလည်း “ကျောက်တုံးကို ဖယ်လိုက်ကြ” ဟု အမိန့်ပီးတော်မူ၏။ သီဆုံးသူ၏ အစ်မဖြစ်သော မာသက “အသျှင်၊ သင်္ဂြိုဟ်ထားသည်မှာ လေးရက်ဟိနီပြီဖြစ်၍ အနံ့ထွက်နိန်ဖို့ယာ” ဟု လျှောက်၏။
39 Então Jesus ordenou: Marta, irmã do falecido, disse a Jesus: — Senhor, já cheira mal, porque está morto há quatro dias.
40 ယေသျှုကလည်း “သင်ယုံကြည်လျှင် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မြင်ရလိမ့်မည်၊ ငါပြောထားသည် မဟုတ်လော” ဟု သူမအား မိန့်တော်မူ၏။
40 Jesus respondeu:
41 သူရို့သည် ကျောက်တုံးကို ဖယ်လိုက်ကြ၏။ ယေသျှုသည် အထက်သို့ မျှော်ကြည့်တော်မူပြီးလျှင် “အဘ၊ ကိုယ်တော်သည် အကျွန့်စကားကို နားညောင်းတော်သောကြောင့် ကျေးဇူးတော်ကြီးမားလှပါ၏၊
41 Então tiraram a pedra. E Jesus, levantando os olhos para o céu, disse:
42 ကိုယ်တော်သည် အကျွန့်စကားကို အစဉ်အမြဲ နားညောင်းတော်မူကြောင်းကို အကျွန်သိပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန့်ကို စီရွှတ်တော်မူကြောင်း၊ ဤလူအပေါင်းရို့ ယုံကြည်ကြရန် သူရို့အကျိုးကို ထောက်၍ လျှောက်ပါ၏” ဟု မြွက်ဆိုတော်မူ၏။
42 Eu sei que sempre me ouves, mas falei isso por causa da multidão presente, para que creiam que tu me enviaste.
43 ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က “လာဇရု ထွက်လာလော့” ဟု ကျယ်သောအသံနှင့် ဟစ်ခေါ်တော်မူ၏။
43 E, depois de dizer isso, clamou em alta voz:
44 ထိုအခါ သီလွန်သောသူသည် အသုဘအဝတ်ဖြင့် ခြီနှင့် လက်တိကို ရစ်ပတ်ထားပြီး၊ မျက်နှာ၌ အဝတ်ဖြင့် ပတ်ထားလျက် ထွက်လာလေ၏။ ယေသျှုကလည်း “သူ့ကို ဖြီပီး၍ လားခွင့်ပြုကြလော့” ဟု မိန့်တော်မူ၏။
44 Aquele que tinha morrido saiu, tendo os pés e as mãos amarrados com ataduras e o rosto envolto num lenço. Então Jesus lhes ordenou:
45 ထိုအခါ မာရိပါးသို့ လာလည်ကြသော ယုဒလူအပေါင်းရို့သည် ယေသျှု ပြုတော်မူသောအမှုကို တွိ့မြင်ကြသဖြင့် ကိုယ်တော့်ကို ယုံကြည်လာကြ၏။
45 Muitos dos judeus que tinham vindo visitar Maria, vendo o que Jesus havia feito, creram nele.
46 သို့ရာတွင် လူတချို့သည် ဖာရိယှဲရို့ပါးသို့လား၍ ယေသျှု ပြုတော်မူသည့်အကြောင်းကို ပြောပြကြ၏။
46 Outros, porém, foram até os fariseus e lhes contaram o que Jesus havia feito.
47 သို့ဖြစ်၍ ဖာရိယှဲရို့နှင့် ယဇ်ပုရောဟိတ် အကြီးအကဲရို့သည် ယုဒလွှတ်အရာဟိတိကို စည်းဝေးစီ၍ “ဤသူသည် အံဖွယ်နိမိတ်လက္ခဏာတိကို ပြနိန်၏။ ငါရို့ ဇာပိုင် လုပ်ကြရမည်နည်း။
47 Então os principais sacerdotes e os fariseus convocaram o Sinédrio e disseram: — O que estamos fazendo, uma vez que este homem opera muitos sinais?
48 သူ့ကို ဤသို့ ခွင့်ပြုထားလျှင် လူတိုင်းက သူ့ကို ယုံကြည်လာကြလိမ့်မည်။ ရောမ အာဏာပိုင်တိကလည်း လာပြီးလျှင် ငါရို့ ဗိမာန်တော်နှင့် ငါရို့ လူမျိုးတိကို ဖျက်ဆီးပစ်ပါလိမ့်မည်” ဟု ဆိုကြ၏။
48 Se o deixarmos assim, todos crerão nele; depois, virão os romanos e tomarão não só o nosso lugar, mas a própria nação.
49 သူရို့ထဲမှ ထိုနှစ်အတွက် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖဆိုသူက “သင်ရို့သည် ဇာကြောင့် ပညာကန်းနိန်ကြသနည်း၊
49 Mas um deles, Caifás, que era sumo sacerdote naquele ano, advertiu-os, dizendo: — Vocês não sabem nada,
50 ယုဒတစ်မျိုးသားလုံး ပျက်စီးရသည်ထက်၊ လူအားလုံးအတွက် လူတစ်ယောက် သီရသည်ကား သာ၍ကောင်းသည်ကို မသိကြသလော” ဟု ဆို၏။
50 nem entendem que é melhor para vocês que morra um só homem pelo povo e que não venha a perecer toda a nação.
51 ထိုသို့ဆိုရာ၌ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဆိုသည် မဟုတ်။ ပရောဖက်ဉာဏ်ဖြင့် ထိုနှစ်အတွက် ယဇ်ပုရောဟိတ်မင်းဖြစ်လျက် ယေသျှုသည် ယုဒတစ်မျိုးသားလုံးအတွက် သီရမည် ဟူ၍လည်းကောင်း၊
51 Ora, Caifás não disse isto por conta própria, mas, sendo sumo sacerdote naquele ano, profetizou que Jesus estava para morrer pela nação.
52 ယုဒလူမျိုးတိအတွက်သာမက ကွဲလွင့်နိန်သော ဘုရားသခင်၏ လူမျိုးတော်များကို တစ်စုတစ်လုံးတည်း ဖြစ်စီရန် အသီခံရမည် ဟူ၍လည်းကောင်း ကြိုတင် ဟောကြားခြင်းဖြစ်၏။
52 E não somente pela nação, mas também para reunir em um só corpo os filhos de Deus, que andam dispersos.
53 ထိုနိ့မှစ၍ ယုဒအာဏာပိုင်ရို့သည် ယေသျှုကိုသတ်ရန် စီစဉ်ကြ၏။
53 Desde aquele dia, resolveram matar Jesus.
54 ထို့ကြောင့် ယေသျှုသည် ယုဒပြည်တွင် ထင်ရှားစွာ လားလာခြင်းကို မပြုလီယာ။ သို့ရာတွင် ထိုအရပ်မှ ထွက်ခွါတော်မူ၍ တောကန္တာရအနား၊ ဧဖရိမ်အမည်ဟိသော မြို့သို့ ကြွတော်မူပြီးလျှင် တပည့်တော်ရို့နှင့်အတူ နီတော်မူ၏။
54 Assim sendo, Jesus já não andava publicamente entre os judeus, mas retirou-se para uma região vizinha ao deserto, para uma cidade chamada Efraim, onde permaneceu com os discípulos.
55 ပသခါပွဲတော်အခါ နီးလာပြီဖြစ်၍ အရပ်ရပ်မှ များစွာသော ယုဒလူရို့သည် မိမိရို့အား သန့်ယှင်းစင်ကြယ်စီရန် ပွဲတော်အခါမစခင် ယေရုဆလင်မြို့သို့ လာကြ၏။
55 Estava próxima a Páscoa dos judeus, e muitos daquela região foram a Jerusalém antes da Páscoa para se purificar.
56 ထိုသူရို့သည် ယေသျှုကိုရှာလျက် ဗိမာန်တော်တွင် စုရုံးလာကြသောအခါ “သူသည် ဤပွဲတော်ကို မလာမည်မှာ သေချာသလား။ သင်ရို့ မည်သို့ ထင်ကြသနည်း” ဟု အချင်းချင်း မိန်းမြန်းကြ၏။
56 Lá, procuravam Jesus e, estando eles no templo, diziam uns aos outros: — O que vocês acham? Ele não virá à festa?
57 ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဖာရိယှဲရို့က ဇာသူမဆို ယေသျှုဟိသော အရပ်ကိုသိလျှင် သူရို့သည် ကိုယ်တော့်ကို ဖမ်းဆီးနိုင်ရန် အကြောင်းကြားရမည်ဟု အမိန့်ထုတ်ထားပြီး ဖြစ်လေ၏။
57 Ora, os principais sacerdotes e os fariseus haviam ordenado que, se alguém soubesse onde ele estava, o denunciasse, para que pudessem prendê-lo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.