Hebreus 2

rki (RKI) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ထို့ကြောင့် ငါရို့သည် လမ်းမလွဲစီခြင်းငှာ ငါရို့ကြားနာပြီးသော သမ္မာတရားကို သာ၍ ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြရမည်။
1 Portanto, precisamos prestar muita atenção às verdades que temos ouvido, para não nos desviarmos delas.
2 ကောင်းကင်တမန်ရို့က ငါရို့အဖိုး အဖီးရို့အား ပီးခသော ဗျာဒိတ်တော်သည် မှန်ကန်သည်ဖြစ်၍ ထိုဗျာဒိတ်တော်ကို ငြင်းပယ်သောသူ သို့မဟုတ် မလိုက်နာသောသူရို့သည် ထိုက်တန်သော အပြစ်စီရင်ခြင်းကို ခံကြရသည်ဖြစ်၍
2 Pois a mensagem que foi transmitida por meio de anjos permaneceu firme, e toda transgressão e desobediência recebeu o castigo merecido.
3 ဤသို့သော ကြီးမြတ်သော ကယ်တင်ခြင်းတရားကို ဂရုမစိုက်ဘဲ နီကြလျှင် ငါရို့သည် ပြစ်ဒဏ်စီရင်ခြင်းက ဇာပိုင် လွတ်မြောက်နိုင်ပါဖို့လဲ။ သခင်ဘုရား ကိုယ်တိုင် ပထမဦးစွာ ဤကယ်တင်ခြင်းတရားကို ဟောကြားတော်မူခသည်ဖြစ်၍ ကြားနာရသောသူရို့က ထိုတရားတော်သည် မှန်ကန်ကြောင်းကို ငါရို့အား သက်သီပြခလေ၏။
3 O que nos faz pensar que escaparemos se negligenciarmos essa grande salvação, anunciada primeiramente pelo Senhor e depois transmitida a nós por aqueles que o ouviram falar?
4 ထိုနည်းတူ ဘုရားသခင်သည် အမှတ်လက္ခဏာများ၊ အံ့ဩဖွယ်သောရာများနှင့် အမျိုးမျိုးသော နိမိတ်လက္ခဏာများကို ဖော်ပြတော်မူခြင်းဖြင့်လည်းကောင်း မိမိအလိုတော်အတိုင်း သန့်ယှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများကို ဝီငှတော်မူခြင်းအားဖြင့်လည်းကောင်း သက်သီပြတော်မူခလေ၏။
4 E Deus confirmou a mensagem por meio de sinais, maravilhas e diversos milagres, e também por dons do Espírito Santo, conforme sua vontade.
5 ဘုရားသခင်သည် ငါရို့ ပြောဆိုနိန်ကြသော ပေါ်ထွန်းလာမည့် လောကသစ်ကို အုပ်စိုးသောသူတိ အဖြစ် ကောင်းကင်တမန်တိအား ခန့်အပ်တော်မမူ။
5 Além disso, não são anjos que governarão o mundo futuro a que nos referimos.
6 ကျမ်းချက် တစ်ချက်၌ ဆိုထားသည်မှာ၊
6 Porque em certo lugar alguém disse: “Quem é o simples mortal, para que penses nele? Quem é o filho do homem,
7 ကိုယ်တော်သည် သူ့ကို ကောင်းကင်တမန်ရို့အောက် ခေတ္တမျှ နိ့မ့်ကျ စီတော်မူပြီ။
7 E, no entanto, por pouco tempo o fizeste um pouco menor que os anjos e o coroaste de glória e honra.
8 သူ့အား အရာခပ်သိမ်းကို အုပ်စိုးသူအဖြစ် ခန့်အပ်တော်မူပြီ” ဟု ဆိုထားသည်မှာ
8 Tu lhe deste autoridade sobre todas as coisas”. Quando se diz “todas as coisas”, significa que nada foi deixado de fora. É verdade que ainda não vimos tudo ser submetido à sua autoridade.
9 သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသီခံခြင်းငှာ ကောင်းကင်တမန်တိအောက် ခေတ္တမျှ နှိမ့်ချထားခြင်းကို ခံရသော ယေသျှုကို ငါရို့သည် မြင်ကြရပြီ။ ထိုအသျှင်သည် မိမိအသီခံတော်မူခြင်းကြောင့် ဘုန်းတန်ခိုးတော်ဖြင့်လည်းကောင်း၊ ဂုဏ်အသရေဖြင့်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ကို ငါရို့ မြင်တွိ့ကြရ၏။
9 Contudo, vemos Jesus, que por pouco tempo foi feito “um pouco menor que os anjos” e que, por ter sofrido a morte, agora está coroado “de glória e honra”. Sim, pela graça de Deus, Jesus experimentou a morte por todos.
10 များစွာသော သားသမီးတိကို မိမိ၏ဘုန်းစည်းစိမ်၌ ခံစားစီခြင်းငှာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်လျက် ဟိတော်မူသော ဘုရားသခင်သည် ယေသျှုအား စုံလင်တော်မူစီရန် ဆင်းရဲဒုက္ခကို ခံယူစီတော်မူခြင်းသည် ဖြောင့်မတ်မှန်ကန်တော်မူ၏။ အကြောင်းမူကား ယေသျှုသည် ထိုသူရို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်ပီးသောသူတစ်ယောက် ဖြစ်သောကြောင့်တည်း။
10 Deus, para quem e por meio de quem todas as coisas foram criadas, escolheu levar muitos filhos à glória. E era apropriado que, por meio do sofrimento de Jesus, ele o tornasse o líder perfeito para conduzi-los à salvação.
11 ကိုယ်တော်သည် လူတိကို အပြစ်မှ သန့်ယှင်းစင်ကြယ်တော်မူ၏။ ကိုယ်တော်နှင့် သန့်ယှင်းစင်ကြယ်ခြင်းကို ခံရသောသူအားလုံး၏ အဖသည် တစ်ဦးတည်း ဖြစ်သောကြောင့် ယေသျှုသည် သူရို့ကို မိမိ၏ညီအစ်ကို မောင်နှမတိဟု ခေါ်ရန် ရှက်တော်မမူ။
11 Assim, tanto o que santifica como os que são santificados procedem de um só. Por isso Jesus não se envergonha de chamá-los irmãos,
12 အသျှင်ယေသျှုက ဘုရားသခင်အား လျှောက်ထားသည်မှာ
12 quando diz: “Proclamarei teu nome a meus irmãos; no meio de teu povo reunido te louvarei”.
13 တဖန် အသျှင်ယေသျှုက “ငါသည် ဘုရားသခင်ကို ကိုးစားပါမည်။ ဤအရပ်၌ ဘုရားသခင်သည် ငါ့အား ပီးအပ်ထားသော သားသမီးတိနှင့်အတူ ဟိပါ၏” ဟု လျှောက်ထားတော်မူ၏။
13 E também afirmou: “Porei minha confiança nele”, isto é, “eu e os filhos que Deus me deu”.
14 အသျှင်ယေသျှုက သားသမီးတိဟု ခေါ်သော သူရို့သည် အသွီးအသားနှင့် တည်ဆောက်ထားသော လူသားတိဖြစ်သောကြောင့် ယေသျှုကိုယ်တိုင် ထိုသူရို့ကဲ့သို့ လူ့ဇာတိကို ခံယူတော်မူခ၏။ ထိုသို့ပြုခြင်းမှာ သီခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်အား မိမိ၏အသီခံခြင်းအားဖြင့် ဖျက်ဆီးပစ်ရန် ဖြစ်၏။
14 Visto, portanto, que os filhos são seres humanos, feitos de carne e sangue, o Filho também se tornou carne e sangue, pois somente assim ele poderia morrer e, somente ao morrer, destruiria o diabo, que tinha o poder da morte.
15 ထို့အပြင် ဤနည်းအားဖြင့် သီခြင်းတရားကို ကြောက်၍ ဘဝတလျှောက်လုံး ကျွန်ခံနိန်ကြရသော သူတိကို လွတ်မြောက်စီတော်မူ၏။
15 Só dessa maneira ele libertaria aqueles que durante toda a vida estiveram escravizados pelo medo da morte.
16 အကယ်စင်စစ် ကိုယ်တော်သည် ကောင်းကင်တမန်တိကို ကူညီမစ တော်မူသည် မဟုတ်၊ အာဗြဟံ၏ အမျိုးအနွယ်တိကို ကူညီ မစ တော်မူ၏။
16 Também sabemos que o Filho não veio para ajudar os anjos, mas sim os descendentes de Abraão.
17 အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။
17 Portanto, era necessário que ele se tornasse semelhante a seus irmãos em todos os aspectos, de modo que pudesse ser nosso misericordioso e fiel Sumo Sacerdote diante de Deus e realizar o sacrifício que remove os pecados do povo.
18 ထို့အပြင် ကိုယ်တော်သည် မိမိကိုယ်တိုင် စုံစမ်းသွီးဆောင်ခြင်းနှင့် ဆင်းရဲဒုက္ခကို ခံခရသည်ဖြစ်၍ အဂုတွင် စုံစမ်းသွီးဆောင်ခြင်းခံရသော သူတိကို ကူညီနိုင်တော်မူ၏။
18 Uma vez que ele próprio passou por sofrimento e tentação, é capaz de ajudar aqueles que são tentados.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.