Hebreus 11

rki (RKI) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ယုံကြည်ခြင်း ဆိုသည်မှာ မျှော်လင့်ထားသောအရာများသည် အမှန် ဖြစ်လာလိမ့်မည်ဟု ယုံကြည်စိတ်ချမှုဟိခြင်း၊ မမြင်နိုင်သောအရာများသည် အမှန်ဟိသည်ဟူ၍ ခံယူထားခြင်း ဖြစ်၏။
1 Ora, a fé é o firme fundamento das coisas que se esperam, e a prova das coisas que não se vêem.
2 ရှီးလူရို့သည် ဘုရားသခင်၏ နှစ်သက်ခြင်းကို ခံရကြသည်မှာ သူရို့၏ယုံကြည်ခြင်းကြောင့် ဖြစ်၏။
2 Porque por ela os antigos alcançaram bom testemunho.
3 မမြင်နိုင်သောအရာကို မြင်နိုင်စီခြင်းငှာ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို ဖန်ဆင်းထားတော်မူကြောင်းကို ငါရို့သည် ယုံကြည်ခြင်းအားဖြင့်သာ သိကြရ၏။
3 Pela fé entendemos que os mundos foram criados pela palavra de Deus; de modo que o visível não foi feito daquilo que se vê.
4 ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် သာ၍မြတ်သော ပူဇော်သကာယဇ်ကို ဘုရားသခင်အား ပူဇော်ခ၏။ သူသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူ တစ်ယောက်အဖြစ် ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ခံရလေ၏။ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပူဇော်သကာများကို လက်ခံတော်မူသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ သူသည် သီလွန်သော်လည်း ယုံကြည်ခြင်းအားဖြင့် အဂုတိုင်အောင် စကားပြောလျက် ဟိ၏။
4 Pela fé Abel ofereceu a Deus mais excelente sacrifício que Caim, pelo qual alcançou testemunho de que era justo, dando Deus testemunho das suas oferendas, e por meio dela depois de morto, ainda fala.
5 ယုံကြည်ခြင်းအားဖြင့် ဧနောက်သည် သီခြင်းတရားကို မကြုံရစီခြင်းငှာ မျက်မှောက်ဘဝမှ ခေါ်ဆောင်လားခြင်းကို ခံရ၏။ ဘုရားသခင်သည် သူ့အား ချီဆောင်လားတော်မူသောကြောင့် သူ့ကို မတွိ့ကြရယာ။ အကြောင်းမူကား သူ့ကို မချီဆောင်ခင်က ဘုရားသခင် နှစ်သက်တော်မူသောသူအဖြစ် ချီးမွမ်းခြင်းကို ခံရခသောကြောင့်ဖြစ်၏။
5 Pela fé Enoque foi trasladado para não ver a morte; e não foi achado, porque Deus o trasladara; pois antes da sua trasladação alcançou testemunho de que agradara a Deus.
6 ယုံကြည်ခြင်းမဟိလျှင် ဘုရားသခင် နှစ်သက်ခြင်းကို မရနိုင်။ အကြောင်းမူကား ဘုရားသခင်ထံပါးသို့ လာသောသူသည် ဘုရားသခင်ဟိတော်မူသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် မိမိကို စိတ်အားကြီးစွာ ရှာသောသူတိအား အကျိုး ပီးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရသောကြောင့်ဖြစ်၏။
6 Ora, sem fé é impossível agradar a Deus; porque é necessário que aquele que se aproxima de Deus creia que ele existe, e que é galardoador dos que o buscam.
7 နောဧသည် နောင်ကာလ၌ ဖြစ်လာမည့် မမြင်နိုင်သည့်အရာများနှင့်ပတ်သက်၍ ဘုရားသခင်၏သတိပီးခြင်းကို ကြားရသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူသည် ဘုရားသခင်၏စကားကို နာခံ၍ မိမိနှင့်တကွ မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို တည်ဆောက်ခ၏။ လောကကို အပြစ်စီရင်ပြီးနောက် နောဧသည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံမှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမွီကို ရသောသူတစ်ယောက် ဖြစ်လာ၏။
7 Pela fé Noé, divinamente avisado das coisas que ainda não se viam, sendo temente a Deus, preparou uma arca para o salvamento da sua família; e por esta fé condenou o mundo, e tornou-se herdeiro da justiça que é segundo a fé.
8 အာဗြဟံသည် မိမိအား ပီးမည်ဟု ဘုရားသခင် ကတိပြုထားသောပြည်သို့ ထွက်ခွာရန် ဘုရားသခင်က သူ့အား ခေါ်တော်မူသောအခါ သူသည်ယုံကြည်ခြင်းအားဖြင့် နာခံလျက် မိမိမည်သည့်အရပ်သို့ လားရမည်ကို မသိသော်လည်း ဇာတိပြည်မှ ထွက်လားလေ၏။
8 Pela fé Abraão, sendo chamado, obedeceu, saindo para um lugar que havia de receber por herança; e saiu, sem saber para onde ia.
9 သူသည် မိမိအား ဘုရားသခင် ကတိပီးထားသောပြည်၌ အာဂန္တုတစ်ယောက်အဖြစ် ယုံကြည်ခြင်းဖြင့် နီထိုင်ခလေ၏။ ဘုရားသခင်ထံမှ ထိုသို့သော ကတိတော်ကို ရဟိခကြသော ဣဇာက်၊ ယာကုပ်ရို့နှင့်အတူ တဲများတွင် နီထိုင်ခလေ၏။
9 Pela fé peregrinou na terra da promessa, como em terra alheia, habitando em tendas com Isaque e Jacó, herdeiros com ele da mesma promessa;
10 အကြောင်းမူကား အာဗြဟံသည် ခိုင်ခံ့သည့် အုတ်မြစ်နှင့် ဘုရားသခင် တည်ဆောက်တော်မူသော မြို့တော်ကို မျှော်လင့်နိန်ခ၏။
10 porque esperava a cidade que tem os fundamentos, da qual o arquiteto e edificador é Deus.
11 အာဗြဟံလည်း အိုမင်းနိန်ယာ။ စာရာသည်လည်း သားသမီးမရနိုင်ယာ။ သို့သော်လည်း ဖခင်တစ်ယောက် ဖြစ်လာရသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ အကြောင်းမူကား ကတိပီးတော်မူသော အသျှင်သည် သစ္စာဟိတော်မူသည်ဟု သူသည် မှတ်ယူသောကြောင့် ဖြစ်၏။
11 Pela fé, até a própria Sara recebeu a virtude de conceber um filho, mesmo fora da idade, porquanto teve por fiel aquele que lho havia prometido.
12 အမှန်အားဖြင့် အာဗြဟံသည် သီဆုံးလားပြီဖြစ်သော်လည်း ဤတစ်ယောက်သောသူထံပါးမှ သားသမီးများသည် ကောင်းကင်ကြယ်များကဲ့သို့ လည်းကောင်း၊ မရီတွက်နိုင်သော သမုဒ္ဒရာသဲလုံးများကဲ့သို့ လည်းကောင်း များပြားစွာ မွီးဖွားလာကြ၏။
12 Pelo que também de um, e esse já amortecido, descenderam tantos, em multidão, como as estrelas do céu, e como a areia inumerável que está na praia do mar.
13 ဤသူရို့အားလုံးသည် ယုံကြည်ခြင်းဖြင့် သီလားကတ်ယာ။ သူရို့သည် ဘုရားသခင် ကတိပီးထားသော အရာများကို မခံစားရခသော်လည်း ထိုအရာများကို အဝီးမှ လှမ်းမြင်၍ လက်ခံကာ မိမိရို့သည် မြီကြီးထက်၌ အာဂန္တုများ၊ သူစိမ်းများသာဖြစ်ကြောင်း ဝန်ခံကြလေ၏။
13 Todos estes morreram na fé, sem terem alcançado as promessas; mas tendo-as visto e saudado, de longe, confessaram que eram estrangeiros e peregrinos na terra.
14 ထိုသို့ ဝန်ခံသောသူရို့သည် မိမိရို့၏နီရင်းပြည်တစ်ခုကို ရှာဖွီနိန်ကြကြောင်းကို ဖော်ပြလျက်ဟိ၏။
14 Ora, os que tais coisas dizem, mostram que estão buscando uma pátria.
15 သူရို့သည် မိမိရို့ စွန့်ခွာလာသောပြည်နှင့်ပတ်သက်၍ မအောင့်မိကတ်ယာ၊ သူရို့သည် အောက်မိ့လျှင် ပြန်လားရသောအခွင့်ကို ရဟိခကြပေလိမ့်မည်။
15 E se, na verdade, se lembrassem daquela donde haviam saído, teriam oportunidade de voltar.
16 အမှန်အားဖြင့် သူရို့သည် ကောင်းကင်အရပ်၌တည်ဟိသော သာ၍မြင့်မြတ်သော ပြည်ကို အလွန် လိုချင်တောင့်တနိန်ခကြ၏။ ထို့ကြောင့် ဘုရားသခင်က သူရို့၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူရို့အတွက် မြို့တော်တစ်မြို့ကို ပျင်ဆင်ထားတော်မူ၏။
16 Mas agora desejam uma pátria melhor, isto é, a celestial. Pelo que também Deus não se envergonha deles, de ser chamado seu Deus, porque já lhes preparou uma cidade.
17 အာဗြဟံသည် မိမိအား ဘုရားသခင် စမ်းသပ်စစ်ဆေးသောအခါ မိမိ၏သား ဣဇာက်ကို ယဇ်ကောင်အဖြစ် ပူဇော်ခသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ အာဗြဟံသည်ကား မိမိ၏တစ်ဦးတည်းသောသားကို ယဇ်ကောင်အဖြစ် ပူဇော်ရန် ပျင်ဆင်နိုင်သည်အထိ ဘုရားသခင်၏ကတိတော်များကို ရထားသောသူ ဖြစ်၏။
17 Pela fé Abraão, sendo provado, ofereceu Isaque; sim, ia oferecendo o seu unigênito aquele que recebera as promessas,
18 “သင်၏အမျိုးအနွယ်တိကို ပွားများစီမည့်သူမှာ ဣဇာက်ဖြစ်၏” ဟု ဘုရားသခင်က သူ့အား မိန့်တော်မူသော်လည်း၊
18 e a quem se havia dito: Em Isaque será chamada a tua descendência,
19 အာဗြဟံက ဘုရားသခင်သည် ဣဇာက်ကို သီခြင်းမှ ထမြောက်နိုင်သည်ဟု မှတ်ယူလျက် ထိုသို့ ပူဇော်ခ၏။ ဥပမာအားဖြင့်ဆိုရလျှင် အာဗြဟံသည် ဣဇာက်ကို သီရာမှ ပြန်ရခြင်းဖြစ်၏။
19 julgando que Deus era poderoso para até dos mortos o ressuscitar; e daí também em figura o recobrou.
20 ဣဇာက်သည် ယာကုပ်နှင့် ဧသောကို အနာဂါတ်အတွက် ကောင်းကြီးပီးခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
20 Pela fé Isaque abençoou Jacó e a Esaú, no tocante às coisas futuras.
21 ယာကုပ်သည် ကွယ်လွန်ခါနီးအချိန်တွင် ယောသပ်၏သားတစ်ယောက်ချင်းစီကို ကောင်းကြီးပီးပြီးလျှင် မိမိ၏တောင်မွိ့ထိပ်ကို မှီလျက် ဘုရားသခင်အား ပျပ်ဝပ်ကိုးကွယ်ခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
21 Pela fé Jacó, quando estava para morrer, abençoou cada um dos filhos de José, e adorou, inclinado sobre a extremidade do seu bordão.
22 ယောသပ်သည် ကွယ်လွန်ခါနီးအချိန်တွင် ဣသရေလလူမျိုးတိ အဲဂုတ္တုပြည်မှ ထွက်ခွာလာခြင်းအကြောင်းကို ပြောပြလျက် မိမိ၏အရိုးများနှင့် ပတ်သက်၍ မိန့်မှာထားခသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
22 Pela fé José, estando próximo o seu fim, fez menção da saída dos filhos de Israel, e deu ordem acerca de seus ossos.
23 မောသျှေ၏မိဖရို့သည် မောသျှေကို ဖွားမြင်ပြီးနောက် အဆင်းလှသည်ကို သိမြင်၍ သျှင်ဘုရင်၏အမိန့်တော်ကိုပင် မကြောက်ဘဲ မိမိရို့၏သားကို သုံးလတာ ကာလပတ်လုံး ဝှက်ထားခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
23 Pela fé Moisés, logo ao nascer, foi escondido por seus pais durante três meses, porque viram que o menino era formoso; e não temeram o decreto do rei.
24 မောသျှေသည် ကြီးပြင်းလာသောအခါ အဲဂုတ္တုဘုရင့်သမီးတော်၏သားဟု အခေါ်ခံရခြင်းကို ငြင်းပယ်ခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
24 Pela fé Moisés, sendo já homem, recusou ser chamado filho da filha de Faraó,
25 အပြစ်တရား၌ တဒင်္ဂပျော်ရွှင်မှုကိုသာ ခံစားရခြင်းထက် ဘုရားသခင်၏လူတိနှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကိုသာ ရွီးချယ်ခ၏။
25 escolhendo antes ser maltratado com o povo de Deus do que ter por algum tempo o gozo do pecado,
26 သူသည် မိမိ၏အနာဂါတ် အကျိုးကျေးဇူးကို မျှော်မှန်းလျက် ခရစ်တော်အတွက် ကဲ့ရဲ့ပြစ်တင်ခံရခြင်းသည် အဲဂုတ္တုပြည်၏ဥစ္စာဘဏ္ဍာများထက် သာ၍ကြီးမြတ်သည်ဟု မှတ်ယူခ၏။
26 tendo por maiores riquezas o opróbrio de Cristo do que os tesouros do Egito; porque tinha em vista a recompensa.
27 မောသျှေသည် မမြင်နိုင်သောဘုရားသခင်ကို မြင်သောကြောင့် သျှင်ဘုရင်၏အမျက်တော်ကို မကြောက်ဘဲ အဲဂုတ္တုပြည်သို့ ပြန်လားရန် ငြင်းဆန်လျက် ထိုပြည်ကို စွန့်ခွာလာခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
27 Pela fé deixou o Egito, não temendo a ira do rei; porque ficou firme, como quem vê aquele que é invisível.
28 သားဦးတိကို ဖျက်ဆီးသောသူသည် ဣသရေလသားဦးတိကို မထိခိုက်စီရန် မောသျှေသည် ပသခါပွဲတော်နှင့် အသွီးဖျန်းခြင်းကို စီမံဆောင်ရွက်ခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
28 Pela fé celebrou a páscoa e a aspersão do sangue, para que o destruidor dos primogênitos não lhes tocasse.
29 ဣသရေလလူမျိုးရို့သည် ပင်လယ်နီကို ခြောက်သွိ့သောကုန်းလမ်းကဲ့သို့ ကျော်ဖြတ်ခကြသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ သူရို့နည်းတူ ကျော်ဖြတ်ခြင်းငှာ ကြိုးစားအားထုတ်ကြသော အဲဂုတ္တုအမျိုးသားရို့သည် ရီထဲ၌ နစ်မြုပ်ကြကုန်၏။
29 Pela fé os israelitas atravessaram o Mar Vermelho, como por terra seca; e tentando isso os egípcios, foram afogados.
30 ဣသရေလလူမျိုးရို့သည် ယေရိခေါမြို့ကို ခုနစ်ရက်ကြာ ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည် ပြိုလဲကျလားသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
30 Pela fé caíram os muros de Jericó, depois de rodeados por sete dias.
31 ပြည်တန်းဆာမ ရာခပ်သည် သူလျှိုတိကို ရင်းနှီးစွာ ကြိုဆို လက်ခံခသောကြောင့် မယုံကြည်သောသူတိနှင့်အတူ ပျက်စီးခြင်းသို့ မရောက်ခသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
31 Pela fé Raabe, a meretriz, não pereceu com os desobedientes, tendo acolhido em paz os espias.
32 ထို့အပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ သျှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ သျှမွေလနှင့် ပရောဖက်ရို့၏အကြောင်းများကိုပါ ပြောရလျှင် အချိန်လောက်မည် မဟုတ်ပေ။
32 E que mais direi? Pois me faltará o tempo, se eu contar de Gideão, de Baraque, de Sansão, de Jefté, de Davi, de Samuel e dos profetas;
33 ထိုသူရို့သည် တိုင်းနိုင်ငံများကို အောင်နိုင်ခြင်း၊ ဖြောင့်မတ်စွာ အုပ်ချုပ်ခြင်း၊ ကတိတော်များကို ခံစားရခြင်း၊ ခြင်္သေ့ပါးစပ်ကို ပိတ်စီခြင်း၊
33 os quais por meio da fé venceram reinos, praticaram a justiça, alcançaram promessas, fecharam a boca dos leões,
34 မီးတောက် မီးလျှံကို ငြိမ်းစီခြင်း၊ ဓားဘေးမှ လွတ်မြောက်စီခြင်း၊ အားနည်းရာမှ အားကြီးလာစီခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့် ပြည့်စုံလာ၍ တိုင်းတစ်ပါး ရန်သူရို့ကို အောင်နိုင်ခြင်း စသည့်အမှုများကို ပြုနိုင်ခကြသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
34 apagaram a força do fogo, escaparam ao fio da espada, da fraqueza tiraram forças, tornaram-se poderosos na guerra, puseram em fuga exércitos estrangeiros.
35 မိန်းမရို့သည်လည်း သီဆုံးလားပြီးသော မိမိရို့၏ဆွီမျိုးတိအား တဖန်ပြန်၍ အသက်ရှင်ခြင်းကို ရကြ၏။
35 As mulheres receberam pela ressurreição os seus mortos; uns foram torturados, não aceitando o seu livramento, para alcançarem uma melhor ressurreição;
36 တချို့သောသူရို့သည် ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပီးခြင်းကိုလည်းကောင်း၊ တခြားလူတိသည် သံကြိုးနှင့်ချိုင်ထားခြင်း၊ ထောင်ထဲ၌ ချုပ်ထားခြင်းကိုလည်းကောင်း ခံခရကြ၏။
36 e outros experimentaram escárnios e açoites, e ainda cadeias e prisões.
37 သူရို့သည် ကျောက်ခဲနှင့် ပစ်သတ်ခြင်း၊ လွှနှင့်ပိုင်းဖြတ်ခြင်း၊ ဓားဖြင့် အသီသတ်ခြင်းကို ခံခရကြပြီးလျှင် သိုးသားရီ၊ ဆိတ်သားရီတိကို ဝတ်လျက် ဆင်းရဲနွမ်းပါးစွာဖြင့် လည်းကောင်း၊ နှိပ်စက်ခြင်းနှင့် မတရားပြုမူခြင်းများကိုလည်းကောင်း ခံ၍ လှည့်လည် နီထိုင်ခရကြ၏။
37 Foram apedrejados e tentados; foram serrados ao meio; morreram ao fio da espada; andaram vestidos de peles de ovelhas e de cabras, necessitados, aflitos e maltratados
38 ဤလောကသည် ထိုသူရို့နှင့် မထိုက်တန်။ သူရို့သည် တောကန္တာရများနှင့် တောင်တန်းများ၌ လည်းကောင်း၊ လိုဏ်ဂူများနှင့် မြီတွင်းများ၌ လည်းကောင်း လှည့်လည်၍ နီထိုင်ခကြရ၏။
38 {dos quais o mundo não era digno}, errantes pelos desertos e montes, e pelas covas e cavernas da terra.
39 ဤသူရို့အားလုံးသည် မိမိရို့၏ယုံကြည်ခြင်းကြောင့် ချီးမွမ်းခြင်းကို ခံရကြသော်လည်း ပီးထားခသောကတိတော်ကို မခံစားခကြပေ။
39 E todos estes, embora tendo recebido bom testemunho pela fé, contudo não alcançaram a promessa;
40 အကြောင်းမူကား သူရို့သည် ငါရို့နှင့်အတူ ပြည့်စုံခြင်းသို့ ရောက်ကြစီခြင်းငှာ ငါရို့အတွက် သာ၍ ကောင်းမြတ်သောအရာကို ဘုရားသခင် စီမံထားသောကြောင့် ဖြစ်၏။
40 visto que Deus provera alguma coisa melhor a nosso respeito, para que eles, sem nós, não fossem aperfeiçoados.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.